Chapters

အခန်း ၆၃၇

Vol. 13 Ch. 637

အခန်း ၆၃၇

Vol. 13 Ch. 637

အခန်း ၆၃၇ လုလျန့်ဝေနှင့် တစ်အိပ်ရာတည်း ညတာကုန်ဆုံးတယ်။

ထိုသို့ကြားပြီးနောက် လုံချီ မငြိမ်စဖူး ငြိမ်သက်သွားသည်။

ယခု အချိန်အထိ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို သူ သေချာစဉ်းစားလိုက်သည်။

လုလျန့်ဝေ၏ ပြောင်းလဲမှု မှစ၍ ဦးရီးတော်မှ သူမအား လက်ထပ်ရန် ရုတ်တရက် ဆုံးဖြတ်မှု....

အရာအားလုံးသည် သံသယရှိစရာများနှင့် ပြည့်နှက်နေသည်။

ထိုနေ့က ဦးရီးတော် ပြသခဲ့သော သန့်စင်အဝတ်ကိစ္စလည်း ရှိသေးသည်။

ဦးရီးတော်သာ အတုလုပ်ထားသည် မဟုတ်ပါက ထိုသန့်စင်အဝတ်ပေါ်မှ အပျိုစင်သွေးများသည် အမှန်ဖြစ်နိုင်သည်လော။

ထိုအတွေးများကြောင့် သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်နေသည်။

ဦးရီးတော်၏ နှင်းကိုက်မှုကို ကုပေးနိုင်သည့် တစ်ဦးတည်းသော အမျိုးသမီးလင်းမှာ နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားသဖြင့် ဦးရီးတော် ဘယ်သောအခါမှ ပြန်ကောင်းလာမည် မဟုတ်ဟု အမြဲတမ်း ယုံကြည်ခဲ့သည်။

သို့ရာတွင် အမျိုးသမီးလင်းသာ မသေသေးပါက ဦးရီးတော်၏ ရောဂါ ပျောက်ကင်းသွားနိုင်သည်။

ထိုနေ့က နန်းတော်တံခါးရှေ့၌ ဦးရီးတော် ပြောခဲ့သော စကားများကို သူ ပြန်ကြားယောင်လာပြီး

ဦးရီးတော်သည် သူ့အား ခြိမ်းခြောက်ရုံတင်မကဘဲ တကယ်ပင် အိမ်ရှေ့စံရာထူးမှ ဖယ်ရှားရန် ကြိုးစားနေခြင်းဖြစ်နိုင်သည်။

သူ မျက်မှောင်ကြုတ်ကာ မိဖုရားခေါင်ကြီး ရှောင်ကျင်းထံ ပြောကြားလိုက်သည်။

“အမျိုးသမီး လင်း အသက်ရှင်နေသေးမှန်း ဘယ်တုန်းကသိတာလဲ အဘွားတော်”

ဦးရီးတော်မှာ လုလျန့်ဝေကို ရုတ်တရက် လက်ထပ်ချင်ခြင်း နှင့် လုလျန့်ဝေမှလည်း မိဖုရားကြီး ဖြစ်လာလိုသည့် အကြောင်းမှာ ရှင်းလင်းလှသည်။

အမျိုးသမီးလင်းသည် လုလျန့်ဝေအား လုံယန် လက်ထပ်ရမည်ဟူသော ကတိဖြင့် ဆေးကုပေးခဲ့ခြင်း ဖြစ်မည်။

လုလျန့်ဝေအား လက်ထပ်ရန် ဆုံးဖြတ်လိုက်ချိန်တွင် မင်းကြီး ရောဂါပျောက်သွားချိန် ဖြစ်သည်။

လုံချီတို့ အုပ်စုသာလျှင် သတင်းအမှောင်ကျကာ ကုရာနတ္ထိ ဟု ထင်နေခြင်းဖြစ်မည်။

သူမ ဘယ်နေရာတွင် အမြင်လျှမ်းခဲ့သည်ကို သဘောပေါက်လိုက်သည်။

သူမ စိပ်ပုတီးအား ကိုင်ညှစ်လိုက်သည်။သူမ၏ ပုံမှန် ကြင်နာတတ်သော ရုပ်ရည်မှာ ကြောက်မက်ဖွယ် ပျက်ယွင်းနေလေသည်။

“ရောဂါပျောက်သွားပြီ ဟုတ်လား။တစ်ခါ ဆေးခတ်နိုင်ရင် နောက်တစ်ခါ ဘာလို့မရရမှာလဲ”

အဘွားသည် အိုမင်းနေပြီ ဖြစ်သော်လည်း ငယ်စဉ်ကမူ အလွန် ဉာဏ်များသောအမျိုးသမီးဖြစ်သည်။မဟုတ်ပါက မောင်းမမိဿံများထဲတွင် ထင်ရှားနေမည်မဟုတ်ဘဲ မိဖုရား ပုလ္လင်ပေါ်တွင် နှစ်ပေါင်းများစွာ ထိုင်နိုင်ခဲ့မည် မဟုတ်ပါ။

အဆုံးတွင်လည်း ဦးရီးတော်ကို သူမအား မယ်တော်ကြီးရာထူးပေးရန် တိုက်တွန်းနိုင်ခဲ့သည်။

“မင်းကြီးမှာ သားရင်သွေးရှိမှပဲ အိမ်ရှေ့စံကို ကန်ထုတ်နိုင်မှာ။လုလျန့်ဝေသာ ကိုယ်ဝန်မရရင် မင်းကို ကန်ထုတ်ချင်ရင်တောင် အိမ်ရှေ့စံထားစရာ သား ဘယ်မှာရှိလို့လဲ”

အရာရာတိုင်းကြံစည်ထားသည်ကို ရှောင်ကျင်း ပြောလိုက်သည်။

သူမစကားကြောင့် လုံချီ ရင်ဘတ် တင်းကျပ်သွားရသည်။

မင်းကြီးသာ နေပြန်ကောင်းပါက လုလျန့်ဝေ နှင့်အတူ တစ်အိပ်ရာထဲတွင် စုံတွဲများ ချစ်ကြည်နူးသလို ညတိုင်း ကုန်ဆုံးနေကြမည် ဖြစ်သည်။

ထိုအတွေးသည် သူ့အား အလွန် မကျေနပ်ဖြစ်စေသည်။

အရင်က မင်းကြီး ဖျားနာမှုကြောင့် မစွမ်းဆောင်နိုင်ဟု ထင်ခဲ့သော်လည်း ယခုမှာမူ သူနေပြန်ကောင်းသွားပြီဆိုလျှင်...

ထိုသို့ကြားသဖြင့် လုံချီအား မိဖုရားခေါင်ကြီး လှမ်းကြည့်လိုက်သည်။သူ့မျက်နှာပေါ်မှ ထူးဆန်းသောအမူအရာကို မြင်လိုက်ရသဖြင့် စိုးရိမ်စွာ ပြောလိုက်သည်။

“စိတ်ပူမနေပါနဲ့ ချီလေး။ငါ အကုန်စီစဉ်ပေးမယ်။မင်းသာ ကျန်းမာရေး ဂရုစိုက်။မင်းမောင်းမတော်တွေထဲက တစ်ယောက်ယောက် ကိုယ်ဝန်ရအောင် မြန်မြန်လုပ်နိုင်ရင် အကောင်းဆုံးပဲ။အမွေခံသာ ရှိရင် မင်းနေရာ ပိုခိုင်ခန့်သွားပြီး အနာဂတ်မှာ မင်းကြီး မင်းကို ဖယ်ထုတ်ချင်တောင် အဲ့လောက်လွယ်မှာ မဟုတ်ဘူး။ပြီးတော့ ရွှမ်းလေးက မင်းရဲ့အဓိက ကြင်ရာတော်နော်။သူ့ကိုလည်း ရင်သွေးလွယ်နိုင်အောင် လုပ်ဦး”

မိဖုရားခေါင် ရှောင်ကျင်းမှ နောက်ဆုံးသတိပေးချက်အား အလေးထားပြောလိုက်သည်။

“မင်းကြီးနဲ့ ပတ်သက်လို့ အဲ့လောက် စိတ်ပူမနေပါနဲ့။မသိချင်ယောင်သာဆောင်နေ။သူမရိပ်မိစေနဲ့။မင်းဦးရီးတော်က အကဲခတ်လို့မရဘူး။နှစ်တွေကြာတာတောင် သူ့ကို ငါ နားမလည်သေးဘူး”