← Chapters

အခန်း ၅၀၈

Vol. 51 Ch. 508

အခန်း ၅၀၈

Vol. 51 Ch. 508

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၅၀၈)

" မင်းက သိုင်းတာအိုကိုပဲ အာရုံစိုက်ချင်တာလား။ " ရင်ကျန့်က မေးခိုက်သည်။

" မဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြောပြီး အတွေးနက်သွားသည်။ " ကောင်းကင်နဲ့မြေကြီးထဲမှာ ွငြျ့စဉျတှေ အများကြီးရှိပေမယ့် သိုင်းတာအိုက အင်မော်တယ်ဖြစ်ဖို့ လမ်းစဉ်မဟုတ်ဘူး။ ဒါက ဒီကမ္ဘာမှာ တစ်ခါမှမရှိဖူးတဲ့ ကျင့်ကြံခြင်းလမ်းစဉ်တစ်ခုပဲ။ ကြီးမားတဲ့ ကံကြမ္မာစွမ်းအားကို စုစည်းဖို့ဆိုရင် ကိုယ်ပိုင်စွမ်းအားက အဲ့ဒါကို ခံနိုင်ရည်ရှိရမယ်။ သားတော်လည်း ဒီအင်ပါယာကံကြမ္မာစွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ပါတယ်။ ဒါပေမယ့် ဒါကို သားတော်ရဲ့ အဓိကလမ်းစဉ်အဖြစ် မလုပ်နိုင်ဘူး။ အနာဂတ်မှာ ဒါက သားတော်ရဲ့ အထောက်အကူပြုလမ်းစဉ်တစ်ခုပဲ ဖြစ်လိမ့်မယ်။ "

" အင်ပါယာကံကြမ္မာစွမ်းအားကို သုံးပြီး လူသားတာအိုကို ပုံဖော်မယ်။ တကယ်သာ အလုပ်ဖြစ်ခဲ့ရင် အနာဂတ်မှာ သားတော်က လူသားတာအိုရဲ့ အရှင်သခင်ဖြစ်လာပြီး အတားအဆီးအားလုံးကို ကျော်လွန်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။

သူက သူ၏ အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းအတွက် အစီအစဉ်များ ချမှတ်ထားသည်။ သိုင်းတာအိုလမ်းစဉ်ကိုတော့ လုံးဝ ဖြတ်တောက်၍မရပေ။ ထို့အပြင် သိုင်းတာအိုက ကံကြမ္မာစွမ်းအားကိုပါ အထောက်အကူအဖြစ် အသုံးပြုနိုင်သောကြောင့် ကျင့်ကြံခြင်းအရှိန်ကို မြန်ဆန်စေသည်။

သူတော်စင်နန်းတော်ကျင့်စဉ်က သန့်စင်သော ကံကြမ္မာစွမ်းအားကျင့်စဉ်တစ်ခုဖြစ်သည်။ ထိုကျင့်စဉ်နှင့် ကျောက်ဖုန်းက ချင်အင်ပါယာ၏ ကံကြမ္မာစွမ်းအားကို စုစည်းနိုင်သော်လည်း သူ့ကိုသူ အင်ပါယာနှင့် ချိတ်ဆက်ခြင်း မပြုနိုင်ပေ။

ကျောက်ဖုန်း လိုချင်သည်မှာ ထိုကံကြမ္မာစွမ်းအားကို ကျွမ်ကျင်ပိုင်နိုင်ရန်ဖြစ်သည်။ ချင်အင်ပါယာက တဖြည်းဖြည်း အားကောင်းလာသည်နှင့်အမျှ အနာဂတ်တွင် လူသားဘုံ၏ ကံကြမ္မာစွမ်းအားကို စုစည်းပြီး လူသားတာအိုကို ပြန်လည်နိုင်းထအောင် လုပ်နိုင်ကောင်း လုပ်နိုင်ပေလိမ့်မည်။ ထိုအခါ ကျောက်ဖုန်းက ၎င်းကို အသုံးပြုပြီး လူသားတာအို၏ အခွင့်အာဏာကို ရယူနိုင်ပေလိမ့်မည်။

ကောင်းကင်တာအို၊ မြေကြီးတာအိုနှင့် လူသားတာအိုတို့က မူလကမ္ဘာ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အကယ်၍ ဤကမ္မာက မူလကမ္ဘာတစ်ဖြစ်လျှင် လက်ရှိအချိန်တွင် ကောင်းကင်တာအိုက အမြင့်ဆုံးဖြစ်နေပြီး မြေကြီးတာအိုနှင့် လူသားတာအိုက ဖုံးကွယ်နေသည်။ မြေကြီးအင်မော်တယ်ဘုံက နတ်ဆိုးများ၏ အသိုက်ဖြစ်နေပြီး သက်ရှိများ၏ သွေးနှင့်အသားများကို စားသုံးနေကြသည်။

" မင်းပြောတာကို ငါ နားမလည်သေးပေမယ့် မင်းရဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်ပါ။ ဘာပဲဖြစ်ဖြစ် ခမည်းတော်က မင်းကို ထောက်ခံနေမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

အုပ်ချုပ်မှုအပိုင်းတွင် ကျောက်ဖုန်းက ရင်ကျန့်ကို မယှဉ်နိုင်ပေ။ သို့သော် ကျင့်ကြံခြင်းကိစ္စ၊ ဤကမ္ဘာကြီးနှင့် ရှေ့ဆက်ရမည့်လမ်းကြောင်းကို နားလည်သည့်နေရာတွင် ရင်ကျန့်က ကျောက်ဖုန်းကို မယှဉ်နိုင်ပေ။

" နောက်ရက်အနည်းငယ်ကြာရင် သားတော်က ချင်ရဲ့ ကံကြမ္မာစွမ်းအားကို စုစည်းပြီး အင်ပါယာကံကြမ္မာစွမ်းအားအဖြစ် ပြောင်းလဲမယ်။ အချိန်ကျရင် ခမည်းတော်က အင်ပါယာကံကြမ္မာစွမ်းအားကျင့်စဉ်နဲ့ အင်ပါယာကံကြမ္မာစွမ်းအားကို ရုပ်ခန္ဓာနဲ့ ပေါင်းစပ်ပြီး နတ်ဝိညာဉ်ကို သန့်စင်နိုင်လိမ့်မယ်။ ဒါအပြင် ကံကြမ္မာစွမ်းအားကို စုစည်းပြီးရင် ချင်ရဲ့ ဝန်ကြီးတွေလည်း ကံကြမ္မာစွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ကြလိမ့်မယ်။ သူတို့ကလည်း အင်ပါယာကံကြမ္မာစွမ်းအားကို သုံးပြီး ရန်သူတွေကို တိုက်ခိုက်နိုင်လိမ့်မယ်။ သူတို့ရဲ့ နတ်ဝိညာဉ်က ပိုသန်မာလေ သူတို့အသုံးချနိုင်တဲ့ အင်ပါယာကံကြမ္မာစွမ်းအားက ပိုအားကောင်းလေပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အင်း " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ကောင်းပြီ။ ခမည်းတော် ကျင့်စဉ်ကို ထျန်းရွှမ်ကြေးမုံကတစ်ဆင့် ပို့ပေးလိုက်မယ်။ ခမည်းတော် ဒီရက်အနည်းငယ်အတွင်း နားလည်အောင်လုပ်လိုက်ပါ။ သားတော် အင်ပါယာကံကြမ္မာစွမ်းအားကို စုစည်းပြီးရင် ခမည်းတော် ကျင့်စဉ်ကို ကျင့်ကြံနိုင်ပြီ။ " ကျောက်ဖုန်းက ပြောပြီး ကျင့်စဉ်ကို ပို့ပေးလိုက်သည်။

" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " အင်ပါယာကံကြမ္မာစွမ်းအားကို စုစည်းဖို့ ဘာလိုသေးလဲ။ "

" ချင်နယ်မြေထဲက ပြည်သူတွေက ချင်အင်ပါယာကို အသိအမှတ်ပြုလေ ကံကြမ္မာစွမ်းအားကို ပိုစုစည်းနိုင်လေပဲ။ ပြည်သူတွေက ချင်ကို အသိအမှတ်မပြုရင်တော့ သူတို့ရဲ့ ကံကြမ္မာစွမ်းအားကို အင်ပါယာကံကြမ္မာစွမ်းအားထဲ ထည့်မရတော့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒါဆို မြေယာခွဲဝေရေးမူဝါဒက်ု ငါးရက်ကြာရင် ကမ္ဘာကို ကြေညာလိုက်ပါ။ မြေယာတွေ ခွဲဝေပြီးရင် ပြည်သူတွေက ချင်အပေါ် ပိုပြီး အသိအမှတ်ပြုလာကြလိမ့်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ကောင်း​ပါပြီ။ "

" သွားပြီး အနားယူတော့။ အဲ့ဒီကိစ္စကို ငါတာဝန်ယူလိုက်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့။ ဒါဆို သားတော် ပြန်တော့မယ်။ ငါးရက်နေရင် သားတော် နန်းတော်ကို ပြန်လာခဲ့ပါမယ်။ " ကျောက်ဖုန်းက ပြောပြီး လှည့်ထွက်သွားသည်။ သူက အိမ်ရှေ့စံမင်းသားဖြစ်သော်လည်း နန်းတော်အပြင်ဘက်တွင်သာ နေထိုင်ခဲ့သည်။ နန်းတော်ထက် သူ၏ စံအိမ်တွင် နေရခြင်းက ပိုလွတ်လပ်ပေသည်။

တုအန်းမြို့တော်။

နိုင်ငံငယ်တစ်ခု၏ မြို့တော်ဖြစ်သောကြောင့် ထိုမြို့တော်၏ စည်ကားမှုက ချင်ခရိုင်မြို့တော်တစ်ခုကိုပင် မယှဉ်နိုင်ပေ။

" အရှင်မင်းကြီး ချင်က သတင်းစကားပါးလိုက်ပါတယ်။ သူတို့က နယ်စပ်ကို ဖွင့်ပေးလိုက်ပါပြီ။ ကျွန်တော်မျိုးတို့ မင်းသမီးကို နယ်စပ်အထိ ပို့ဆောင်ပေးဖို့ပဲ လိုတာပါ။ ချင်က ကျွန်တော်မျိုးတို့ နယ်မြေထဲကို လာပြီး သတို့သမီးကို ကြိုဆိုကြပါလိမ့်မယ်။ " အရာရှိတစ်ယောက်က တုအန်းဘုရင်ကို ပြောလိုက်သည်။

" နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်လာပြီပဲ။ " တုအန်းဘုရင်က စိတ်သက်သာရာရသွားသည်။ " သွားပြီး ပြင်ဆင်လိုက်ပါ။ မြို့တော်ကနေ နယ်စပ်အထိ လေးရက်ဆို လုံလောက်ပါတယ်။ "

" အမိန့်အတိုင်းပါ။ " ဝန်ကြီးတစ်ယောက်က ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ တကယ်ပဲ မင်းသမီးကို အဝေးကြီး ပို့ပစ်မလို့လား။ တုအန်းက ချင်ကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ။ " ကျင်းဖုန်းက ဒေါသထွက်နေသော အမူအရာဖြင့် ပြောလိုက်သည်။

တုအန်းဘုရင်က ခါးသီးစွာ ပြုံးလိုက်သည်။ " စစ်သူကြီးကျင်းဖုန်း မင်း ယုရှုကို အရမ်းချစ်တယ်ဆိုတာ ငါသိတယ်။ အရင်ကလည်း ငါ ယုရှုကို မင်းနဲ့ ပေးစားဖို့ စိတ်ကူးခဲ့တာပဲ။ ဒါပေမယ့် အခုတုအန်းက ချင်နဲ့ နယ်မြေချင်း ထိစပ်နေပြီ။ ရှန်းကျိုးနယ်မြေက နိုင်ငံတွေကိုလည်း သူတို့ပဲ ဖျက်ဆီးခဲ့တာ။ တုအန်းရဲ့ အင်အားတစ်လုတည်းနဲ့ ချင်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ တုအန်းပြည်သူတွေအတွက် ဘာပဲပေးဆပ်ရပေးဆပ်ရ တန်ပါတယ်။ "

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ တုအန်းနိုင်ငံက သေးငယ်ပေမယ့် အတွေ့အကြုံရှိတဲ့ စစ်သည်နှစ်သိန်းရှိပါတယ်။ တုအန်းက အားနည်းပေမယ့် ကျွန်တော်မျိုးတို့ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ချင်ကို ခုခံလို့ရပါတယ်။ ခဏတာ​ ငြိမ်းချမ်းရေးအတွက် မင်းသမီးကို ရောင်းစားလိုက်တာက လက်ခံနိုင်စရာမရှိပါဘူး။ " ကျင်းဖုန်းက အံကျိတ်ပြီး ပြောလိုက်သည်။

" တော်တော့။ အားလုံးက ဒီအဆင့်ထိ ရောက်လာပြီ။ ပြောင်းလဲလို့မရတော့ဘူး။ အားလုံးက တုအန်းအတွက်ပဲ။ မင်းအတွက် ငါ အခြားတစ်ယောက်ရွေးပေးမယ်။ မင်းပြန်တော့။ " တုအန်းဘုရင်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

ကျင်းဖုန်း၏ စံအိမ်။

" စစ်သူကြီး ညီအကိုတွေ အားလုံးခေါ်ထားပါပြီ။ ဘယ်အချိန်မဆို လှုပ်ရှားဖို့ အဆင်သင့်ပါပဲ။ " တပ်မှူးတစ်ယောက်က ကျင်းဖုန်းကို ပြောလိုက်သည်။

ကျင်းဖုန်းက ခေါင်းမော့လိုက်ပြီး သူ၏ ကိုယ်ရံတော်များကို ကြည့်လိုက်သည်။

" မင်းသမီးက ငါ အချစ်ဆုံး အမျိုးသမီးပဲ။ သူမ ချင်ဆီပါသွားတာကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး။ အားလုံးပဲ မင်းတို့က ငါနောက်လိုက်လာတာ ကြာပြီဆိုတော့ စကားအများကြီးမပြောတော့ဘူး။ မင်းတို့သာ မင်းသမီးကို ငါ့ဆီ ပြန်ခေါ်လာနိုင်ရင် မင်းတို့ကို မတရားမဆက်ဆံပါဘူး။ " ကျင်းဖုန်းက သူ၏ ရှေ့မှလူများကို ကြည့်ပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ စစ်သူကြီးနောက်ကို သေတဲ့အထိ လိုက်ပါမယ်။ " အားလုံးက ပြန်ပြောလိုက်ကြသည်။

" ဒီလှုပ်ရှားမှုက တုအန်းကို ကိုယ်စားမပြုဘူး။ မင်းတို့ရဲ့ အထောက်အထားတွေ မထုတ်ပြမိစေနဲ့။ အောင်မြင်တာနဲ့ ဂိုဂူလျောကို ချက်ချင်း ထွက်ပြေးပါ။ အနာဂတ်အတွက် ငါစီစဉ်ပေးမယ်။ မင်းတို့ရဲ့ မိသားစုတွေကိုလည်း ငါတာဝန်ယူပေးမယ်။ " ဂျင်းဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကိုယ်ရံတော်များက ပြန်ဖြေလိုက်ကြသည်။

" ဒါက မင်းသမီးသွားမယ့် လမ်းကြောင်းပဲ။ ချင်တပ်ဖွဲ့က မင်းသမီးကို ကြိုဖို့ တုအန်းနယ်မြေထဲကို လီ၂၀ထိ ဝင်လာလိမ့်မယ်။ ချင်တပ်ဖွဲ့ လွှဲပြောင်းယူတဲ့အချိန်က မင်းတို့ လှုပ်ရှားရမယ့်အချိန်ပဲ။ " ကျင်းဖုန်းက သူ၏ ရှေ့မှ မြေပုံကို ညွှန်ပြပြီး ပြောလိုက်သည်။

" စစ်သူကြီး ကျွန်တော်နားမလည်တာ တစ်ခုရှိပါတယ်။ " ကိုယ်ရံတော်တစ်ယောက်က ပြောလိုက်သည်။

" ပြောပါ။ "

" ကျွန်တော်တို်က ဘာလို့ တုအန်းနယ်မြေထဲမှာ မလှုပ်ရှားတာလဲ။ ချင်စစ်တပ်က အရမ်းအစွမ်းထက်တယ်လို့ ပြောကြတယ်။ ညီအကိုတွေက ရဲရင့်တယ်ဆိုပေမယ့် ချင်တပ်ဖွဲ့က ဘယ်လောက်လာမလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ချင်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ရင် အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်။ " ကိုယ်ရံတော်က စိုးရိမ်စွာ ပြောလိုက်သည်။

" တုအန်းလက်ထဲကနေ မင်းသမီးကို ပြန်ပေးဆွဲရင် တုအန်းနိုင်ငံကိုပဲ အပြစ်တင်ခံရမှာ။ ချင်က ဒါကို အကြောင်းပြရင် တုအန်းအတွက် မကောင်းဘူး။ ချင်စစ်တပ်က မင်းသမီးကို ကြိုဖို့ စစ်သည်တစ်ထောင်ပဲ လာမှာ။ ငါ့ရဲ့ စစ်သည်သုံးထောင်က သူတို့ကို ကိုင်တွယ်ဖို့ လုံလောက်ပါတယ်။ " ကျင်းဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကိုယ်ရံတော်က ခေါင်းညိမ့်လိုက်သည်။

" မှတ်ထားပါ။ လှုပ်ရှားလိုက်တာနဲ့ ဘာ်သူ့ကိုမှ အသက်ရှင်မထားနဲ့။ ချင်တပ်ဖွဲ့ကို အမြစ်ပြတ်သုတ်သင်လိုက်။ မင်းသမီးနဲ့ ရွယ်တူတစ်ယောက်ကို ရှာပြီး မတော်တဆ သေဟန်ဆောင်လိုက်တာ အကောင်းဆုံးပဲ။ ဒါဆို ချင်စစ်တပ်က ဒီဆုံးရှုံးမှုကို မြိုသိပ်လိုက်ရမှာပဲ။ " ကျင်းဖုန်းက လှောင်ပြုံးပြုံးလိုက်သည်။

" နားလည်ပါပြီ။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ " ကိုယ်ရံတော်များက ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။

All Chapters