အခန်း ၆၃၈
Vol. 13 Ch. 638
အခန်း ၆၃၈ လုံးဝ စိတ်မကြွပါ
ဆိတ်ငြိမ်နန်းဆောင်မှအထွက်တွင် အရှေ့နန်းဆောင်သို့ သွားရင်း လုံချီနှင့် လုယွင်ရွှမ်း ဆုံမိေလသည်။
လုယွင်ရွှမ်း သူ့ဆီ အမြန်လာကာ သူ၏သုန်မှုန်နေသော အမူအရာကို တွေ့လိုက်ရသဖြင့် စိတ်ပူစွာ မေးလိုက်သည်။
“မင်းသား နေမကောင်းဘူးလား”
လုံချီ စိတ်မရှည်စွာဖြင့် သူမအား ကြည့်လိုက်သည်။
“ဘာမှမဖြစ်ဘူး”။
သူထွက်သွားတော့မည့်အချိန်တွင် သူ့အဘွားပြောစကားအား ကြားယောင်လာသည်။ထို့နောက် သူနောက်ပြန်လှည့်ကာ သူမအား ပွေ့ချီမလိုက်သဖြင့် လုယွင်ရွှမ်း အံ့သြပျော်ရွှင်သွားရသည်။
ဝမ်းသာစွာဖြင့် လုယွင်ရွှမ်း သူ့ရင်ထဲသို့ တိုးဝှေ့လိုက်သည်။
ခဏအကြာတွင် လုံချီတစ်ယောက် မျက်စိပျက်မျက်နှာပျက်ဖြင့် လုယွင်ရွှမ်း၏ အခန်းမှ ကမူးရူးထိုးထွက်သွားသည်။
ဖရိုဖရဲဖြစ်နေသော လုယွင်ရွှမ်းမှာ အိပ်ရာပေါ်မှ ငိုမဲ့မဲ့ဖြင့် ထလိုက်သည်။
သူမအပေါ် လုံချီ လုံးဝ စိတ်မပါတော့သည်ကို အံ့သြနေသည်။
သူမကို သူ စိတ်မဝင်စားတော့ဘူးလား။
ယခုဖြစ်စဉ်အား ပြန်တွေးကာ လုယွင်ရွှမ်း လက်သီးဆုပ်လိုက်သည်။
ဒါ စုန်းမ ချန်ချူးယွီ အိမ်ရှေ့စံအား ပြုစားထား၍ ဖြစ်ရမည်။
အဆောင်ထဲသို့ ဝင်ပြီးမကြာမီ အိမ်ရှေ့စံ ပြန်ထွက်သွားသဖြင့် နှစ်ယောက်သားကိစ္စ မပြီးသွားမှန်း ရိပ်မိလိုက်သည်။
ထို့အပြင် မင်းသမီး၏ လက်ရှိအခြေအနေအား ကြည့်ကာ မည်သို့ ဖြစ်သွားမှန်း သူ ခန့်မှန်းမိပြီပင်။
လုယွင်ရွှမ်းမှာ ကြောက်မက်ဖွယ်ပုံပေါက်နေကာ အမိန့်ပေးလိုက်သည်။
“ချန်ကျူပင်းကို ကယ်ဖို့ နည်းလမ်းရှာစမ်း”
“ဒါပေမယ့် ချန်ကျူပင်း သေမိန့်ကျထားပြီး မကြာခင် ကွပ်မျက်ခံရတော့မှာပါ”
“အဲ့တော့ ဘာဖြစ်လဲ။သူ့မှာ အချစ်ဆုံးသူငယ်ချင်းရှိတာ မမေ့နဲ့ဦး။သူ့ဆီ စာပို့ပြီး ချန်ကျူပင်းရဲ့ ဖြစ်သမျှကို ရှင်းပြလိုက်။သူ ရတဲ့နည်းတဲ့ ရအောင်ကယ်လိမ့်မယ်”
ချန်ကျူပင်းသာမရှိလျှင် သူမလုပ်သမျှ အရာမကျဟု ခံစားမိသည်။မည်သို့ပင်ဖြစ်စေ ချန်ကျူပင်းကဲ့သို့ မကောင်းမှုလုပ်ဖော်တစ်ဦးအား ဆုံးရှုံး၍ မဖြစ်ပါ။
ဟုန်ရှို့ မတင်မကျဖြစ်နေသည်။
“ဒါပေမယ့် အဲ့လူက ဘယ်ရောက်နေမှန်း သိရတာ မဟုတ်ဘူး။ကျွန်မ သူ့ကို မရှာတတ်ဘူး”
လုယွင်ရွှမ်း ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။
ဟုန်ရှို့ ခေါင်းညိတ်လိုက်သည်။
လုယွင်ရွှမ်း အိပ်ရာပေါ်မှဆင်းကာ စာတစ်စောင် အမြန်ရေး၍ ကမ်းလိုက်သည်။
လုယွင်ရွှမ်း ညွှန်ကြားလိုက်သည်။
“မင်းကိုယ်တိုင်သွားစရာမလိုဘူး။မင်း နဲ့ ဆက်သွယ်နေကျမဟုတ်တဲ့ သူလျှိုတစ်ယောက်ဆီ ပေးလိုက်”
အရင်ကိစ္စပြီးနောက် မင်းကြီးမှ သူမအား စောင့်ကြည့်နေသည်ဟု ထင်မိသည်။ထို့အတွက် သူမလူယုံ ဟုန်ရှို့လည်း ပါဝင်လိမ့်မည်။
သူတို့သာ သာမန်အတိုင်း လုပ်ပါက မင်းကြီး ရိပ်မိမည်မှာ သေချာပေသည်။
ကံကောင်းသည်မှာ နန်းတွင်းထဲမှ လုပ်ကွက်ရှိသူများအား သူမ လာဘ်ထိုးထားသဖြင့် သူမအတွက်လည်း အသုံးဝင်ကြသည်။
ဟုန်ရှို့ စာကိုယူကာ အပြေးထွက်သွားသည်။
လုယွင်ရွှမ်း စိတ်သက်သာသွားရသည်။
သူမ ချန်ကျူပင်းကို ကယ်တင်ချင်သည်မှာ သူသေမည်ကို မကြည့်နိုင်၍ မဟုတ်။သူမအတွက် အသုံးဝင်နေသေး၍ ဖြစ်သည်။
သူမနှင့် ပတ်သက်သမျှတိုင်းကို သူ အကျွမ်းတဝင်ရှိကာ သူမအပေါ်လည်း သစ္စာရှိသည်။လောကတွင် သူ့လောက် သူမအပေါ် ပေးဆပ်ရဲသူ မရှိပါ။
ထိုသူသာ ချန်ကျူပင်းအား ကယ်ချင်စိတ်ရှိပါက ရအောင် ကယ်နိုင်မည်ဖြစ်သည်။
ထို့နောက်တွင် ချန်ကျူပင်းအား အသွင်ပြောင်းကာ သူမနံဘေးတွင် အမှုထမ်းခိုင်းနိုင်သေးသည်။
သူမ၏အကြံမှာ ကောင်းမွန်သော်လည်း ချန်ကျူပင်းမှ သူမသရုပ်အမှန်အား ဖောက်မြင်နေပြီဖြစ်သည်ကိုမူ မရိပ်မိခဲ့ပါ။
သူမပြန်ရောက်လာသည်နှင့် လုလျန့်ဝေ အိပ်လိုက်သည်။သူမနိုးလာသည်နှင့် အဝတ်ဝတ်၍ ထွက်လာသောအခါ အပြင်ဘက်ခန်းခုံစောင်းတွင် ထိုင်ကာ စာဖတ်နေသော လုံယန်ကို တွေ့လိုက်ရသည်။
စာအုပ်ကိုကိုင်ကာ စောင်း၍ထိုင်နေသည်မှာ အေးဆေးနိုင်လှသည့် ပုံရိပ်ဖြစ်သည်။
လုလျန့်ဝေပြုံး၍ လမ်းဖြေးဖြေးလျှောက်သွားကာ အံ့သြသည့်လေသံဖြင့်
“မင်းကြီး ဘယ်တုန်းကရောက်နေတာလဲ”
ဟု မေးလိုက်သည်။