← Chapters

အခန်း ၆၃၅

Vol. 13 Ch. 635

အခန်း ၆၃၅

Vol. 13 Ch. 635

Chapter 635: မတွေးသင့်သော အတွေးများပေါ်လာမည်

“အင်း အဲ့တာတော့လည်း ဟုတ်တယ်။ ဒါပေမယ့် ဒီအတိုင်း ကြည့်နေလို့ကို ကောင်းတာပဲ။”

လုလျန့်ဝေသည် ပြုံးရယ်ရင်းဖြင့် ပြန်ပြောလိုက်သည်။

လင်းလီဟွားသည် သူမ၏ ဝါသနာအား ကြည်မြူးဖွယ်ထင်မိသော်လည်း လက်သင့်မခံလိုသောဟန်ဖြင့် ခေါင်းကို ခါလိုက်သည်။

“သွားရအောင်။ နန်းတော်အုတ်ရိုးထိရောက်အောင် လိုက်ပို့ပေးမယ်။”

“ဟုတ်ကဲ့ပါ။”

လုလျန့်ဝေကို နန်းတော်အုတ်ရိုးထိရောက်အောင် လိုက်ပို့ပေးပြီးနောက် လင်းလီဟွားသည် ဆေးဆိုင်သို့သွားခဲ့သည်။

ဆိုင်ထဲ၌ လူနာအနည်းငယ်သာလျှင် သူတို့၏ ဆေးစာများကို ယူနေကြသည်။ ဤမျှကိုတော့ သူတောင်းစာအဘိုးနှင့် ယို့ယို့ တို့ ကိုင်တွယ်စီမံနိုင်လိမ့်ပေမည်။ ထို့ကြောင့် သူမသည် အနောက်ခြံဝင်းထဲသို့သာ တန်းဝင်သွားလိုက်သည်။

ဝူဟောက်မင်သည် အိမ်၏ ကိစ္စဝိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည့်အလျောက် အနောက်ခြံဝင်းသည် သူမရှိတော့သည့်နောက် တစ်မျိုးတစ်ဖုံပင် ခြောက်သွေ့ဟန် ရှိလာခဲ့သည်။

လင်းလီဟွားသည် မြို့စားအိမ်သို့ ယူသွားရန် သူမပစ္စည်းအချို့ကို ထုတ်ပိုးရန် တွေး၍ပင် သူမအခန်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် သူမနဖူးပေါ်၌ မြင်ရခက်လှသော မျက်မှောင်ကြုတ်ရာတစ်ခု ထင်လာခဲ့သည်။

ထိုအချိန်၌ပင် ချွန်ထက်လှသော ဓားတစ်လက်သည် သူမနှလုံးတည့်တည့်နေရာသို့ စောင်းတန်းလျက် ထွက်ပေါ်လာခဲ့သည်။

သူမသည် ဓားကို ဘေးတစ်ချက် ဝေ့ဝိုက်၍ ရှောင်လိုက်ပြီး အချိန်တစ်စက္ကန့်မျှ ကုန်ချမခံဘဲ သူမဝတ်ရုံရှည်များအောက်မှ ဓားပျံတစ်လက်ကို ဓားထွက်လာရာဘက်သို့ လွှတ်ပစ်လိုက်သည်။

လက်နက်တို့သည် ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့သွားကြသည်။

ဝတ်ရုံနက်ဖြင့်လူက ဓားပျံကို ရှောင်လိုက်သည့်အလျောက် လင်းလီဟွားက ထိုအချိန်ပိုင်းကို အခွင်ကောင်းယူကာ အိမ်ထဲမှ ထွက်ပြေးသွားလိုက်သည်။ ထိုအရာကိုမြင်သောအခါ ဝတ်ရုံနက်ဖြင့်လူက သူမနောက်က လိုက်လာခဲ့လေသည်။ ထိုသူ၏ တိုက်ခိုက်မှုများသည် တစ်ခုပြီးတစ်ခု အန္တရာယ်ပိုပိုများလာကာ သူမ၏အသက်ကို ရအောင် နှုတ်ယူလိုနေခဲ့သည်။

လင်းလီဟွားသည် ညိုမှောင်သော မျက်နှာရိပ်ဖြင့် သူမဓားကို ထုတ်က ထိုလူ၏ တိုက်ခိုက်မှုများကို ခုခံခဲ့သည်။

သူတောင်းစားအိုသည် အနောက်ခြံဝင်းထဲမှ ဆူညံသံများကို ကြားသောအခါ ပြေးလာခဲ့လေသည်။

အနောက်ခြံဝင်းထဲမှ ဖြစ်ပျက်နေပုံများကို မြင်သောအခါ လျင်မြင်စွာပင် တိုက်ပွဲထဲသို့ ဝင်ကူခဲ့လေသည်။

နောက်ကူလူများရောက်ရှိလာသည်ကို မြင်သောအခါ ဝတ်ရုံနက်နှင့်လူသည် ဆက်လက်တိုက်ခိုက်ရန် ဆန္ဒမရှိတော့။ အကွက်တစ်ကွက်ကို ဟန်ဆောင်ချပြီးသွားသောအခါ လျင်မြန်စွာပင် ထွက်ပြေးသွားခဲ့သည်။

သူတောင်းစားအိုသည် သူ့နောက် လိုက်ဖမ်းချင်ခဲ့သော်လည်း လင်းလီဟွားက တားလိုက်သည်

“သူ့နောက်က လိုက်သွားဖို့ မလိုပါဘူး အဘိုး။ အဘိုး လိုက်မီနိုင်မှာ မဟုတ်ဘူး။”

သူတောင်းစားအိုသည် တွန့်ဆုတ်စွာပင် ပြန်လှည့်လာခဲ့သည်။

“မသိဘူး။ ဒါပေမယ့် ဟိုတစ်ခေါက်က အမျိုးသမီးကျန်းကို သတ်သွားတဲ့ တစ်ယောက်ပဲ ဖြစ်ရမယ်။”

သူတောင်းစားအိုသည် အမျိုးသမီးကျန်းလုပ်ကြံသတ်ခံရပုံကို သိသည့်သူဖြစ်သည့်အလျောက် အနည်းငယ် စိတ်ပူသွားခဲ့သည် ။

“ဒီလူက မမြင်နိုင်ရာ အမှောင်ထဲကနေ လုပ်ကြံစီရင်နေတယ်။ သူ့ကို ခုခံနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါးပဲ။ အခုအချိန်က သတိပိုကြီးကြီးထားဖို့ လိုပါလိမ့်မယ် သခင်မ။”

“သိပါတယ်။ ပြီးတော့ ဒီရက်ပိုင်း ကျွန်မ မြို့စားအိမ်မှာ မြို့စားကတော်ဟောင်းကို အဖော်ပြုပေးဖို့ သွားနေဖြစ်လိမ့်မယ်။ အဲ့တာ ဆေးဆိုင်နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေကို အဖိုးကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ကုသမှုပိုင်းဆိုင်ရာ ဆွေးနွေးမှုပေးဖို့တော့ ပြန်လာပါ့မယ်။”

သူတောင်းစားအိုသည် နားလည်စွာဖြင့် ပြောလိုက်သည်။

“နားလည်ပါပြီ။ မြို့စားကတော်ဟောင်းက အသက်အရွယ်လည်း ရလာပြီမို့ သူ့ကို ပြုစုစောင့်ရှောက်ပေးမယ့်သူ တစ်ယောက်ယောက်တော့ လိုမှာပေါ့။ ဆေးဆိုင်အတွက် စိတ်မပူပါနဲ့ သခင်မ။ ယို့ယို့ နဲ့ ကျွန်တော်မျိုး ရှိနေပါ့မယ်။”

ဆေးစာဖြည့်ပေးသည့်အပိုင်းကတော့ သူတောင်းစာအိုသာလျှင် ကိုင်တွယ်မည်ဆိုတာ ပြောနေဖို့မလိုပေမယ့်လည်း ယေဘုယျဆွေးနွေးတိုင်ပင်မှုများအတွက်တော့ ယို့ယို့ လည်း ကိုင်တွယ်ဖြေရှင်းနိုပေသည်။

သူသည် ဉာဏ်ရည်ထက်မြက်ပြီး ထူးချွန်သော ကလေးတစ်ယောက်ဖြစ်သည်။ ဆေးဆိုင်၌ သူမရှိနေစဉ်တစ်လျှောက်တွင်လည်း သူမကို ကြည့်၍ သူလည်း ဆေးအတတ်တစ်ချို့ လေ့လာပြီးသား ဖြစ်နေသည်။ ပြောနေဖို့တော့မလိုပေမယ့် ယို့ယို့ ရဲ့လက်ရှိ စွမ်းရည်အရ သာမန် ဖျားနာအအေးမိတာလောက်သာ ကုသပေးနိုင်ဦးမည်ပင်။

“တစ်ခုခု ခက်ခဲတာရှိရင် မြို့စားအိမ်မှာ အချိန်မရွေးလာရှာလို့ရတယ်”

လုထင်ချန်းက တန့်ကြွယ် သို့စစ်ဆင်ရန် သွားခဲ့သော စစ်တပ်ထဲ ပါဝင်သွားသည့်အလျောက် နန်းတွင်းတပ်စောင့်များအဖွဲ့ခေါင်းဆောင်နေရာအား ချူယိမှ ယာယီတာဝန်ထမ်းဆောင်နေခဲ့သည်။

တခြားတပ်စောင့်များနှင့် လှည့်ကင်းကြည့်နေသည့်အခိုက် အရင်တစ်ခေါက် ပုန်းကွယ်ကာ ငိုကြွေးနေခဲ့သော မိန်းကလေးအား တွေ့လိုက်ရသည်။ သူမသည် ပန်းပွင့်နေသော သစ်ပင်တစ်ပင်အောက်တွင် ရပ်နေကာ အနောက်မြောက်ဘက်သို့ ခံစားချက်မရှိ ငေးကြည့်နေခဲ့သည်။

ထိုအချိန်အတွင်း သူ့အား ပျင်းရိမှုတရားက အနိုင်ယူသွားသည်လားမသိ၊ သူ့အနောက်မှ တပ်စောင့်များကို လက်တစ်ချက်ဝေ့ပြလိုက်ကာ ဆက်လက်လှည့်ကင်းကြည့်နေရန် အချက်ပေးလိုက်သည်။ သူ့ဓားရှည်ပေါ်၌ လက်တစ်ဖက်တင်လိုက်ကာ သူမနောက်သို့ ခိုးကြောင်ခိုးဝှက်သွားခဲ့ပြီး သူမကို ခြောက်လန့်ရန် ကြံရွယ်နေခဲ့သည်။

ကျိုးယွီသည် ကောင်းကင်အား ငေးလျက်ကြည့်နေခဲ့ပေသည်။ ထိုအချိန်၌ ဆက်ခံသူသည် တိုက်ပွဲအတွက် ထွက်ခွာသွားခဲ့ပြီးလောက်ပြီ။

စဉ်းစားရင်နှင့်ပင် သူမသည် တိတ်ဆိတ်စွာ သက်ပြင်းချမိသည်။

သခင်မလေးက ဆက်ခံသူကိုလိုက်ပို့ရန် နန်းတော်ထဲက ထွက်သွားသည့်အခိုက် သူမလည်း လိုက်သွားလိုလျှင် လိုက်သွားနိုင်ခဲ့ပေသည်။ သို့ရာတွင် သူမသည် ဆင်ခြေတစ်ခုပေးကာ နေခဲ့လေသည်။

သူမသည်လည်း ဆက်ခံသူကို လိုက်ပို့ပေးချင်ခဲ့သည်။ သို့သော် သူ့ကို မြင်လိုက်လျှင် သူမစိတ်ထဲ မတွေးသင့်သော အတွေးများပေါ်လာမည်ကို ကြောက်နေခဲ့သည်။

All Chapters