← Chapters

အခန်း ၅၀၆

Vol. 51 Ch. 506

အခန်း ၅၀၆

Vol. 51 Ch. 506

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို

အခန်း (၅၀၆)

" ရွှီဖု မင်း မကောင်းတဲ့ အကြံတွေမထုတ်ဖို့တော့ သတိပေးချင်တယ်။ ရှန်းကျိုးက အခု အင်မော်တယ်တွေအတွက် တားမြစ်နယ်မြေဖြစ်ပေမယ့် နှစ်တစ်ထောင်အတွင်းမှာ အင်မော်တယ်တွေက အဲ့ဒီကို ဝင်နိုင်လိမ့်မယ်။ " အင်မော်တယ်တမန်တော်က အေးစက်စွာ ပြောလိုက်သည်။

ထိုခန်းမထဲတွင် ဒူးထောက်နေသူက ချင်အင်ပါယာ ဆေးဖော်စပ်ခြင်းခန်းမ၏ ခေါင်းဆောင်ဟောင်း ရွှီဖုပင်ဖြစ်သည်။

" ရှန်းကျိုးမှာ ပြောင်းလဲမှုတွေ ဖြစ်လာမှာလား။ " ရွှီဖုက စိုးရိမ်စွာ မေးလိုက်သည်။

" နှစ်တစ်ထောင်အတွင်းမှာ လူသားဘုံက မြေကြီးအင်မော်တယ်ဘုံနဲ့ ပေါင်းစပ်သွားပြီး ကောင်းကင်နဲ့ မြေကြီးက တစ်ခုတည်းဖြစ်သွားလိမ့်မယ်။ အရင် လူသားမျိုးနွယ်ရဲ့ ဧကရာဇ်ငါးပါးက ကောင်းကင်တိုင်ကို ဖြတ်တောက်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ လမ်းကြောင်းကို ပိတ်လိုက်တာကြောင့် အင်မော်တယ်တွေ လူသားဘုံကို မဆင်းနိုင်တော့ဘူး။ ဒါကို အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ။ လူသားဘုံနဲ့ မြေကြီးအင်မော်တယ်ဘုံက ပေါင်းစည်းသွားရင် ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာစွမ်းအားက ဟာသတစ်ခုဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ...."

အင်မော်တယ်တမန်တော်က ရွှီဖုကို အေးစက်စွာ ကြည့်လိုက်သည်။ " မင်းငါ့ကို သစ္စာရှိရှိအမှုထမ်းရင် မင်းကို အင်မော်တယ်ဖြစ်အောင် လုပ်ပေးဖို့က ပြဿနာမရှိဘူး။ ဒါပေမယ့် မင်းငါ့ကို သစ္စာဖောက်ရင်တော့ ငါမင်းကို ခွင့်မလွှတ်ဘူး။ "

" ကျွန်တော်မျိုး အင်မော်တယ်တမန်တော်ကို သေတဲ့အထိ အမှုထမ်းပါမယ်။ " ရွှီဖုက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ကောင်းပြီ။ ရှန်းကျိုးကို သွားပြီး ငါ့အတွက် လူတွေ ဖမ်းခေါ်လာခဲ့။ အဲ့ဒီအချိန်ကျရင် ငါမင်းကို အသက်ရှည်ဆေးပေးမယ်။ ဒါဆို မင်းအသက်ပိုရှည်သွားလိမ့်မယ်။ " အင်မော်တယ်တမန်တော်က ပြောလိုက်သည်။

အသက်ရှည်ဆေး​အကြောင်း ကြားလိုက်ရသောအခါ ရွှီဖုက စိတ်အားထက်သန်သွားပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုး အမိန့်ကို နာခံပါမယ်။ "

" ရှန်းကျိုးကို သွားတော့။ ပြီးရင် ချင်ဘုရင်ကို အဆိပ်ဆေးတွေ ဆက်တိုက်နေဦး။ သူ အသက်ရှည်နေရင် လူသားဘုံနဲ့ မြေကြီးအင်မော်တယ်ဘုံ ပေါင်းစည်းဖို့က အနှောက်အယှက်ဖြစ်နေလိမ့်မယ်။ သူသေမှ ရှန်းကျိုးက ရှုပ်ထွေးသွားပြီး ကံကြမ္မာစွမ်းအား ပြိုကွဲသွားမှ ငါတို့ အခွင့်အရေးပိုရလိမ့်မယ်။ " အင်မော်တယ်တမန်တော်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ရွှီဖုက လေးစားစွာ ပြောလိုက်သည်။

" ရှန်းကျိုး ကံကြမ္မာစွမ်းအားပြိုကွဲသွားအောင် ငါလုပ်နိုင်ရင် အထက်လူကြီးတွေက ငါ့ကို ဆုချမှာသေချာတယ်။ " အင်မော်တယ်တမန်တော်က မျှော်လင့်ချက်များဖြင့် တွေးလိုက်သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။ ချင်အင်ပါယာ၏ အကောင်အထည်ဖော်မှုကြောင့် အထက်တန်းလွှာများက နောက်လိုက်များ စုဆောင်းပြီး ပုန်ကန်ရန် ကြံစည်ခဲ့ကြသည်။ ချင်အင်ပါယာ၏ အဓိကနယ်မြေမှ လွဲ၍ ယခင် ခြောက်နိုင်ငံ၏ နယ်မြေအားလုံးနီးပါးတွင် ပုန်ကန်မှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုနိုင်သည်။

သို့သော် သူတို့၏ ပုန်ကန်မှုများက လျင်မြန်စွာ ဖြစ်ပေါ်လာပြီး လျင်မြန်စွာ အဆုံးသတ်သွားခဲ့သည်။ အချို့နေရာများတွင် စစ်တပ်က စတင်လှုပ်ရှားစရာမလိုဘဲ သန်မာသော ပြည်သူများက တုတ်ဓားများကို ကိုင်ပြီး ထိုပုန်ကန်သူအထက်တန်းလွှာများကို ဖမ်းဆီးခဲ့ကြသည်။ ချင်စစ်တပ်ရောက်လာချိန်တွင် ပြည်သူများက ပုန်ကန်သူများကို အပ်နှံခဲ့သည်။ ပြည်သူများ၏ နှလုံးသားက ချင်ဘက်တွင် ရှိနေသည်မှာ ထင်ရှားသည်။

ရှန်းယန်မြို့ နံနက်ခင်း ညီလာခံခန်းမ။

" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား ပြည်နယ်ကိုးခုက အုပ်ချုပ်ရေးမှူးတွေက အစီရင်ခံထားပါတယ်။ အခု ချင်အင်ပါယာက ရာထူးဘွဲ့ထူးရှိသူတွေ ပိုင်ဆိုင်တဲ့ မြေယာတွေကလွဲရင် ကျန်ရှိတဲ့ မြေယာတွေအားလုံးကို သိမ်းဆည်းပြီးပါပြိ။ အဲ့ဒါတွေကို ပြည်သူတွေကို အချိန်မရွေး ခွဲဝေလို့ ရပါပြီ။ " လွီပုဝေက ထရပ်ပြီး ပြောလိုက်သည်။

" မြေယာတွေသိမ်းယူရာမှာ အထက်တန်းလွှာများစွာ ပါဝင်ခဲ့ပါတယ်။ အခု ပြဘ်သူတွေရဲ့ အကူအညီနဲ့ ပုန်ကန်သူ အထက်တန်းလွှာတွေနဲ့ နောက်လိုက်တွေကို စစ်တပ်က ဖမ်းဆီးထားပါတယ်။ အခု ပြည်နယ်ကိုးခုက အကျဉ်းထောင်တွေမှာ ပြည်လုနီးပါးဖြစ်နေပြီး အပြင်မှာလည်း အများကြီးရှိနေပါတယ်။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ ဆုံးဖြတ်ပေးပါဦး။ " လီစီကလည်း ထရပ်ပြီး ပြောလိုက်သည်။

" ပုန်ကန်မှုနဲ့ သစ္စာဖောက်မှုက ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုပဲ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ပုန်ကန်သူ ခေါင်းဆောင်တွေကို ကွပ်မျက်ပြီး နောက်လိုက်တွေကိုတော့ ယောကျာ်းတွေကို ကျွန်အဖြစ် သတ်မှတ်ပြီး မိန်းမတွေကို ပြည့်တန်ဆာအဖြစ် သတ်မှတ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ ချင်အင်ပါယာအား ပုန်ကန်သူများကို သူက သနားညှတာမှုပြနေမည်မဟုတ်ပေ။

" အမိန့်အတိုင်းပါ။ " လီစီက ချက်ချင်း ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား အခု မြေယာခွဲဝေရေးမူဝါဒကို စုစည်းပြီးပါပြီ။ " လွီပုဝေက မှတ်တမ်းတစ်ခုကို တင်ပြလိုက်သည်။

မိန်းမစိုးတစ်ယောက်က မှတ်တမ်းကို ယူပြီး ရင်ကျန့်ကို ဆက်သလိုက်သည်။ ရင်ကျန့်က မှတ်တမ်းကို ဖွင့်ကြည့်လိုက်သည်။

" ကျုံးဖုက မြေယာခွဲဝေရေးမူဝါဒကို ကောင်းကောင်းရေးဆွဲထားတာပဲ။ ပထမဆုံး အမျိုးသားရှိတဲ့ အိမ်ထောင်စုကို မြေနှစ်ဧက ပေးမယ်။ အမျိုးသမီးပဲ ရှိတဲ့ အိမ်ထောင်စုကို မြေတစ်ဧကပေးမယ်။ ချင်အင်ပါယာအတွက် တိုက်ခိုက်ရင်း ထိခိုက်သွားတဲ့သူတွေကို အရင်ပေးထားတဲ့ မြေအပြင် နောက်ထပ်ငါးဧကထပ်ပေးမယ်။ ဖုန်းအာ ဘယ်လိုထင်လဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။

" ကောင်းပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ဒါဆို ဒီမြေယာခွဲဝေရေးမူဝါဒကိုပဲ သုံးကြမယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ချက်ချင်း အကောင်အထည်ဖော်ခိုင်းလိုက်ပါ။ စိုက်ပျိုးချိန်မတိုင်ခင် ပြည်သူအားလုံး စိုက်ပျိုးဖို့ မြေယာတွေ ရှိနေရမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အမိန့်တော်အတိုင်းပါ။ " လွီပုဝေက ပြန်ပြောလိုက်သည်။

" မနေ့က နယ်စပ်စစ်သူကြီးဆီက အစီရင်ခံစာရပါတယ်။ တုအန်းနိုင်ငံက မင်းသမီးနဲ့ မင်္ဂလာလက်ဆောင်တွေကို အဆင်သင့်ပြင်ပြီးပါပြီ။ " ဟန်ဖေးက ပြောလိုက်သည်။

" နိုင်ငံငယ်လေးတစ်ခုရဲ့ မင်းသမီးပဲ။ တပ်မှူးတစ်ယောက်ကို လွှတ်ပြီး ကြိုဆိုခိုင်းလိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။

" နားလည်ပါပြီ။ " ဟန်ဖေးက ခေါင်းညိမ့်လိုက်သည်။

" ဒီမူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ ဝန်ကြီးတွေအားလုံး ပါဝင်ဆောင်ရွက်ခဲ့တယ်။ ချင်အင်ပါယာအတွက် စွမ်းဆောင်ပေးသူမှန်သမျှ ငါရော ခမည်းတော်ကပါ ကောင်းကောင်းဆုချီးမြှင့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ သူက လက်ဝှေ့ရမ်းလိုက်သည်နှင့် ထျန်းရွှမ်ကြေးမုံက ပေါ်လာသည်။

" နန်းတွင်းအရာရှိတွေ၊ ပြည်နယ်ကိုးခုနဲ့ ခရိုင် ၃၆ခုက အုပ်ချုပ်ရေးမှူးတွေကို သိုင်းတာအိုကျင့်စဉ် ပထမအဆင့်နဲ့ အခြေတည်ဆေးလုံးတစ်ပုလင်းကို ပေးအပ်မယ်။ ထျန်းရွှမ်ကြေးမုံရဲ့ ကျင့်ကြံခြင်းနေရာကို ဖွင့်လှစ်ခွင့်အာဏာကို ပေးအပ်လိုက်တယ်။ စွမ်းဆောင်မှုရမှတစ် ၁၀၀၀ကိုလည်း ချီးမြှင့်လိုက်တယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

သူ၏ စကားဆုံးသည်နှင့် အရာရှိအားလုံးက ဝမ်းသာသွားကြသည်။ အကြောင်းမှာ ကျောက်ဖုန်းချီးမြှင့်လိုက်သော ကျင့်စဉ်နှင့် ဆေးလုံးများကို သူတို့၏ ထျန်းရွှမ်ကြေးမုံထဲတွင် ခံစားမိလိုက်ကြသောကြောင့် ဖြစ်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " အရာရှိများအားလုံးက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်သည်။

" ငါပြောခဲ့လိုပဲ။ ကမ္ဘာကြီးက ကျယ်ဝန်းပြီး ကောင်းကင်ဘုံက ကျယ်ပြန့်ပါတယ်။ စည်းစိမ်ဥစ္စာနဲ့ အာဏာတွေပေါ်မှာပဲ အာရုံစိုက်မနေနဲ့။ အနာဂတ်မှာ ချင်ရဲ့ လမ်းကြောင်းက ရှည်လျားသလို ဝန်ကြီးတွေရဲ့ လမ်းကြောင်းကလည်း ရှည်လျားတယ်။ ကျင့်စဉ်တွေကို ချီးမြှင့်ပြီး အားလုံးက ကျင့်ကြံနိုင်ကြတယ်။ ဒါပေမယ့် ကျင့်ကြံခြင်းလမ်းစဉ်က အရည်အချင်းနဲ့ လုံးလဝရိယအပေါ်မူတည်တယ်။ အနာဂတ်မှာ အားလုံး ချင်အင်ပါယာရဲ့ ခရီးကို လိုက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ကျင့်ကြံခြင်းလမ်းစဉ်က အမြဲတမ်း ချောမွေ့နေမည်မဟုတ်ပေ။ အကယ်၍ ထိုသို့သာ မဟုတ်လျှင် တစ်ကမ္ဘာတစ်ခုလုံးက ကျင့်ကြံသူများ ဖြစ်လာပေလိမ့်မည်။ အရည်အချင်းကန့်သတ်ချက်၊ အရင်းအမြစ် ကန့်သတ်ချက်၊ ကန့်သတ်ချက်များစွာ ရှိနေသည်။

" ကောင်းပြီ။ အခုမြေယာခွဲဝေရေးကလည်း ရေးဆွဲပြီးပြီ။ အခု ထျန်းရွှမ်ကြေးမုံကို ပြည်သူတွေဆီ ဖြန့်ဝေပေးဖို့ အချိန်ကျပြီ။ ဝန်ကြီးတို့ အကြံပြုချင်တာ ရှိသေးလား။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား ဖြန့်ဝေဖို့အတွက် ရွာ၊ မြို့နယ်၊ ခရိုင်နဲ့ ပြည်နယ်အစိုးရအထိ ထျန်းရွှမ်ကြေးမုံခွဲဝေမှုကို သတ်မှတ်ဖို့လိုပါတယ်။ ကြေးမုံကို ရယူဖို့အတွက် အိမ်ထောင်စုစာရင်းကို သက်သေအဖြစ် သုံးရပါမယ်။ အိမ်ထောင်စုစာရင်းမရှိရင် ထျန်းရွှမ်ကြေးမုံကို ရယူလို့မရပါဘူး။ ဒီလိုဆိုရင် နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေ၊ တိုင်းတစ်ပါးသားသူလျိုတွေက ထျန်းရွှမ်ကြေးမုံကို ရယူတာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။ " ဟန်ဖေးက လေးစားစွာ ပြောလိုက်သည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

ထျန်းရွှမ်ကြေးမုံက မှောရတနာတစ်ခုဖြစ်ပြီး ကြေးမုံငယ်များ၏ အခွင့်အာဏာအားလုံးက ကျောက်ဖုန်း၏ ခွင့်ပြုချက်လိုအပ်သည်။ သူလျိုများက ထျန်းရွှမ်ကြေးမုံကို ရယူလျှင်တောင် ကျောက်ဖုန်းက ချက်ချင်း သိနိုင်သည်။ ၎င်းက သူတို့ကိုသူတို့သာ ထိခိုက်စေပေလိမ့်မည်။

" ဒါဆို အပြည့်အဝ အကောင်အထည်ဖော်ကြတာပေါ့။ ချင်ပြည်သူအားလုံး ထျန်းရွှမ်ကြေးမုံကို ပိုင်ဆိုင်သွားတာနဲ့ စွမ်းဆောင်မှုရမှတ်တွေ လဲလှယ်မှုကိုလည်း စတင်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ဟန်ဖေးက ပြောလိုက်သည်။

ထိုအချိန်တွင် ရှောင်ဟီက ထရပ်လိုက်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသား ရှုနယ်မြေက အရာရှိတစ်ယောက်တင်ပြလာတာ သတ္တုတူးဖော်ရေးအဖွဲ့က အခြားသတ္တုကြောတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီကနေ တူးဖော်ရရှိတဲ့ ကျောက်တုံးတွေက ထူးဆန်းစွာနဲ့ တောက်ပနေပါတယ်။ ဒါတွေက ရှုပြည်နယ်က တူးဖော်ရရှိခဲ့တဲ့ ကျောက်တုံးတွေပါ။ " ရှောင်ဟီက ပြောပြီး သေတ္တာတစ်ခုကို ဖွင့်ပြလိုက်သည်။

All Chapters