အခန်း ၆၃၀
Vol. 13 Ch. 630
အခန်း 630-
လုံယန် သည် လုလျန့်ဝေ ၏လက်ကို ဆုပ်ကိုင်ထားပြီး
“သွားကြရအောင်”
“ကောင်းပါပြီ။”
လုလျန့်ဝေ ခေါင်းညိတ်လိုက်သည်။
သူမ မြို့တံခါးများအောက်သို့ လိုက်သွားခါနီးတွင် ဂိတ်အပြင်ဘက်တွင် ရင်းနှီးသောရုပ်သွင်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမက လုံယန် ကို အမြန်လှည့်ပြီး
“အရှင်မင်းကြီး ကျွန်မ အမေ့ကို တွေ့လိုက်တယ် ကျွန်မ သူ့ဆီသွားပြီး စကားပြောချင်တယ်”
လုံယန်သည် မြို့တံခါးအပြင်ဘက်သို့ မော့ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ကိုယ်မင်းနောက် လိုက်ခဲ့မယ်”
လုလျန့်ဝေ ခေါင်းယမ်းလိုက်သည်။
“ရှင့်မှာ လုပ်စရာတွေ အများကြီးရှိတယ် ရှင်ကျွန်မနောက်လိုက်ပေးစရာမလိုပါဘူး အမေနဲ့စကားပြောပြီးရင် အိမ်ပြန်လာမယ်လေ”
လုံယန် သည် သူ၏မျက်ခုံးကြားရှိနေရာအားး နှိပ်နယ်မိလိုက်သည်။
ထို့နောက် သူမ ဆုပ်ကိုင်ထားတာကိုလွှတ်လိုက်ပြီး မြို့တံခါး ဆီအမြန်ဆင်းသွားတော့သည် ။
လုံယန် ၏ မျက်လုံးများ ကျဉ်းမြောင်းသွားရပြီး မြို့ရိုးတံခါးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
သူသည် လုလျန့်ဝေ၏ နှလုံးသားထဲတွင် သူမမိသားစုနေရာကို ဘယ်တော့မှ သိမ်းပိုက်နိုင်ပုံ မရပေ။
သူသည် ထိုနေရာ၌ ရပ်နေပြီး နောက်ဆုံးတွင် မြို့ရိုးမှ ထွက်ခွာမသွားမီ ထိုအချက်ကို အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။
လုံချီနှင့် အရာရှိအချို့မှာ ဧကရီ၏နောက်တွင်ကျန်ရစ်ခဲ့သော ဧကရာဇ်အား မြင်လိုက်သောအခါတွင် ၎င်းတို့၌ အတွေးထဲ၌ အမြင်အမျိုးမျိုးရှိနေကြတော့သည်။
မြို့ရိုးပေါ်မှ ရထားလုံးနှင့်ဆင်းလာသော လုံချီသည် လုံယန်ကို မြင်သောအခါ ချက်ချင်းပင် သူ့ထံသို့ ချဉ်းကပ်ပြီး
“ဦးရီးတော် ဒေါ်လေးက မြို့ပြင်မှာ ရှိနေတုန်းပဲ ကျွန်တော်ဒီမှာစောင့်နေပြီး သူနဲ့အတူနန်းတော်ဆီပြန်ခေါ်သွားချင်တယ်”
လုံယန်သည် ရထားပေါ်တက်ခါနီးတွင် ခေတ္တရပ်ကာ သူ့ကိုတစ်ချက်ကြည့်ရန် ပြန်လှည့်လာသည်။
“အိမ်ရှေ့မင်းသားက ဧကရီကို နန်းတော်ဆီ ခေါ်လာချင်တာလား”
လုံချီသည် ခေါင်းကို ငုံ့ပြီး လေးလေးစားစား ပြန်ပြောကာ
“လောလောဆယ် ကျွန်တော့်ဆီမှာ ဘာအလုပ်မှ မရှိဘူးလေ ကျွန်တော့်ရဲ့ သိတတ်မှုတွေကို အဒေါ့်ဆီပေးအပ်ချင်လို့ပါ”
လုံယန်၏ မျက်နှာထက်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။
သူသည် ရထားကို သွယ်လျသော လက်ချောင်းများကို ခေါက်နေရင်း
ရုတ်တရက် လှည့်ပြီး နွေးထွေးတဲ့ လေသံနှင့် ပြောလိုက်သည်။
“ဒီလိုဆိုရင် မင်းကို ဧကရီရဲ့ နည်းပြဆရာဖြစ်အောင် လုပ်ပေးရင်ရော ဘယ်လိုလဲ ဒီနည်းနဲ့မင်းရဲ့အဒေါ်အပေါ် သစ္စာစောင့်သိမှုအပြည့်နဲ့ သူသွားလေရာရာကို သွားနိုင်လိမ့်မယ်”
သူ၏ ဦးလေးအား ထိုသို့သော အစီအစဉ်ကို တွေးတောရန် မမျှော်လင့်ထားခဲ့ပေ။
“ချီအာမင်းဘာလို့ ဒါကို အလေးအနက်ထားနေတာလဲ ငါ မင်းကို နောက်နေတာပဲ မင်းက အိမ်ရှေ့မင်းသားလေ။ ဒီလို နိမ့်ကျတဲ့ အလုပ်ကြမ်းကို ဘာလို့လုပ်ရမှာလဲ။ အိမ်ရှေ့မင်းသား မဖြစ်ချင်တော့ဘူးဆိုရင်တောင် ရူးရူးမိုက်မိုက် မလုပ်သင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းက တော်ဝင်သွေးက ဆင်းသက်လာတုန်းပဲ။ မင်းကိုပေးဖို့ အကောင်းဆုံးနေရာကို ငါသေချာစဉ်းစားဖို့လိုတယ်”
ထိုစကားနှင့်အတူ လုံချီ၏ နဖူးမှ အေးစက်သော ချွေးများ ကျဆင်းလာလေသည်။
“ဒါက ငါလုပ်သင့်တဲ့အရာပဲ အခု မင်းလက်ထဲမှာ ဘာမှမရှိဘူးဆိုတော့ မင်းရဲ့အဒေါ်ကို ဒီမှာ ဆက်စောင့် သူမကို နန်းတော်ဆီ လုံခြုံစွာ ပြန်ခေါ်သွားဖို့ မမေ့နဲ့ သူ့ခေါင်းပေါ်က ဆံပင်တစ်ချောင်းေတာင်ကို ထိခိုက်စေဖို့ ခွင့်မပြုဘူး”
သူ့ညွှန်ကြားချက်တွေ ပြီးသွားတော့ လုံယန် ရထားပေါ်တက်သွားတော့သည်။
ကျောက်ချန် သည် အိမ်ရှေ့စံမင်းသားကို ငုံ့ကြည့်လိုက်ပြီး ထိုသူမှာ သူ့ဘွဲ့အားအလွန် မြတ်နိုးကြောင်း စိတ်ထဲတွင် တိုးတိုးလေးပြောလိုက်သည်။
အိမ်ရှေ့မင်းသားသည် သူ့နေရာ၌ လုံခြုံလွန်းသည်ဟု ခံစားရသဖြင့် သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်နေပေသည်။
သူ့သခင်မှာ အိမ်ရှေ့စံမင်းသားနှင့် ဧကရီ၏အတိတ်ကို အမြဲတစေ စိတ်ရှုပ်နေခြင်းပေ။
ထိုနေ့က ဧကရာဇ်ဥယျာဉ်၌ သူတို့ကြားခဲ့ရသော အတင်းအဖျင်းစကားသည် သူ့သခင်အား ယခုထိ အနှောက်အယှက်ဖြစ်စေခဲ့သည်။
သူ့သခင်က သူ့စိတ်ပျက်မှုကို ဖြေဖျောက်ဖို့ တခြားဘယ်မှာမှ မရှိတာ သူ့အတွက် ကံကောင်းခြင်းပင်။
အခုတော့ အိမ်ရှေ့မင်းသားမှာ ဇာတ်သိမ်းသွားပြီဖြစ်သည်။ သူမနှင့်ပတ်သက်သည့်အရာမှန်သမျှသည် သူ၏သခင်အား အလွန်တွန့်တိုသောလူအဖြစ်သို့ ချက်ချင်းပြောင်းလဲစေမှာဖြစ်သည်။
ကျောက်ချန်က ခေါင်းယမ်းကာ လှည်းပေါ်သို့ တက်လိုက်တော့သည်။
အရှင်မင်းကြီး၏ အမိန့်ကို ကြားသိပြီးနောက် အခြားအရာရှိများ၏ စိတ်ထဲတွင် မတူညီသော ဖြစ်နိုင်ချေများကို စိတ်ကူးယဉ်လာကြသည်။
ဘုရင်မင်းမြတ်၏ အမိန့်တော်အတိုင်း စီရင်ဆုံးဖြတ်ရာတွင် အိမ်ရှေ့မင်းသားဘွဲ့ကို ဖျက်သိမ်းခြင်းအကြောင်း တီးတိုးသံတစ်ခု ထွက်ပေါ်လာသည်။
သူတို့ထဲက အနည်းငယ်က လုံချီအား ခိုးကြောင်ခိုးဝှက်ကြည့်ရန် မတတ်နိုင်ခဲ့ပေ။
မကြာခင် အိမ်ရှေ့မင်းသားအဖြစ် လုံချီရဲ့ နန်းစံက ကုန်ဆုံးတော့မှာလား။