အခန်း ၆၄၆
Vol. 13 Ch. 646
အခန်း ၆၄၆ သူ့အားနည်းချက်ကို သိလိုက်ရသည်။
သူမ လက်သီးဆုပ်ကာ စိတ်ထဲမှ ပြန်လည်ငြင်းဆန်ချင်သော်လည်း သူ၏ နက်မှောင်ရက်စက်သော မျက်လုံးများနှင့် အကြည့်ဆုံသွားသောအခါ သူမ ချက်ချင်း ရပ်တန့်လိုက်သည်။
သူမ ပြုံးကာ လုံချီ၏ ရင်ခွင်ထဲသို့ ဝင်မှေးလိုက်သည်။
“အရှင့်သား၊ကျွန်မ ကိုယ်ဝန်ဆောင်နေရတာဆိုတော့ မသင့်တော်ပါဘူးရှင့်”
ဟု ဝမ်းနည်းသံဖြင့် ပြောလိုက်သည်။
လုံချီ မျက်စိမှေးကာကြည့်လိုက်သည်။
“သိတယ်လေ။ဒါကြောင့် အရင်ကအတိုင်းပဲ လုပ်ကြတာပေါ့”
ချန်ချူးယွီ ရင်တုန်သွားသည်။
သူမသည် လိင်ကိစ္စမှ သီးခြားနေကာ သန့်စင်ဟန် ဆောင်နေခြင်းမဟုတ်သော်လည်း သူမကြုံခဲ့ရသော အမှောင်ရက်များကြောင့် အိပ်ရာကိစ္စနှင့် ပတ်သက်လာလျှင် အနည်းငယ် စက်ဆုပ်မှုကို ခံစားနေရသည်။
အရင်ကဆိုလျှင် သူမလိုချင်သည်ကိုရရန် အိမ်ရှေ့စံမင်းသားအား သူမခန္ဓာဖြင့် မြူဆွယ်ပြုစုရန် ဝန်မလေးခဲ့ပါ။သို့သော် ယခုတွင်မူ...
ဤကိစ္စများတွင် သူမ လုပ်ချင်စိတ် သာမက လုပ်နိုင်စွမ်း ပင် မရှိဖြစ်နေသည်။
သို့ရာတွင် သူမအမေအကြောင်း တွေးမိသောအခါ သူမ၏ ခါးသက်သော ခံစားချက်များကို မြိုသိပ်ကာ ဖြေးညှင်းစွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ မင်းသား။ပြီးရင်တော့ ကျွန်မအမေနဲ့ သွားတွေ့ချင်ပါတယ်။ခွင့်ပြုပေးတော်မူပါ။”
ဤမေးခွန်းကို မေးရင်းဖြင့်ပင် သူမ၏ ပျော့ပြောင်းလျင်မြန်သော လက်များဖြင့် သူ့ကို ပွေ့ဖက်လိုက်သည်။
သို့ရာတွင် မကြာမီတွင် ချန်ချူးယွီနဖူးမှ ချွေးများပြန်လာကာ သူမ တုန်လှုပ်နေသည်။
အကြောင်းမှာ ခုံကို မှီထားသောသူ၏ ရုပ်သွင်မှာ နဂိုထက်ပင် ပို၍ မှောင်နက်နေ၍ ဖြစ်သည်။
အချိန်တစ်ခုကြာသည်အထိ သူ၏ကိုယ်မှ မည်သည့်တုံ့ပြန်မှုမှ မဖြစ်ပေါ်လာပါ။
သူမအား ကြမ်းတမ်းစွာ တွန်းထုတ်ကာ တိုးတိတ်စွာ ကျိန်ဆဲလိုက်သည်။
ချန်ချူးယွီ၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုပ်သွားသော်လည်း သူ၏အင်္ကျီလက်အား ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
“အရှင့်သား၊အမျက်ထွက်တော်မမူပါနဲ့။ကျွန်မရဲ့ အမှားပါ။ဒါပေမယ့် အမေက မနက်ဖြန် နန်းတွင်းက ခွာရမှာမို့လို့ ကျွန်မ လိုက်ပို့ပြီး နှုတ်ဆက်ချင်ပါတယ်။ခွင့်ပြုပေးတော်မူပါ၊အရှင့်သား”
နဂိုက လုယွင်ရွှမ်းပေါ်တွင် သူ စိတ်မဝင်စားတော့ခြင်းသာ ဖြစ်မည်ဟု ထင်ခဲ့သဖြင့် ချန်ချူးယွီထံ ပစ်မှတ်ပြောင်းခဲ့သော်လည်း ရလာဒ်တူနေလိမ့်မည်ဟု မထင်ခဲ့ပါ။
ချန်ချူးယွီမှ သူ့အား မြှူစွယ်နေချိန် သူ့စိတ်မှ လှုပ်ရှားလာသော်လည်း သူ့ကိုယ်မှာမူ လုံးဝမတုံ့ပြန်ချေ။
ဤအခြေအနေသည် သူ အဆိပ်ခတ်ခံရခြင်းမဟုတ်ပါက ဝေဒနာတစ်မျိုး ခံစားနေရခြင်း ဖြစ်ရမည်ဟု ဆေးပညာမတတ်သော်လည်း ခန့်မှန်းလိုက်မိသည်။
နှင်းကိုက်ဆိပ်ကဲ့သို့သော အဆိပ်မျိုး သူမိနေခြင်း ဖြစ်နိုင်သည်။
လုံချီ ချန်ချူးယွီ၏ လက်များကိုတွန်းထုတ်ကာ သူမအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ချန်ချူးယွီမှာ ချက်ချင်းပင် ပြန်လျှောက်တင်လိုက်သည်။
“စိတ်ပူတော် မမူပါနဲ့ အရှင့်သား။ကျွန်မက အရှင့်သားအပိုင်ပါ။အရှင့်သားကို သစ္စာဖောက်မယ့်ကိစ္စ ကျွန်မ ဘယ်တော့မှ မလုပ်ပါဘူး”
လုံချီ၏အမူအရာမှာ ပျော့ပြောင်းသွားကာ ခွင့်ပြုလိုက်လေသည်။
ချန်ချူးယွီမှာ အလွန်အမင်း ဝမ်းမြောက်သွားသဖြင့် ချက်ချင်းပင် သူ့ကို ကျေးဇူးတင်လိုက်သည်။
လုံချီ ထရပ်လိုက်ကာ သူ့ဝတ်ရုံမှ ဖုန်များကို ခါ၍ ချန်ချူးယွီအား တစ်ချက်ပင် လှည့်မကြည့်ဘဲ ထွက်သွားသည်။
သူမသည် ထိုသူအား အလွန်နှစ်သက်သည် မဟုတ်သော်လည်း သူ့အကြောင်းသိလေလေ၊သူမအတွက် အန္တရာယ်ပိုရှိလေလေ ဖြစ်ကြောင်း နားလည်ထားသည်။
သို့ရာတွင် သူ၏လျှို့ဝှက်ထားသော အားနည်းချက်ကို သိလိုက်ရသဖြင့် သူမ အကျိုးနည်းတော့မည်ကို နားလည်လိုက်သည်။
မေလေး ပြန်ဝင်လာသောအခါ ချန်ချူးယွီ မျက်နှာသွေးဆုတ်နေကာ ပုံလျက်ထိုင်နေသည်ကို တုန်လှုပ်ဖွယ် တွေ့လိုက်သည်။ချန်ချူးယွီ အတည်တကျ ထိုင်နိုင်ရန် သူမ အမြန်ပြေးကာ ကူလိုက်သည်။ထို့နောက် အသံတိုး၍ မေးလိုက်သည်။
ချန်ချူးယွီသည် မေလေး၏လက်ကို ဆုပ်ကိုင်ကာ ခေါင်းခါလိုက်သည်။
ဤကိစ္စမှာ အသက်နှင့် နီးသည်။သူမ မည်မျှပင် တုန်လှုပ်နေပါစေ။မေလေးအား ပြော၍မဖြစ်ပါ။မေလေးသည် သူမအပေါ်သစ္စာအပြည့်ရှိသော်လည်း ဤကိစ္စကြောင့် သူမအသက်ဆုံးနိုင်သည်။
မေလေးမှာ စိတ်ပူနေသေးသော်လည်း လိုသည်ထက် ပိုမတွေးတော့ဘဲ
“ဒါဆိုလည်း အခန်းထဲပြန်ပြီး အနားယူဖို့ ကူညီပေးပါရစေ”
လုလျန့်ဝေမှာ မနက်ခင်းအချိန်၌ သူမအိပ်စက်ဆောင်ထဲသို့ လုယွင်ရွှမ်း အတင်းဝင်ရောက်လာပုံကို တွေးမိနေသေးသည်။လုံယန်တွင် နှင်းကိုက်ဆိပ် ဝေဒနာ ခံစားနေရသည်ကို လုံချီ နှင့် လုယွင်ရွှမ်းတို့ သိထားကြောင်း လုံယန်ကို အသိပေးရန် သင်မသင့် ချိန်ဆနေသည်။