Chapters

အခန်း ၆၄၃

Vol. 13 Ch. 643

အခန်း ၆၄၃

Vol. 13 Ch. 643

အခန်း ၆၄၃ တစ်ညသာ နေခဲ့သည်။

သို့ရာတွင် ယခုမတိုင်ခင်အထိ သူတို့နှစ်ဦးမှာ မျှော်လင့်ချက် ရှိကြသေးသည်။

‘မင်းကြီးက ဇာမဏီနန်းတော်မှာ တစ်ညပဲ စံစားတာနေမှာပါ’

သို့ရာတွင် လုယွင်ရွှမ်း၏ ဆောက်သွားကဲ့သို့စကားကို ကြားရသောအခါ သူတို့၏ မျှော်လင့်ချက်များ ပျောက်ကွယ်သွားရသည်။

လုလျန့်ဝေ နန်းတွင်းသို့ ဝင်လာသည့် အချိန်မှစ၍ သူတို့ထင်ခဲ့သကဲ့သို့ မင်းကြီးမှာ မိန်းမများနှင့် အနေဝေးခြင်းမရှိသလို ရောဂါဘယရှိသည်မှာလည်း မဟုတ်ကြောင်း နည်းနည်းချင်းဆီ သိလာရသည်။

မင်းကြီးတွင် ရောဂါဘယသာ မခံစားနေရပါက အဘယ်ကြောင့် သူတို့က ထိတွေ့ခြင်းမပြုဘဲ နန်းတွင်းအလှဆင်ပစ္စည်းများကဲ့သို့သာ ဆက်ဆံခဲ့ရသနည်း။

“မင်းကြီးမှာ ရောဂါဝေဒနာခံစားနေရတယ် ကြားခဲ့တာ...အခုတော့ အရှင်းပျောက်နေပြီပဲ”

လုယွင်ရွှမ်းမှာ တမင်အသံတိုးကာ သူတို့ကို ပြောလိုက်သည်။

သူတို့နှစ်ဦးမှာ အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးသွားကြသည်။

လုယွင်ရွှမ်းမှာ ထိုထက်ပို၍ မပြောရန် ဆုံးဖြတ်လိုက်သည်။သူမ ပြုံးသာပြုံး၍ ပြောလိုက်သည်မှာ

“ကျွန်မညီမကတော့ ကံကောင်းတာပဲ။တော်ဝင်ရင်သွေးလေးသာ လွယ်ထားရရင် မင်းကြီးက သူ့ကို ဒီထက်တောင် မြှောက်စားထားဦးမှာ”

ကြင်ယာတော်ရှုဖေး နှင့် ကျီလင်းဟွေ့ မှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ရင်းသူတို့ပုဝါများအား ကိုင်ညှစ်လိုက်မိသည်။သူတို့စိတ်ထဲတွင်မူ အတွေးမျိုးစုံပေါ်နေလေသည်။

‘မင်းကြီး အရင်က နေမကောင်းလို့များ သူတို့နဲ့ မထိတွေ့ခဲ့တာလား’

ထိုခဏ၌ သူတို့စိတ်ထဲတွင် အတွေးမျိုးစုံ ဖြစ်ပေါ်နေကြသည်။

“အိမ်ရှေ့စံမင်းသမီး ပြောတာ မှန်တာပေါ့။မိဖုရားကြီးက ကံကောင်းတာပါပဲ။မင်းသမီးလည်း ကံကောင်းတာပါပဲ။ကိုယ်လုပ်တော်ချန် လည်း မကြာခင်ဘမီးဖွားတော့မှာမလား။အဲ့ကျရင် မင်းသမီးလည်း မိခင်တစ်ယောက် ဖြစ်လာမှာပေါ့”

ထိုစကားကြားသောအခါ လုယွင်ရွှမ်း ၏မျက်နှာမှာ အသွင်ပြောင်းသွားတော့သည်။

လူတိုင်း၏မျက်နှာမှာ ထူးဆန်းနေသဖြင့် သူမက ပြုံးကာ မေးလိုက်သည်။

လုလျန့်ဝေ လမ်းလျှောက်ဝင်လာသဖြင့် သုံးယောက်သားသည် လုပ်နေသည့်ကိစ္စများကို ရပ်ကာ သူမကို နှုတ်ဆက် အရိုအသေပြုလိုက်ကြသည်။

လုလျန့်ဝေသည် မနက်စာ မစားရသေးသဖြင့် အနည်းငယ် ဆာလောင်နေသည်။ ထို့ကြောင့် သူတို့ကို စောနိုင်သမျှ စောစော ပြန်လွှတ်ရန် ကြံစည်ထားခဲ့သည်။

သို့ရာတွင် သူမ ဘာမျှမပြောနိုင်ခင် ကျီလင်းဟွေ့မှ ရုတ်တရက် ထ၍ပြောလိုက်သည်။လုလျန့်ဝေအား သိမ်မွေ့စွာကြည့်ကာ စိုးရိမ်စွာပြောလိုက်သည်။

“မိဖုရားကြီး၊အရှင်မကို ကြည့်ရတာ မရွှင်လန်းသလိုပဲ။အနားကောင်းကောင်း ယူပါဦးနော်”

“စိုးရိမ်ပေးတာ ကျေးဇူးပါပဲ၊ကြင်ရာတော်သဲ့ဖေး။ကျွန်မနောက်ဆို သတိထားပါ့မယ်”

“မိဖုရားကြီးက ငယ်သေးတယ်ဆိုပေမယ့် အခုအရွယ်က ဆက်ဖွံ့ဖြိုးနေတုန်းလေ။ညဘက်နောက်ကျမှ အိပ်တာကာ ကျန်းမာရေး ထိခိုက်တာပေါ့။ညဘက် နောက်ကျတဲ့အထိ မနေပါနဲ့ဦး။မိဖုရားကြီးမျက်လုံးတွေ ချောင်နေတာကို မြင်နေရပါတယ်”

လုလျန့်ဝေသည် ထိုစကားများ၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သဖြင့် အံ့သြသွားသည်။

သူမသာ အပြင်လောကအကြောင်းမသိသည့် မိန်းမပျိုလေးဖြစ်ပါက သူတို့ စကားများကြောင့် ထိတ်လန့်မိမည်မှာ အမှန်ဖြစ်သည်။

လုလျန့်ဝေသည် သူမ ပါးကို နှိပ်နယ်ကာ စိုးရိမ်ဟန်ဖြင့် ပြောလိုက်သည်။

ထိုနောက် သူမ အရေးကြီးဟန်ဖြင့် ရုတ်တရက်ထကာ ပြောလိုက်သည်

“မဖြစ်ဘူး။အမြန်ပြန်ပြီး ပြန်လှလာအောင်အိပ်မှဖြစ်မယ်။မဟုတ်ရင် မင်းကြီး ကျွန်မအခုပုံကို မြင်ရင် ကြိုက်မှာမဟုတ်ဘူး။ရှင်တို့လည်း ပြန်လို့ရပါပြီ။ဒီမှာ နေစရာ မလိုတော့ပါဘူး”

ထိုသို့ပြောကာ ပင်မခန်းမမှ သူမ လျင်မြန်စွာ ထွက်ခွာသွားသည်။

သူမအား နေ့တစ်ဝက် နီးပါးအထိ စောင့်နေရသော်လည်း သူမကမူ သူတို့အား စကားနှစ်ခွန်းဖြင့်ပင် ပြန်လွှတ်လိုက်သည်။

သူတို့မှာ မနက်အစောကြီးထကာ သူမကို လာနှုတ်ဆက်ရခြင်းဖြစ်သည်။

ကြင်ရာတော်ကွေ့ဖေးကဲ့သို့သာ အကျယ်ချုပ် ချခံလိုက်ရပါက ပို၍ကောင်းလိမ့်မည့်ဟု သူတို့ တွေးမိသည်။

ကြင်ရာတော်ကွေ့ဖေးမှ သန့်စင်ကျောက်စိမ်းနန်းဆောင်မှာ ခွာခွင့်မရှိသဖြင့် နေ့တိုင်း စောစောထကာ မိဖုရားကြီးကို နှုတ်ဆက်ရန် မလိုပေ။

လုယွင်ရွှမ်းသည် ကြင်ရာတော်နှစ်ဦး သွေးအန်တော့မည်အလား အမျက်ထွက်နေပုံကို မြင်ရသောအခါ ကရုဏာသက်မိသည်။

လုယွင်ရွှမ်းသည် အိမ်ရှေ့စံမင်းသမီးဖြစ်သည်။ဝါအရ လုလျန့်ဝေကို “ဒေါ်လေးတော်”ဟု ခေါ်ရပြီး ဂုဏ်ပိုငယ်သဖြင့် လုလျန့်ဝေအား နေ့တိုင်းပင် လာရောက် နှုတ်ဆက်ရသည်။