အခန်း ၆၄၄
Vol. 13 Ch. 644
အခန်း ၆၄၄ ကိုယ်ဝန်တား နံ့သာ
လုလျန့်ဝေ လမ်းလျှောက်သွားသည်ကို ကြည့်ကာ လုယွင်ရွှမ်း မျက်လုံးများ မှေးသွားရသည်။အချိန်တန်လျှင်တော့ လုလျန့်ဝေ၏ နေရာကို လုယူကာ သူမ ခြေထောက်အောက်တွင် နေရမည့်ဘဝအား လုလျန့်ဝေကို ခံစားစေမည်ဖြစ်သည်။
ယခု အရေးကြီးဆုံးမှာမူ လုလျန့်ဝေ ကိုယ်ဝန်မရစေရန် ဖြစ်သည်။သို့မဟုတ်ပါက လုယွင်ရွှမ်း၏ မျှော်လင့်ချက်အိပ်မက်များ ပျက်ပြယ်သွားလိမ့်မည် ပင်။
အရှေ့နန်းဆောင်သို့ ပြန်ရောက်ချိန်တွင် သူမကို စောင့်နေသော လုံချီအား တွေ့လိုက်ရသည်။
လုံချီသည် သူ၏မျက်နှာမှ စိတ်မကြည်လင်မှုအား ဖုံးမရဖြစ်နေသည်။သူမကိုမြင်လျှင် ယမန်နေ့မှ အဖြစ်ကိုတွေးမိကာ အရှက်ရနေသည်။သူမကို မေးစရာ ကိစ္စသာမရှိပါက သူ ဤနေရာသို့ ပြန်လာမည် မဟုတ်ပေ။
သူသည် သူမပုခုံးကို ကိုင်ကာ
“ဇာမဏီနန်းတော်က ပြန်လာတာလား”
ဟု မေးလိုက်သည်။
လုယွင်ရွှမ်းသည် ရှက်ဟန်ဖြင့် ခေါင်းငုံကာ ဖြေလိုက်လေသည်။
“ဟုတ်တယ်”
သူ၏ မေးခွန်းကြောင့် လုယွင်ရွှမ်း မျက်နှာတည်သွားသည်။
“ညီမလေးရဲ့ အိပ်စက်ဆောင်ထဲ မနည်းဝင်ခဲ့ရတာ။အဲ့မှာ တွေ့တာ သူမှာ...”
သူမ စကားထစ်နေသည်ကို လုံချီမှ စိတ်မရှည်ဟန် မေးလိုက်သည်။
လုယွင်ရွှမ်းစိတ်တွင် ထိုမြင်ကွင်းကို ပြန်၍ မြင်လိုက်သည်။
“ဒီနေ့ ညီမလေး နောက်ကျမှ အိပ်ရာကျတယ်။သူ့အိပ်စက်ဆောင်ထဲ ဝင်ကြည့်တော့ အိပ်ရာပေါ်မှာ နွမ်းနယ်နေတဲ့ပုံပဲ။သူ့ကိုယ်ပေါ်မှာလည်း ချစ်ရည်လူးလို့ ရလာတဲ့ အမှတ်တွေချည်းပဲ။မင်းကြီးက သူနဲ့ တစ်ညလုံး ချစ်ရည်လူးနေတာ အသိသာကြီး။ကြည့်ရတာ တကယ်ပဲ မင်းကြီးကိုယ်ထဲက အဆိပ်ပျောက်သွားပြီ ထင်တယ်”
ထိုသို့ပြောကာ လုံချီကို သူမလှမ်းကြည့်ချိန်တွင် သူ၏ အထိတ်တလန့်ဖြင့် မျက်မှောင်ကြုတ်နေဟန်ကိုသာ မြင်ရသည်။
‘သူ အဲ့လိုဖြစ်နေတာ မင်းကြီး အဆိပ်ပျောက်သွားလို့ပဲလား။မဟုတ်ရင် လုလျန့်ဝေက မင်းကြီးနဲ့ ဒီလိုဖြစ်နေလို့လား’
“မင်းကြီး အဆိပ်ပျောက်သွားရင်းတောင် ညီမလေး ကိုယ်ဝန်ရသွားဖို့က ဝေးပါသေးတယ်။အဲ့လောက်လည်း စိုးရိမ်မနေပါနဲ့၊မင်းသား”
လုံချီ သတိပြန်ဝင်လာကာ သူမဆီ ကြည့်ကာ စိတ်သက်သာသွားသည်။
“နေ့တိုင်း မိဖုရားကြီးကို သွားနှုတ်ဆက်တိုင်း ဒါယူသွား။မင်းက သူနဲ့ ထိတွေ့ဖို့ အခွင့်အလမ်းပိုများတယ်။ဒါသာဝတ်သွားလိုက်၊သူ ကလေးမရစေရဘူးလို့ အာမခံတယ်။”
ထို့သို့ကြားသဖြင့် လုယွင်ရွှမ်း နောက်သို့ဆုတ်သွားသည်။သူ့ကိုကြည့်ကာ သူမ မည်သို့စကားစရမည်မသိ ဖြစ်နေသည်။
ဤ အမွှေးသည် လုလျန့်ဝေ ခေတ္တမျှ ထိတွေ့ရုံဖြင့်ပင် ကိုယ်ဝန်မရနိုင်သွားအထိ စွမ်းနိုင်ပါက ထိုအိတ်သယ်ထားရသော သူမကိုလည်း သက်ရောက်လာနိုင်သည်။
ထို့အပြင် လုယွင်ရွှမ်းသာ ကိုယ်ဝန်ရှိနေပါက သူမရင်သွေးကိုလည်း ထိခိုက်စေနိုင်သည်။
သူမ တွန့်ဆုတ်နေသည်ကို မြင်ရသဖြင့် သူမပုခုံးကို ကိုင်ကာ လုံချီ နှစ်သိမ့်လိုက်သည်။
“ရွှမ်းလေး၊အဲ့လောက် မတွေးပါနဲ့။မင်း အခု ကိုယ်ဝန်ရှိသေးတာ မဟုတ်ဘူးမလား။မင်း ကိုယ်ဝန်ရှိလာတဲ့အခါ ကျရင်တော့ ဘယ်သယ်ခိုင်းပါတော့မလဲ”
“မင်း ကိုယ်ဝန်ရှိတာ မသေချာရင် သမားတော်နဲ့ ပြကြည့်ပါလား။ကိုယ်ဝန်ရှိနေရင်တော့ မဆောင်နဲ့ပေါ့”
ထိုစကားကြောင့် လုယွင်ရွှမ်း အနည်းငယ် ရှက်သွားလေသည်။
“ခဏလောက် စောင့်ပါဦး။ကျွန်မ ရာသီမစသေးလို့ အဲ့တာလာမလားစောင့်နေတာ။မလာရင်တော့ သမားတော်နဲ့ ပြကြည့်လိုက်မယ်လေ။အခုကတော့ ပြောဖို့ စောနေသေးတယ်”
သူမစကားကြားသောအခါ လုံချီ စိတ်မချမ်းသာ ဖြစ်နေသည်။
“တို့သာ အချိန်ဆွဲတာကြာနေရင် လုလျန့်ဝေ ကိုယ်ဝန်ရသွားမှာ စိုးရိမ်လို့ပါ”
“သက်ရောက်ပေမယ့် အဲ့လောက်ထိတော့ မပြင်းတော့ဘူး”
လုံချီ ရှင်းပြလိုက်သည်။