အခန်း ၆၅၀
Vol. 13 Ch. 650
အခန်း ၆၅၀ လုံယန်၏ ခန့်ညားသောမျက်နှာမှာ ရှက်သွေးဖြာသွားသည်။
သူမ အလန့်တကြားဖြင့် သူမခေါင်းအား ဆတ်ခနဲ မော့လိုက်သည်။
လုံယန် သူမဆီလျှောက်လာ၍ သူမ ပခုံးအားကိုင်ကာ မေးလိုက်သည်။
“ဘာဖြစ်တာတုန်း”
လုလျန့်ဝေ လန့်သွားကာ အလျင်အမြန်ပြောလိုက်သည်။
“ဘာ...ဘာမှ မဟုတ်ပါဘူး”
မင်းကြီး၏ ခန္ဓာကိုယ်အား ကြည့်၍ နှာခေါင်းသွေးလျှံလုနီးပါးဖြစ်နေသည်မှာ ရှက်စရာကောင်းလှသည်။
အလျင်စလို ဆေးကြောပြီးနောက် သူမ ရေကန်ထဲမှ ခုန်ထွက်ကာ ညဝတ်အဝတ်များအဝတ်ကာ သားရဲတစ်ကောင် အလိုက်ခံရသည့်အလား အခန်းထဲမှ တဟုန်ထိုးထွက်သွားသည်။
လုံယန်မှာ စဉ်းစားမရဖြစ်သွားသော်လည်း ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။
ညစာစားပြီးနောက် အပြင်ဘက်အခန်းရှိ မွေ့ရာအပျော့ပေါ်တွင် အနားယူရန် ထိုင်ချလိုက်ကြသည်။
လုလျန့်ဝေမှာ တင်ပျဉ်ခွေထိုင်လျက် သူမပေါင်ပေါ်မှ ဆေးစာအုပ်ကိုကြည့်ကာ စိတ်များပျံ့လွင့်နေသည်။သူမသည် စာကို စိတ်ဝင်စားစွာဖတ်နေသော လုံယန်အား တစ်ချက်မျှကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် အသံပြုလိုက်သည်။
ထိုသို့ကြားသဖြင့် လုံယန်သည် လက်ထဲမှ ဖတ်လက်စစာအုပ်ကို ချ၍ သူမဆံပင်များအား ပွတ်သပ်ပေးရင်း ကြင်နာစွာမေးလိုက်သည်။
“အဲ့တုန်းက မင်းကြီးကိုဘယ်သူ အဆိပ်ခတ်ခဲ့တာလည်းဆိုတာ မင်းကြီး သိများသိခဲ့လား”
“ကျွန်မ အခုပြောမယ့် စကားတွေကို မင်းကြီး အမျက်ထွက်လို့မရဘူးနော်”
လုလျန့်ဝေသည် သူ့အား တစူးစိုက်စိုက် ကြည့်လိုက်သည်။
“မင်းကြီး အမျက်မထွက်ဘူးလို့ အာမခံမှ ကျွန်မပြောပြမယ်”
“ကောင်းပြီ။မင်းပြောမှာ မှန်သမျှကို အမျက်မထွက်ဘူးလို့ ကျိန်ဆိုတယ်”
“အင်း၊မင်းမှာကတိ။အခု မင်းပြောချင်တာသာ ပြောလို့ရပြီ”
လုလျန့်ဝေ ချောင်းဟန့်ကာ သူ၏အမူအရာကို ကြည့်လျက် ပြောလိုက်သည်။
“မင်းကြီး နန်းတက်တာလည်း ကြာပြီ။ဒါပေမယ့် ရင်သွေးတစ်ယောက်မှလည်း မရှိတော့...တစ်ချို့သူတွေက လျှို့ဝှက်ပြီး မင်းကြီ မ...မစွမ်းနိုင်ဘူးလို့ ထင်ကြမှာပဲ”
သူမ စိုးရိမ်စိတ်များ များနေသဖြင့် အခေါ်အဝေါ်များ ပြောင်းကုန်သည်။
“မင်းကြီးက ငယ်မှမငယ်တော့တဲ့အခါကျ သူတို့ အဲ့လို ထင်တာလည်း အမှားဘူး။ကိုယ်လုပ်တော်တွေထဲက ကြင်ရာတော်တွေရဲ့ အသံကိုလည်း မကြားရဘူး။ပြီးတော့လည်း သွားလေသူ အိမ်ရှေ့စံကြီးရဲ့ သားတော်ကိုလည်း ယာယီအိမ်ရှေ့စံ ခန့်ထားလိုက်တယ်။အဲ့ကနေစပြီး ညီလာခံ တစ်ခုလုံး သတင်းတွေ ပျံ့ကုန်တာ”
လုလျန့်ဝေ သူ့မျက်နှာအား တစ်လျက်ကြည့်လိုက်သည်။သူ၏ အမူအရာမှာ သာမန်နှင့်မကွဲသဖြင့် သူ အမျက်ထွက်မထွက်ကို ဆုံးဖြတ်ရန် ခက်နေသည်။
သို့ရာတွင် သူမ စကားစခဲ့ပြီးဖြစ်သဖြင့် မည်မျှအမျက်ထွက်စေနိုင်ကာမူ သူမစကားအား အဆုံးသတ်သင့်သည်။သို့မှသာ သူ့အား သူမပြောချင်သည်ကို သူမပြော၍ပြနိုင်မည်ဖြစ်သည်။
“နန်းတော်ဝင်းထဲမှာ ကောလဟာလတွေ ပျံ့နေတာဆိုတော့ မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံမင်းသားလည်း သတင်းရမယ် ထင်ပါတယ်။သူတို့အထင်က မင်းကြီးမစွမ်းနိုင်လို့ ကျွန်မနဲ့ အိမ်ထောင်ပြုတောင် ကလေး မရနိုင်ဘူးလို့ ခန့်မှန်းခဲ့ပုံ ပေါ်ပါတယ်။ဒါပေမယ့် မနက်တုန်းကတော့ လုယွင်ရွှမ်း ကျွန်မအခန်းထဲ ရောက်လာပြီး ကျွန်မပေါ်က ချစ်သက်ရာတွေကို မြင်သွားပါတယ်။အဲ့အချိန်တုန်းက သူ့ကို မခေါ်ဘဲ ဘာလို့ဝင်လာမှန်း စဉ်းစားမရဖြစ်နေတာ။နောက်တော့တွေးမိတာက ကျွန်မအစ်မက ကြိုက်စရာစရိုက်မရှိပေမယ့် နှိုင်းချင့်ပြီ လုပ်တတ်ပါတယ်။ဒါကြောင့် သူ ကျွန်မ အိပ်ရာခန်းထဲရောက်လာတာတစ်ခုခုကို သေချာအောင်လုပ်ဖို့ ဖြစ်နိုင်ပါတယ်။”
သူ အမှန်တကယ် နားမလည်သည့် ပုံပေါက်သဖြင့် သူမ ဂါဝန်အရှေ့ဘက်ကို အောက်ချပြလိုက်သည်။
“ဒါတွေပါ။လူတွေကို ဒါကိုမြင်ရုံနဲ့ ကျွန်မတို့ဘာလုပ်ခဲ့မှန်း လူတိုင်းသိနိုင်ပါတယ်”
သူမမှာ စိတ်ငြိမ်အောင်ထားနေနိုင်သော်လည်း လုံယန်မှာမူ သူမလည်ပင်းမှ အနီရောင်အကွက်များကိုတွေ့ပြီး သူ၏ ခန့်ညားသော မျက်နှာပြင်မှာ နီရဲသွားရသည်။
သူ၏ဖြစ်စဉ်ကိုကြည့်ကာလုလျန့်ဝေ ရွှင်မြူးနေသည်။မင်းကြီးသည် သူမထင်ထားသကဲ့သို့ အရှက်မရှိသူမဟုတ်မှန်း သူမသိလိုက်ရသည်။
သူလည်း ရှက်သွေးဖြာတတ်သည်ပင်။
ထိုဖြစ်စဉ်မှာ သူမအား ရွှင်မြူးစေသည်။
သူမမှာ မထိန်းနိုင်ဘဲ ကျိတ်တိုးရယ်လိုက်မိသည်။