← Chapters

အခန်း ၆၂၉

Vol. 13 Ch. 629

အခန်း ၆၂၉

Vol. 13 Ch. 629

အခန်း 629-

စစ်တပ်သုံးလှံတံသည် သာမန်တုတ်များနှင့် မတူကြောင်း သူမကြားဖူးသည်။

စစ်တပ်၏ ကြိမ်လုံးမှ ရိုက်နှက်မှုသည် တစ်စုံတစ်ယောက်၏ အသားကို ပွင့်ထွက်စေရန် လုံလောက်သည်။

လုထင်ချန်းမှာ သူ့ခရီးအား အမြန်သွားရမှာဖြစ်သည်။

သူ့အစ်ကိုကြီး အဆင်ပြေပါ့မလား။

လုံယန် က သူမလက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့ မင်းအစ်ကိုကြီး နေကောင်းလာလိမ့်မယ်”

လုလျန့်ဝေ က ဘာမှလုပ်မပေး‌နိုင်ခဲ့ေပ။

ကိစ္စတွေက ဒီအထိ ရောက်နေပြီဖြစ်သဖြင့် တခြားဘာမှ လုပ်လို့မရတော့။

ဖေဖေက သူမကို အရမ်းချစ်‌ေသာ်လည်းသူ့အစ်ကိုကြီးအား ဆက်ဆံတဲ့အခါ သနားညှာတာမှု သိပ်မရှိ‌ေပ။

ထို့အပြင် သူမ၏အစ်ကိုကြီးသည် စစ်သားများစွာရှေ့တွင် မြင်းပေါ်မှ ပြုတ်ကျခဲ့သည်။

ဒါက တပ်မတော်ရဲ့ ကျင့်ဝတ်သိက္ခာအတွက် တကယ်ကို ရှက်စရာပဲ။

သူ့အဖေမှ သူ့တပ်တွေကို လေ့ကျင့်ပေးပုံကြောင့် သူ့အစ်ကိုကြီးအား ပြစ်ဒဏ်နဲ့ ဝေးရာကို လွတ်မြောက်အောင် လုပ်နိုင်မယ့် နည်းလမ်းမရှိ‌ေပ။

ထိုဆေးများသည် ဒဏ်ရာများကို ချက်ချင်းကုသ၍မရသော်လည်း သာမာန်ဆေးများထက် ပို၍ထိရောက်မှုရှိပေသည်။

လုထင်ချန်းသည် ပြစ်ဒဏ်စီရင်ခြင်းခံလိုက်ရသည်ကို သူမတွေ့ခဲ့ရသဖြင့် သူ့အတွက် အနည်းငယ်စိတ်မသက်မသာဖြစ်မှုကိုခံစားနေရသည်။

လုထင်ချန်း အပြစ်ပေးခံရခြင်းအတွက် ဧကရီသည် သူမကို အလွန်စိတ်ဆိုးနေလိမ့်မည်။

လုထင်ချန်း အပြစ်ပေးခံရခြင်းအတွက် သူမမှာ အပြစ်မရှိကြောင်း ခံစားရသော်လည်း လုလျန့်ဝေ နှင့် ရင်ဆိုင်ရသောအခါတွင် သူမ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။

လုထင်ချန်း အပြစ်ပေးခံရလျှင်ဧကရီက စိုးရိမ်လိမ့်မည်ဖြစ်သည်။

လုလျန့်ဝေ ရှိရာသို့ လျှောက်သွားကာ ဒူးထောက်ရင်း ထိုအချက်ကို သူမ တွေးနေမိသည်။

“ဧကရီအမွေဆက်ခံသူလုက ကျွန်မကြောင့် အပြစ်ပေးခံလိုက်ရတာပါ ကျေးဇူးပြုပြီး ဒီအတွက် ကျွန်မကို ပြစ်ဒဏ်ချမှတ်ပေးပါ”

လုလျန့်ဝေ သည် ချူကျူ ၏အသံကိုကြားသောအခါ လှည့်ကြည့်လိုက်သည်

။ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ချူကျူ မြင်သောအခါ သူမ မျက်မှောင်ကြုတ်လိုက်ပြီ ကူညီလိုစိတ်ဖြင့် ငုံ့ကြည့်လိုက်သည်။

“အမွေဆက်ခံသူလုကို အပြစ်ပေးခံရအောင် လုပ်ခဲ့မိတယ်။ဒါကလည်း အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်”

ချူကျွီက ပြတ်ပြတ်သားသား ပြန်ဖြေရင်း ခေါင်းခါလိုက်သည်။

“ဒီကိစ္စအတွက် ငါနင့်ကို လုံးဝအပြစ်မတင်ပါဘူး နင့်ကို အပြစ်ပေးစရာ ဘာရှိလို့လဲ နောက်ပြီး ငါ့အစ်ကိုကြီးက နင့်ကိုစိတ်ဆိုးအောင် တစ်ခုခုပြောခဲ့တာမလို့နင်လုပ်ခဲ့တာလေ ဒါကို စိတ်ထဲထားနေဖို့ မလိုပါဘူး။”

သူမသည် သူ့အစ်ကိုကြီးအတွက် စိတ်ပူနေပေမယ့် ကျိုးကြောင်းဆင်ခြင်းမဲ့ ပြုမူမည်တော့မဟုတ်ပေ။

သူမ၏အစ်ကိုကြီးသည် ချူကျူ အား အမြဲ ဝေဖန်ခဲ့သည်။

လုလျန့်ဝေ သည် အကွာအဝေးကြောင့် မြို့တံခါးအပြင်ဘက်၌ သူတို့နှစ်ဦးကြားတွင် ဖြစ်ပျက်သွားကြောင်း ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း၊ သူမ၏ အကိုကြီး၏ အပြောအဆိုကို သူမ ကောင်းစွာ သဘောပေါက်ပေသည်။

သူသည် ကျူ ကို ပထမဆုံးစိတ်ဆိုး‌ေစခဲ့တဲ့သူဖြစ်ရမည်။ မဟုတ်ရင် ကျူ ဟာ ဒီလို ယုတ္တိမရှိတဲ့ လုပ်ရပ်မျိုး လုပ်မှာ မဟုတ်‌ေပ။

လုလျန့်ဝေ က သူ့ကို အပြစ်မတင်ဘဲနေလိမ့်မည်ဟု ချူကျူ က မမျှော်လင့်ထား‌ေသာ‌ေကြာင့်အနည်းငယ် အံ့ဩသွားခဲ့သည်။

လုလျန့်ဝေက ချူကျူရဲ့ မျက်နှာကိုမြင်သောအခါ အနည်းငယ်စိတ်ပျက်သွားပြီး

“နင် အခုမထရင် ငါ့အစ်ကိုကြီး ပြန်မလာမချင်း နင့်ကို ဒီမှာ ဒူးထောက်ခိုင်းမယ်”

ကျောက်ချန်က ဒါကိုမြင်သောအခါ ချူကျူ ကို အပြစ်တင်ရန် အလျင်အမြန်ထွက်လာခဲ့သည်။

“ကျူ ဧကရီက ကြီးကျယ်ခမ်းနားပြီး ဖြစ်ပျက်ခဲ့တာတွေအတွက် မင်းကို အပြစ်မတင်ဘူး ဒီတိုင်းဆက်နေမနေနဲ့ မဟုတ်ရင် ဧကရီစိတ်ပျက်သွားလိမ့်မယ်”

ချူကျူ က မတ်တပ်ရပ်ဖို့ကလွဲလို့ ရွေးချယ်စရာတော့။ သူမ လုလျန့်ဝေ ကို စိုက်ကြည့်နေရင်းနဲ့ သူမမှာ အပြစ်ရှိတယ်လို့ ခံစားလာရပြီး ဘာပြောရမှန်းတောင် မသိတော့‌ေပ။

“ဒါကိုအများကြီးမတွေးပါနဲ့တော့ငါ့အစ်ကိုကြီးက ကြမ်းတမ်းပြီး အသားအရေကထူတယ် စစ်တပ်ရဲ့ ကြိမ်လုံးက ဆယ်ကြိမ်ပဲ ရှိတယ် သူတော်တော်ခံနိုင်မှာပါ ဒါ့ပြင် နင်က ငါ့ဆေးတွေကို သူ့ဆီ ပေးလိုက်တယ် မဟုတ်လား သူနေကောင်းနေပါလိမ့်မယ်”

ချူကျူ သည် ဤအခြေအနေကြောင့် ရယ်ရမလား ငိုရမလား မသိလောက်အောင် ဒေါသထွက်သွားရသည်။ သူမသည် လုလျန့်ဝေ ကို ဖြေသိမ့်ချင်သော်လည်း နှစ်သိမ့်မှုနှင့်သာ အဆုံးသတ်သွားခဲ့သည်။

ထို့အပြင် ချူကျူ သည် လုထင်ချန်း ကို လုံးဝမစိုးရိမ်ပေ။

နောက်ဆုံးတွင် တပ်သားအားလုံးသည် နေ့လယ်အချိန်ခန့်တွင် တန့်ကြွယ်သို့ ထွက်ခွာသွားကြသည်။ လုလျန့်ဝေတို့မှာ မြို့တံခါးအပြင်ဘက်၌ တပ်များ ထွက်ခွာသွားပြီးနောက် ငြိမ်သက်တိတ်ဆိတ်စွာ ပြန်လာခဲ့လိုက်သည်။

All Chapters