← Chapters

အခန်း ၆၃၂

Vol. 13 Ch. 632

အခန်း ၆၃၂

Vol. 13 Ch. 632

Chapter 632: လုလျန်ဝေသည် အန်တော့မလိုပင် ဖြစ်သွားသည်

လင်းလီဟွား၏ နှလုံးသားသည် မည်မျှပင် အေးစက်နေခဲ့စေကာမူ သူမ သမီး၏ ညင်သာလှသော နှစ်သိမ့်စကားများကို ကြားလိုက်ရသောအခါ တစ်ခုမဟုတ်ချင်းပင် နူးညွတ်သွားခဲ့ပြီး မျက်ရည်များပင် စို့လာခဲ့သည်။

သူမသည် အတိတ်ကံ အတော်ပင်ကောင်းခဲ့သည်ဟု ခံစားမိပြီး နောက်သို့လှည့်ကာ သူ့သမီး၏ ခေါင်းကို ပုတ်သပ်ပေးလိုက်သည်။

ဤမျှ လိမ္မာ၍ အလိုက်သိသော သမီးလေးတစ်ယောက်ရှိနေရင် အခြားဘယ်အရာလိုနေဦးမည်နည်း။

ထိုအချိန်တွင် နှစ်ပေါင်းများစွာကြာအောင် သူမနှလုံးသားထဲတွင် မြှုပ်နှံထားခဲ့သော အမုန်းတရားတို့သည် အရေးမပါဟန် ပေါ်လာခဲ့သည်။

“လာ၊ အရင် ပြန်နှင့်ရအောင်”

မြင်းဇက်ကြိုးကို တစ်ချက်ဆွဲလိုက်ပြီး လင်းလီဟွားသည် မြို့ဂိတ်များရှိရာဘက်သို့ ဦးတည်ကာ ထွက်ခွာခဲ့လိုက်သည်။

မြင်းသည် ညင်သာစွာ ပြေးနေခဲ့ပြီး ချူကျူက နောက်မှ ခြေလျင်လိုက်လာခဲ့လေသည်။

“အမေ အခု အဖွားက အိမ်မှာ တစ်ယောက်တည်းနေနေတာ။ ပြီးတော့ သူက အသက်တော်တော်ကြီးနေပြီ။ အဖွားအတွက် စိတ်ပူပေမယ့် သမီးက နန်းတော်ကို ခဏခဏထွက်လို့မရဘူး။ အမေသူ့ကို အဖော်ပဲပြုပေးရင်ရတာမို့ မြို့စားအိမ်မှာ သွားနေပေးလို့ ရမလား”

သူမသည် သူမ အဖွားအတွက် အမှန်ပင် စိတ်ပူနေခဲ့သည်။

သူမ အဖွားသည် ကျန်းမာရေးကောင်းမွန်နေခဲ့သော်လည်း အသက်အရွယ်က ကြီးရင့်နေခဲ့ပြီ ဖြစ်သည်။ အခု အဖေနှင့် အစ်ကိုတို့ အနားမှာ မရှိကြတော့သည့်အတွက် သူမလည်း စိတ်မပူဘဲ မနေနိုင်ဖြစ်နေရသည်။

ထိုအရာကို ကြားသောအခါ လင်းလီဟွားသည် အနည်းငယ် တွန့်ဆုတ်သွားသည်

“အဖေမှ မရှိဘဲ အမေ အနေရခက်နေဖို့ မလိုပါဘူး။ ပြီးတော့ အဖွားက အမြဲတမ်း အမေ့အကြောင်းပဲ ပြောနေတာ။ သူ့ကို အဖော်ပြုပေးဖို့လို့ပဲ တွေးပြီး လုပ်ပေးလို့မရဘူးလားဟင် အမေ။ လုပ်ပေးပါနော်။”

လင်းလီဟွားသည် သက်ပြင်းချ၍ သဘောတူလိုက်တော့သည်။

မြို့စားကတော်ဟောင်းသည် အမှန်ပင် သူ့အပေါ် ကြင်နာပေးခဲ့သူဖြစ်ပြီး သူ့ကို သူမသမီးနှင့်မခြား ဆက်ဆံပေးခဲ့သူဖြစ်သည်။

လုလျန့်ဝေသည် ထိုအရာကို ကြားတော့မှသာ စိက်သက်သာရာ ရသွားသည်။ သူမ အမေကို ဖက်ရင်းဖြင့် သူမကျောကုန်းကို သူ့မျက်နှာဖြင့် အသာအယာ ပွတ်လိုက်ပြီး

“ငပေါမလေး”

လင်းလီဟွား၏ နှလုံးသားသည် ရေကွက်တစ်ခုအလားပင် ပျော်ဝင်သွားခဲ့သည်။

သူတို့ မြို့ထဲ ဝင်လျင်ဝင်ခြင်း လုံချီသည် သူတို့၏ မြင်းကို တားလိုက်လေသည်။

သူ့ကို မည်သူမှန်း သတိမရလိုက်သေးသည့်အလျောက် လင်းလီဟွားသည် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်

“မင်း ဘယ်သူလဲ။ ငါတို့ မြင်းကို ဘာကြောင့် တားရတာလဲ။”

လုံချီသည် သူမကို ကြည့်လိုက်ပြီး သူမ၏ မျက်နှာသည် ခြုံလွှာတစ်ခုဖြင့် ဖုံးထားကြောင်း တွေ့လိုက်ရသည်။ သူမ၏ မျက်နှာပုံရိပ်ကို ခွဲခြားမသိနိုင်ခဲ့သော်လည်း ခြုံလွှာအပြင်မှာ မြင်နေရသော မျက်လုံးများသည် အင်မတန် လှပနေခဲ့သည်။

သူသည် စိတ်ထဲ ရှုပ်ထွေးသွားခဲ့သည်။ ဤပုဂ္ဂိုလ်သည် မည်သူနည်း။

ထို့အပြင် လုလျန့်ဝေသည် သူနှင့်အတူ မြင်းစီးနေခဲ့သည်။ သူတို့နှစ်ယောက်၏ တရင်းတနှီး အပြုအမူများကို ကြည့်ရပုံအရတော့ သူတို့သည် အလွန်ပင် နီးစပ်သော သူများသာ ဖြစ်ရမည်။

သူ့နှလုံးသားထဲမှ သံသယများကို ဖိနှိပ်ကာ သူမနောက်မှ လိုက်ပါလာသော လုလျန်ဝေအား မေးလိုက်သည်။

“ဝေဝေ ဒီမှာ မင်းကို စောင့်ပေးဖို့ ဦးရီးတော်က မှာကြားခဲ့တယ်။”

လုလျန့်ဝေသည် သူ့ကို မြင်ရရုံနှင့်ပင် ရွံနေပြီဖြစ်သည်။ သူ သူမကို မည်သို့ ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ ပို၍ပင် စက်ဆုပ်ရွံရှာသွားခဲ့သည်။

“အရှင်မင်းသားရဲ့ဦးရီးတော်က ငါ့ကို အဲ့လို ခေါ်ခွင့်မပေးထားဘူးမလား”

လုံချီသည် သူမမျက်နှာပေါ်က စိတ်ဆိုးနေသောပုံကို တွေ့လိုက်ရသဖြင့် သူ့နှုတ်ခမ်းများမှာ အပေါ်သို့ကွေးတက်သွားပြီး ပျော်ရွှင်ဖွယ်အပြုံးတစ်ခုဖြစ်သွားတော့သည်။

“ဘယ်လိုခေါ်ခေါ် အရေးပါလို့လား။ ငါတို့ ဒီလောက်အသက်ကွာတာမှ မဟုတ်ဘဲ ကိုယ်တော်သာ တကယ်တမ်း အရီးတော်လို့ခေါ်ခဲ့ရင် မင်းလည်း နေမထိထိုင်မသာ ဖြစ်နေမှာပဲလေ။”

သူ၏ အရှက်မရှိပုံ၌ စိတ်ပျက်ကာ လုလျန့်ဝေသည် ရွဲ့ပြောလိုက်သည်။

“အနာဂတ်မှာ မြို့ရိုးလောက်ထူတဲ့ မျက်နှာနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ စိတ်ကူးနေတာလား။”

ဒါကို ကြားလိုက်ရသောအခါ လုံချီသည် တစ်ချက် အနေအထိုင်ပျက်သွားရသည်။

“အိမ်ရှေ့စံ။ ရှင်က ထီးနန်းဆက်ခံမည့်သူပါ။ နန်းတွင်းဆရာတော်က လူကြီးတွေကို ဘယ်လို ခေါ်အပ်တယ်ဆိုတာ မသင်ထားပေးဘူးလား။ ငါ့ကို အရီးတော်လို့ ခေါ်ပါ။ အင်ပါယာအကြီးအကဲက ရှင် လူကြီးတွေကို မည်သို့ခေါ်ရမယ်ဆိုတာတောင် မသိရင် ညီလာခံမှာ တိုင်တန်းပြောဆိုလိမ့်မယ်။”

လုံချီ၏ မျက်နှာသည် အလွန်အမင်း ဒေါသထွက်ဟန် ပေါ်နေခဲ့သော်လည်း သူသည် တစ်ခုခုကို တွေးလိုက်မိကာ စိတ်ကို ထိန်းလိုက်ပြီး သူမကို ကူကယ်ရာမဲ့သဏ္ဌာန်ဖြင့်သာ ကြည့်လိုက်သည်။

“အတိတ်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး နာကျည်းနေသေးတယ်ဆိုတာ သိပါတယ်။ ဟုတ်ပါတယ်၊ ငါအမှားတစ်ခုလုပ်ခဲ့တယ်ဆိုတာကို ဝန်ခတယ် ဒါပေမယ့် ဒီလောက်ကြီး အတိတ်က ဟာတွေအပေါ် စွဲလမ်းနေသေးတာလား”

သူသည် သူမကို အဓိပ္ပာယ်ရှိသော အကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။

ဒီကလိမ်ကကျစ်အိမ်ရှေ့စံမင်းသားသည် ကယောက်ကတမ်းရောဂါသည်ပင် ဖြစ်သည်လော။

“ပြောခဲ့တဲ့အတိုင်းပဲ အိမ်ရှေ့စံ။ ရှင် နေမကောင်းဘူးဆိုရင် နန်းတွင်းသမားတော်တစ်ယောက်ယောက်ဆီက ကုသမှုခံယူသင့်တယ်။ မခံယူဘဲ ရောဂါက ဒီလို ထထဖောက်နေမယ်ဆိုရင် လူရှေ့မှာ တော်ဝင်မျိုးနွယ်အတွက် ရှက်စရာကောင်းတယ်။”

All Chapters