အခန်း ၆၃၁
Vol. 13 Ch. 631
Chapter 631 သူသည် လုံးလုံး အပြစ်ကင်းစင်နေသူမဟုတ်ခဲ့ပေ
မင်းကြီးနှင့် မှူးမတ်တို့ ထွက်သွားသောအခါမှသာလျှင် လုံချီ ခေါင်းမော့ခဲ့သည်။
သူ အဝေးသို့ ထွက်သွားနေခဲ့သော နန်းသွင်းသုံးမြင်းလှည်းကို မကျေနပ်နိုင် အမုန်းအငြိုးများဖြင့် စိုက်ကြည့်နေခဲ့သည်။
သူ၏ ရာထူးဂုဏ်ကို ဖျောက်ဖျက်ပေးရမည်တဲ့လား။
သူ၏ ဦးရီးတော်က ထိုအခွင့်အရေးကို ရမှာ မဟုတ်သည့်အတွက် စိတ်မကောင်းသာဖြစ်မိသည်။
ကိုးလထဲကိုပင် ရောက်နေခဲ့ပြီ။ သူ့ဦးရီးတော်၏ နှလုံးကို တိုက်ခိုက်ရန် လပိုင်းတစ်ချို့ သို့မဟုတ် အလွန်ဆုံး နောက်တစ်နှစ်သာ လိုတော့သည်။ ပျောက်ကင်းအောင် ကုသနိုင်ရန် မည်သည့်ဆေးကမျှ စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ဦးရီးတော် နတ်ရွာစံသွားပြီးနောက်တွင် သူသည် အောင်အောင်မြင်မြင် ထီးနန်းဆက်ခံနိုင်လိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် လုံချီသည် သူ့ဦးရီးတော် ပိုင်ဆိုင်သော မြေကွက်ဥစ္စာများကို ရရှိနိုင်ရုံမျှမက သူ၏ မိဖုရားကိုလည်း ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ဤအတွေးတစ်ခုတည်းနှင့်သာ သူ့ဦးရီးတော် ပုံချသွားသော စိတ်ဖိစီးမှုများအကုန် ပပျောက်သွားပေသည်။
သူ့ဦးရီးတော်သည် မကြာခင် သေဆုံးသောမည့်လူတစ်ဦးသာ ဖြစ်သည်။ ယခုအချိန် သူ့အာဏာတွေ လာပြနေသည်မှာလည်း အရေးလုပ်စရာမလိုသော ကိစ္စပင်။
ထိုသို့ဆိုလျှင် ယခုလေးတင် လုံချီက လည်ပင်းပေါ်ဓားရောက်နေတယ်လို့ ဘာကြောင့် ခံစားနေရမှာလဲ။
လုံချီသည် စိတ်သက်သာရာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ဦးရီးတော် ပြသွားခဲ့သော ဖိအားများအားလုံးကို ဖယ်ချပလိုက်ခဲ့ပြီး လုလျန့်ဝေ ရောက်လာရန်သာ အေးအေးလူလူ စောင့်နေခဲ့သည်။
သူမသည် လင်းလီဟွားက မြင်းပေါ်တွင် ထိုင်နေလျက် စစ်တပ်များထွက်ခွာသွားရာဘက်သို့ ကြက်သေသေပြီး ကြည့်နေမိသည်ကို တွေ့လိုက်ရသည်။ လုလျန့်ဝေ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
သူမ အမေသည် သူမ အဖေနှင့် အစ်ကိုရှိရာဘက်သို့ ကြည့်နေခြင်းပင် ဖြစ်ရမည်။
သူမ မိခင်၏ အကြည့်တို့သည် အချိန်တော်ကြာ မလှုပ်မရှား ငြိမ်သက်နေခဲ့သည့်အတွက် လှမ်းမခေါ်ဘဲ မနေနိုင်ခဲ့ပေ။
လုလျန့်ဝေ၏ အသံကို ကြားလိုက်တော့မှ လင်းလီဟွားလည်း သူမစိတ်ကမ္ဘာထဲမှာ ထွက်လာခဲ့သည်။ မြင်းအောက်နားတွင် ရပ်နေသော သူမ၏ သမီးကို တွေ့လိုက်ချိန်မှာတော့ သူမ မျက်လုံးများထဲမှ ဝမ်းနည်းအုံ့မှိုင်းနေသော အရိပ်အရောင်များပျောက်ကွယ်သွားပြီး သူမ မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
သူမက ပြောရင်းဖြင့်ပင် လုလျန့်ဝေဆီ လက်လှမ်းပေးလိုက်သည်။
လုလျန့်ဝေကလည်း ကမ်းလာသည့်လိုက်ကို ဆုပ်ကိုင်လိုက်သည်။
လင်းလီဟွားသည် သူမကို အားပါပါဖြင့် ဆွဲတင်လိုက်ပြီးနောက် လုလျန့်ဝေလည်း သူမနောက်မှနေ၍ မြင်းပေါ်ထိုက်လျက်သား ဖြစ်သွားလေသည်။
“အဖေနဲ့ အစ်ကိုက တိုက်ပွဲအတွက် ဒီနေ့ ထွက်သွားခဲ့ပြီ။ မင်းကြီးကို ဒီကို ခေါ်လာခဲ့ပေးပါလို့ အထူးအခွင့်တောင်းထားတာ”
လုလျန့်ဝေသည် သူမအမေ၏ ခါးတစ်ဝိုက် သူမလက်များကို ပတ်လိုက်ပြီး သူ့ကျောကို မှီကာ ညင်သာစွာ ပြောလိုက်သည်။
လင်းလီဟွားသည် ပတ်လာသော လုလျန့်ဝေ၏ လက်များကို အသာအယာ ပုတ်သပ်ပေးရင်း သူမဘက် လှည့်၍
“သူတို့ ထွက်သွားတာကို သမီး စိတ်မချနိုင်ဘူး ဟုတ်တယ်မလား။”
“ဟုတ်တယ်။ လက်ခံနိုင်ဖို့ တော်တော်ခက်ခဲတယ်။ အဖေက သမီးငယ်ငယ်ကတည်းက တိုက်ပွဲတွေ ထွက်နေကြမလို့ ဘာမှတော့ သိပ်မဖြစ်ဘူး။ အဲ့အချိန်တွေကို အဖေ့ကို တွေ့ရခဲခဲပဲ။ ဒါပေမယ့် အစ်ကိုကြီးနဲ့က တစ်ခါမှကို ခွာပြီး မနေဖူးသလိုပဲ။ သူ ထွက်သွားတာကို သမီး သိပ် ခံနိုင်ရည်မရှိဘူး။”
ထိုစကားများကို ကြားသောအခါ လင်းလီဟွားသည် လုလျန့်ဝေ မည်သို့ခံစားနေရသည်ကို နားလည်သွားခဲ့သည်။ သူမသည် လုလျန့်ဝေကို ဖြေသိမ့်ပေးခဲ့သည်
“သမီးအစ်ကိုကြီးလည်း ယောက်ျားတစ်ယောက်ပဲ။ ယောက်ျားဆိုတာ ရည်မှန်းချက်ကို မြင့်မြင့်ထားပြီး တိုက်ပွဲတွေမှာ ကျင်လည်အောင် နေတတ်သင့်တယ်။ သမီး သူ့ကို အားပေးရမှာပေါ့။”
သူမသည် ခဏကြာ စဉ်းစားကြည့်ပြီး တစ်ချက်စမ်းသပ်ကြည့်လိုက်သည်
“အမေကော အဖေထွက်သွားတာကို အဆင်ပြေရဲ့လား။”
လင်းလီဟွားမှာ အမှတ်မထင်မေးခံလိုက်ရလေသည်။ သူမမျက်နှာပေါ်၌ အနေရခက်ပုံ တစ်ချက်ပေါ်လာပြီးနော် ငြင်းပယ်ရန် သူမ ခေါင်းကို ခါလိုက်သည်။
“ပေါက်ကရလျှောက်မပြောနဲ့။ သူထွက်သွားတာကို ငါက ဘာလို့ အဆင်မပြေဖြစ်ရမှာလဲ။”
“အဲ့တာလည်း ဟုတ်တာပဲ။ အဖေထွက်သွားတာကို အမေကဘာလို့ ခံနိုင်ရည် မရှိရမှာလဲ။ မရှိဘူးဆို အစကတည်းက အဲ့လောက် နှစ်တွေအကြာကြီးထွက်သွားခဲ့မှာမှ မဟုတ်တာ။”
“အမေ့ကို စိတ်တိုနေတာလား ဝေဝေ”
“သမီးက ဘာလို့ စိတ်တိုရမှာလဲ အမေရယ်။ အမေ့ကို စိတ်တိုနေတာ မဟုတ်ရပါဘူး။ အမေ့မှာ အကြောင်းအရင်းတွေရှိမှာပဲလို့ သမီးပြောပြီးသားပဲမလား။”
လင်းလီဟွားသည် ထိုအရာကို ကြားလိုက်ရသောအခါ အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။ သူမ၏ သမီးသည် နားလည်ပေးတတ်ပြီး စာနာစိတ်လည်း အပြည့်ပင်။
လင်းလီဟွားသည်သာလျှင် တစ်ကိုယ်ကောင်းဆန်ခဲ့သောသူ ဖြစ်သည်။ သူမတစ်ဦးတည်းသာ သာသာယာယာနေရဖို့အရေး စဉ်းစားခဲ့ပြီး သူမ သမီးလေးကို ငယ်ငယ်လေးထဲက ပစ်ထားခဲ့ကာ တစ်ယောက်ထဲ ထွက်ခွာသွားခဲ့သည်။
“ဒါအတွက် စိတ်ပူမနေပါနဲ့ အမေ။ အစ်ကိုကြီးနဲ့ သမီးနဲ့ အဲ့နှစ်တွေအကုန် ကောင်းကောင်းမွန်မွန်နေလာခဲ့ကြပါတယ်။ သမီးတို့ကိုယ်မှာ ဝတ်ဖို့ အကျီရှိခဲ့ပြီး စားဖို့လည်း အလုံအလောက်ရှိခဲ့ပါတယ်။ သမီးတို့ဘေးမှာ အမေမရှိခဲ့ပေမယ့်လည်း ကောင်းကောင်းမွန်မွန်နေနိုင်ခဲ့ပါတယ်။ အဲ့တော့ အမေက ဒါနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေဖို့မလိုဘူး။ သမီးကသာ အမေ့အတွက် ဝမ်းနည်းနေတာ။ ဒီလောက်နှစ်တွေအကြာကြီး အမေတစ်ယောက်တည်း ရှိနေခဲ့တာ။ အမေ အေးလို့ဖြစ်ဖြစ် ဆာလို့ဖြစ်ဖြစ် အမေ့မှာ အားကိုရာဆိုလို့ အမေတစ်ယောက်တည်းရှိခဲ့တာ။ အစ်ကိုကြီးနဲ့ သမီးကသာ အမေ့ကို စောစော လာမရှာပေးမိတဲ့အတွက် သားသမီးဝတ္တရား မကျေပွန်တဲ့သူတွေပါ။”
လုလျန့်ဝေသည် သူမအား ညင်သာစွာ ဖြေသိမ့်ပေးခဲ့သည်။
မိန်းမတစ်ယောက်ဖြစ်ရသည်မှာ မလွယ်ခဲ့ပေ။ သူမ၏ အမေသည် စွမ်းအားအတော်အတန် ရှိခဲ့သည်ဆိုရာတွင်လည်း နောက်ဆုံးတွင် သူမသည်လည်း မိန်းမသားတစ်ယောက်ပင်။ သူမအတွက် ဂရုစိုက် စိတ်ပူပေးဖို့ရာ အဖော်တစ်ယောက်မှမရှိဘဲ ဒီလောကကြီးထဲ နှစ်ရှည်လများစွာ သူမတစ်ယောက်တည်း ကြိုးမရှိသော စွန်ကဲ့သို့ လွင့်ပါးနေခဲ့ရသည်။ ထို့အပြင် လုလျန်ဝေ ဖခင်၏ သစ္စာဖောက်မှုကို စဉ်းစားရင်းဖြင့်လည်း နာကျည်းခံစားခဲ့ရသေးသည်။
ဤအတွေးသည် လုလျန့်ဝေကို ဝမ်းနည်းသွားစေသည်။
ထို့ကြောင့်ပင် သူမအဖေသည်လည်း လုံးလုံး အပြစ်ကင်းစင်နေသူမဟုတ်ခဲ့ပေ။