အခန်း ၆၄၇
Vol. 13 Ch. 647
အခန်း ၆၄၇ ထိုကိစ္စပင်ဖြစ်သည်။
သို့ရာတွင် လုံယန် အဆိပ်မိနေသည်ကို လုံချီနှင့် လုယွင်ရွှမ်းတို့ ရိပ်မိနေကြောင်း သူမ မည်သို့သိကြောင်းကို ရှင်းပြရန်ခက်နေသည်။
သူမ ဝတ္ထုတစ်အုပ်မှ သိရခြင်းဖြစ်ပြီး ဤလောက တစ်ခုလုံးမှာ စိတ်ကူးယာဥ် ဇာတ်လမ်းဖြစ်နေကြောင်း ပြောလိုက်သင့်သလော။
လုလျန့်ဝေ နှုတ်ခမ်းရွဲ့လိုက်သည်။
ဒါတော့ မဖြစ်နိုင်ပါ။
လုံယန်အား ဤကိစ္စကို ပြောလျှင်လည်း ဉာဏ်ထက်သူ ဖြစ်သဖြင့် သူ၏မေးခွန်းများအား သူမ ရှောင်လွှဲနိုင်မည် မဟုတ်ချေ။
သို့ရာတွင် ဤကိစ္စအား သူမ မပြောလျှင်လည်း လုံယန် ရောဂါပျောက်သွားသည်ကို သိလျှင် လုံချီ နှင့် လုယွင်ရွှမ်း ပေါင်းကာ ကြံစည်ကြမည်ကို သူမစိုးရိမ်မိသည်။ထိုသို့သာဖြစ်ခဲ့ပါက သူတို့ရန်မှ ကာကွယ်ရန် ပိုခက်ခဲသွားမည်ဖြစ်သည်။
လုံယန် ပေါ့လျော့မနေရန် သူမ သတိပေးရန် လိုအပ်သည်။
သို့ရာတွင် မည်သို့ သတိပေးမည်နည်း။
သူမ လက်ပေါ်မေးစေ့တင်ကာ ပေါင်ပေါ်မှ ဆေးစာအုပ်ကိုပင် မဖတ်နိုင်ဖြစ်နေသည်။
ထူးဆန်းသည်မှာ လုံယန် အဆိပ်မိနေသည်ကို လုံချီနှင့် လုယွင်ရွှမ်းတို့ မည်သို့ ရိပ်မိနေရသနည်း။
သူမဒူးကို လက်ချောင်းများဖြင့် ခေါက်နေရင်းမှ သူမ အတွေးလက်သွားသည်။တစ်ယောက်သောသူအား သူမမေ့နေခဲ့သည်။
မေးစရာရှိသည်မှာ မိဖုရားခေါင်ကြီးသည်လည်း မည်သို့ သတင်းရသနည်း။
ဖြစ်နိုင်သည်မှာ လုံယန် အဆိပ်ခတ်ခံရသည့်ကိစ္စတွင် သူမ ပါနေ၍ ဖြစ်ရမည်။
သူသာသိခဲ့ရင် နန်းတွင်းညီလာခံအား တင်းကျပ်စွာ အုပ်ချုပ်တတ်သူ၏ စိတ်ဖြင့်ဆို သူမကို လျှော့ပေါ့သည်းခံမှာလား။
လုံယန် ဝင်လာသောအခါ သူ၏ မိဖုရားမှာ ပြူတင်းပေါက်ဘေးရှိ ခုံတွင်ထိုင်လျက် အတွေးနယ်ကျွံကာ မျက်မှောင်ကြုတ်လျက်ရှိသည်ကို တွေ့လိုက်ရသည်။
ကျူးယွီ နှင့် ချူကျူမှာ သူမ၏ဘေးတွင် စောင့်ကြပ်လျက်ရှိသည်။သူဝင်လာသည်ကို မြင်ရသဖြင့် သူတို့နှစ်ယောက်မှာ အသံမဲ့သဘောတူညီထားသကဲ့သို့ ထွက်သွားကြသည်။
လုံယန်သည် သူမ ကိုယ်နှစ်ဖက်စလုံးအား လက်ဖြင့်ထောက်ထားကာ ပြုံး၍ မေးလိုက်သည်။
လုလျန့်ဝေ မျက်တောင်ခတ်ကာ သူ့အား သိုင်းဖက်လိုက်ပြီး
“မင်းကြီးအကြောင်း တွေးနေတယ်လို့ ပြောရင် ယုံမလား”
သူမ စကားမဆုံးခင်တွင်ပင် သူမပါးစပ်များ ပိတ်ခံလိုက်ရသည်။
ထိုသူကိုင်သည့် နေရာတိုင်းတွင် ဓာတ်လိုက်သကဲ့သို့ ခံစားနေရသည်။
အပြင်ဘက်တွင် ကျူးယွီနှင့် ချူကျူတို့မှာ အတွင်းမှ အသံသဲ့သဲ့များကြောင့် ရှက်သွေးဖြာနေကြသည်။
ကျူးယွီမှ တည်ငြိမ်ဟန်ဆောင်ကာ ခေါင်းကုတ်ရင် ချူကျူအားမေးလိုက်သည်။
သူတို့ စဆော့နေချိန် အရိပ်တစ်ခုမှ အဝေးမှရောက်လာကာ ကြက်တောင်ကို ဖမ်းယူလိုက်သည်။
ချူယိသည် သူ့လက်ထဲအရာလေးကိုကြည့်ကာ အံ့အားသင့်နေသည်။
“နန်းတွင်း ကိုယ်ရံတော်တွေရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ ဒါလေးတောင် မသိဘူးလား”
ထို့နောက် သူ့လက်အား မြှောက်ကာ ကျူးယွီ နှင့် ချူကျူထံ ပြန်၍ ပေးလိုက်သည်။
ထိုသို့မြင်လိုက်ရသဖြင့် နှစ်ယောက်သားမှာ ဆက်၍ရိုက်နေကြတော့သည်။
ချူယိသည် ကျောက်ချန်အား ကြည့်လိုက်ကာ မကျေနပ်ဟန် ပြောလိုက်သည်။
“ငါ ဒါဘာလဲ မသိတာနဲ့ နန်းတွင်းကိုယ်ရံတော် ခေါင်းဆောင်ဖြစ်တာနဲ့က ဘာဆိုင်လို့တုန်းဟ”
ကျောက်ချန်သည် သူ့အား မျက်စောင်းထိုးလိုက်သည်။
“ဆိုင်တာပေါ့ဟ။ဒါပေမယ့် သတိပေးထားအုံးမယ်။မင်းရဲ့ နန်းတွင်းကိုယ်ရံတော်ရာထူးက ယာယီပဲနော်”