← Chapters

အခန်း ၆၄၂

Vol. 13 Ch. 642

အခန်း ၆၄၂

Vol. 13 Ch. 642

အခန်း ၆၄၂ ညဉ့်နက်သည်အထိ မင်းကြီး အချစ်တော် ခံနေရ၍ ဖြစ်မည်

လုယွင်ရွှမ်း တုန်လှုပ်သွားကာ မျက်စိမျက်နှာပျက်လျက် ပြောလိုက်သည်။

“ဝေဝေ၊တို့ညီအစ်မချင်းပဲကို။အဲ့လောက်ကြီး လုပ်ပါနဲ့။ပြီးတော့ အပြင်လူလည်း မရှိတာကို။”

လုလျန့်ဝေ သက်ပြင်းချလိုက်သည်။

“ညီအစ်မတွေ ဖြစ်နေလို့ကို မျက်နှာ မလိုက်သင့်တာလေ။ဒီလိုကြီး အတင်းဝင်လာတာက မလုပ်သင့်တာကို။ဒါကိုသာ ဘာမှမလုပ်ဘဲ လွှတ်ပေးလိုက်မယ်ဆိုရင် မျက်စိရှိတဲ့လူ ဘယ်သူမဆို ညီမကို အထင်သေးအမြင်သေးကြည့်မှာပေါ့။အစ်မရယ်၊အရှေ့နန်းဆောင်မှာ လဝက်လောက်တော့ သည်းခံပြီး နေလိုက်ပါ။မပူပါနဲ့ လဝက်ဆိုတာ အဲ့လောက်မကြာပါဘူး။”

လုယွင်ရွှမ်းသည် ပြန်၍ စကားမပြောနိုင်ဖြစ်နေသည်။ဤအမိန့်ကို သူမ မကျေနပ်သော်လည်း လုလျန်ဝေ၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသဖြင့် ခွန်းတုံ့မပြန်ရန် ဆုံးဖြတ်လိုက်သည်။

“နားလည်ပါပြီ။အမိန့်ကို နာခံပါ့မယ်။မိဖုရားကြီး”

“ဒီလို တာဝန်ခံစိတ်ရှိတာကောင်းပါတယ်။ဒါပေမယ့် ဒီကိစ္စကို သင်ခန်းစာယူပြီး နောင်အချိန်တွေမှာ အလျင်စလို မလုပ်ပါနဲ့ အိမ်ရှေ့စံမင်းသမီး။အိမ်ရှေ့စံမင်းသမီး ဖြစ်တာမို့လို့ ကိုယ်တိုင်က စံပြနေထိုင်သင့်တယ်လေ။လောကဝတ် ကို မမေ့သင့်ဘူး။အဲ့လိုသာ မဟုတ်ဘဲ တစ်ယောက်ယောက်ကများ အပြစ်ရှာခဲ့ရင် ကျွန်မ ဘယ်လိုမှ ကူညီပေးလို့ရမှာမဟုတ်ဘူးနော်”

လုလျန့်ဝေ သူမကို လေးလေးနက်နက် အကြံပေးလိုက်သည်။

ဒီအပျက်မ လုလျန့်ဝေ။သူ့ မိဖုရားကြီးဂုဏ်မောက်နေတာပေါ့လေ။

သို့ရာတွင် သူမ မည်မျှပင် အမျက်ထွက်နေကာမူ လုယွင်ရွှမ်း ခွန်းတုံ့မပြန်နိုင်ပေ။

“နားလည်ပါပြီ။မိဖုရားကြီးပြောတာ မှန်ပါတယ်။နောင်အချိန်တွေမှာ သေချာ တွေးပါ့မယ်။”

“ကောင်းပါပြီ။ဒါဆို ပင်မဆောင်ထဲမှာ လက်ဖက်ရည် သောက်နေကြပါဦး။ကျွန်မ သန့်ရှင်းပြင်ဆင်ပြီးရင် လာတွေ့ပြီး စကားပြောကြတာပေါ့”

လုယွင်ရွှမ်း ထွက်သွားချိန်တွင် ကျူးယွီ၏အပြုံးမှာ နားရွက်ပေါ် တက်ချိတ်တော့မည်သကဲ့သို့ ဖြစ်နေသည်။

“အရှင်မ အရမ်းတော်တာပဲ။အရှင်မ စကားလေး နည်းနည်းပြောတာနဲ့တင် အိမ်ရှေ့စံမင်းသမီး ဘာမှကို ပြန်မပြောနိုင်ဘူး”

လုလျန့်ဝေသည် အပြင်ဘက်သို့ ကြည့်ကာ တွေးတောခန်းဝင်မိသည်။

လုယွင်ရွှမ်းသည် ကာလဒေသမသိသူ မဟုတ်ပါ။တစ်ခုခုကို သိလို၍သာ အခန်းထဲသို့ အတင်းဝင်လာခြင်း ဖြစ်ရမည်။

“အရှင်မ၊အဖုတွေ အရှင်မ လည်ပင်းမှာ ဘာလို့မှန်းမသိ ပေါ်လာပြန်ပြီ။”

လုလျန်ဝေ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူမကိုယ်သူမ ဖုံးထားသော စောင်သည် အောက်သို့ကျလျက် သူမလည်ပင်းမှ အနက် အပြာ အရာများ ပေါ်နေသည်ကို တွေ့ရသည်။

ထိုမေးခွန်းကို လုလျန့်ဝေ မဖြေနိုင်သဖြင့် ကျူးယွီကို မသိချင်ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်၍ အိပ်ရာမှ ထကာ ရေချိုးခန်းဆီသို့ ထွက်သွားသည်။

ကျူးယွီသည် အနောက်မှ အလျင်အမြန် လိုက်လာသည်။

လုလျန့်ဝေ သန့်စင်ဆေးကြောကာ အဝတ်များ လဲဝတ်လိုက်သည်။သူမ အပြင်ထွက်ရန် အဆင်သင့်ဖြစ်ချိန်တွင် နေ့ခင်းပင် ဖြစ်နေပြီ ဖြစ်သည်။

ကြင်ရာတော်ရှုဖေး နှင့် ကျီလင်းဟွေ့သည် ပင်မဆောင်တွင် ထိုင်လျက် စိတ်မရှည် ဖြစ်နေကြသည်။

လုယွင်ရွှမ်းသည်လည်း မကျေနပ်ဖြစ်နေသော်လည်း သူမခံစားချက်ကို ဖုံးကွယ်ထားနိုင်သည်။

ကြင်ရာတော်ရှုဖေး နှင့် ကျီလင်းဟွေ့တို့၏ မျက်နှာပေါ်မှာ မကျေနပ်မှုများကို လုယွင်ရွှမ်း တွေ့လိုက်သောအခါ ရိပြုံးပြုံးလိုက်သည်။ သူမသည် တည်ငြိမ်အေးချမ်းဟန်ဆောင်၍

“မိဖုရားကြီးက မထွက်လာခင် ဆေးကြောသန့်စင်ဖို့ အချိန်ယူနေရတယ် ထင်ပါရဲ့”

ကျီလင်းဟွေ့ သူမအား တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာမှ မပြောဘဲ နေလိုက်သည်။

ကြင်ရာတော်ရှုဖေး၏ နှုတ်ခမ်းများ လှုပ်သွားသော်လည်း သူမလည်း ဘာမှ မပြောလိုက်ချေ။

သူမတို့ နှစ်ဦးစလုံးအပေါ် လုယွင်ရွှမ်း အနည်းငယ် အထင်သေးမိသွားသည်။

‘နှစ်ယောက်ကိုကြည့်တော့ နန်းတွင်းထဲရောက်တာပဲ ကြာလွန်းလို့ ရှေ့လူတွေလို့ ခေါ်လို့ရနေပြီ။လုလျန့်ဝေလို ငတုံးမကိုတောင် သေချာနိုင်အောင်မထိန်းနိုင်ဘူး’

သို့ရာတွင် “ရန်သူ၏ရန်သူသည် ငါ့မိတ်ဆွေဖြစ်သည်”ဟူသော စကားကို ကောင်းစွာနားလည်သည်။

သူတို့ လုလျန့်ဝေပေါ်တွင် ပို၍ မုန်းတီးလေး၊သူမ အကျိုးအမြတ်ပိုရလေ ဖြစ်သည်။

“မိဖုရားကြီး ဘာလို့ အိပ်ရာထ နောက်ကျနေလဲ သိကြလား”

လုယွင်ရွှမ်း သူမပါးစပ်အား ပုဝါဖြင့်အုပ်ကာ ပြောလိုက်သည်။

“ကျွန်မ အမြင်အရတော့ မကြာခင် မိဖုရားကြီးဆီကနေ ရင်သွေးသတင်းကြားရတော့မယ် ထင်ပါရဲ့”

သူမ၏စကားမှာ တိုတောင်းသော်လည်း ကြားသူတို့၏ အတွေးထဲဝင် ရေးရေးပေါ်လာစေနိုင်စွမ်းရှိသည်။

ထင်သည့်အတိုင်းပင် ကြင်ရာတော်ရှုဖေး နှင့် ကျီလင်းဟေတို့၏ မျက်နှာများမှာ မူလတည်ငြိမ်ဟန်မှ ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့ရလေသည်။

ညဉ့်နက်တဲ့အထိ မင်းကြီးရဲ့ အချစ်တော်ခံရလို့မှ နောက်ကျမှ မိဖုရားကြီး အိပ်ရာထတာများလား။

ယမန်နေ့ညဘက်၌လည်း မင်းကြီး ဇာမဏီနန်းတော်၌ ညအိပ်သွားသည်ဟူသော သတင်းကို သူမတို့ အစောက ရထားကြသည်။

All Chapters