အခန်း ၆၄၉
Vol. 13 Ch. 649
အခန်း ၆၄၉ သူမနှာခေါင်းတွင် အနွေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။
ကျူးယွီမှာ အစက ထိုသို့ မတွေးခဲ့သော်လည်း ချူကျူ၏စကားကို ကြားလိုက်ရသဖြင် ကြက်သီးမွှေးညှင်းများ ထသွားလေသည်။
“ညဘက်ဆို သူ ငါ့ဆီလာမယ်လို့ ပြောတာလား။အဲ့လို မခြောက်နဲ့လေ”
ချူကျူက ပခုံးတွန့်လိုက်ပြီး
“အဲ့လိုပြောတာမဟုတ်ပါဘူး။ဒါပေမယ့် သတိထားတော့ ပိုကောင်းတာပေါ့”
ကျူးယွီမှာ ကြောက်လန့်နေသဖြင့် ချူကျူ၏လက်ကို ဆွဲကပ်ကာ ပြောလိုက်သည်။
“ကျူ၊ဒီည ငါနင်နဲ့ အိပ်လို့ရမလား”
ချူကျူမှာ သူမလက်အား စိမ်းသက်သက်ဖြင့်
“ဒါပေမယ့် ကျွန်မ တခြားသူတွေနဲ့ မအိပ်တတ်ဘူး။”
ကျူးယွီသည် သူမအား သနားဖွယ်ကြည့်လိုက်သည်။
သူမသည် သူတို့ တွေ့ဆုံခဲသော်လည်း အဘယ့်ကြောင့် ချူယိ၏ စိတ်ဝင်စားခြင်းကို ခံနေရမှန်း မစဉ်းစားတတ်ဖြစ်နေသည်။
ချူကျူမှ ခေတ္တရပ်ကာ သူမပခုံးအား အသာအယာ ပုတ်လိုက်သည်။
“ကျွန်မ နောက်နေတာပါ။ချူယိ ဘယ်လောက်ပဲ သိက္ခာ မရှိရှိ၊သူ အဲ့လောက် အတင့်မရဲပါဘူး။မဟုတ်ရင် မင်းကြီးက သူ့ကို သင်းကွပ်ပစ်မှာ”
ထိုစကားကြောင့် ကျူးယွီမှ စိတ်သက်သာသွားဟန် သက်ပြင်းချကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“မင်းကြီး ချူယိကို သင်းကွပ်ဖို့ မိဖုရားကြီးကို လျှောက်တင်ပြီး ခိုင်းလိုက်ရင်ကော။လူတိုင်းအတွက် ဘေးမကင်းသွားဘူးလား”
ချူယိမှာ သူတို့နှင့် နီးကပ်လာချိန်တွင် ထိုစကားကို ကြားလိုက်ရခြင်းဖြစ်သည်။သူ လိပ်ပြာလွင့်မတတ်ဖြစ်သွားကာ လာရာလမ်းအတိုင်း ဖနောင့် နှင့် တင်းပါး တစ်သားတည်းကျအောင် ပြေးတော့သည်။
‘ဘုရားရေ။မိန်းမတွေက ကြောက်စရာကောင်းလိုက်တာ။ငါ့မှာတော့ ဇနီးကောင်းလေး လိုချင်တာကို ငါ့ကို သင်းကွပ်ပစ်မလို့တဲ့။တော်တော် ပက်စက်ကြတာပဲ’
အနာဂတ်တွင် သူ မိန်းမများ နှင့် ဝေးအောင်နေတော့မည်။
လုလျန့်ဝေ နိုးလာသောအခါ ညဘက်ပင် ဖြစ်နေပြီဖြစ်သည်။
သူမကိုယ်မှ ကိုက်ခဲမှုကြောင့် သူမ ဖြေးညှင်းစွာ ညည်းတွားလိုက်သည်။သူမလက်ကောက်ဝတ်ပေါ်တွင် နွေးထွေးသော လက်ဝါးတစ်ခုအား ခံစားမိလိုက်သည်။
ခဏချင်းပင် ထိုလက်ဝါးမှ သူမအား အသင့်အတင့်အားဖြင့် ဖြေးညှင်းစွာ နှိပ်ပေးနေသည်။
သူမသည် အိပ်ရာခင်းများအပေါ်တွင် ပြန်လဲလျောင်းလိုက်ကာ သာယာမှုကြောင့် မထင်မှတ်ဘဲ သီချင်းလေး ညည်းနေမိသည်။
သူမ နှုတ်ခမ်းမှ ညည်းသံများကို ကြားလိုက်သောအခါ လုံယန် နှလုံးတုန်လာသည်။
ဤမိန်းကလေးသည် သူ့အား သိသိနှင့် မြှူစွယ်နေသည် မဟုတ်ပါလော။
သူနှိပ်နယ်ပေးနေသဖြင့် သူမလက်ကောက်ဝတ်မှ နာကျင်မှု သက်သာလာကာ စိတ်အေးချမ်းလာသည်။
သူမ ပျော်ပါးနေစဉ် သူမလက်ကောက်ဝတ်ပေါ်မှ အားပျောက်ကွယ်သွားကာ သူမကိုယ်ပေါ်သို့ တစ်ခုခု လာဖိထားသကဲ့သို့ ခံစားလိုက်ရသည်။
လုံယန် အနောက်မှ သူအားထွေ့ပွေ့ကာ မြှူဆွယ်ဟန် အသံအက်အက်ဖြင့် မေးလိုက်သည်။
ယားကျိကျိ ခံစားချက်ကြောင့် လုလျန်ဝေ နောက်သို့ အနည်းငယ် ဆုတ်သွားသည်။
လုလျန့်ဝေသည် နှုတ်ခမ်းပိတ်ကာ သူ၏နာမည် အားမခေါ်ဘဲ တင်းခံနေသည်။
သို့ရာတွင် သူမမှာ အင်အားကောင်းတစ်ခု၏ ပွေ့ဖက်ကာ ညှစ်ခြင်းကို ခံလိုက်ရသဖြင့် အသံသေးသေးကလေးဖြင့်
လုံယန်ရန် မျက်လုံးများ မှေးသွားရပြီး သူမအား သူ့ရင်ခွင်ထဲတွင် ကြိတ်ချေကာ ပုံသွင်းချင်စိတ်များပေါ်လာသည်။
နောက်တစ်နာရီ အကြာတွင်တော့ အိပ်စက်ဆောင်ထဲမှ အသံများ ငြိမ်သက်သွားသည်။
လုလျန့်ဝေသည် ချွေးများရွှဲလျက် မျက်တောင်များ တုန်ခါနေကာ အိပ်ရာထဲတွင် လဲလျောင်းနေသည်။
မင်းကြီး သူမအား ထိုသို့ အားအင်ကုန်ခန်းစေနည်းကို မည်သည့်နေရာတွင် သင်လာပါသနည်း။သူမ လက်တစ်ချောင်းမျှ မလှုပ်နိုင်တော့ဘဲ ဒူးများမှာလည်း နာကျင်နေသည်။
ထိုစဉ်၌ လုံယန်မှ သူမကို ပွေ့ချီလိုက်သဖြင့် သူမ လေကဲ့သို့ ပေါ့ပါးစွာ ပါသွားသည်။ထို့နောက် လုံယန်မှ
သူ့စကားကြောင့် လုလျန့်ဝေ စိတ်ထဲတွင်လည်း ဆာလောင်နေသကဲ့သို့ ဗိုက်မှလည်း အသံများမြည်ကာ အသံပြနေသည်။
လုလျန့်ဝေမှာ ရှက်လွန်းလှသဖြင့် သူမမျက်နှာအား သူ၏လက်မောင်းတွင်ကပ်ထား ဖုံးထားလိုက်သည်။
လုံယန်မှ ပြုံးလိုက်ကာ သူမ၏နဖူးအား နမ်းလိုက်သည်။ထို့နောက် ရေချိုးခန်းထဲသို့ ဝင်ကာ သူမအား အောက်သို့ချလိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။
“ကိုယ့်မိဖုရားကြီး တော်တော်အလုပ်ကြိုးစားခဲ့တာပဲ။ကိုယ်က ရေချိုးပေးပြီး အဝတ်ဝတ်ပေးရမှာပေါ့”
လုလျန့်ဝေမှာ သူ၏ရှေ့တွင် အဝတ်မပါဘဲ ရေချိုးရသည်ကို အသားမကျသေးသဖြင့် ရေကန်ထဲသို့ လျင်မြန်စွာ ဝင်စိမ်လိုက်သည်။သူ့တွင်လည်း အဝတ်မပါသည်ကို မြင်လိုက်ရသောအခါ သူမမျက်နှာ နီရဲသွားကာ တစ်ဖက်သို့ လှည့်လိုက်သည်။
သူမအား ဆေးကြောခွင့် သူ့ကိုပေးရန် ထိုမျှလောက် မရဲတင်းသေးပါ။
သူမမြင်ခဲ့ရသော မြင်ကွင်းအား ရုတ်တရက်မှတ်မိသွားသဖြင့် သူမ နှာခေါင်းမှ အနွေးဓာတ်တစ်ခုကိုရလိုက်သည်။