အခန်း ၅၀၃
Vol. 51 Ch. 503
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၅၀၃)
" မင်းတို့က စွမ်းဆောင်မှုရမှတ်တွေအကြောင်း မသိကြသေးဘူးဆိုတော့ ငါမင်းတို့ကို ရှင်းပြမယ်။ စွမ်းဆောင်မှုရမှတ်တွေက ထျန်းရွှမ်ကြေးမုံရဲ့ ငွေကြေးပဲ။ ထျန်းရွှမ်ကြေးမုံရဲ့ ကျင့်ကြံခြင်းနေရာမှာ ကျင့်ကြံသူတွေကို ကျင့်ကြံခြင်းအရှိန် မြှင့်တင်ပေးနိုင်တယ်။ ကျင့်ကြံခြင်းနေရာကို ဖွင့်ပြီးရင် စွမ်းရည်တွေ သုံးစွဲရမှာဖြစ်လို့ စွမ်းဆောင်မှုရမှတ်တွေနဲ့သာ အဲ့ဒီနေရာကို ဆက်ပြီး အသုံးပြုနိုင်လိမ့်မယ်။ "
" တစ်ရက်ကျင့်ကြံမှုအတွက် စွမ်းဆောင်မှုရမှတ် ၁၀ မှတ်လိုအပ်တယ်။ ရက်တစ်ရာ ကျင့်ကြံဖို့အတွက် စွမ်းဆောင်မှုရမှတ် တစ်ထောင်လိုအပ်တယ်။ ဒါက အခုလောလောဆယ် စမ်းသပ်မှုတစ်ခုပဲ။ အနာဂတ်မှာ ချင်ရဲ့ အရာရှိတွေကို ကျင့်ကြံခြင်းနေရာတွေ ဖွင့်ခွင့်ပေးအပ်မယ်။ စွမ်းဆောင်မှုရမှတ်တွေကို နှစ်စဉ်လစာတွေ၊ ရတနာတွေနဲ့ လဲလှယ်နိုင်ပြီး စစ်ရေးအောင်မြင်မှုတွေကနေ ရရှိနိုင်တယ်။ "
" ငါ စည်းမျဉ်းတွေ ချမှတ်ပြီးပြီ။ ရွှေဒင်္ဂါးတစ်ခုကို စွမ်းဆောင်မှုရမှတ် ၁၀၀ နဲ့ လဲလှယ်နိုင်တယ်။ ပြီးရင် စိတ်ဝိညာဉ်ဆေးလုံး၊ ရတနာနဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို အနာဂတ်မှာ ထျန်းရွှမ်ကြေးမုံကတစ်ဆင့် လဲလှယ်နိုင်တယ်။ " ကျောက်ဖုန်းက အရာရှိများအားလုံးကို ရှင်းပြလိုက်သည်။
ထိုစကားများကို ကြားသောအခါ အရာရှိအားလုံးက နားလည်သွားကြသည်။ ထျန်းရွှမ်ကြေးမုံက ချင်အင်ပါယာ၏ အထွတ်အမြတ်ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။ စွမ်းဆောင်မှုရမှတ်များကလည်း လည်ပတ်နေသော ငွေကြေးစနစ်တစ်ခုဖြစ်လာပေလိမ့်မည်။
" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုးမှာ အကြံဉာဏ်တစ်ခုရှိပါတယ်။ " လွီပုဝေက စဉ်းစားပြီး ပြောလိုက်သည်။
" ကျုံးဖုပြောပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ထျန်းရွှမ်ကြေးမုံက မှော်ရတနာဖြစ်ပြီး ချင်အင်ပါယာရဲ့ အထွတ်အမြတ် ရတနာပါ။ အိမ်ရှေ့စံမင်းသား ချမှတ်ခဲ့တဲ့ နိုင်ငံတော်မူဝါဒလေးခုကို တစ်နှစ်အတွင်းမှာ အကောင်အထည်ဖော်နိုင်ခဲ့တာဟာ ထျန်းရွှမ်ကြေးမုံရဲ့ ထောက်ပံ့မှုကြောင့်ပါပဲ။ ဒီမှော်ရတနာက အချင်းချင်း ဆက်သွယ်နိုင်ပြီး ပစ္စည်းတွေကိုလည်း ပေးပို့နိုင်ပါတယ်။ အခု စွမ်းဆောင်မှုရမှတ်တွေကို ထျန်းရွှမ်ကြေးမုံရဲ့ ငွေကြေးအဖြစ် သတ်မှတ်လိုက်တဲ့အတွက် အနာဂတ်မှာ ချင်အင်ပါယာရဲ့ အဓိကငွေကြေးဖြစ်လာပါလိမ့်မယ်။ "
" ကျွန်တော်မျိုးရဲ့ အမြင်အရ ဒီစွမ်းဆောင်မှုရမှတ်တွေကို စီမံခန့်ခွဲဖို့နဲ့ ပစ္စည်းတွေလဲလှယ်တာကို တာဝန်ယူဖို့ အထူးဌာနတစ်ခု တည်ထောင်သင့်ပါတယ်။ စွမ်းဆောင်မှုရမှတ်တွေကို ငွေနဲ့ လဲလှယ်တဲ့အခါ ငွေကို ပေးအပ်နိုင်မယ်။ ရွှေငွေ ရတနာတွေကို စွမ်းဆောင်မှုရမှတ်တွေနဲ့ လဲလှယ်တဲ့အခါ စွမ်းဆောင်မှုရမှတ်တွေ ပေးအပ်နိုင်ပါလိမ့်မယ်။ " လွီပုဝေက ကျယ်လောင်စွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်းက လွီပုဝေကို ကြည့်လိုက်သည်။ " လွီပုဝေဆိုတဲ့အတိုင်း တကယ်ကို ပါရမီရှင်ပဲ။ "
" ကျုံးဖု ဒီကိစ္စကို အိမ်ရှေ့စံမင်းသားက ကြိုတင်စီစဉ်ပြီးပြီ။ အဲ့ဒီဌာနကိုလည်း စတင်တည်ထောင်နေပြီ။ သူတို့က ကမ္ဘာတစ်ဝန်းလုံးမှာ စွမ်းဆောင်မှုရမှတ်နဲ့ ပက်သက်တဲ့ ကိစ္စအားလုံးကို တာဝန်ယူလိမ့်မယ်။ ဒါ့အပြင် ငါတို့က ထျန်းရွှမ်ကြေးမုံကိုလည်း ဆက်ပြီး မြှင့်တင်သွားမယ်။ လက်ရှိမှာ နန်းတွင်းက ဝန်ကြီးတွေနဲ့ ပြည်နယ်ကိုးခု၊ ခရိုင်သုံးဆယ့်ခြောက်ခုက အထက်ပိုင်းအရာရှိတွေပဲ ထျန်းရွှမ်ကြေးမုံငယ်ကို ပိုင်ဆိုင်ထားကြတယ်။ ဒါပေမယ့် ဒီနေ့ပြီးရင် ထျန်းရွှမ်ကြေးမုံကို ချင်နယ်မြေတစ်ခုလုံး ဖြန့်ချိသွားမယ်။ ချင်အင်ပါယာရဲ့ အရာရှိတိုင်းက ထျန်းရွှမ်ကြေးမုံငယ်ကို ရရှိလိမ့်မယ်။ ရွာလူကြီးတစ်ယောက်ကိုတောင် ထျန်းရွှမ်ကြေးမုံ ပေးအပ်သွားမယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ အမြော်အမြင်က ကြီးမားလှပါတယ်။ ချင်အင်ပါယာက အရာရှိအားလုံးသာ ထျန်းရွှမ်ကြေးမုံငယ်ကို ရရှိသွားရင် အုပ်ချုပ်ရေးက ဘာအတားအဆီးမှ ရှိတော့မှာ မဟုတ်ပါဘူး။ နိုင်ငံခြောက်ခုက အကြွင်းအကျန်တွေ ပုန်းအောင်းဖို့ နေရာရှာရတာ အရမ်းခက်ခဲသွားလိမ့်မယ်။ " ဝမ်ကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ချင်အင်ပါယာ၏ နယ်မြေအတွင်း ရွာလူကြီးတစ်ယောက်ပင် ထျန်းရွှမ်ကြေးမုံငယ်ကို ပိုင်ဆိုင်နိုင်လျှင် သတင်းအချက်အလက်များက နှောင့်နှေးခြင်းမရှိပေးပို့နိုင်သည်။ သံသယဝင်စရာလူတစ်ယောက်ကို တွေ့လျှင် ခရိုင်အုပ်ချုပ်ရေးမှူးကို ချက်ချင်း သတင်းပို့နိုင်ပြီး ခရိုင်စစ်သည်များကို ချက်ချင်း စုစည်းနိုင်သည်။ ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က ရှန်းယန်တွင် နေထိုင်ပြီး ကမ္ဘာကြီးကို ထိန်းချုပ်ထားနိုင်ပေလိမ့်မည်။
" အစိုးရရုံးတွေမှာ အကောင်အထည်ဖော်တာက ပထမအဆင့်ပဲရှိသေးတယ်။ နောက်ဆုံးအဆင့်က ချင်အင်ပါယာတစ်ခုလုံးကို ဖြန့်ဝေဖို့ပဲ။ ထျန်းရွှမ်ကြေးမုံက ပြည်သူတွေကို အထောက်အထား စစ်ဆေးတဲ့ ပစ္စည်းအဖြစ်လည်း အသုံးပြုသွားမယ်။ " ကျောက်ဖုန်းက အရာရှိများအားလုံးကို ကြည့်ပြီး ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားက အမြော်အမြင် ကြီးမားလှပါတယ်။ အစိုးရရုံးတွေမှာ မှတ်တမ်းတင်ထားတဲ့အတိုင်း ထျန်းရွှမ်ကြေးမုံကို ထုတ်ပေးရင် အနာဂတ်မြို့ထဲဝင်တဲ့အခါ အထောက်အထားပြစရာ ထျန်းရွှမ်ကြေးမုံမရှိရင် သူတို့က တောင်ပေါ်က ဓားပြ၊ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေ ဖြစ်လိမ့်မယ်။ ဒီလိုသာဆိုရင် ချင်အင်ပါယာက ရှန်းကျိုးနယ်မြေကို အပြည့်မဝ ထိန်းချုပ်နိုင်ပြီး ရှုပ်ထွေးမှုတွေ ရှိတော့မှာ မဟုတ်ဘူး။ " ဟန်ဖေးက လေးစားစွာ ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားက အမြော်အမြင် ကြီးမားလှပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။
" စစ်သေနာပတိချုပ် စစ်တပ်မှာ အခြေအနေ ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက ဝမ်ကျန့်ကို ကြည့်ပြီး မေးလိုက်သည်။
" အိမ်ရှေ့စံမင်းသား စခန်းငါးခုလုံးမှာ ထျန်းရွှမ်ကြေးမုံကို ဖြန့်ဝေပြီးပါပြီ။ အိမ်ရှေ့စံမင်းသားချီးမြှင့် အခြေခံသိုင်းပညာတွေကိုလည်း စစ်သည်တွေကို သင်ကြားပေးပြီးပါပြီ။ အခုဆိုရင် စစ်တပ်တစ်ခုလုံးက သိုင်းပညာကို လေ့ကျင့်နေကြပြီး စစ်ရေးအင်အားကလည်း တိုးတက်လာပါပြီ။ " ဝမ်ကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" အင်း။ ကျောင်းတော်တွေ တည်ဆောက်တာကရော ဘယ်လိုလဲ။ " ကျောက်ဖုန်းက လီစီကို ကြည့်ပြီး မေးလိုက်သည်။
" အိမ်ရှေ့စံမင်းသား ပြည်နယ်ကိုးခုမှာ ကျောင်းတော်တွေကို တည်ထောင်ပြီးပါပြီ။ နိုင်ငံတော်ဘဏ္ဍာကလည်း အများကြီး ကုန်ကျနေပါတယ်။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားရဲ့ အမိန့်အတိုင်း ကျောင်းသားတွေကို လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြိ။ " လီစီက ချက်ချင်း ပြန်ဖြေလိုက်သည်။
" ပညာရှင်တွေကို စုစည်းတာကရော ဘယ်လိုလဲ။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
ထိုအချိန်ကတည်းက ပညာရပ်အမျိုးမျိုးမှ ပညာရှင်များကို စုဆောင်းရန် အမိန့်ထုတ်ပြီးနောက် ပညာရှင်များစွာက ရှန်းယန်မြို့တော်သို့ ရောက်လာခဲ့ကြသည်။ လီစီက ထိုပညာရှင်များကို လက်ခံပြီး ကျောက်ဖုန်းက သူတို့ကို စစ်ဆေးခဲ့သည်။ ကျောင်းတော်များတွင် ကျောက်ဖုန်းက ပညာရပ်တစ်ခုတည်းကို သင်ကြားပေးမည်မဟုတ်ဘဲ ပညာရပ်အမျိုးမျိုးတွင် အရည်အချင်းရှိသူများကို လိုချင်ခြင်းဖြစ်သည်။
ကျန်းလျန်၏ အတွေးက မမှားပေ။ ကျောင်းတော်များက အရည်အချင်းရှိသူများကို မွေးထုတ်ပေးရန်သာမက ပြည်သူတွေကို ချင်အင်ပါယာအား သစ္စာရှိစေရန်လည်း ပါဝင်သည်။ နောက်နှစ်အနည်းငယ်အတွင်း နိုင်ငံအသီးသီးမှ ပြည်သူများက သူတို့၏ နိုင်ငံဟောင်းများကို တမ်းတနေမည်မဟုတ်တော့ဘဲ အားလုံးက ချင်နိုင်ငံသားများ ဖြစ်သွားကြပေလိမ့်မည်။
" စိတ်ချပါ အိမ်ရှေ့စံမင်းသား။ ပညာရှင်တွေကို ကျောင်းတော်အသီးသီးမှာ ခွဲထားပြီးပါပြီ။ အနာဂတ်မှာ ခရိုင်ကျောင်းတော်ကို ရောက်လာတဲ့ ကျောင်းသားတွေက အဲ့ဒီမှာ ဘယ်ကျောင်းတော်ကို တက်မလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ " လီစီက ပြန်ပြောလိုက်သည်။
" ကျောင်းတော်တွေအားလုံးပြီးစီးသွားပြီဆိုတော့ အမိန့်ထုတ်ပြန်လိုက်ပါ။ ပြည်နယ်ကိုးခုနဲ့ ခရိုင်သုံးဆယ်ခြောက်ခုက ကျောက်နေအရွယ် ကျောင်းသားတွေက စာရေးစာဖတ်သင်ယူဖို့ ကျောင်းအပ်ထားနိုင်ပြီ။ ဒါအပြင် မြို့ကျောင်းတွေမှာ နှစ်နှစ်ကျောင်းတက်ရမှာ ဆိုပေမယ့် တစ်ယောက်ယောက်က ထူးချွန်ရင် စာမေးပွဲကို စောစောဖြေဆိုနိုင်တယ်။ အောင်မြင်တဲ့သူတွေက ခရိုင်ကျောင်းတော်တွေကို ဆက်တက်နိုင်တယ်။ " ကျောက်ဖုန်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားက အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။
" ကျောင်းတော်ကိစ္စက ပြီးသွားပြီ။ မူဝါဒလေးခုကလည်း အောင်မြင်သွားပြီ။ အခု ချင်အင်ပါယာက အကောင်အထည်ဖော်ရမယ့် မူဝါဒတစ်ခုကျန်သေးတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
ကျောက်ဖုန်း၏ အမူအရာကို ကြည့်ပြီး အရာရှိအားလုံး၏ အမူအရာများက လေးနက်သွားကြသည်။
" ရှန်းကျိုးနယ်မြေမပေါင်းစည်းခင်က မြေယာတွေကို နိုင်ငံပိုင်အဖြစ် သတ်မှတ်ပြီး ရာထူးဘွဲ့ထူးရှိသူတွေက မြေယာတွေ ပိုင်ဆိုင်ခွင့်ရှိမယ်။ ချင်အင်ပါယာအတွက် စွမ်းဆောင်တဲ့သူတွေက မြေယာချီးမြှင့်ခံရမယ်။ ဒါပေမယ့် အရင်နိုင်ငံခြောက်ခုမှာ ဒီမူဝါဒကို အကောင်အထည် မဖော်ရသေးဘူး။ မြေယာတွေကို နိုင်ငံခြောက်ခုက အထက်တန်းလွှာတွေနဲ့ သူဌေးတွေက သိမ်းပိုက်ထားကြတယ်။ "
" မြေယာ၊ လယ်ယာမြေတွေ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ဒါက နိုင်ငံတစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒီတစ်ခါ မြေယာတွေကို ပြန်သိမ်းဖို့ ငါ ဆုံးဖြတ်ပြီးပြီ။ ချင်နယ်မြေအတွင်းမှဦ ရာထူးဘွဲ့ထူးနဲ့ ပေးအပ်ထားတဲ့ မြေတွေကလွဲရင် အခြားမြေယာတွေအားလုံးကို အစိုးရပိုင်အဖြစ် ပြန်သိမ်းမယ်။ ပြန်သိမ်းပြီးရင် မြေယာတွေကို အရောင်းအဝယ် လုံးဝ လုပ်ခွင့်မပေးဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
ခေတ်အဆက်ဆက် ပုန်ကန်သူများ ပေါ်ပေါက်လာသည့် အကြောင်းရင်းမှာ မြေယာများကို အထက်တန်းလွှာများက သိမ်းပိုက်ထားပြီး သာမန်ပြည်သူများက လုပ်ကိုင်စားသောက်ရန် မြေယာမရှိသောကြောင့် နောက်ဆုံးတွင် ပုန်ကန်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။ ကျောက်ဖုန်းက မြေယာများကို သိမ်းယူပြီး လူဦးရေစာရင်းအတိုင်း ခွဲဝေပေးမည်ဖြစ်သည်။ မခွဲဝေရသေးသော မြေယာများကို အစိုးရပိုင်အဖြစ် ဆက်လက်သိမ်းဆည်းထားမည်ဖြစ်သည်။
" အိမ်ရှေ့စံမင်းသား မြေယာတွေကို အစိုးရပိုင်အဖြစ် သိမ်းဆည်းပြီးရင် မြေယာမဲ့တွေက ဘယ်လိုလုပ်ရမလဲ။ " ဟန်ဖေးက မေးလိုက်သည်။