အခန်း ၆၃၉
Vol. 13 Ch. 639
အခန်း ၆၃၉ နောက်တစ်ခါ အဲ့လို မလုပ်ပါနဲ့ မင်းကြီး
လုံယန် သူမ နိုးလာသံအား ကြားနှင့်ပြီးဖြစ်သည်။သူမ စကားသံကို ကြားလိုက်ရသဖြင့် စာအုပ်ဖတ်နေရာမှ ခေါင်းမော့ကာ သူမအား ပြုံး၍ ကြည့်လိုက်သည်။
“ရောက်နေတာ ကြာပြီ”
လုလျန့်ဝေ သူ့ဘေးတွင် ဝင်ထိုင်ကာ ပေါပေါ့ပါးပါးပြောလိုက်သည်။
“ဒါဆို ဘာလို့ ကျွန်မကို မနှိုးတာလဲ မင်းကြီး”
“မင်းရဲ့အိပ်မောကျနေပုံလေး မြင်ရတော့ မနှိုးရက်တော့ဘူး”
လုံယန်သည် နက်နဲကြင်နာသော မျက်လုံးများဖြင့် သူမအား ကြည့်လိုက်သည်။
သူ၏ဘေးမှ လက်ဖက်ရည်ခွက်အား လှမ်းယူကာ သူမအား ပေးလိုက်ပြီး
“အခုမှ နိုးတာဆိုတော့ ရေနွေးသောက်ပြီး လည်ချောင်းရှင်းလိုက်”
သူမ ခွက်ကို လက်ခံယူလိုက်ကာ ကျေးဇူးတင်လိုက်ပြီးနောက် စတင် သောက်လိုက်သည်။
လုလျန့်ဝေ ခွက်ကို ပြန်ချကာ အံ့အားတကြီးဖြင့် ပြောလိုက်သည်။
လုံယန် ပြုံးရိပ်သန်းသွားကာ ထရပ်လိုက်ပြီး သူမ လက်ကိုဆွဲ၍ စားပွဲဆီ ခေါ်သွားသည်။
“မင်းနိုးလာတာနဲ့ ကျောက်ချန်ကို ပွဲတော်တည်ခိုင်းမယ်မှန်း ကိုယ်သိလို့လေ။ပူနေတုန်းပဲ။ မအေးခင်လေး မြန်မြန်စား”
လုလျန့်ဝေသည် ယခုအထိ အငွေ့ထနေသော ဟင်းလျာများအား ကြည့်ကာ မင်းကြီး၏ အလိုက်သိမှုကို ကြည်နူးနေမိသည်။
သူမ တူကို ကောက်ယူကာ အစာနှိုက်ယူရန် ပြင်လိုက်စဥ် တစ်စုံတစ်ခုအား သတိရသွားသည်။သူမ လုပ်နေသည်ကို ရပ်ကာ သူမရှေ့မှ သူကို မော့ကြည့်လိုက်သည်။
သူမအကြည့်မှာ သူ၏ မျက်နှာပေါ်သို့ရောက်သွားသည်။သူ၏မျက်နှာမှာ ထူးခြားချက်မရှိဘဲ ပုံမှန် ဖြစ်နေသည်ကို မြင်ရမှသာ သူမ သက်ပြင်းချလိုက်သည်။
မနက်က လှည်းထဲတွင် သူ စိတ်မကောင်းနေဟန်ရှိသော်လည်း အကြောင်းပြချက်အား သူ မပြောဘဲနေနေခဲ့သည်။
သူမ အတွေးရပ်ကာ ပန်းကန်ထဲသို့ ထမင်းထည့်ပေးလိုက်ပြီး သိမ်မွေ့စွာဖြင့်မေးလိုက်သည်။
“မနက်က အိမ်ရှေ့စံမင်းသားကို တံခါးဝရှေ့မှာ စောင့်ခိုင်းထားပြီး ကျွန်မကို နန်းတော်ထဲ ဘာလို့ ပြန်လိုက်ပို့ခိုင်းတာလဲ”
“ကိုယ် မင်းကို ပြန်လိုက်ပို့ချင်နေတာကို နန်းတော်ထဲမှာ လုပ်စရာကိစ္စက ရှိနေတာ။အဲ့တာ အိမ်ရှေ့စံက တာဝန်ယူပေးမယ်ပြောတာနဲ့ သဘောတူလိုက်တယ်”
လုလျန့်ဝေ မျက်လုံးပင့်ကာ သူ့အားကြည့်လိုက်သည်။သူမထင်သကဲ့သို့ အခြေအနေမှာ ထိုလောက်မရှင်းသည်ကို တွေးမိသည်။
သူ့အရင်အပြုအမူများကို ကြည့်ခြင်းဖြင့် နန်းတွင်း၌ ကိစ္စများရှိလျှင်ပင် သူမအား လုံချီစောင့်နေမည်ကို လက်ခံမည် မဟုတ်ပါ။
သူမ စိတ်ထဲမှ သံသယများအား မျိုသိပ်ကာ မျက်မှောင်ကြုတ်၍ အရှင်းတိုင်းပြောလိုက်သည်။
“ကျွန်မ အိမ်ရှေ့စံမင်းသားနဲ့ သွားလာရတာ မကြိုက်ဘူး။နောင် အဲ့လို မလုပ်ပါနဲ့ မင်းကြီး”
ထိုစကားကြားသောအခါ လုံယန် ပြုံးရိပ်ပေါ်လာကာ သူမအတွက် စွပ်ပြုတ်တစ်ပန်းကန် ထည့်ပေးလိုက်သည်။
လုလျန့်ဝေ မင်းကြီးအား ကြည့်ကာ သူ၏ စိတ်ပျော်ပါးနေမှုအား သတိပြုမိလိုက်သည်။
သူ၏ ကတိကိုရလိုက်သဖြင့် သူမလည်း စိတ်ပေါ့ပါးသွားသည်။
သူမရှေ့တွင် ထိုခွေး အိမ်ရှေ့စံ လျှောက်သွားနေသည်ကို သူမ မမြင်ချင်ပါ။သူ့ကို လိုသည်ထက်ပို၍ ကြည့်ရသည်ကိုပင် စွမ်းအင်ဖြုန်းသည်ဟု သူမထင်မိသည်။
သူတို့ ပွဲတော်တည်ပြီးသောအခါ ပန်းကန်များ သိမ်းဆည်းရန် ကျူးယွီမှ အစေခံများ ခေါ်လာခဲ့သည်။ထို့နောက် အစေခံများကို ရေကန်ထဲတွင် ရေပူနွှေးခိုင်းကာ အခန်းထဲမှ ထွက်သွားခိုင်းလိုက်သည်။
လုလျန့်ဝေသည် နေ့လည်က တရေးအိပ်ထားသဖြင့် သူမ ယခု အိပ်ချင်စိတ်မရှိပေ။ရာသီဥတုသာယာသဖြင့် သူမ လုံယန်အား ပြောလိုက်သည်။
“မင်းကြီး အစာခြေတဲ့အနေနဲ့ လမ်းထွက်လျှောက်ကြမလား”
လုံယန် ဖတ်လက်စ စာအုပ်အား အောက်သို့ချထားလိုက်ပြီး
နှစ်ယောက်စလုံးသည် သူတို့၏ အိပ်ခန်းများမှ ရှေ့နောက်ထွက်လာကြတာ ခြံဝင်းထဲတွင် စင်္ကြံလျှောက်ရန် ဦးတည်သွားကြသည်။
ဆောင်းဦးဖြစ်ကာ ညဘက်တွင်လည်း ချမ်းလှသဖြင့် လုလျန်ဝေ နှာချေမရပ်နိုင်ဖြစ်နေသည်။
လုံယန် သူမ နှာချေသံကို ကြားရသဖြင့် သူမလက်အား စမ်းကြည့်လိုက်သောအခါ အေးနေသည်ကို တွေ့လိုက်ရသည်။သူမအား သူရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်
လုံယန် ခဏမျှ စဉ်းစားကာ သိမ်မွေ့စွာ ပြောလိုက်သည်။
“ညဘက်ဆိုအေးတော့ မင်းကို အအေးမမိစေချင်ဘူး။အခန်းထဲ ပြန်ရအောင်”