← Chapters

ငါ့နာမည်က ရှုမူ

Vol. 017 Ch. 828

ငါ့နာမည်က ရှုမူ

Vol. 017 Ch. 828

လီယွမ်၏မျက်လုံးများသည် တလက်လက် ဖြစ်နေသည်။သူက တွင်းနက် ရှိရာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီးနောက် သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။ထိုအခါ အနက်ရောင်လိုင်းများသည် ချက်ခြင်း ထွက်ပေါ်လာခဲ့ကာ အတားအဆီးများ အဖြစ်သို့ ပြောင်းလဲ၍ သူ့ပတ်လည်သို့ နေရာချသွားစေသည်။

သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဝမ်လင်းကို တိုက်ရိုက် ကူညီပေးရန် မလုံလောက်ပေ။ထို့ကြောင့် သူက သည်တွင်းနက်ပတ်လည်ကို အတားအဆီးများ ချမှတ်ကာ အပြင်က ဘယ်သူမှ အချိန်တိုအတွင်း လွယ်လွယ်ဝင်လို့ မရအောင် ပြုလုပ်ခဲ့ခြင်းပင်။

ထို့အတွက်ကြောင့် သူက ဝမ်လင်းနောက်ဆုတ်ဖို့အတွက်လည်း လမ်းကြောင်းတစ်ခု ချခင်းပြီးသား ဖြစ်သွားသည်။

ဝမ်လင်း၏ အကြည့်သည် သူ တတိယအဆင့်၏ အရိပ်အမြွက်ကို တွေ့မြင်နေခဲ့ချိန် ရှန်းခုန်ဟူကို ကြည့်သောအကြည်မျိုးနှင့် မတူတော့ပေ။သို့ရာတွင် သူ့အကြည့်က ယုံကြည်မှုနှင့် ပြည့်လို့နေ၏။ ထိုသို့ ဖြစ်ရသည်ခြင်းသည် သူ့ကျင့်ကြံမှုအဆင့်၊သွေးဘိုးဘေးကို ချိပ်ပိတ်ထားနိုင်ခြင်းနှင့် ပုံရိပ်ယောင်ယင်အဆင့်နှစ်ယောက်ကို လွတ်ကူစွာ သတ်ပစ်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်လေ၏။

သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့လိုက်၏။ ဝမ်လင်းလှမ်းကြည့်လိုက်သော်လည်း သူက ရပ်တန့်ခြင်း မရှိသည့်အပြင် နောက်ထပ်တစ်လှမ်းပင် တိုးလာခဲ့သည်။ထိုခြေလှမ်းက ဆယ့်နှစ်ပေလောက်ကို ဖြတ်သန်းသွားကာ သူသည် ဝမ်လင်းထံသို့ တန်းမတ်စွာ ဝင်လာခဲ့သည်။

“ဟာသပဲ။ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ လူတွေကို ခြောက်လန့်ဖို့ ပေတစ်သောင်းတားမြစ်ဧရိယာ ဆိုပြီး လုပ်ဝံ့တဲ့လူ အမှန်တကယ် ရှိနေတာပဲ…” သို့ရာတွင် သူက ထိုသို့ပြောနေရင်းဖြင့် သူ့စကားသည် တိုးလို့တန်းလန်းဖြင့် ရပ်သွားလေသည်။သူက ဝမ်လင်း၏အကြည့်ကို တွေ့မြင်လိုက်ရသောကြောင့်ပင်။

ထိုအကြည့်ထဲ၌ အေးစက်တည်ငြိမ်မှုတို့ ပါဝင်နေသည်။ထိုအကြည့်သည် သေလူတစ်ယောက်ကဲ့သို့ သဘောထား၍ တစ်ဖက်သားကို ကြည့်သည့်အကြည့်မျိုး ဖြစ်လေ၏။

ထိုအကြည့်ထဲ၌ မည်သည့်သတ်ဖြတ်မှုစိတ်ဆန္ဒမှ မပါဝင်ဘဲ တည်ငြိမ်မှုသပ်သပ်သာ ပါဝင်၏။ သို့ရာတွင် ထိုတည်ငြိမ်မှုကပင် သက်လတ်ပိုင်းလူကြီး၏ စိတ်ကို တုန်ယင်သွားစေ၏။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်အားလုံးသည် ထိုအကြည့်ထံကနေ သေရှင်းရှင်ရေး အာရုံကို ခံစားမိလိုက်ရသကဲ့သို့ အရူးအမူး အသက်ဝင်လာကြသည်။

သူ့နှဖူးထက်ကပင် အေးစက်စက်ချွေးများစီးကျလာ၏။ ထိုအကြည့် သူ့‌အပေါ်သို့ ကျရောက်လာသည့်အခိုက်၌ သူ့ထံမှ အရာအားလုံးကို ထွင်းဖောက်မြင်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

သညလိုအကြည့်မျိုးက အလွန်သန်မာ အားကောင်းလှချေ၏။

သည့်နောက် သူ့ခံစားချက်က ပိုဆိုးလာခဲ့ကာ သူ့မူလစိတ်ဝိညာဉ်အပေါ်တွင်ပါ တိုက်ရိုက် ပြောင်းလဲလာခဲ့တော့၏။ သူ့ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်သည် တစ်လွှာပြီးတစ်လွှာ ပျောက်ကွယ်လာသကဲ့သို့ ခံစားမိလိုက်ရ၏။

ထို့နောက် သူ့ရင်ဘက်ထဲကနေ သွေးများ ဆောင့်တက်လာကာ သူ့မျက်နှာက နီမြန်း၍ ချက်ခြင်း သွေးများစွာ အန်ထုတ်လိုက်ရတော့၏။ထိုအခါကျမှ သူ့မျက်လုံးသည် တစ်ဖန် ပြန်ကြည်လင်လာနိုင်သည်။သို့သော် သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတစ်ခုကတော့ ရှိလို့နေစမြဲသာ။

ဝမ်လင်း လှမ်းကြည့်လိုက်သည့်အခါ ထိုသတ်လတ်ပိုင်းလူကြီး သွေးအန်လိုက်ရခြင်းတို့သည် အချိန်တိုအတွင်း ဖြစ်ပျက်သွားခြင်းပင်။ထိုအဖြစ်က မြန်ဆန်လွန်းလှသဖြင့် မည်သူကမျှ ဘယ်ပုံဘယ်နည်း ဖြစ်ပျက်ခဲ့သည်ကို သေချာ မမြင်လိုက်ရချေ။

သက်လတ်ပိုင်းလူကြီး သွေးအန်လိုက်ရစဉ် ဝမ်လင်းသည် ရွှေ့လျားလာသည်။သူက ခြေတစ်လှမ်းကို တိတ်ဆိတ်တည်ငြိမ်စွာ လှမ်းလိုက်သည်။သို့သော် သက်လတ်ပိုင်းလူကြီး၏ အသွင်က ချက်ခြင်း ပြောင်းလဲသွားကာ သူက တုံ့ဆိုင်းခြင်းမရှိ စတင်နောက်ဆုတ်တော့သည်။

သူက ဘာကြောင့်မှန်းမသိ ဝမ်လင်း၏ခြေလှမ်းက သူ့မူလစိတ်ဝိညာဉ်ပေါ်သို့ ချနင်းလိုက်သည်ဟု ခံစားလိုက်ရ၏။ သည်လိုခံစားချက်မျိုးက သူ့စိတ်ကို အကြီးအကျယ် တုန်လှုပ်စေသည်။သူက ရှေ့သို့ လှမ်းလာဝံ့ခြင်းသည် သူတို့က လေးယောက်ဖြစ်ကာ ထျန်ယန်ဖန်သည်လည်း သည်နေရာတွင် ရှိနေခြင်းကြောင့် ဖြစ်လေ၏။ထို့ကြောင့် သူက မကြောက်ရွှံ့ခဲ့ခြင်းလည်း ဖြစ်သည်။သို့ရာတွင် ခုချိန်၌ သူက အားကောင်းသောအထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူကို သူကိုယ်တိုင် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရ၏။

သူက နောက်သို့ မဆုတ်လျှင် သေဆုံးရမည်မှာ သံသယ ရှိစရာ မလိုပေ။

ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်သာ ရှိနေခဲ့သည်။သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် သူ့ခြေထောက်ကို မြှောက်ကာ သက်လတ်ပိုင်းလူကြီးထံသို့ ခြေဆယ်လှမ်းလှမ်းလာခဲ့သည်။သက်လတ်ပိုင်းလူကြီး၏ အသွင်က ဖြူရောသွားသည်။

သူက နောက်သို့သာ အဆက်မပြတ် ဆုတ်နေမိတော့၏။

သူက ဝမ်လင်းခြေလှမ်းလာသည့်အချိန်၌ သူ့နှလုံးခုန်သံသည် မြန်သထက် မြန်လာသည်ဟု ခံစားမိနေ၏။

ခြေဆယ်လှမ်းလှမ်းလိုက်ပြီးသည့်နောက် ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို အေးစက်စွာ ကြည့်လိုက်သည်။သူ ခြေလှမ်းလိုက်သည့်အခါတိုင်း ထိုလူသည် သွေးများစွာ အန်ထုတ်နေရ၏။ သူက နောက်သို့သာ အမြန်ဆုတ်နေမိတော့သည်။

သူက သူသည် ဝမ်လင်းချမှတ်ထားသည် တားမြစ်ဧရိယာပေတစ်သောင်း၏ အပြင်သို့ ရောက်နေခဲ့သည်ကိုပင် သဘောမပေါက်နိုင် ဖြစ်နေသည်။ဝမ်လင်းက နောက်ဆုံးခြေလှမ်းကို ချနင်းလိုက်သည့်နောက် သူ့နှလုံးခုန်သံသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေသည်။

သပ်..သပ်…သပ်…ဘန်း…။

သူ့နှလုံးသားက ပျက်စီးသွားချေ၏။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များသည် ထိန်းချုပ်မှုလွတ်ကင်းကာ သူ့မူလစိတ်ဝိညာဉ်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်ချေတော့၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေသည်။ထျန်ယန်ဖန်၏ မျက်လုံးများသည် အလွန်အမင်း သတိထားလာခဲ့၏။ သူက စတင်ကျင့်ကြံခဲ့ကတည်းက သူ့အဆင့်၌ လူအနည်းငယ်ကသာ သူ့ကို သတိထားအောင် ပြုလုပ်နိုင်စွမ်း ရှိခဲ့ပေသည်။

သူက သတိထားနေသည့်အပြင် တုန်လှုပ်မိနေ၏။သူ့အတွက် သက်လတ်ပိုင်းလူကြီးကို သတ်ပစ်ဖို့က လွယ်ကူလှသော်လည်း ခုချိုမျိုး အကြည့်တစ်ချက် ခြေလှမ်းဆယ်လှမ်းနှင့် လုပ်ဆောင်ရန်က ခက်ခဲနေပေသည်။သည်မန္တာန်က သူ့ကိုပင် လေအေးတစ်ချက် ရှိုက်သွင်းမိသွားစေသည်။

သူ့အမြင်၌ သူသည် သက်လတ်ပိုင်းလူကြီး၏ မူလစွမ်းအင်နှင့် သတ်လတ်ပိုင်းလူကြီး၏ သေဆုံးခြင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။အခြားတစ်ယောက်၏ မူလစွမ်းအင် ထိန်းချုပ်နိုင်မှုသည် ထူးကဲလှပေ၏။ ထိုလူက ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များကို ဆွဲညှစ်ကာ ဖိအားတစ်ခု ဖန်တီး၍ သက်လတ်ပိုင်းလူကြီး၏ နှလုံးသားကို ချေမွပစ်လိုက်ခြင်းပင်။

ထျန်ယန်ဖန်၏ ဘေးရှိအမျိုးသမီးသည်လည်း သုန်မှုန်သည့်အသွင်နှင့် ရှိလို့နေသည်။ပေတစ်သောင်းတားမြစ်ဧရိယာက သူမရှေ့တွင်ပင် ရှိလို့နေသည်။သို့သော်လည်း သူမသည် ရှေ့သို့ ခြေတစ်လှမ်းပင် မလှမ်းဝံ့ချေ။

သည်ပေတစ်သောင်းတားမြစ်ဧရိယာက အမှန်ပင် သေဆုံးခြင်းကုန်းမြေတစ်ခု ဖြစ်နေတော့သည်။

ဝမ်လင်းက သူ့အကြည့်ကို သတ်လတ်ပိုင်းလူကြီးထံကနေ ပြန်ရုတ်သိမ်းကာ သက်လတ်ပိုင်းလူကြီးနောက်ကနေ တားမြစ်နေရာသို့ လိုက်ဝင်လာသည့် လူငယ့်ထံသို့ ပြောင်းလိုက်သည်။

လူငယ့်အသွင်က ဖြူရောသွားသည်။သူက သက်လတ်ပိုင်းလူကြီးထက်ပင် ပို၍ အားနည်းသေးသည်။သူက ခုမှ ပုံရိပ်ယောင်ယင်အဆင့်သို့ ဝင်ရောက်ခါစ ဖြစ်သည်။သူ့ကျင့်ကြံမှုအဆင့်ကလည်း တည်ငြိမ်ခြင်း မရှိသေးပေ။သူက ဝမ်လင်း၏ အကြည့်ကို မြင်လိုက်ကတည်းက ချက်ခြင်း ပေတစ်သောင်းဧရိယာအပြင်သို့ ပြန်ဆုတ်သွားခဲ့၏။ ထို့နောက် သူက ပြောလာသည်။ “စီနီယာ…ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။ ဂျူနီယာ မှားမှန်း သိပါပြီ။ ခုကစပြီး ဂျူနီယာက ဒီဧရိယာထဲကို ခြေလှမ်းတစ်ဝက်တောင် မလှမ်းဝံ့တော့ပါဘူး။ငါက ကတိဖောက်ဖျက်ရင် ငါ့ကို စောနကလူလို အပြစ်ပေးနိုင်ပါတယ်…”

သူက ထိုသို့ ပြောလိုက်ရင်း သူ့ဘယ်လက်ကို ပင့်မြှောက်ကာ မူလစွမ်းအင်ကို အသက်သွင်းလိုက်သည်။ထိုအခါ သူ့လက်သန်းသည် ချက်ခြင်း သွေးမြူအဖြစ် ပေါက်ကွဲထွက်သွား၏။

ဝမ်လင်းက လူငယ့်ထံကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

လူငယ်က ခုမှ အသက်ဝဝရှုနိုင်တော့၏။ သူ့နှလုံးကလည်း ခုန်ပေါက်လို့နေသည်။သူ့လက်သန်းနှင့် နှိုင်းယှဉ်ပါက သူ့အသက်သည် ပို၍ အရေးကြီးသည် မဟုတ်လား။ပုံရိပ်ယောင်ယင်အဆင့်သို့ ဝင်ရောက်ခါစ မာန်ဝင့်မှုသည်လည်း ချက်ခြင်း ပျောက်ကွယ်သွားသည်။ထိုလူငယ်သည် သူ့စိတ်ထဲ၌ နောက်အနာဂတ်တွင် ပို၍ သတိထားရမည်ဟု သူ့ကိုယ်သူ သတိပေးနေတော့သည်။

ဝမ်လင်းက ပေတစ်သောင်းပြင်ပရှိ အခြားလူများကို ကြည့်ပင် မကြည့်ပေ။သူက နောက်ပြန်လှည့်ကာ လီယွမ်ရှိနေသော တွင်းနက်ရှိရာသို့ လှမ်းလျှောက်သွားသည်။

ထိုအခိုက်၌ ထျန်ယန်ဖန်က ရုတ်တရက် မေးလာ၏။ “ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြုပြီး သင့်နာမည်ကို ပြောခဲ့ပေးပါ…”

“ရှုမူ…” ဝမ်လင်းအသံက တွင်းနက်ထဲကနေ ထွက်ပေါ်လာခဲ့၏။ထို့နောက် အစီအရင်ထဲကနေ အလင်းတစ်ခု ထွက်ပေါ်လာခဲ့ကာ ဝင်ပေါက်သည် လုံးဝ ချိတ်ပိတ်သွားတော့၏။

“ရှုမူ..ငါက ဒီနာမည်ကို မှတ်သားထားပါ့မယ်…” ထျန်ယန်ဖန်သည် တိုက်ခိုက်ပစ်ချင်နေ၏။ သို့သော် အဆုံးသပ်၌ သူ့ကိုယ်သူ ပြန်ထိန်းသိမ်းထားလိုက်ရ၏။ သူက ဝမ်လင်းခေါ်ရှုမူကို အနိုင်ရရန် ယုံကြည်ချက် မရှိသောကြောင့်ပင်။

***

All Chapters