အခန်း ၆၃၆
Vol. 13 Ch. 636
အခန်း ၆၃၆ သူချက်ချင်းငယ်သွားသလို ခံစားလိုက်ရသည်။
ကျူးယွီ၏ ပခုံးပေါ်သို့ ချူယိ၏လက်ဝါး ရောက်လာခါနီးတွင် သူမ သက်ပြင်းကိုဖြေးဖြေးချင်းချကာ လှည့်လိုက်သည်။
သူ့ရဲ့လက် လေထဲတွင် တန့်သွားလေသည်။လက်ကိုဘဲ ပြန် ရုတ်ရမလား ဆက်ပဲ မြှောက်ထားရမလား မတွေးတတ် ဖြစ်သွားရသည်။
ကျူးယွီ မှာ ထိုလူအား ထပ်၍ ထိပ်တိုက်တိုးမည်ဟု မထင်ခဲ့မိပါ။နှစ်ယောက်သား ပါးစပ်မဟနိုင်ဘဲ အချင်းချင်းကြည့်နေကြရာမှ သူမ သတိပြန်လည်လာခဲ့သည်။
သူ၏မြှောက်ထားသော လက်အား သူမ သံသယရှိစွာ ကြည့်လိုက်သည်။
“အကိုချူယိ ဘာလုပ်နေတာလဲ”
သူမ နောက်သို့ အနည်းငယ်ဆုတ်လိုက်လေသည်။
သူမစကားအား ကြားသောအခါ ချူယိမျက်နှာမှာ ဘဝင်မကျမှုမှ အပြုံးတစ်ခုသို့ပြောင်းသွားတော့သည်။
ဒီကောင်မလေးက အပြောတတ်လှသည်။သူအရင်တွေ့ခဲ့ဖူးသော သူ့ကို “ဦးလေး”ဟုခေါ်ခဲ့သည့် ကောင်မလေး လင်း နှင့် အကွာကြီးပင်။
အကို ဟု ခေါ်ခံရသည်မှာ မည်မျှကောင်းလိုက်သနည်း။သူ ချက်ချင်းပင် ပြန်ငယ်သွားသလို ခံစားလိုက်ရသည်။
“ဘာမှမဟုတ်ပါဘူး။ငါ ဒီကနေ ဖြတ်သွားရင်းနဲ့ မင်းကို တွေ့လို့ လာနှုတ်ဆက်တာ”
ကျူးယွီစိတ်ထဲတွင် ထိုသို့ကြားလိုက်ရသဖြင့် ပို၍ သံသယ ဝင်လာတော့သည်။
တွေ့တိုင်း နှုတ်ဆက်ရလောက်တဲ့အထိ သူတို့နှစ်ယောက်က ရင်းနှီးပါလို့လား။
“သွား သွား။ငါ ဒီကဖြတ်သွားတုန်းတောင် မင်းရဲ့မိဖုရားကြီး အဆောင်ထဲ ပြန်ကြွသွားတာ တွေ့တယ်။မင်းလည်း သွားလိုက်ဦး”
ထိုအခါ ကျူးယွီမှ သူ့အား ကျေးဇူးတင်ကာ စကတ်ကို မ၍ အပြေးလေး ထွက်သွားတော့သည်။
ချူယိမှာ ထွက်သွားသော ကောင်မလေးအား ကြည့်ကာ အတွေးဖြင့် မေးစေ့သပ်လိုက်သည်။
လှလိုက်တဲ့ ကောင်မလေး။ရိုသေတတ်ပြီး စကားလည်းတတ်သည်။ချစ်စရာလည်း ကောင်းလှသည်။
သူ ဆက်၍ ကင်းလှည့်ရန် ပြင်လိုက်သော်လည်း လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော ကောင်လေးအား ကြည့်၍ အံသြမှုဖြင့် ခြေလှမ်းရပ်သွားလေသည်။
“ဘာလို့ ခုနက လူယုတ်မာကြီးလို ပြုံးနေတာလဲ။ဘာညစ်ပတ်တာတွေ တွေးနေတာတုန်း”
“အဓိပ္ပာယ်မရှိတာတွေ။မင်း ငါ့ကို ဘယ်လိုလူစားများ ထင်နေတာလဲ”
ချူကျီမှ သူ့အား ဘာမျှ မပြောဘဲ သိဟန်ဖြင့် ကြည့်လိုက်သည်။သူ ထွက်သွားတော့မည့် အချိန်တွင် ချူယိသည် ပြုံးဖြီးဖြီးဖြင့် သူအား ပခုံးဖက်လာပြီး
“ကျီလေး၊မင်း ကျူးယွီ ဆိုတဲ့ ကောင်မလေးကို ဘယ်လိုထင်လဲ။မိဖုရားကြီးဘေးမှာ အမြဲရှိနေတဲ့ ကောင်မလေးလေ”
ချုကျီမှာ အနည်းငယ် စဥ်းစားပြီးနောက် မိဖုရားကြီး၏ အစေခံမလေးအား မှတ်မိသွားသည်။
ဘေးမှ လူ၏ တဏှာမျက်နှာအား ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“အင်း သူ့မှာ မျက်လုံးနှစ်လုံး၊နှာခေါင်းတစ်ခု၊ပါးစပ်တစ်ပေါက်နဲ့ဆိုတော့ တခြားလူတွေ အတိုင်းပါပဲ”
ချူယိမှာ ဆွံ့အသွားဟန်ဖြင့် ပခုံးဖက်ထားသည်ကို ဖြည်လိုက်ကာ မကျေနပ်စွာ ပြောလိုက်သည်။
လျိုဖူ သူ့မျက်နှာဖုံးအား ဆွဲချွတ်ကာ အထဲဝင်လာသည်။
မိဖုရားခေါင်ကြီး ရှောင်ကျင်းမှ သူ့အား ကြည့်ကာ ပုတီးစိပ်နေခြင်းအား ရပ်၍ မေးလိုက်သည်။
ခေတ္တမျှ တွေးပြီးနောက် မိဖုရားခေါင်ကြီး ရှောင်ကျင်းမှ ပြောလိုက်သည်။
“အိမ်ရှေ့စံ မင်းသားကို သွားခေါ်ချေ။သူ့ကို အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိတယ်လို့ ပြောလိုက်”
လျှိုဖူ မတ်တပ်ရက်ကာ သူ့အခန်းထဲသို့ဝင်၍ မိန်းမစိုးအဝတ်များ လဲဝတ်ပြီးနောက် အရှေ့နန်းဆောင်သို့ ထွက်သွားတော့သည်။
လုံချီသည် အမျိုးသမီးလင်း မည်သူဖြစ်သည်ကို ခဏမျှ စဉ်းစားပြီးနောက် သူ့မျက်နှာတွင် တုန်လှုပ်သည့်အမူအရာ ပေါ်လာသည်။
“ငါလည်း သူသေပြီ ထင်ခဲ့တာ။ဒါပေမယ့် လျှိုဖူ သူနဲ့တွေ့ပြီး တိုက်ခိုက်လာတယ် ဆိုတော့ မမှားလောက်ဘူး”