အခန်း ၆၄၀
Vol. 13 Ch. 640
အခန်း ၆၄၀ မင်းမကြိုက်ရင် လွှတ်ပေးမယ်လေ
“ဟုတ်ကဲ့”
လုလျန့်ဝေ ခေါင်းညိတ်သဘောတူလိုက်သည်။
အိပ်ခန်းထဲသို့ ဝင်လာပြီးနောက် လုံယန်သည် လုလျန့်ဝေကို ဆွဲခေါ်ကာ ရေချိုးခန်းဆီသို့ ဦးတည်သွားသည်။
“ချမ်းသလို ခံစားရရင် ရေနွေးနွေးထဲမှာ စိမ်နေလိုက်။အဲ့တာဆို သက်သာသွားလိမ့်မယ်”
လုလျန့်ဝေ ခေတ္တရပ်လိုက်သော်လည်း မငြင်းဆန်လိုက်ပါ။
ရေချိုးခန်းထဲသို့ရောက်သောအခါ လုံယန်၏ လက်သည် လုလျန့်ဝေ၏ ခါးပတ်ကို ဖြည်ရန် အလိုအလျောက် သွားကိုင်လိုက်သည်။
သို့ရာတွင် အတွေးတစ်ခုဝင်လာသဖြင့် သူ့လက်အား အမြန်ပြန်ရုတ်လိုက်ပြီး သူမ၏ ပခုံးကိုသာ အသာပုတ်ကာ ပြုံး၍ ပြောလိုက်သည်။
“ကိုယ် အရင်ထွက်နေလိုက်မယ်။လိုတာရှိရင် လှမ်းအော်လိုက်”
လုလျန့်ဝေမှာ ထိုသို့မဖြစ်ဖူးသဖြင့် သူ့အား တအံ့တသြ လှမ်းကြည့်လိုက်သည်။
သာမန်နေ့မျိုးတွင် ဆိုလျှင် မင်းကြီးသည် ဤကဲ့သို့ လူကြီးလူကောင်းဆန်လိမ့်မည် မဟုတ်ပါ။သို့ရာတွင် ယနေ့၌မူ ယဉ်ကျေးနေသဖြင့် ထူးဆန်းနေသည်ဟု သူမ ခံစားလိုက်ရသည်။
သူမ အဝတ်အစားများကို ချွတ်ကာ ရေကန်ထဲသို့ ဆင်းလိုက်သည်။မင်းကြီးမှာ အပြင်၌ပင် ရှိနေသေး၍ သူမ မလုံမလဲ ခံစားနေရသေးသည်။ထိုကြောင့် သာမန်ဆေးကြောရုံသာ ဆေးကြော၍ အဝတ်များ ပြန်ဝတ်လိုက်ကာ အပြင်သို့ ထွက်လာခဲ့သည်။
သူ့၏နှဖူးမှာ လက်တစ်ဖက်ပေါ်တွင် ရောက်နေကာ နက်မှောင်ရှည်လျားသော ဆံနွယ်များမှာ ပခုံးထက်သို့ကျလျက် သူ့မျက်နှာ တစ်ဝက်အား ဖုံးအုပ်ထားလေသည်။
လုံယန် မျက်လုံးဖွင့်လိုက်ကာ သူမအား ခက်ခဲနက်နဲသော အကြည့်များဖြင့် ကြည့်လိုက်သည်။ထို့နောက် သူ၏ သွယ်လျရှည်လျားသော မျက်တောင်များကို တစ်ချက်ခတ်လိုက်ကာ အိပ်ချင်မူးတူးဖြင့် မေးလိုက်သည်။
“မင်းကြီး ပင်ပန်းတယ်ဆို အိပ်ရာထဲဝင်ပြီး အိပ်လိုက်ပါလား”
လုံယန်သည် မိန်းကလေး၏လှပသော ရုပ်ရည်ကို အနီးကပ်ကြည့်ကာ ရုတ်တရက် သူမ၏မျက်နှာလေးအား ကိုင်တွယ် ပွတ်သပ်လိုက်သည်။သူ့အသံမှာ ချိုမြခြင်း နှင့် နွေးထွေးမှုဖြင့် ပြည့်နေသည်။
လုလျန့်ဝေ ရင်ခုန်သွားကာ မျက်လွှာချ၍ ခေါင်းညိတ်လိုက်သည်။
လုံယန် ရေချိုးခန်းထဲ ဝင်သွားမှသာ လုလျန့်ဝေ စာအုပ်တစ်အုပ်ကိုယူ၍ အတွင်းခန်းထဲသို့ ထွက်သွားသည်။
လုံယန်သည် အချိန်ကြာကြာမချိုးဘဲ အမြန်ပြန်ထွက်လာသည်။
သူသည် အဖြူရောက်အဝတ်ကို ပြောင်းဝတ်လိုက်လေသည်။ရှည်လျားနက်မှောင်သော ဆံပင်များမှာ သူ၏ပခုံးနှင့်ကျောပေါ်သို့ ပျံ့ကျဲနေသည်။
သူ၏အင်္ကျီလည်ပင်းမှာ အနည်းငယ်ဟိုက်နေကာ သူ၏ကျစ်လစ်သော ကြွက်သားများနှင့် ဆွဲဆောင်မှုရှိသော ရင်ညွန့်ရိုးကို တွေ့နေရသည်။
လုလျန့်ဝေ အောက်သို့ခေါင်းငုံ့ကာ ဘေးသို့ရွှေ့လိုက်သည်။
လုံယန် အိပ်ရာထဲသို့ဝင်ကာ သူမဖတ်နေသောစာအုပ်ကို ဆွဲယူ၍ ပြောလိုက်သည်။
လုံယန် ပြုံးပြလိုက်ကာ ထသွား၍ အခန်းထဲရှိမီးအချို့အား မှုတ်ငြှိမ်းလိုက်သည်။အိပ်ရာဘေးရှိ မီးနှစ်ခုသာ ထွန်းထားကာ အိပ်ရာထဲသို့ဝင်ရောက် လဲလျောင်းလိုက်သည်။
လုလျန့်ဝေမှာ အမှောင်နှင့် တစ်သားတည်း မြင်ရသည်အထိ မျက်တောင်ခတ်လိုက်သည်။
သူမ လဲလျောင်းလိုက်ပြီးနောက် လုံယန်လည်း လဲလျောင်းလိုက်သဖြင့် အိပ်ရာအနည်းငယ် နိမ့်ကျသွားသကဲ့သို့ ခံစားရသည်။
သူမသိလိုက်သည်နှင့်တစ်ပြိုင်နက် လုံယန်သည် လုံယန်သည် သန်မာသောလက်များဖြင့် သူမအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
သူမ တုန်ရီနေသည်ကို မြင်ရသဖြင့် လုံယန် ရပ်တန့်လိုက်ကာ သူမခေါင်းအား အသာပုတ်လိုက်သည်။
ထို့နေနာက် သူမအားလွှတ်လိုက်ကာ သူမအိပ်နေသောနေရာသို့ ပြန်ပို့လိုက်သည်။
လုလျန့်ဝေ စိတ်အေးသွားသင့်သော်လည်း မင်းကြီး၏ စကားကို ကြားလိုက်ရသဖြင့် ယနေ့ မင်းကြီး၏ထူးဆန်းပုံကို သတိပြုနေသည်။
“မင်း ကိုယ်နဲ့ မနေချင်ရင် မင်းကိုယ်မင်း ဒဏ်ရာရအောင် မလုပ်စေချင်ဘူး”
လုလျန့်ဝေ သူ့ဘက်လှည့်ကာ မျက်နှာသေဖြင့် ကြည့်လိုက်သည်။
ကံမကောင်းစွာဖြင့် အလင်းမလောက်သဖြင့် သူ့မျက်နှာအား သူမ သေချာစွာ မမြင်ရပါ။
သို့ရာတွင် သူမ ဉာဏ်တုံးသူ မဟုတ်ပေ။သူ့၏ပြောစကားများကို သူမ ဆက်စပ်မိလိုက်သည်။
ဇာမဏီနန်းတော်သို့ ယခုရက်များအတွင်း လာရောက်မလည်ပတ်သည်မှာ ထို့ကြောင့်ဖြစ်ရမည်။
သူမ၏ အနီဖုများမှာ သူနှင့် မနေချင်သဖြင့် မိမိကိုယ်ကို လုပ်ထားခြင်းဖြစ်ရမည်ဟု ထင်နေ၍ ဖြစ်ရမည်