← Chapters

အခန်း ၅၀၇

Vol. 51 Ch. 507

အခန်း ၅၀၇

Vol. 51 Ch. 507

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၅၀၇)

ကျောက်ဖုန်းက သေတ္တာထဲမှ အဖြူရောင်အလင်းဖျော့ဖျော့ တောက်ပနေသော ကျောက်တုံးများကို ကြည့်ပြီး ရုတ်တရက် ဝမ်းသာသွားသည်။

" ဟားဟား.... ကောင်းကင်ဘုံက ချင်ကို ကူညီနေတာပဲ။ စိတ်ဝိညာဉ်ကျောက်တုံး ငါ အစောကြီးကတည်းက စဉ်းစားခဲ့မိသင့်တယ်။ ချင်နယ်မြေက စိတ်ဝိညာဉ်​စွမ်းအားတွေ ဒီလောက်ကြွယ်ဝတာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ဘယ်လိုလုပ်မရှိဘဲနေမှာလဲ။ "

" ဖုန်းအာ အဲ့ဒီကျောက်တုံးတွေက ရတနာတစ်ခုခုလား။ " ရင်ကျန့်က ကျောက်ဖုန်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။

ကျောက်ဖုန်းက ပြုံး၍ လက်ဝှေ့ရမ်းလိုက်ရာ ရှောင်ဟီ၏ လက်ထဲမှ သေတ္တာက ကျောက်ဖုန်း၏ လက်ထဲသို့ ပျံသန်းလာသည်။ အရာရှိများအားလုံးက ကျောက်ဖုန်းကို လေးစားစွာဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ အိမ်ရှေ့စံမင်းသားက အင်မော်တယ်အဖြစ် သိထားကြသော်လည်း ကျောက်ဖုန်းတစ်ခုခုလုပ်တိုင်း သူတို့အံ့ဩနေရဆဲ ဖြစ်သည်။

" ဒါက စိတ်ဝိညာဉ်ကျောက်တုံးပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" သူ့ရဲ့ အသုံးဝင်ပုံက ဘာလဲ။ " ရင်ကျန့်က ထပ်မေးလိုက်သည်။

" ခမည်းတော်က ရှန်ထျန်းအဆင့်ကို ရောက်နေပြီဆိုတော့ စိတ်ဝိညာဉ်စွမ်းအားကို ခံစားမိမှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ခံစားမိတယ်လေ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

သိုင်းတာအိုတွင် ရှန်ထျန်းအဆင့်ကိုရောက်မှ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူပြီး ကျင့်ကြံနိုင်သည်။

" စိတ်ဝိညာဉ်ကျောက်တုံးက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားတွေကို စုပ်ယူပြီး သန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ပါဝင်တယ်။ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျင့်ကြံရင် ရလဒ်က နှစ်ဆဖြစ်လိမ့်မယ်။ အရေးကြီးဆုံးကတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင် အနာဂတ်မှာ ထျန်းရွှမ်ကြေးမုံရဲ့ ကျင့်ကြံခြင်းနေရာအတွက် စွမ်းအားကုန်ဆုံးမှာ စိတ်ပူစရာမလိုတော့ဘူး။ စိတ်ဝိညာဉ်ကျောက်တုံးတွေသာ လုံလောက်ရင် ချင်ပြည်သူတွေက ကျင့်ကြံခြင်းနေရာမှ ကျင့်ကြံနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျင့်ကြံခြင်းနေရာကို ဖွင့်လှစ်ခွင့်ရသူများက စွမ်းဆောင်မှုရမှတ်များကို အသုံးပြုပြီး စွမ်းအားများ ထောက်ပံ့ရန်အတွက် ကျောက်ဖုန်းက စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုနေရသည်။ သူပိုင်ဆိုင်သော စိတ်ဝိညာဉ်ကျောက်တုံးများက ကြာကြာမခံနိုင်ပေ။

" ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေက အဲ့လောက်တောင် ထူးခြားတာလား။" ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ကတည်းက ကျောက်ဖုန်းက သူ့ကို ဆေးလုံးများသာ ပေးခဲ့သည်။ ရှန်ထျန်းအဆင့်ကို ရောက်သည်မှာ မကြာသေးသောကြောင့် ကျောက်ဖုန်းက စိတ်ဝိညာဉ်ကျောက်တုံးများ မထောက်ပံ့ပေးနိုင်သေးပေ။

" အဲ့ဒီသတ္တုကြောရဲ့ အတိုင်းအတာကို စစ်ဆေးပြီးပြီလား။ " ကျောက်ဖုန်းက ရှောင်ဟီကို မေးလိုက်သည်။

" အိမ်ရှေ့စံမင်းသား ဒီသတ္တုကြောထဲမှာ ကျောက်တုံးတွေ မဟုတ်ပါဘူး စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေပါတယ်။ " ရှောင်ဟီက ချက်ချင်း ပြန်ဖြေလိုက်သည်။

" အရမ်းကောင်းတယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ " ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ဒီနေ့ကစပြီး ချင်နယ်မြေတစ်ခုလုံးမှာ စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောတွေကို အစွမ်းကုန် ရှာဖွေပါ။ စိတ်ဝိညာဉ်ကျောက်တုံး​တွေကို တူးဖော်ဖို့ သီးသန့်အဖွဲ့တစ်ခု ဖွဲ့စည်းပါ။ တူးဖော်ရရှိတာနဲ့ ထျန်းရွှမ်ကြေးမုံကတစ်ဆင့် စုပ်ယူရမယ်။ "

" ဒါ့အပြင် ချင်နယ်မြေထဲက စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောအားလုံးက အင်ပါယာပိုင်ဖြစ်တယ်။ တွေ့ရှိတာနဲ့ ချက်ချင်း သတင်းပေးရမယ်။ စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောကို တေ့လ့ပြီး မတင်ပြတာ ဒါမှမဟုတ် တိတ်တဆိတ် တူးဖော်တာမျိုးလုပ်ရင် ပြင်းထန်တဲ့ အပြစ်ပေးခံရမယ်။ စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြော ရှာတွေ့တဲ့သူကို ရွှေတစ်ထောင် ဆုချီးမြှင့်မယ်။ "

စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောများ ပေါ်လာခြင်းက ချင်အင်ပါယာအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။ စိတ်ဝိညာဉ်ကျောက်တုံးများကို အရင်းအမြစ်အဖြစ်အသုံးပြုပြီး ထျန်းရွှမ်ကြေးမုံ၏ ကျင့်ကြံခြင်းနေရာကို ဖွင့်လှစ်လိုက်လျှင် ချင်အင်ပါယာက သိုင်းတာအိုခေတ်ကို အချိန်မတိုင်မီ ရောက်ရှိသွားပေလိမ့်မည်။

" အမိန့်အတိုင်းပါ။ " ရှောင်ဟီက ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ ဆက်ပြီး ဆွေးနွေးကြတာပေါ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပေါလိုက်သည်။

ထိုအချိန်တွင် ချန်ဖျင်က ရှေ့ထွက်လာပြီး လေးစားစွာ ပြောလိုက်သည်။ " ပေါင်းစပ်လေး၊ ပေါင်းစပ်ဒူးလေး၊ ဆက်တိုက်ပစ်ဒူးလေး၊ မိုဓား၊ သံချပ်ကာအင်္ကျီတွေကို ထုလုပ်ပြီးပါပြီ။ ဒီလက်နက်တွေရဲ့ စွမ်းအားကို ကောင်းကောင်းပြသနိုင်ဖို့အတွက် ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ လိုက်ကြည့်ပေးဖို့ တောင်းဆိုပါတယ်။ "

" ဖုန်းအာ တီထွင်ထားတဲ့ လက်နက်တွေဆိုတော့ အားကောင်းမှာ သေချာတယ်။ အရာရှိတို့ အတူတူသွားကြည့်ကြတာပေါ့။ " ရင်ကျန့်က ရယ်မောပြီး ပလ္လင်ပေါ်မှ ထရပ်လိုက်သည်။

" ဟားဟား...." ကျောက်ဖုန်းက ရယ်မောပြီး ဘာမှမပြောပေ။

ညီလာခံခန်းမ၏ အပြင်ဘက်ရှိ ရင်ပြင်တွင် မြားပစ်မှတ် အနည်းငယ်ကို ပြင်ဆင်ထားသည်။ နန်းတွင်းကိုယ်ရံတော်အချို့က လက်နက်အသစ်များကို ကိုင်ဆောင်ထားကြသည်။

" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား ဒါက ပေါင်းစပ်လေးပါ။ " ချန်ဖျင်က နန်းတွင်းကိုယ်ရံတော်တစ်ယောက်ကိုင်ထားသော လေးကို ညွှန်ပြလိုက်သည်။

" အဲ့ဒါရဲ့ စွမ်းအားကို ကြည့်ကြတာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ " နန်းတွင်းကိုယ်ရံတော်က ပြောလိုက်သည်။ သူ၏ ဘေးတွင် နောက်ထပ်တစ်ယောက်ရှိနေပြီး သူက ချင်၏ မူလလေးကို ကိုင်ထားသည်။ သူတို့နှစ်ယောက်က ပစ်မှတ်နှင့် ဆယ်ကျန့်အကွာတွင် ရပ်နေသည်။

သူတို့နှစ်ယောက်က မြားများကို တင်ပြီး လေးကြိုးကို ဆွဲလိုက်ကြသည်။ လေးကြိုးကို ဆွဲလိုက်သည်နှင့် ပေါင်းစပ်လေး၏ အကူဘီးလေးက လည်သွားပြီး အင်အားများ ပိုမိုတိုးပွားလာသည်။

ဝှစ်...

မြားနှစ်ချောင်းက လေးကြိုးမှ ပြေးထွက်သွားသည်။ ပေါင်းစပ်လေးမှ ပစ်လွှတ်လိုက်သော မြားက ပစ်မှတ်ကို အရင်ရောက်သွားပြီး ချက်ချင်း ထိမှန်သွားသည်။ ကျယ်လောင်သော အသံနှင့်အတူ ပစ်မှတ်က ကြေမွသွားသည်။ မူလလေး၏ မြားက ပစ်မှတ်ကို ထိမှတ်သွားသော်လည်း ပစ်မှတ်က မူလအတိုင်း ရှိနေသည်။

" ဒီလေးက အစွမ်းထက်လှချည်လား။ "

" အိမ်ရှေ့စံမင်းသားက တကယ် ချင်ရဲ့ သူတော်စင်ပဲ။ ဒီလောက်အစွမ်းထက်တဲ့ လက်နက်တွေနဲ့ဆို ငါတို့ ချင်စစ်တပ်က ပိုကြောက်စရာကောင်းလာတော့မှာ။ "

" အံ့ဩစရာပဲ။ မြားတစ်​ချက်တည်းနဲ့ ပစ်မှတ်ကို ကြေမွသွားစေနိုင်တယ်။ "

ထိုမြင်ကွင်းကို ကြည့်ပြီး အရာရှိအားလုံးက အံ့အားသင့်သွားကြသည်။

" တကယ်ပဲ။ "ရင်ကျန့်က ခေါင်းညိမလ့လိုက်သည်။

" ဆက်လုပ်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထို့နောက် ကျောက်ဖုန်းရေးဆွဲထားသော ပေါင်းစပ်လေး၊ ပေါင်းစပ်ဒူးလေး၊ ဆက်တိုက်ပစ်ဒူးလေး၊ မိုဓားနှင့် သံချပ်ကာအင်္ကျီတို့ကို ပြသလိုက်သည်။ အထူးသဖြင့် သံချပ်ကာအင်္ကျီဖြစ်သည်။ မည်သည့်ဓား၊ မည်သည့်မြားနှင့်မှ မထိုးဖောက်နိုင်ပေ။

" ဖုန်းအာ မင်းတီထွင်ထားတဲ့ လက်နက်တွေက တကယ်ကို အင်မော်တယ်လက်နက်တွေပဲ။ ဒီလက်နက်တွေနဲ့ဆို ငါတို့ချင်စစ်တပ်က ပိုပြီး အားကောင်းလာလိမ့်မယ်။ " ရင်ကျန့်က ကျေနပ်စွာ ချီးကျူးလိုက်သည်။

" သိုင်းပညာအပြင် လက်နက်တွေကလည်း စစ်တပ်တစ်ခု အားကောင်းဖို့အတွက် အရေးကြီးပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး ချန်ဖျင်ကို လှည့်ကြည့်လိုက်သည်။ " ဒီလက်နက်တွေကို အစွမ်းကုန် ထုလုပ်ပြီး စစ်တပ်တစ်ခုလုံးကို ဖြန့်ဝေလိုက်ပါ။ "

" အမိန့်အတိုင်းပါ။ " ချန်ဖျင်က ပြန်​ပြောလိုက်သည်။

ထို့နောက် ညီလာခံပြီးဆုံးသွားပြီး အရာရှိများလည်း ပြန်သွားကြသည်။ ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က လှေကားထစ်ပေါ်တွင် ရပ်နေကြသည်။

" ဒီလက်နက်တွေနဲ့ဆို ငါတို့ ချင်စစ်တပ်က အားကောင်းလာပြီး အပြင်ဘက်နယ်မြေတွေကို ဆက်ပြီး ချဲ့ထွင်နိုင်လိမ့်မယ်။ " ရင်ကျန့်က မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။

" ကမ္ဘာကြီးက ကျယ်ဝန်းတယ်။ သားတော်တို့ ချင်အင်ပါယာက ကမ္ဘာကြီးကို သိမ်းပိုက်ရမယ်။ " ကျောက်ဖုန်း၏ မျက်လုံးများထဲတွင် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေသည်။

" ဒါပေမယ့် အခု ချင်နယ်မြေက ပေါင်းစည်းသွားပြီဆိုတော့ သားတော်လည်း နောက်တစ်ဆင့်ကို လုပ်ဆောင်လို့ရပြီ။ " ​ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" နောက်တစ်ဆင့်က ဘာလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" ခမည်းတော် သားတော်မှာ နည်းလမ်းတစ်ခုရှိတယ်။ သိုင်းတာအိုမဟုတ်ဘူး။ အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားပဲ။ ရုပ်ခန္ဓာကို အိုးအဖြစ် အင်ပါယာကံကြမ္မာစွမ်းအားနဲ့ ပေါင်းစပ်တာပဲ။ အင်ပါယာမပျက်စီးသရွေ့ ရုပ်ခန္ဓာကလည်း မပျက်စီး​ဘူး။ အင်ပါယာပိုအားကောင်းလေ ရုပ်ခန္ဓာက ပိုသန်မာလေပဲ။ ခမည်းတော် အဲ့ဒီနည်းလမ်းကို ကျင့်ကြံချင်လား။ " ကျောက်ဖုန်းက လေးနက်စွာ မေးလိုက်သည်။

" အင်ပါယာမပျက်စီးသရွေ့ ရုပ်ခန္ဓာက မပျက်စီးဘူး။ ဒါဆို ချင်အင်ပါယာက မပျက်စီးရင် ထာဝရအသက်ရှည်မယ်လို့ ပြောတာပေါ့။ " ရင်ကျန့်၏ မျက်လုံးများက တောက်ပသွားသည်။

" ဟုတ်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

ရင်ကျန့်က ခဏစဉ်းစားပြီး ပြန်ပြောလိုက်သည်။ " ဖုန်းအာ ဒီနည်းလမ်းက အရမ်းအစွမ်းထက်တယ်။ မင်းပဲ ကျင့်ကြံသင့်တယ်။ "

" ခမည်းတော် အင်ပါယာပိုအားကောင်းလေ စွမ်းအားပိုကြီးလေဆိုတော့ ဒီကံကြမ္မာစွမ်းအားကျင့်စဉ်က တကယ်အစွမ်းထက်တယ်။ အနာဂတ်မှာ ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရင် တကယ်အင်မော်တယ်တစ်ယောက်တောင် ခမည်းတော်ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီကျင့်စဉ်ကလည်း ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် ဒါက သားတော်ရဲ့ လမ်းစဉ်မဟုတ်ဘူး။ အင်ပါယာနဲ့ ချိတ်ဆက်ထားရတာပဲ။ သားတော်ရှိနေသရွေ့ ချင်အင်ပါယာက ကျဆုံးမှာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

All Chapters