အခန်း ၆၃၄
Vol. 13 Ch. 634
Chapter 634: လက်ကို လွှတ်ပေးချင်စိတ်မရှိ
အဖွားနှင့် မြေးအတွဲကို ငြင်းဆန်မပြောနိုင်သည့်အလျောက် လင်းလီဟွားသည် နောက်ဆုံး အန်တီလန်ကိုသာ ပြောလိုက်သည်။
“အဲ့တာဆို အန်တီလန်ကိုပဲ ဒုက္ခပေးမိပါဦးမယ်။”
အန်တီလန်က ကြင်နာစွာ ပြန်ပြောလိုက်သည်။
“အဲ့လိုမပြောပါနဲ့ သခင်မ ရယ်။ သခင်မ ပြန်ရောက်လာတော့ မြို့စားကတော်ဟောင်းလည်း အထီးကျန်မနေတော့ဘူးပေါ့။”
မြို့စားကတော်ဟောင်းသည် လင်းလီဟွား ပြန်လာသည့်အတွက် အမှန်ပင် ဝမ်းသာနေခဲ့သည်။
သူမသည် သူမသားကို လီဟွားအား မြို့စားအိမ်၌ နေနိုင်အောင် ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့ပြီးသားဖြစ်၍ ထိုအကြံပေါက်မြောက်အောင် ဦးနှောက်ခြောက်အောင်စဉ်းစားနေခဲ့သည်။ သူမအတွက် အံ့အားသင့်ဖွယ်ပင် ထိုနေ့ ဝေဝေလေးက လီဟွားနှင့်အတူ ပြန်လာခဲ့သည့်အတွက် သူမအတွက် အလုပ်ရှုပ်အတော်သက်သာခဲ့လေသည်။
လင်းလီဟွား၏ လက်ကို လွှတ်ပေးချင်စိတ်မရှိသည့်အတိုင်း ဆုပ်ကိုင်ပေးလျက်ပင် သူမမျက်နှာပေါ်မှ အပြုံးတို့သည် တစ်စက္ကန့်မျှ ပယ်ပျောက်သွားခြင်းမရှိခဲ့။
လုလျန့်ဝေသည် အချိန်ကောင်းအတွင်းဖြတ်ဝင်ပြောလိုက်သည်။
မြို့စားကတော်ဟောင်းသည် သူမကို ခပ်နောက်နောက်ပင် ဆူလိုက်လေသည်။
“အော် အခုပဲ သိတတ်ပါတယ်လို့ ချီးကျူးလိုက်ပါတယ် ချက်ချင်းကိုပဲ ဆုလာတောင်းနေပြီလား။ မိုးပေါ် အသာလေးတင်တာနဲ့ တိမ်ပေါ်ရောက်သွားတာပဲ။ ဟုတ်ပါပြီလေ အဖွားအခန်းထဲ တစ်ချက်လိုက်ကြည့်လိုက်ပြီး ကြိုက်တာယူသွား။”
သူမ ထို့သို့ပြောပြီးနောက် ရက်ရက်ရောရောသဏ္ဌာန်ဖြင့် လက်ကို့ဝေ့လိုက်သည်။
“အဲ့တာဆိုရင်တော့ ဒီမှာပဲ ရပ်လိုက်တော့လို့ ပြောရတော့မယ်။ ငါ့အိမ်ထဲမှာ အဖိုးတန်းရှားပါးပစ္စည်းဆိုလို့ တစ်ချို့တစ်လေလောက်ရှိတာ။ ငါ့မြေးသာ သယ်သွားရင် အဖွားမှာ ဘာကျန်တော့မှာတုန်း။”
မြို့စားကတော်ဟောင်းသည် အလျင်အမြန်ပြောလိုက်သည်။
မြို့စားကတော်ဟောင်းကော လင်းလီဟွားပါ ကြည်နူးဖွယ် ရယ်မောလိုက်ကြသည်။
မြို့စားအိမ်၌ နေ့လည်စာ စားသောက်ပြီးနောက် လုလျန့်ဝေသည် မတ်တတ်ရပ်၍ လင်းလီဟွားအား ပြောလိုက်သည်။
“အဖွားကို အဖော်ပြုထားပေးလိုက်ပါနော် အမေ။ အခု နောက်ကျလာပြီမို့ သမီး နန်းတော်ထဲ ပြန်တော့မယ်။”
မြို့စားကတော်ဟောင်းသည် စိတ်သက်သာရာရသွားသည်။ လင်းလီဟွားက ပြန်လာခဲ့မည်ဟု ကတိပေးခဲ့သည့်အတွက် သေချာပေါက် ပြန်လာမည်ဖြစ်သည်။
လင်းလီဟွားက ခေါင်းငြိမ့်လိုက်ပြီး လုလျန့်ဝေ၏ လက်ကိုဆွဲကာ ထွက်လာခဲ့သည်။
ထိုအချိန်၌ပင် ချူကျူအား လုလျန့်ဝေကို ပြောလိုက်သည်
“သခင်မ၊ ဆက်ခံသူလုထွက်မခွာခင် သူ့အိမ်ထဲ၌ ရွှေတစ်ချို့ဝှက်ထားခဲ့ကြောင်း မှာကြားခဲ့ကြောင်းပါ။ သခင်မဆီ ဆက်သဖို့ ကတိပေးထားပြီးပြီ ဆိုပေမဲ့ မည်သည့်အချိန်မှ ပြန်ရောက်နိုင်မယ်ဆိုတာ မသိတာမို့ သခင်မ အဆင်ပြေတဲ့အချိန် ဝင်ယူနိုင်ကြောင်း မှာထားခဲ့ပါတယ်။”
လုလျန့်ဝေသည် သူမအား အံ့အားသင့်စွာ ကြည့်လိုက်သည်။
လုလျန့်ဝေနှလုံးထဲ၌ နွေးထွေးသွားသည်ဟု ခံစားလိုက်ရသည်။
သူ့အစ်ကိုသည် ဥစ္စာမက်သောသူမဟုတ်မှန်း သိထားသည့်အလျောက် ထိုရွှေများကို စုထားပေးသည်ဆိုသည်မှာလည်း သူမအတွက်သာ ဖြစ်မှန်းနားလည်လေသည်။
ဟိုတစ်ခေါက် အပန်းဖြေအိမ်တော် မှာ အိမ်ထိန်းချန်းဆီက ရွှေများကို ရယူလိုက်သည့်အတွက် သူမ ရွှေမက်သည်ဟု သူမအစ်ကိုက ထင်သွားပုံရသည်။ ထို့ကြောင့် သူမကို ပေးရန် ရွှေများကို စုထားခြင်းဖြစ်ပေလိမ့်မည်။
“နားလည်ပါပြီ။ နောက်တစ်ခေါက်ကျ လာယူလိုက်ပါ့မယ်။”
သူတို့ ပြောနေသော စကားများကို ကြားသောအခါ လင်းလီဟွားသည် ကြည်မြူးစွာဖြင့် ပြောလိုက်သည်။
“ဘာလို့ ဒီလောက်ငွေမက်ရတာတုန်း မိန်းမငယ်လေးရဲ့။”
လုလျန့်ဝေသည် သူမလက်ကို တွဲဖက်လိုက်ကာ ပြောလိုက်သည်။
“သမီးက ဘယ်လိုလုပ် ငွေမက်ရမှာတုန်း။ ဒီတိုင်း ရွှေက တောက်တောက်ပပလေးနဲ့ လှတယ်လို့ ထင်ရုံပါ။”
လင်းလီဟွားသည် ရယ်ရင်းဖြင့်ပင် သူမ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“ငွေမက်တာ အထင်းသားကြီးကို အပိုသကြားတွေအုပ်ပြောနေစရာမလိုပါဘူး။”
“သမီးက အစကတည်းက ရွှေမက်တဲ့ သာမန်လူလတ်တန်းစားတစ်ယောက်ပါနော်”
လုလျန်ဝေသည် ရှက်ရွံ့ပုံတစ်စိုးတစ်စိမျှမပေါ်ဘဲ သူမကိုယ်သူမ ဂုဏ်ယူဟန်ပင် ပေါ်နေခဲ့သည်။
လင်းလီဟွားသည် နှစ်လိုဖွယ်အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“တကယ်ပေါ့။ ဒါပေမယ့် သမီးက မိဖုရားပဲ။ ဒီလောက်ရွှေတွေ အများကြီး ဘာလုပ်မလို့တုန်း။ အဲ့လောက် သုံးတာလဲ မဟုတ်ဘဲနဲ့။”