အခန်း ၆၃၃
Vol. 13 Ch. 633
Chapter 633: လုံယန်၏ ဆုံးဖြတ်ချက်ကို မကျေနပ်
သူတို့ပြောနေသော စကားများကို နားထောင်ပြီးသည့်နောက် လင်းလီဟွားသည် လုံချီက ဘယ်သူမှန်း သိသွားခဲ့သည်။
ဒါဆို ဒီဟန်ဆောင်ပန်ဆောင် အိမ်ရှေ့စံမင်းသားက သူမ သမီးရဲ့ အသည်းကို ခွဲသွားတဲ့ ငတေပေါ့။
သူမသည် သူ့ကို အပေါ်အောက် တစ်ချက်ကြည့်လိုက်သည်။ သူ့ရုပ်ရည်သည် လက်ခံပေးနိုင်သော အနေအထားတွင်ရှိသော်လည်း ရုပ်ရည်မှလွဲ၍ သူမသမီး သေကြောင်းကြံရလောက်အောင် တန်သောအရာ တစ်ခုမျှသူ့အပေါ်၌ ရှာမတွေ့ခဲ့ပေ။
သို့ရာတွင်လည်း သူမသမီးသည် ငယ်ရွယ်သေးခဲ့ပြီး လူတစ်ယောက်၏ အကျင့်စရိုက်ကို မည်သို့ ခွဲခြားရမည်ကို မသိခဲ့သေးသောကြောင့်သာ ထို့သို့ မိုက်မဲသော လုပ်ရပ်ကို လုပ်ခဲ့မိခြင်းဖြစ်သည်။
အသက်ပိုငယ်သည့် အချက်မှလွဲ၍ ဤငပေငတေအိမ်ရှေ့စံမင်းသားသည် သူ့ဦးရီးတော်အဆင့်မှ မိုင်ပေါင်းများစွာ ကွာဝေးလေသည်။
ထိုသို့ နှိုင်းယှဉ်ကြည့်ပြီးသွားသောအခါ သူမသည် ရုတ်ချည်းဆိုသလို မင်းကြီးသည် အမှန်ပင် သူမ သမီးအတွက် သင့်တင့်စွာ လိုက်ဖက်သော စုံဖက်တစ်ယောက်ဖြစ်မှန်း ခံစားမိလာတော့သည်။
လုလျန့်ဝေ၏ စကားများ၌ လုံချီ၏မျက်နှာသည် တောင့်တင်းသွားခဲ့သည်။
သူသည် သူမကို ဤမျှ သည်းခံပေးနေခဲ့သည်ဆိုသည်မှာ သူမကို အမှန်ပင် စိတ်ပျက်စေခဲ့မိသောကြောင့် သူမနှလုံးသားကို ပြန်လည်ရယူနိုင်ရန်အတွက်သာ ဖြစ်သည်။ သို့သော် ကူကမ်းပေးနေသည့်လိုက်လက်ကို သူမဘက်က အပြန်ပြန်အလှန်လှန် ပုတ်ချနေမှတော့ သူမစိတ်တိုင်းကျ ဆက်လုပ်ခွင့်ဘယ်ပေးလို့ ဖြစ်မည်နည်း။
ညိုမှောင်သွားသော မျက်နှာရိပ်ဖြင့် သူသည် လုလျန့်ဝေကို ပြောလိုက်သည်။
“အချိန်အတော် စောင်းနေပြီ။ ဦးရီးတော်က နန်းတော်ထဲ ပြန်ရောက်အောင် စောင့်ကြပ်ကြည့်ခိုင်းထားတယ်။ မြင်းလှည်းထဲကို ဝင်။”
ထို့နောက် သူသည် အနီးနားတွင် ရပ်ထားပြီးသား ဖြစ်သော မြင်းလှည်းတစ်စီးဆီ ညွှန်ပြလိုက်သည်။
လုလျန့်ဝေ မလုပ်ချင်ဆုံးအရာမှာ ဒီ ကလိမ်ကကျစ်နှင့် နန်းတော်သို့ အတူပြန်ရန်ဖြစ်သည်။ သို့ပေမယ့် ထိုစကားကို သူပြောရဲသည်ဆိုသည်မှာလည်း သူ့ကို လုံယန်က အမှန်ပင် မိန့်ကြားထားခဲ့၍သာ ဖြစ်လိမ့်မည်။ သူမသည် လုံယန်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အနည်းငယ် မပျော်ရွှင်ကာ စိတ်ရှုပ်ထွေးနေခဲ့သည်။
မင်းကြီးက ဘာလို့ ဒီစက်ဆုပ်ဖွယ်အိမ်ရှေ့စံကို သူ့အတွက် လာစောင့်ခိုင်းနေရတာလဲ။ သူမကို တမင်သက်သက် စိတ်ဆင်းရဲအောင် လုပ်ဖို့ပဲလား။
ထို့နောက် သူမသည် သူမအမေ၏ လက်ကို အသာတွန်းလိုက်ပြီး
သူမသည် မြင်းဇက်ကြိုးကို ဆွဲကာ မြင်းကို ရှေ့သို့နှင်လိုက်သော ခဏတွင် ဝတ်ရုံရှည်များအောက် ဖုန်းကွယ်ထားသော သူမ၏ လက်ချောင်းများသည် တစ်စိတ်စာမျှသာရှိသော ဆေးမှုန့်အနည်းငယ်ကို ပစ်ချခဲ့လေသည်။
လုံချီသည် သူ့နှာခေါင်းထဲ ပြင်းထန်သော အနံ့တစ်ခု ရှူရှိုက်မိသည့်အလျောက် နှာတစ်ချက်ချေခဲ့ပြီး ဖြတ်သွားခဲ့သော မိန်းကလေးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ လုလျန့်ဝေနှင့် သူမ အမေတို့၏ ရနံ့သာဟု ထင်မှတ်ကာ စိတ်ထဲ သိပ်မထားခဲ့ပေ။
လုလျန့်ဝေ ထွက်သွားတော့မည်ကို တွေ့သောအခါ သူသည် စိတ်ဆိုးစွာဖြင့် အော်ဟစ်လိုက်သည်
လုလျန့်ဝေက ပြန်ပြောလိုက်ပြီး သူ့ဘက်ကို နောက်တစ်ချက်ပင် လှည့်မကြည့်ကာ သူမ အမေနှင့်အတူ စီးနှင်းထွက်ခွာသွားခဲ့သည်။
သူမ စိတ်ပိုင်းပြတ်စွာ ထွက်သွားသည်ကို ကြည့်လျက်ပင် လုံချီ၏ မျက်နှာ မှောင်ကျသွားခဲ့သည်။
သူမကို အေးစက်စွာ ဆက်ဆံခဲ့သည့် အချိန်တုန်းက သူမသည် အမြဲတမ်း သူ့နားကပ်ဖို့ နည်းလမ်းများ ရှာနေခဲ့သည်။ သို့သော် အခု သူက သူမအပေါ် အနည်းငယ် ကောင်းပြပေးလိုက်သောအခါတွင် သူမသည် သူ့ကို အဖက်မလုပ်မောက်မာပြနေသည်။
လုံချီသည် ထွက်ခွာသွားခဲ့သော လုလျန့်ဝေ၏ ပုံရိပ်ကို မှောင်မိုက်စွာ ကြည့်နေခဲ့ပြီး သူ့နှလုံးသားထဲ၌ အလွန်အမင်း မကျေမနပ်မှုများ ပြည့်နေခဲ့သည်။
အခုချိန်တွင် သူမစိတ်တိုင်းကျ မောက်မာနိုင်သမျှ မောက်မာနေနိုင်ဦးမည်။ ဦးရီးတော်သေဆုံးသွားသည့်အချိန်မှာသာ မျက်ရည်နှင့်မျက်ခွက်ဖြစ်လိမ့်မည်ပင်။
ထိုအချိန်မှသာ သူ့အပိုင်အဖြစ်သိမ်းလိုက်ပြီး သူ့စိတ်တိုင်းကျ ကစားပစ်လိုက်မည်။
လုလျန့်ဝေနှင့် လင်းလီဟွားတို့သည် မြို့စားကတော်ဟောင်းအား တွေ့ရန် မြို့စားအိမ်သို့သွားခဲ့ကြသည်။
လင်းလီဟွားက သူမကို အဖော်ပြုပေးရန် ပြန်ရွှေ့ပေးနေမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ မြို့စားကတော်ဟောင်းသည် ဝမ်းသာသွားခဲ့သည်။ ထို့နောက်သူမသည် နွေဦးစံအိမ်ကို သန့်ရှင်းပေးရန် အန်တီလင်းကို ချက်ချင်းမှာကြားလိုက်သည်။
လင်းလီဟွားသည် နွေဦးစံအိမ်ဆိုသည့် အသံကို ကြားလိုက်ရသောအခါ တစ်ချက် အတွေးများထဲ နစ်မြောသွားခဲ့သည်။
ထိုခြံဝင်းသည် သူနှင့်လုဟယ့်ထျန်းကြားမှ အမှတ်တရများ အပြည့်ရှိရာ နေရာဖြစ်သည်။
လှပရာကော၊ နားကျည်းဖွယ်ရာကော အကုန်ရှိနေလေသည်။
“ဘာကို အထူးတလည်ကြီး ဖြစ်ရမှာတုန်း။ အဲ့တာ အမြဲတမ်း နင့်ရဲ့ ခြံဝင်းဖြစ်ခဲ့တာပဲလေ။ ပြီးတော့ ဒီနှစ်တွေအကုန် ရှန်ဇီက အစေခံတွေကို သန့်ရှင်းထားခိုင်းခဲ့လို့ အခုထိ ကောင်းကောင်းမွန်မွန်ရှိနေသေးတယ်။ အန်တီလင်းကို ခဏ သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် လုပ်ခိုင်းထားတယ်။ ချက်ချင်း ဝင်နေလို့ကို ရတယ်”
လုလျန့်ဝေလည်း သူမ အမေငြင်းချင်နေသေးသည်ကို တွေ့ရာ၌ အမြန်ပင် စည်းရုံးသိမ်းသွင်းခဲ့သည်။