← Chapters

အခန်း ၅၀၂

Vol. 51 Ch. 502

အခန်း ၅၀၂

Vol. 51 Ch. 502

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၅၀၂)

" ဧကရာဇ်မင်းမြတ် အိမ်ရှေ့စံမင်းသား ပေးအပ်တဲ့ ရတနာက ဒီမူဝါဒတွေကို အကောင်အထည်ဖော်တာ လျင်မြန်အောင် လုပ်ပေးခဲ့ပါတယ်။ ထျန်းရွှမ်ကြေးမုံကြောင့် ချင်အင်ပါယာမှာနယ်မြေကွာဝေးမှုတွေ မရှိတော့ဘဲ အစီရင်ခံစာတွေက ရှန်းယန်ကို ချက်ချင်း ရောက်လာနိုင်တော့ ကိစ္စတွေကို မြန်မြန်ဆောင်ရွက်နိုင်တာပါ။ " လွီ​ပုဝေက ပြုံး၍ ပြောလိုက်သည်။

" အခု ချင်အင်ပါယာက ရုံးသုံးစာရွက်စာတမ်းတွေ၊ ကြေညာချက်တွေ၊အစီရင်ခံစာတွေ အားလုံးကို ချင်အက္ခရာအသစ်တွေကိုပဲ သုံးနေပါပြီ။ " ဟန်ဖေးက​ ပြောလိုက်သည်။

" လမ်းတွေကိုလည်း ပြုပြင်ပြီးပါပြီ။ ဒေသအသီးသီးက အပြည့်အဝ ပူးပေါင်းပေးခဲ့တဲ့အတွက်က လှည်းလမ်းကြောင်းတွေကို သတ်မှတ်ချက်အတိုင်း ပြီးစီးသွားပါပြီ။ " လီစီကလည်း အစီရင်ခံလိုက်သည်။

" အလေးချိန်နဲ့ တိုင်းတာမှုတွေလည်း ပြီးစီးသွားပါပြီ။ အခု အိမ်ရှေ့စံမင်းသားရဲ့ မူဝါဒလေးခုကို ချင်အင်ပါယာတစ်ခုလုံးမှာ ကျင့်သုံးနေပါပြီ။ " ဟန်ဖေးနှင့် လီစီတို့က ပြောလိုက်ကြသည်။

" အင်ပါယာအင်အားက အဆင့် ၂ သို့ တိုးမြှင့်ပြီး အဆင့်ငါးရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" တစ်နှစ်အတွင်း ပြီးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဆင့်ငါး ရတနာသေတ္တာ။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။

" အဲ့ဒါအပြင် တုအန်းနဲ့ ဂိုဂူလျော​နိုင်ငံတွေရဲ့ သံတမန်တွေက ဟန်ကုတံခါးကို ဖြတ်ကျော်လာပါပြီ။ မနက်ဖြန် မြို့တော်ကို ရောက်လာပါလိမ့်မယ်။ " လွီပုဝေက ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား ခန့်မှန်းတဲ့အတိုင်း ဒီတစ်ခါ တုအန်းနဲ့ ဂိုဂူလျောနိုင်ငံတို့က တန်ဖိုးကြီး လက်ဆောင်တွေကို ဆက်သလာပါတယ်။ သူတို့ နိုင်ငံတော် ဘဏ္ဍာရဲ့ တစ်ဝက်လောက်ရှိပါလိမ့်မယ်။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။

" တုအန်နဲ့ ဂိုဂူလျော​တို့က နိုင်ငံငယ်လေးတွေပါပဲ။ ချင်အင်ပါယာအတွက် အရေးကြီးတာက ပြည်သူတွေအားလုံး ချင်အင်ပါယာကို စိတ်ရင်းမှန်နဲ့ ထောက်ခံဖို့ပဲ။ ချင်ပါယာတစ်ခုလုံးက စည်းလုံးသွားပြီဆိုရင် အဲ့ဒီနိုင်ငံလေးတွေကို အလွယ်တကူ သိမ်းယူလို့ရပြီ။ " ရင်ကျန့်က ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးမားလှပါတယ်။ " လွီပုဝေနှင့် အခြားသူများက ဦးညွှတ်လိုက်ကြသည်။

" ဖုန်းအာ မူဝါဒလေးခုကို အကောင်အထည်ဖော်ပြီးပြီဆိုတော့ နောက်ထပ်ဘာလုပ်ဖို့ စီစဉ်ထားလဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။

" ခမည်းတော် မနက်ဖြန် ညီလာခံကျရင် သိရပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

နောက်တစ်နေ့ ညီလာခံခန်းမ။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " အရာရှိများအားလုံးက ဂါရဝပြုလိုက်ကြသည်။

" တုအန်နဲ့ ဂိုဂူလျောနိုင်ငံတို့ရဲ့ သံတမန်တွေက တွေ့ဆုံဖို့ စောင့်ဆိုင်းနေကြပါတယ်။ သူတို့နဲ့ တွေ့လိုပါသလား။ " ဟန်ဖေးပ ပြောလိုက်သည်။

" သူတို့ကို ခေါ်လိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

" ဧကရာဇ်မင်း​မြတ်ရဲ့ အမိန့်တော် တုအန်းနဲ့ ဂိုဂူလျောသံတမန်တို့ ဝင်ရောက်စေ။ "

မကြာမီ တုအန်းနှင့် ဂိုဂူလျောသံတမန်တို့က ခန်းမထဲသို့ ဝင်လာကြသည်။

" တုအန်းသံတမန် ကျင်းဖုန်း၊ ဂိုဂူလျောသံတမန် လီရှန်း ချင်ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ ချင်အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " သံတမန်နှစ်ယောက်က ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

" မင်းတို့ နိုင်ငံနှစ်ခုရဲ့ သံတမန်တွေက ဘာကိစ္စနဲ့ ရောက်လာတာလဲ။ " ရင်ကျန့်က တည်ငြိမ်စွာ မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးတို့ တုအန်းနိုင်ငံက ဂုဏ်ပြုလက်ဆောင်တွေ လာရောက်ဆက်သခြင်းဖြစ်ပါတယ်။ ရွှေငါးထောင်၊ ကြေးနီနဲ့သံတစ်သောင်း၊ ကျွန်ငါးထောင်၊ ဆီးနှင်းဂျင်ဆင်း၊ပုလဲတစ်ထောင်၊ ကျောက်စိမ်းပစ္စည်း...." တုအန်းသံတမန်က နိုင်ငံတော်စာလွှာကို တင်ပြလိုက်သည်။

" ကျွန်တော်မျိုးတို့ ဂိုဂူလျောနိုင်ငံကလည်း လက်ဆောင်တွေ လာရောက်ဆက်သတာပါ။ ရွှေလေးထောင်၊ အမျိုးသမီးတစ်ထောင်၊ ဆီးနှင်းဂျင်ဆင်းငါးရာ...." ဂိုဂူလျောသံတမန်က ပြောလိုက်သည်။

" မင်းတို့ရဲ့ ရိုးသားမှုအတွက် ငါ ဂုဏ်ပြုလက်ဆောင်တွေကို လက်ခံလိုက်မယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ သံတမန်နှစ်ယောက်က ဝမ်းသာသွားကြသည်။ သူတို့အတွက် ၎င်းက အကောင်းဆုံးရလဒ်ဖြစ်သည်။

" ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ ချင်အင်ပါယာအပေါ် တုအန်းနိုင်ငံရဲ့ ရိုးသားမှုကို သက်သေပြဖို့ မင်းသမီးကို အိမ်ရှေ့စံမင်းသားရဲ့ ကြင်ယာတော်အဖြစ် ဆက်သလိုပါတယ်။ ကျွန်တော်မျိုးတို့ တုအန်းမင်းသမီး ယုရှုက အလွန်လှပပြီး အသက် ၁၆နှစ်အရွယ်ဖြစ်ပါတယ်။ အိမ်ရှေ့စံမင်းသား သေချာပေါက် သဘောကျပါလိမ့်မယ်။ ဧကရာဇ်မင်းမြတ် ခွင့်ပြုပေးနိုင်မလား။ " တုအန်းသံတမန်ကျင်းဖုန်းက ခွင့်တောင်းလိုက်သည်။

ထိုစကားများကို ကြားသောအခါ ဂိုဂူလျောသံတမန်က မျက်နှာပျက်သွားသည်။ သူတို့၌ ထိုသို့သော အပေးအယူမရှိပေ။

" ဖုန်းအာ တုအန်းမင်းသမီးကို မင်းရဲ့ ကြင်ယာတော်အဖြစ် လက်ခံမှာလား။ " ရင်ကျန့်က ကျောက်ဖုန်းကို ပြုံး၍ မေးလိုက်သည်။

" ခမည်းတော်ရဲ့ အမိန့်ကို သားတော်လိုက်နာပါမယ်။ " ကျောက်ဖုန်းက ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။

" ဒါဆို အိမ်ရှေ့စံမင်းသားကိုယ်စား ငါ သဘောတူလိုက်မယ်။ မင်းတို့နိုင်ငံကို ပြန်ရောက်ရင် မင်းသမီးကို ပို့ဖို့အတွက် နေ့ရက်ကောင်းရွေးလိုက်ပါ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ " တုအန်းသံတမန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တုအန်းနိုင်ငံက လက်ထပ်ပွဲမဟာမိတ်ပြုလိုက်လျှင် ချင်က သူတို့ကို မကျူးကျော်တော့ဟု ယုံကြည်နေပုံရသည်။ အမှန်တော့ သူတို့ အတွေးလွန်နေခြင်းဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် အားနည်းသော နိုင်ငံများအတွက သံတမန်ရေးရာဟူ၍ မရှိပေ။ သူတို့ကို စစ်မပြုသေးခြင်းမျထာ ရှန်းကျိုးကို တည်ငြိမ်အောင်လုပ်ပြီး ဟွာရှပေါင်းစည်းရေးကိုသာ အာရုံစိုက်နေသောကြောင့် ဖြစ်သည်။

ရှန်းကျိုးနယ်မြေတည်ငြိမ်သွားလျှင် ချင်အင်ပါယာက တုအန်း၊ ဂိုဂူလျော၊ ​တုန်ဟူနှင့် ရှုံနု ပတ်ဝန်းကျင်နယ်မြေများကို စစ်ချီပေလိမ့်မည်။ သူတို့အားလုံးက ချင်နယ်မြေများ ဖြစ်လာပေလိမ့်မည်။

" ကိစ္စမရှိရင် မင်းတို့နှစ်ယောက် ပြန်သွားလို့ရပြီ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် နိုင်ငံတော်စာလွှာကို လက်မှတ်မထိုးတော့ဘူးလား။ " ကျင်းဖုန်းက ထိတ်လန့်တကြားမေးလိုက်သည်။

"မင်းက ဘယ်လက်မှတ်ကို လိုချင်တာလဲ။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

" တုအန်းနိုင်ငံက ချင်အင်ပါယာရဲ့ လက်အောက်ခံနိုင်ငံဖြစ်ဖို့ ဆန္ဒရှိပါတယ်။ ဂုဏ်ပြုလက်ဆောင်တွေကိုလည်း နှစ်စဉ်ပေးအပ်ပါမယ်။ " ကျင်းဖုန်းက ပြောလိုက်သည်။

" ချင်အင်ပါယာရဲ့ လက်အောက်ခံနိုင်ငံဖြစ်ဖို့ ဒီလက်ဆောင်လောက်နဲ့ မလုံလောက်သေးဘူး။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် ဘယ်လိုမျိုး လိုချင်ပါသလဲ။ တုအန်းက ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါမယ်။ " ကျင်းဖုန်းက မျက်နှာပျက်သွားပြီး ပြန်ပြောလိုက်သည်။

" ဒီကိစ္စကို ညီလာခံပြီးရင် ဝန်ကြီးချုပ်နဲ့ တိုင်ပင်လိုက်ပါ။ မင်းတို့က ချင်အင်ပါယာရဲ့ လက်အောင်ခံနိုင်ငံ ဖြစ်နိုင်မဖြစ်နိုင်ကတော့ မင်းတို့ရဲ့ ရိုးသားမှုပေါ်မှာပဲ မူတည်တယ်။ " ရင်ကျန့်က ပြောပြီး ခက်ဝှေ့ရမ်းလိုက်သည်။

ရန်ရှောင်က နန်းတွင်းကိုယ်ရံတော်အချို့နှင့်အတူ ချက်ချင်း ရောက်လာသည်။

" ကြွပါ။ " ရင်ကျန့်က တံခါးပေါက်ကို ညွှန်ပြလိုက်သည်။

" ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး။ " သံတမန်နှစ်ယောက်က ဘာမှမတတ်နိုင်တော့ဘဲ ထွက်ခွာသွားကြသည်။

" ဒီနိုင်ငံငယ်လေးတွေက ဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်ရုံနဲ့ ချင်အင်ပါယာရဲ့ လက်အောက်ခံနိုင်ငံဖြစ်လာနိုင်မယ်လို့ ထင်နေတာလား။ တကယ်ရယ်စရာပဲ။ " လီစီက ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒီနိုင်ငံနှစ်ခုပေါင်းရင်တောင် အရင်ဟန်နိုင်ငံရဲ့ လူဦးရေလောက်တောင် မရှိဘူး။ " ယွီလျောင်းကလည်း ပြောလိုက်သည်။

" ဝန်ကြီးချုပ်ဟန် " ရင်ကျန့်က ဟန်ဖေးကို ကြည့်လိုက်သည်။

" အမိန့်ရှိပါ။ " ဟန်ဖေးက ပြန်ဖြေလိုက်သည်။

" ဒီနိုင်ငံနှစ်ခုနဲ့ လက်အောက်ခံကိစ္စဆွေးနွေးတဲ့အခါ သူတို့က အခွန် ၇၀ ရာခိုင်နှုန်းထက် ပိုမပေးနိုင်ဘူးဆိုရင် သူတို့ကို လိုက်လျောပေးစရာမလိုဘူး။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဟန်ဖေးက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ကောင်းပြီ။ အခု နိုင်ငံတော်မူဝါဒလေးခုရလည်း အကောင်အထည်ဖော်ပြီးသွားပြီ။ ငါတို့ ဂုဏ်ပြုသင့်တယ်။ ဝန်ကြီးချုပ်ဟန်၊ ဝန်ကြီးချုပ်လီ၊ ရှောက်ဖူ၊ စိုက်ပျိုးရေးဝန်ကြီး။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ ရှိပါတယ်။ " ဝန်ကြီးလေးယောက်လုံးက ရှေ့ထွက်လာကြသည်။

ရင်ကျန့်၏ ရှေ့တွင် ထျန်းရွှမ်ကြေးမုံငယ်တစ်ခု ပေါ်လာသည်။ ယခု အရာရှိအားလုံးက ထျန်းရွှမ်ကြေးမုံငယ်များကို ပိုင်ဆိုင်ထားကြသောကြောင့် ၎င်းက အထူးအဆန်းတော့မဟုတ်ပေ။

" ဝန်ကြီးလေးယောက်ကို စွမ်းဆောင်မှုရမှတ် ၅၀၀ ချီးမြှင့်လိုက်တယ်။ သိုင်းတာအိုကျင့်စဉ် ပထမအဆင့်နဲ့ အခြေတည်ဆေးလုံးတစ်ပုလင်းကို ပေးအပ်မယ်။ ထျန်းရွှမ်ကြေးမုံရဲ့ ကျင့်ကြံခြင်းနေရာကို ဖွင့်လှစ်ခွင့်အာဏာကို ပေးအပ်လိုက်တယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ပြောလိုက်သည်။

သူ၏ ရှေ့မှ ထျန်းရွှမ်ကြေးမုံင်က အလင်းတန်းလေးခုပေါ်လာပြီး ဟန်ဖေးတို့လေးယောက်ပေါ်သို့ ကျရောက်သွားသည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ကို ကျေးဇူးတင်ပါတယ်။ " ဝန်ကြီးလေးယောက်က စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။ ပုံမှန်ပစ္စည်းဥစ္စာများကို သူတို့က ယခုလောက်ထိ စိတ်လှုပ်ရှားမည်မဟုတ်ပေ။ သို့သော် ယခုပေးအပ်လိုက်ခြင်းက ကျင့်စဉ်၊ စိတ်ဝိညာဉ်ဆေးလုံး၊ ထျန်းရွှမ်ကြေးမုံ၏ ကျင့်ကြံခြင်းနေရာတို့ ဖြစ်သည်။ သူတို့က ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းနိုင်တော့မည်ဖြစ်သည်။

All Chapters