← Chapters

အခန်း ၅၀၉

Vol. 51 Ch. 509

အခန်း ၅၀၉

Vol. 51 Ch. 509

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၅၀၉)

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ တုအန်းနယ်မြေ၊ ချင်နယ်စပ်နှင့် လီနှစ်ဆယ်အကွာတွင် အနက်ရောင်သံချပ်ကာများနှင့် မြင်းစီးစစ်သည်တစ်ထောင်က တန်းစီရပ်နေကြသည်။ သူတို့ကို ဦးဆောင်လာသူက မြောက်ဘက်နယ်စပ်စခန်းမှ တပ်မှူးတစ်ယောက်ဖြစ်သည်။ သူက လီမု၏ အမိန့်အောက်မှ ဟန်ရှင်းဖြစ်သည်။

ယခု လီမုက စစ်သည်နှစ်သိန်းကို ကွပ်ကဲပြီး နယ်စပ်၏ တုန်ဟူဘက်ခြမ်းကို စောင့်ကြပ်နေသည်။ မုန့်ဝူကတော့ မြောက်ဘက်နယ်စပ်၏ ရှုံးနုဘက်ခြမ်းကို စောင့်ကြပ်ရန် စစ်သည်နှစ်သိန်းကို ကွပ်ကဲနေသည်။ ရာထူးအရ သူက စစ်သူကြီးတစ်ယောက်သာ ဖြစ်သော်လည်း သူက တပ်စခန်းတစ်ခုကို ကွပ်ကဲနေခြင်းဖြစ်သည်။ သုက အချိန်ကျလျှင် စစ်သေနာပတိချုပ်ရာထူးကို ရရှိမည်ဖြစ်သည်။

" တပ်မှူး တုအန်းရဲ့ သတို့သမီးယာဉ်တန်း ရောက်လာပါပြီ။ " စစ်သည်တစ်ယောက်က ဟန်ရှင်းကို ပြောလိုက်သည်။

" အင်း " ဟန်ရှင်းက ခေါင်းညိမ့်ပြီး ရှေ့သို့ ကြည့်လိုက်သည်။

တုအန်း၏ စစ်သည်ထောင်ချီက ရထားလုံးများစွာကို စောင့်ကြပ်ပြီး သူတို့ဆီသို့ ချဉ်းကပ်လာကြသည်။ ထိုအချိန်တွင် ဟန်ရှင်းက မြင်းစီးပြီး ရှေ့တိုးသွားသည်။

" ငါက ချင်အင်ပါယာ မြောက်ဘက်နယ်စပ်စခန်းက စစ်သူကြီးလီမုလက်အောက်က တပ်မှူးဟန်ရှင်းပဲ။ အခု သတို့သမီးကို လာရောက်ကြိုဆိုတာပဲ။ " ဟန်ရှင်းက ကျယ်လောင်စွာ ပြောလိုက်သည်။

" ငါက တုအန်းရဲ့ နန်းတွင်းကိုယ်ရံတော်တပ်မှူး ကျင်းရှီပဲ။ တော်ဝင်အမိန့်အရ သတို့သမီးကို လာရောက်ပို့ဆောင်တာပါ။ " တပ်မှူးကျင်းရှီက ပြန်ပြောလိုက်သည်။

" မင်းသမီးဘယ်မှာလဲ။ " ဟန်ရှင်းက မေးလိုက်သည်။

" ရထားလုံးထဲမှာ ပါပါတယ်။ မင်းသမီးအပြင် တုအန်းရဲ့ မင်္ဂလာလက်ဆောင် ရထားလုံးငါးဆယ်ကျော်လည်း ပါဝင်ပါတယ်။ ချင်အနေနဲ့ မင်းသမီးကို ကြင်ကြင်နာနာ ဆက်ဆံပေးဖို့ တောင်းဆိုပါတယ်။ " ကျင်းရှီက လေးစားစွာ ပြောလိုက်သည်။

" မင်းသမီးက အိမ်ရှေ့စံမင်းသားဆီကို ရောက်မှာမလို့ ငါတို့ အိမ်ရှေ့စံမင်းသားက မင်းသမီးကို ကောင်းကောင်းဆက်ဆံမှာ သေချာပါတယ်။ " ဟန်ရှင်းက ပြန်ပြောလိုက်သည်။

" မင်းသမီးနဲ့ လက်ဆောင်တွေကို လွှဲပေးလိုက်ပါ။ " ကျင်းရှီက ကျာ်လောင်စွာ ပြောလိုက်သည်။

မကြာမီ တုအန်းစစ်သည်များက ရထားလုံးများကို လွှဲပေးလိုက်ကြပြီး ချင်စစ်သည်များက ရှေ့တိုးလာကြသည်။

" တပ်မှူးဟန် မင်းသမီးကို ဒီမှာ ပို့ပေးလိုက်ပြီ။ နောက်မှ ထပ်တွေ့ကြတာပေါ့။ " ကျင်းရှီက အရိုအသေပေးပြီး ပြောလိုက်သည်။

" ကောင်းပြီ။ " ဟန်ရှင်းကလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။

" တပ်မှူး အားလုံးစစ်ဆေးပြီးပါပြီ။ ရထားလုံးတွေထဲမှာ လက်ဆောင်ပစ္စည်းတွေအပြင် အစေခံရာချီပါဝင်ပါတယ်။ " စစ်သည်တစ်ယောက်က အစီရင်ခံလိုက်သည်။

" နယ်စပ်ကို ပြန်ကြမယ်။ " ဟန်ရှင်းက အမိန့်ပေးပြီး မင်းသမီးယုရှု၏ ရထားလုံးဘေးသို့ မြင်းစီးသွားလိုက်သည်။

" မင်းသမီ ချင်ကို သွားတဲ့ လမ်းမှာ ဘာကိစ္စပဲရှိရှိ ကျွန်တော်ကို အားမနာတမ်း ပြောနိုင်ပါတယ်။ " ဟန်ရှင်းက ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် တပ်မှူး။ " ရထားလုံးထဲမှ နူးညံ့သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

ရထားလုံးထဲတွင် အသက်နှစ်ဆယ်အရွယ် အလွန်လှပသော မိန်းကလေးတစ်ယောက်ထိုင်နေပြီး သူမ၏ ဘေးတွင် အစေခံမိန်းကလေးနှစ်ယောက်ရှိနေသည်။ သူမက တုအန်းမင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး အမှန်တကယ် လှပသည်ဟု ဆိုနိုင်သည်။

" ချင်အိမ်ရှေ့စံမင်းသားက ဘယ်လိုလူမျိုးဖြစ်မလဲမသိဘူး။ " ယုရှုက စိုးရိမ်စွာ တွေးနေသည်။

ချင်စစ်သည်တစ်ထောင်က သူမတို့ကို စောင့်ကြပ်ပြီး ချင်နယ်စပ်ဆီသို့ တဖြည်းဖြည်း ဦးတည်သွားနေသည်။

" တပ်မှူး ဒီနေရာမှာ အန္တရာယ်ရှိတယ်လို့ ဘာလို့ခံစားနေရတာလဲ။ " တောအုပ်တစ်ခုသို့ ရောက်လာချိန်တွင် စစ်သည်တစ်ယောက်က ပြောလိုက်သည်။

" ဒီနေရာက ခြုံခိုတိုက်ခိုက်ဖို့ အကောင်းဆုံးနေရာပဲ။ ဒါ့အပြင်..." ဟန်ရှင်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ " ခြုံခိုတိုက်ခိုက်ဖို့ ပြင်ထားပြီးသားပဲ။ "

ဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ဟန်ရှင်းက တောအုပ်အတွင်း ပုန်းအောင်နေသည်များကို မခံစားမိဘဲ မနေပေ။

" ဘယ်သူက ဒီလောက်တောင် ရဲတင်းနေတာလဲ။ ငါတို့ကို ခြုံခိုတိုက်ခိုက်ရဲတယ်ပေါ့။ " စစ်သည်တစ်ယောက်က ပြောလိုက်သည်။

" ဒါက အခွင့်အရေးတစ်ခုဖြစ်နိုင်တယ်။ " ဟန်ရှင်းက စဉ်းစားပြီး ပြောလိုက်သည်။

" ဘာအခွင့်အရေးလဲ။ " စစ်သည်တစ်ယောက်က နားမလည်နိုင်စွာ မေးလိုက်သည်။

" ချင်အင်ပါယာက တုအန်းကို ဖျက်ဆီးပစ်ဖို့ အခွင့်အရေးလေ။ " ဟန်ရှင်းက လှောင်ပြုံးပြုံးလိုက်သည်။ " ရပ်လိုက်။ "

စစ်သည်များအားလုံးက အမိန့်ရသည်နှင့် ချက်ချင်း ရပ်တန့်လိုက်ကြသည်။

" လေးနဲ့မြား " ဟန်ရှင်းက အမိန့်ပေးလိုက်သည်နှင့် စစ်သည်များက လေးနှင့်မြားကို ထုတ်လိုက်ကြသည်။

" ရှေ့ကျန့်လေးဆယ်အကွာက ဘယ်ဘက်နဲ့ ညာဘက်ကို မြားမိုးရွာချလိုက်။ " ဟန်ရှင်းက အမိန့်ပေးလိုက်သည်။

" ဟေ့ ဟေ့ ဟေ့...." ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ မြားမိုးက ကျဆင်းလာသည်။ ရုတ်တရက် ပေါ်လာသော သတ်ဖြတ်လိုစိတ်ကြောင့် ခြုံခိုတိုက်ခိုက်ရန် ပုန်းအောင်းနေသူများက ထိတ်လန့်သွားကြသည်။ သူတို့က မြားမိုးများကို ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ချက်ချင်း သေဆုံးသွားကြသည်။

" ချင်စစ်တပ်က ငါတို့ကို တွေ့သွားပြီ။ သတ်ကြ..." အသေခံစစ်သည်များက အော်ဟစ်လိုက်ကြသည်။ သို့သော် သူတို့၏ လေသံက ဟွာရှလူများမျိုးမဟုတ်ဘဲ တုအန်းလူမျိုးများ၏ လေသံဖြစ်နေသည်။

" ထင်တဲ့အတိုင်းပဲ။ တုအန်းလူမျိုးတွေက ယုံကြည်ရမယ့်သူတွေမဟုတ်ဘူး။ " ဟန်ရှင်းက အေးစက်စွာ ပြုံးလိုက်သည်။

ထို့နောက် အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ထားသော အသေခံစစ်သည်များက ချင်စစ်သည်များဆီသို့ ပြေးဝင်လာကြသည်။ သူတို့က အရေအတွက် သုံးထောင်နီးပါးရှိပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် မြားများကို ပစ်ခတ်လိုက်ကြသည်။

" ခုခံကြ " ဟန်ရှင်းက အမိန့်ပေးလိုက်သည်။

ကျဆင်းလာသော မြားမိုးများက ချင်စစ်သည်များကို ထိခိုက်အောင်လုပ်နိုင်စွမ်း မရှိပေ။

" ချင်စစ်တပ်တစ်ခုလုံးက သိုင်းပညာတတ်ကြတယ်။ ဒီတုအန်းတွေ သေချင်နေတာပဲ။ " ဟန်ရှင်းက အသေခံစစ်သည်များကို ကြည့်ပြီး ရယ်မောလိုက်သည်။

အချိန်များ ကုန်လွန်လာပြီး ငါးရက်က ချင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ချင်နယ်မြေအတွင်း ပြည်နယ်ကိုးခု၊ ခရိုင်၃၆ခု နှင့် မြို့နယ်အသီးသီးတွင် အရာရှိများက အင်ပါယာအမိန့်ကို ကြေညာနေကြသည်။ ပြည်သူအားလုံးက လက်ရှိအချိန်တွင် အလွန်ပျော်ရွှင်နေကြသည်။

" ကောင်းတယ်။ ငါတို့ မိသားစုမှာ ယောကျာ်းလေး သုံးယောက်ရှိတော့ မြေခြောက်ဧကရမှာပေါ့။ အခွန်ဆောင်ပြီးရင်တောင် စားသောက်ဖို့အတွက် ပူစရာမလိုတော့ဘူး။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်​ရှေ့စံမင်းသားရဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ "

" ငါ့အိမ်မှာ သမီးတွေကြည့်ပဲ သုံးယောက်ရှိတယ်။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့က အမျိုးသားတွေတင်မကဘဲ အမျိုးသမီးတွေကိုလည်း ဂရုစိုက်လိမ့်မယ်လို့ မထင်ထဘူး။ အမျိုးသမီးရှိတဲ့မိသားစုတွေလည်း မြေရနိုင်တယ်။ တကယ်ကောင်းတာပဲ။ "

" ချင်အစိုးရက ငါတို့အစိုးရပဲ။ ပြည်သူတွေကို ကောင်းကျိုးပြုတဲ့ အစိုးရပဲ။ အရင်အစိုးရတွေတုန်းက အထက်တန်းလွှာတွေကိုပဲ ဂရုစိုက်ပြီး ငါတို့ကို ဂရုမစိုက်ခဲ့ဘူး။ ဒါ ချင်အင်ပါယာရဲ့ ကျေးဇူးကို ပိုထင်ရှားစေတာပဲ။ "

" ချင်အင်ပါယာ ထာဝရတည်တံ့ပါစေ။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသား အသက်ရာကျော်ရှည်ပါစေ။ "

ချင်နယ်မြေအတွင်းမှ ပြည်သူများစွာက စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာကြည်နူးနေကြသည်။ ပြည်သူသန်းရှစ်ဆယ်ကျော်က နေရာအနှံ့ ပျံ့နှံ့​နေသော်လည်း ယခုအချိန်တွင် သူတို့၌ တူညီသောအချက်တစ်ခုရှိတေသည်။ ချင်အင်ပါယာအပေါ် သစ္စာရှိခြင်း၊ ချင်အင်ပါယာအတွက် အော်ဟစ်နေကြခြင်း၊ အရင်နိုင်ငံများအပေါ် တမ်းတမှုမရှိတော့ခြင်းတို့ဖြစ်သည်။

ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသား ဖြစ်လာပြီးနောက် ချင်အင်ပါယာ၏ ပြင်းထန်သော ဥပဒေများကို ပယ်ဖျက်ခဲ့ပြီး ထိုနေရာတွင် ပြည်သူများအတွက် အကျိုးရှိစေမည့် ဥပဒေများကို အစားထိုးခဲ့သည်။ ထို့ကြောင့် ရှန်းကျိုးနည်းမြေက ပေါင်းစည်းသွားပြီး ချင်အင်ပါယာ တစ်ခုတည်း ဖြစ်သွားခဲ့သည်။

ချင်အင်ပါယာနန်းတော်။

ကျန်းထိုင်နန်းဆောင်၏ အပြင်ဘက်တွင် ရန်ရှောင်နှင့် ကျန်းမင် တစ်ယောက်က နန်းတွင်းကိုယ်ရံတော်တပ်မှူး၊ တစ်ယောက်က အိမ်ရှေ့စံမင်းသား၏ ကိုယ်ရံတော်တပ်မှူး သူတို့နှစ်ယောက်က အပြင်ဘက်တွင် စောင့်ကြပ်နေကြသည်။

ရင်ကျန့်က သူနှင့် အိမ်ရှေ့စံမင်းသားတို့ ကျန်းထိုင်နန်းဆောင်မှ မထွက်လာမချင်း မည်သူကိုမှ လာရောက်နှောက်ယှက်ခွင့်မပြုကြောင်း၊ သတိပေးချက်အား မလိုက်နာသူများကို သေဒဏ်ပေးမည်ဟု အမိန်ထုတ်ထားခဲ့သည်။

ယနေ့ ပြည်သူအားလုံးကို မြေယာခွဲဝေပေးမည့် အင်ပါယာအမိန့်တော်ကို ကြေညာသည့်နေ့ဖြစ်ပြီး ပြည်သူအားလုံး သစ္စာခံလာမည့်နေ့လည်း ဖြစ်သည်။ ကျောက်ဖုန်းက ထိုအခွင့်အရေးကို လိုချင်ခြင်းဖြစ်သည်။ ပြည်သူများ၏ စိတ်နှလုံးက ချင်အင်ပါယာဆီသို့ ရောက်လာပြီဖြစ်သောကြောင့် ပြည်သူများ၏ ကံကြမ္မာစွမ်းအားကို စုစည်းရန် အကောင်းဆုံး အချိန်ဖြစ်သည်။

" မင်းအဆင်သင့်ဖြစ်ပြီ​လား။ " ရင်ကျန့်က ကျောက်ဖုန်းကို လေးနက်စွာ မေးလိုက်သည်။

" အဆင်သင့်ဖြစ်ပါပြီ။ အခုအချိန်က ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားကို စုစည်းရမယ့် အချိန်ပဲ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ ငါမင်းကို ဒီမှာစောင့်နေမယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ကံကြမ္မာစွမ်းအားကို စုစည်းပြီးရင် ခမည်းတော်က သူတော်စင်နန်းတော်ကျင့်စဉ်ကို ကျင့်ကြံပြီး အင်ပါယာကံကြမ္မာစွမ်းအားကို ခန္ဓာကိုယ်ထဲစုပ်ယူပြီး နတ်ဝိညာဉ်ကို သန့်စင်နိုင်လိမ့်မယ်။ နောက်ကျရင် ဘာပဲဖြစ်ဖြစ် ခမည်းတော် စိတ်ပူစရာမလိုတော့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ငါ နားလည်ပါတယ်။ "

" ကောင်းပြီ။ စကြတာပေါ့။ " ကျောက်ဖုန်း၏ အမူအရာက လေးနက်သွားသည်။

All Chapters