အခန်း ၆၄၁
Vol. 13 Ch. 641
အခန်း ၆၄၁ ဝေဝေ မှတ်ထားနော် မင်းကိုယ့်အပေါ် အရင်တက်လာတာ
သူမ ရုတ်တရက် စိတ်မလုံသလို ခံစားလိုက်ရသည်။
သို့ရာတွင် သူမ အမေ၏လက်ချက် ဖြစ်ကြောင်း ဝန်ခံ၍ မဖြစ်ပေ။
တစ်ချိန်တည်းတွင်လည်း သူမသာ မရှင်းပြပါက မင်းကြီးမှ သူမနှင့်ကြားတွင် စည်းခြားလာမိမည် ဟု ခံစားလိုက်ရသည်။
သူမ ခဏမျှ တွေးပြီးနောက် သူမခြုံထားသော စောင်ကို ဘေးသို့ဖယ်ကာ လုံယန်ပေါ်သို့ တက်လှဲလိုက်သည်။သူ့၏ ပခုံးကိုကိုင်ကာ သူနဲ့ နီးကပ်လာစေရန် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး
“ကျွန်မ မင်းကြီးနဲ့ မနေချင်တာ မဟုတ်ရပါဘူး”
သူမ နူးညံ့စွာ ရှင်းပြလိုက်သည်။ထို့နောက် သိပ်မကြာခင်တွင် သူ၏ စိုးမိုးမှုအောက်၌ သူမ ကျရှုံးနေရတော့သည်။
သူမ၏ခါးကို တစ်ခုခုက ပတ်လိုက်သည်ကို လုလျန်ဝေ ခံစားမိလိုက်သည်။ထို့နောက် သူမ မသိလိုက်ခင် လုံယန်၏ အောက်သို့ သူမ ရောက်သွားလေသည်။
“ဝေဝေ မင်းမှတ်ထားနော်။မင်းဘာသာ ကိုယ့်အပေါ် တက်လာတာ”
ထိုစကားကြားလိုက်ချိန်တွင် လုလျန့်ဝေသည် လုံယန်၏ အနမ်းမိုးများအောက်တွင် ကျရှုံးနေပြီ ဖြစ်သည်။သူမမှာ စမ်းတဝါးဝါးဖြင့် သူ၏ခါးကို ဖက်ရန် ကြိုးစားနေရသည်။မည်သို့မျှ စကားပြောရန် ကြိုးစား၍ မရချေ။
လုံယန်မှာ ချုပ်တည်းထားနိုင်ခြင်း မရှိတော့ဘဲ သူမခါးကို ဖက်ကာ ပေါင်တံများကို ဆွဲကိုင်လိုက်ပြီးနောက် သူမအား အပေါ်သို့ မြှောက်တင်လိုက်သည်။
လုလျန့်ဝေ မှာ ပင်ပန်းလွန်းလှသဖြင့် အိပ်မောကျသွားသည်။
သူ၏ရင်ခွင်ထဲမှာ မိန်းကလေးကို ကြည့်၍ သူမနဖူးအား လုံယန် အနမ်းတစ်ပွင့်ခြွေလိုက်သည်။
သူမ ရဲရဲတင်းတင်းဖြင့် သူ့အပေါ်သို့ တက်၍လှဲလိုက်မည်ကို လုံမ မမျှော်လင့်ခဲ့ပေ။
သို့ရာတွင် သူမ၏ မထင်ရသည့် အပြုအမူကြောင့် သူ အတွေ့အကြုံသစ်တစ်မျိုးရလိုက်သည်ကို သူ မငြင်းနိုင်ခဲ့။
သူမ ခံနိုင်ရည်မရှိတော့မည်ကိုသာ သူ မစိုးရိမ်ခဲ့ပါက သူမကို သူ ဤမျှစောစော အနားပေးလိုက်မည် မဟုတ်ပေ။
လုံးယန်ပြုံးလိုက်လေသည်။သူ့စိတ်ထဲမှ စိုးရိမ်မှုများကို ပေါ့ပေါ့ပါးပါး လွှတ်ချလိုက်နိုင်ပြီဖြစ်သည်။
သူမ၏ အတိတ်သည် သူစိတ်ထဲတွင် နှောင့်ယှက်နေရန် မလိုတော့ပါ။
သူမကိုယ်မှ အလှတရားများအားလုံးကို သူသာလျှင် ခံစားခွင့်ရှိသူဖြစ်သည်။
လုလျန့်ဝေ နိုးလာချိန်တွင် လုံယန်မှာ နန်းတွင်းညီလာခံသို့ပင် တက်ရောက်နေပြီဖြစ်သည်။
သူမ အပြင်ဘက်သို့ ကြည့်လိုက်သောအခါ နေ့ခင်းအလင်းရောင်ကို မြင်လိုက်ရသော်လည်း သူမ အနည်းငယ် ပျင်းရိနေသဖြင့် အိပ်ရာထဲတွင် ဆက်၍ လဲလျောင်းနေလိုက်သည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေ၍လည်း ဖြစ်သည်။
မင်းကြီးသည် ယမန်နေ့က သူမအား နှံ့နှံ့စပ်စပ် ခံစားခဲ့သဖြင့် သူမခန္ဓာကိုယ်မှာ နွမ်းနယ်နေသည်။
သူမ အိပ်ရာမှ ထချင်သော်လည်း သူမကိုယ်မှာ တုပ်တုပ်မျှ မလှုပ်နိုင်ချေ။
သူမ အိပ်ရာနံရံကို ခဏမျှနေသေးသော်လည်း သူမ မျက်ခွံများ လေးလံလာကာ မကြာမီတွင် ပြန်လည်အိပ်ပျော်သွားတော့သည်။
လုလျန့်ဝေ နောင်တစ်ဖန် နိုးလာချိန်တွင် အခန်းအပြင်ဘက် မှ ဆူညံသံများကို သူမကြားလိုက်ရသည်။
သူမ မျက်လုံးများကို ပွတ်ကာ အိပ်ရာမှ ထရန်ပြင်လိုက်စဉ် ကျူးယွီမှ တံခါးဖွင့်ကာ အတွင်းသို့ ဝင်လာသည်။
“သခင်မ၊ကြင်ရာတော်ရှုဖေးနဲ့ အခြားကြင်ရာတော်တွေက အိမ်ရှေ့စံမင်းသမီးနဲ့အတူ သခင်မကို လာရောက်နှုတ်ဆက်ကြပါတယ်။ကျွန်မ သူတို့ကို ပြန်ကြွခိုင်းပေမယ့် သူတို့က လောကဝတ်ကို မလေးမစားမပြုသင့်ဘူးလို့ပြောပြီး သူတို့ မပြန်ခင် သခင်မနဲ့တွေ့ကိုတွေ့ရမယ် လုပ်နေတယ်”
လုလျန့်ဝေ ဘာမျှ ပြန်မပြောနိုင်ခင်တွင် လုယွင်ရွှမ်းမှ အတင်းဝင်ရောက်လာပြီး
ဟု စိုးရိမ်သံဖြင့်ပြောကာ အိပ်ရာဆီကိုရောက်လာသည်။
လုယွင်ရွှမ်းမှာ တစ်စုံတစ်ရာကို မှတ်မိသွားဟန်ဖြင့် လာရာလမ်းတွင် ချက်ချင်းရပ်ကာ ရှင်းပြလိုက်သည်။
“နေကလည်း မြင့်နေပြီ။ညီမလေးကလည်း မထသေးဘူးဆိုတော့ ဖျားများဖျားနေသလားဆိုပြီး စိုးရိမ်တာနဲ့ အတင်းဝင်လာကြည့်မိတာ ဗွေမယူနဲ့နော် ညီမလေး”
ထိုသို့ပြောနေရင်း လုလျန့်ဝေ၏ ကိုယ်တစ်လျှောက် လုယွင်ရွှမ်း ကြည့်လိုက်သည်။
လုလျန့်ဝေ၏ အချိန်မီ အဖုံးလိုက်နိုင်သော အသားအရည်အား သူမမြင်လိုက်သည်။ထိုနေ့ရာတိုင်းတွင် အနီရောင် အကွက်မျိုးစုံဖြင့် ပြည့်နှက်နေသဖြင့် သူမ စိုးရိမ်သွားသည်။
မင်းကြီးမှာ အဆိပ်ဒဏ်ရာ ပျောက်ကင်းသွားပြီ ဖြစ်နိုင်ကြောင်း သူမအား လုံချီ ပြောခဲ့သော်လည်း သူမ မယုံချင်ခဲ့ပါ။
သို့ရာတွင် လုလျန့်ဝေခန္ဓာပေါ်မှာ အချစ်ရာများကို ထင်ရှားစွာမြင်လိုက်ရသဖြင့် သူမ အမှန်တရားကို လက်ခံလိုက်ရသည်။
မင်းကြီးသာ အကယ်ပင် ပျောက်ကင်း၍ လုလျန့်ဝေသာ သားရင်သွေးလွယ်နိုင်ခဲ့ပါက လုချီမှာ နေရာပျောက်သွားမည်ဖြစ်ပြီး သူမ၏ မိဖုရားကြီးဖြစ်ရန် ရည်ရွယ်ချက်မှာလည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။
နက်နဲသောအကြောက်တရားမှာ သူမစိတ်ထဲတွင် တွယ်ကပ်လာသည်။သူမတွင် ဒေါသနှင့်စိုးရိမ်စိတ်တို့ တစ်ချိန်တည်းတွင် ဖြစ်ပေါ်နေသည်။
ဘာကြောင့်များ လုလျန့်ဝေ ထိုလောက် ဘဝပေးကောင်းရသနည်း။
လုယွင်ရွှမ်း၏ မျက်နှာပေါ်မှ ထူးဆန်းသောအကြည့်ကို လုလျန့်ဝေ မြင်လိုက်ရသဖြင့် သူမကိုယ်သူမ စောင်ဖြင့် အမြန်အုပ်လိုက်သည်။
“အိမ်ရှေ့စံမင်းသမီးဖြစ်တာတောင် ဆင့်ခေါ်တာကို မစောင့်ဘဲ မိဖုရားအခန်းထဲကို ဝင်ရောက်လာတယ်။ဒါ မလျော်ကန်တဲ့ အပြုအမူဖြစ်တယ်။ဒါကြောင့် အရှေ့နန်းဆောင်မှာ လဝက်အကြာ အကျယ်ချုပ်ကျစေရမယ်လို့ အခုအမိန့်ချတယ်”
လုလျန့်ဝေမှာ စိုးရိမ်စိတ်အကြောင်းပြကာ ဆင့်ခေါ်မရဘဲ အိပ်ခန်းတွင်းသို့ဝင်ရောက်လာသည်။သူမသည် အိမ်ရှေ့စံ မင်းသမီးပင်ဖြစ်သော်လည်း ဤအရာမှာ သူမအပြစ်သင့်ရန် လုံလောက်ပေသည်။