← Chapters

အခန်း ၆၄၅

Vol. 13 Ch. 645

အခန်း ၆၄၅

Vol. 13 Ch. 645

အခန်း ၆၄၅ သူမအား ချစ်ခင်မြတ်နိုးမည့်သူကို တောင့်တမိသည်။

ဤကိုယ်ဝန်တားနံ့သာမှ လျှိုဖု၏အကူအညီကို ယူကာ အဘွားဆီမှ ရထားခြင်းဖြစ်သည်။ဤနံသာဖော်စပ်ရန် လိုအပ်သည့် ဆေးအမယ်များမှာ ရှားပါး၍ အလွယ်တကူမရနိုင်ဟု သူကြားခဲ့ရသည်။အနည်းငယ်ရှူမိရုံဖြင့်ပင် အမျိုးသမီးများမှာ ကိုယ်ဝန်မရနိုင်တော့ဘဲ ကိုယ်ဝန်ရှိသူများမှာလည်း ပျက်ကျသည်အထိ ဖြစ်နိုင်သည်။

ဤအိတ်ကို လုယွင်ရွှမ်းနှင့် ထည့်ပေးထားရန် နဂိုကပင် ရည်ရွယ်ထားခြင်းဖြစ်သည်။သူမသည် လုလျန့်ဝေ၏ အစ်မဖြစ်သည်။မည်သို့ပင်ဖြစ်စေ သူမသည် လုလျန့်ဝေအား ချဉ်းကပ်ရန် အခွင့်အရေးပိုကောင်းသူဖြစ်သည်။

သို့ရာတွင် လုယွင်ရွှမ်း ဤမျှ ကြောက်ရွံ့နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ စိတ်မချမ်းမြေ့ဖြစ်နေသည်ကို လုယွင်ရွှမ်း သိသဖြင့် သူ၏လက်ကို ဖက်တွယ်ကာ သိမ်မွေ့စွာ ပြောလိုက်သည်။

“ရှင့်ရဲ့ ပြဿနာတွေ ဖြေရှင်းလို့ရအောင် မကူညီချင်တာတော့မဟုတ်ပါဘူး။ဒါပေမယ့် အဘွားက ကျွန်မကို ကိုယ်ဝန်ရအောင် လုပ်ဖို့ တိုက်တွန်းနေလို့ပါ။ရှင်သာ ကလေးရှိရင် ပိုအောင်မြင်နိုင်ချေရှိတယ် ဆိုပြီးတော့”

သူမစကားနောက်ကွယ်မှ ဆိုလိုရင်းအား လုံချီနားလည်လိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။လုယွင်ရွှမ်းအား ရင်ဘတ်ထဲသို့ ဆွဲသွင်းကာ

“ဟုတ်သားပဲ။ရွှမ်းလေး ကိုယ့်ရဲ့ အမွေခံသားတော်လေး မွေးပေးနိုင်ဖို့ ကိုယ်လည်း မျှော်လင့်တာပေါ့”

လုယွင်ရွှမ်း ပျော်ရွှင်သွားကာ လုံချီ၏ အဝတ်အောက်သို့ သူမ လက်ရောက်သွားသည်။

မကြာမီအချိန်တွင် လုံချီတစ်ယောက် လုယွင်ရွှမ်း၏ အခန်းထဲမှ မကျေနပ်ဟန်ဖြင့် နောက်တစ်ခါ ထွက်သွားပြန်သည်။

သူ၏ ခြံဝန်းသို့ ပြန်ရောက်သောအခါ ကျန်ချုံအား ချက်ချင်း ဆင့်ခေါ်လိုက်ကာ တီးတိုးတိုင်ပင်နေကြသည်။ကျန်းချုံသည် သူ၏အမိန့်များမှာ ထူးဆန်းသည်ဟု ထင်မိသော်လည်း မည်သို့မှ ပြန်မပြောဘဲ အလျင်အမြန် ထွက်သွားသည်။

တစ်နာရီအကြာတွင် ကျန်ချုံသည် သမားတော်ပုံပေါက်သည့် သူတစ်ယောက်နှင့်ပြန်ရောက်လာသည်။ထိုသူအား လုံချီထံသို့ တွန်းပို့လိုက်သည်။

လုံချီသည် သမားတော်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

“ငါ့ကို ဆေးကုပေး။ပျောက်အောင်ကုနိုင်ပေးဆို ဆုလာဘ်ကောင်းကောင်းချမယ်”

သမားတော်မှာ အရှေ့နန်းဆောင်သို့ ဆင့်ခေါ်ခံနိုင်ရသဖြင့် မည်သို့နေရမည် မသိဘဲ စိတ်မစုစည်းနိုင်ဖြစ်နေသည်။လုံချီ၏ စကားကြောင့် နောက်သို့တွန့်သွားကာ မနှောင့်နှေးရဲတော့ဘဲ သူ၏သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။

“ဘာမှ မရှိပါဘူး။မင်းသားရဲ့ သွေးခုန်နှုန်းက အားကောင်းပြီးတော့ ကျန်းမာရေးကောင်းမွန်နေပါတယ်။ဘာမကျန်းမာမှုမှ မရှိပါဘူး”

ထို့စကားကြောင့် လုံချီ တိတ်တခိုး စိတ်သက်သာသွားသည်။ကျန်ချုံဘက်လှည့်ကာ

ကျန်ချုံမှ သမားတော်ကို ခေါ်ထုတ်သွားပြီးနောက် လုံချီ၏ မကျေနပ်မှုများ လျော့ပျောက်သွားလေသည်။ပြဿနာရှိနေသည်မှာ သူမဟုတ်ဘဲ လုယွင်ရွှမ်းဖြစ်နေမည်ဟု တွေးတောနေမိသည်။

သူမနှင့် ထိတွေ့ရသည့် လွန်ခဲ့သော နှစ်ရက်အတွင်း သူမအပေါ် ထားရှိသည့် စိတ်ဝင်စားလှုပ်ရှားမှုများ ပျောက်ကွယ်နေသည်။

တစ်စုံတစ်ယောက်၏ ပုံရိပ်မှာ သူ၏စိတ်တွင်ပေါ်လာကာ မကောင်းဆိုးဝါးကဲ့သို့ ပြုံးလိုက်သည်။ထို့နောက် အဆောင်တော်ထဲမှ လှည့်ထွက်သွားတော့သည်။

ချန်ချူးယွီသည် သူမဆီ အိမ်ရှေ့စံမင်းသား အလည်ပတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လွန်ခဲ့သည့် ရက်များအတွင်း သူမကိုယ်မှာ ပို၍ လေးလံလာသည်။သူမ ကိုယ်ဝန်မှာ မမြင်သာသေးသော်လည်း သူမမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးအလှများ ပေါ်လာခဲ့သည်။

သူမ အစာစားချင်စိတ်မရှိသကဲ့သို့ အနံ့ထွက်သည့် အရာများကိုလည်း မစားနိုင်ဖြစ်နေသည်။အချဉ်စာများကိုမူ တပ်မက်နေသည်။

ယခု သူမသည် အခန်းဆောင်ထဲမှ နေရောင်ခံကာ မေလေး ရှာပေးထားသည့် မက်မွန်းချဉ်ကို စားသုံးနေသည်။

အိမ်ရှေ့စံ၏ ရုတ်တရက်ရောက်ရှိလာမှုကို မမျှော်လင့်မိသဖြင့် လန့်ဖြန့်သွားကာ မေလေး၏ကူညီမှုဖြင့် အရိုအသေပြုလိုက်သည်။

လုံချီသည် သူမကိုကြည့်ကာ အံ့အားသင့်နေသည်။သူ၏ရှေ့က အမျိုးသမီးအား သူ၏မောင်းမများထဲမှ ဆွဲဆောင်မှုအပြည့်ဖြင့် မိန်းမလှ ချန်ချူးယွီနှင့် ဆက်စပ်မရ ဖြစ်နေသည်။

ချန်ချူးယွီသည် သူမ၏ ပုံမှန် ဆွဲဆောင်ထက်မြက်သည့် ပုံနှင့် ကွဲကွာနေသည်။သူမ၏အဝတ်အစား အဆင်အယင်များမှာ ရိုးရှင်း၍သာမန်မျှသာဖြစ်သည်။သူမအသွင်အပြင်မှာ ကြီးမား၍ သက်တောင့်သက်သာရှိသည့် အဝတ်အစားများမှာ အဓိကဖြစ်သည်။ပုံမှန် လိမ်းနေကျ မျက်နှာချေအား ဆေးကြောထားပြီး သဘာဝအလှတရားမှာ ပို၍ ပေါ်လွင်နေသည်။

မကြာခင်တွင် လုံချီမျက်မှောင်ကြုတ်ကာ ချန်ချူးယွီထိုင်နေသည့် ခုံပေပါ်သို့ လမ်းလျှောက်သွားကာ မေလေးအား လှည့်ကြည့်လိုက်သည်။

မေလေးမှာ ကျောချမ်းသွားကာ ချန်ချူးယွီအား စိုးရိမ်သည့်အကြည့်ကြည့်ပြီးနောက် အစေခံများအား ခေါ်ထုတ်သွားသည်။

လူအားလုံးထွက်သွားသည်နှင့် လုံချီမှာ ယဉ်ကျေးဟန် မဆောင်တော့ဘဲ ချန်ချူးယွီအား ဆွဲယူကာ ခုံပေါ်သို့ လှဲချလိုက်သည်။

ချန်ချူးယွီမှာ ကြောက်လန့်သွားကာ ထိုမှောက်မိုက်ကာ အဆုံးမရှိသော နေ့ရက်များကို ပြန်လည်အမှတ်ရကာ သူမမျက်လုံးထဲတွင် အေးစက်မှုများပေါ်လာသည်။

‘ဘာကြောင့် ယောက်ျားတွေက သူ့ကို စိတ်ဖြေစရာလိုပဲ သုံးနေကြတာလဲ’

သူမသည်လည်း အသွေးအသားနှင့်လူ ဖြစ်သည့်အတွက် သူမအား သိက္ခာမနှိမ်ချဘဲ ချစ်ခင်မြတ်နိုးမည့် သူကိုသာ လိုချင်လှသည်။

All Chapters