← Chapters

အခန်း ၅၁၀

Vol. 51 Ch. 510

အခန်း ၅၁၀

Vol. 51 Ch. 510

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၅၁၀)

ကျောက်ဖုန်းက ထိုင်လိုက်ပြီး သူတော်စင်နန်းတော်ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ကံကြမ္မာစွမ်းအားကို လှုပ်ရှားစေနိုင်သော လျို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုစွမ်းအားကြောင့် ဟင်းလင်းပြင်က တုန်ခါသွားပြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

အထက်ရှိ ဟင်းလင်းပြင်တွင် မီတာရာချီအရွယ်အစားရှိသော အနက်ရောင်ငဇက်တစ်ကောင်က ရုတ်တရက် ပေါ်လာသည်။ ကျောက်ဖုန်း၏ လှုံ့ဆော်မှုကြောင့် ချင်အင်ပါယာ၏ ကံကြမ္မာနတ်ဝိညာဉ်ပေါ်လာသည်။ ချင်အင်ပါယာ၏ နတ်ဝိညာဉ်က အနက်ရောင်ငှက်ဖြစ်ဖြစ်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ၎င်းက အင်ပါယာကံကြမ္မာနတ်သားရဲ ဖြစ်လာခဲ့သော်လည်း သာမန်စွမ်းအားနှင့် ခေါ်ယူ၍မရပေ။ ကံကြမ္မာစွမ်းအားဖြင့်သာ ဆင့်ခေါ်နိုင်ပြီး နောက်ဆုံးတွင် အင်ပါယာကံကြမ္မာနတ်သားရဲအဖြစ် အသွင်ပြောင်းနိုင်မည်ဖြစ်သည်။

အချိန်များကုန်လွန်လာပြီး ကျောက်ဖုန်းဆီမှ ထွက်ပေါ်လာသော လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများက ဆက်လက်ပျံ့နှံ့နေသည်။ နောက်ဆုံးတွင် အရေးပါသော အမှတ်တစ်ခုသို့ ရောက်လာခဲ့သည်။

" သူတော်စင်နန်းတော် တည်ဆောက်ခြင်း။ အင်ပါယာကံကြမ္မာနတ်ဝိညာဉ်ကို စုစည်းစေ။ " ကျောက်ဖုန်းက စိတ်ထဲမှ အော်ဟစ်လိုက်သည်။

အထက်ဟင်းလင်းပြင်မှ ကံကြမ္မာနတ်ဝိညာဉ်ငှက်က လှုပ်ရှားလာသည်။ အစတွင် ၎င်းက သာမန်လူများမမြင်နိုင်သောအရာဖြစ်သည်။ သို့သော် ဤအချိန်တွင် ကံကြမ္မာနတ်ဝိညာဉ်က အင်ပါယာကံကြမ္မာနတ်ဝိညာဉ်အဖြစ် အသွင်ပြောင်းလာသည်နှင့်အမျှ နတ်ငှက်က တဖြည်းဖြည်း ထူ်ရှားလာသည်။

မီတာရာချီကြီးမားသော နတ်ငှက်က ရှန်းယန်၏ အထက်ဟင်းလင်းပြင်တွင် ရပ်တည်နေပြီး ချင်ပြည်သူများ၏ စိတ်ထဲတွင် ရိုသေလေးစားမှုများကို ဖြစ်ပေါ်စေခဲ့သည်။

" မြန်မြန်ကြည့်ကြ။ နတ်ငှက် ချင်ရဲ့ နတ်ငှက်ပဲ။ "

" ချင်အင်ပါယာရဲ့ နတ်ဝိညာဉ်က ဘယ်လိုလုပ်အသက်ဝင်လာတာလဲ။ "

" နတ်ငှက်ပေါ်လာတာက ကောင်းကင်ဘုံက ပေးတဲ့ ကံကောင်းခြင်းနိမိတ်ဖြစ်ရမယ်။ "

" မြေယာတွေ ခွဲဝေပေးတဲ့ အမိန့်ကို အခုလေးတင် ထုတ်ပြန်ထားတာ။ ကောင်းကင်ဘုံက ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားရဲ့ မွန်မြတ်တဲ့စိတ်ထားကို အသိအမှတ်ပြုလိုက်တာပဲ။ ဒါကြောင့် ကံကောင်းခြင်းနိမိတ်တွေ ပေါ်လာတာဖြစ်ရမယ်။ "

" အရင် ကျိုးလီရှိတုန်းက ဖီးနစ်ငှက်က ချီတောင်မှာ အော်ဟစ်ခဲ့ဖူးတယ်။ အခု ချင်အင်ပါယာရဲ့နတ်ငှက် ပေါ်လာပြီ။ ဒါက ချင်အင်ပါယာ ချမ်းသာကြွယ်ဝမယ့် နိမိတ်ပဲ။ "

ရှန်းယန်မြို့ထဲတွင် ပြည်သူများစွာက နတ်ငှက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရပြီး သူတို့၏ စိတ်ထဲတွင် ဝမ်းသာမှုများ ပြည့်နှက်နေသည်။ ကံကြမ္မာစွမ်းအားက အင်ပါယာကံကြမ္မာစွမ်းအားအဖြစ် အသွင်းပြောင်းလာခြင်းနှင့်အတူ နတ်ငှက်ကလည်း ပုံရိပ်ယောင်မှ အစစ်အမှန်အဖြစ်သို့ ​ပြောင်းလဲလာခဲ့သည်။

" ချင်အင်ပါယာက ပြည်သူတို့ သင်တို့ ချင်ပြည်သူတွေအဖြစ် ထာဝရနေထိုင်ချင်ကြသလား။ " ကျောက်ဖုန်းက ဟင်းလင်းပြင်ထဲမှ နတ်ငှက်ကို ကြည့်ပြီး ပြောလိုက်သည်။

ကမ္ဘာမြေက တုန်လှုပ်သွားပြီး ချင်နယ်မြေ ပြည်နယ် ၉ခုနှင့် ခရိုင် ၃၆ခုမှ ပြည်သူများ၏ နားထဲတွင် ထိုစကားလုံးများက ပဲ့တင်ထပ်သွားသည်။ ပြည်သူများအားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။

" ချင်အင်ပါယာက ငါတို့ သာမန်ပြည်သူတွေကို အဆုံးမရှိတဲ့ ကျေးဇူးတရားတွေ ပေးအပ်ထားတာမလို့ ငါတို့က ချင်ပြည်သူတွေအဖြစ် ထာဝရနေထိုင်သွားမယ်။ "

" ဟုတ်တယ်။ ငါတို့က ချင်ပြည်သူတွေအဖြစ် ထာဝရနေထိုင်သွားမယ်။ "

" ငါတို့လည်း အတူတူပဲ။ "

ချင်နယ်မြေအတွင်းမှ ပြည်သူများအားလုံးက စိတ်ထဲမှ အော်ဟစ်လိုက်ကြပြီး အချို့ဆိုလျှင် အသံထွက်​ပြီးတောင် ပြောလိုက်ကြသည်။

အချိန်များ ကုန်လွန်လာပြီး ကံကြမ္မာနတ်သားရဲ၏ ခန္ဓာကိုယ်က ကျန့်သုံးရာကျော်သွားခဲ့သည်။ ကံကြမ္မာစွမ်းအားများက ဟင်းလင်းပြင်တစ်ခုလုံး ပြည့်နှက်သွားသည်။

" သူတော်စင်နန်းတော်တည်ဆောက်ခြင်း။ အင်ပါယာကံကြမ္မာစွမ်းအားကို စုစည်းခြင်း။ ကျန့်သုံးရာရှိတဲ့ နတ်သားရဲပေါ်လာတာက ငါ ချင်ပြည်သူတွေရဲ့ ကံကြမ္မာ ၉၉ ရာခိုင်နှုန်းကျော်ကို စုစည်းထားပြီးပြီဖြစ်တယ်။ ပြည်သူသန်းရှစ်ဆယ်ကျော်ရဲ့ ကံကြမ္မာစွမ်းအား သိုင်းတာအိုကို မဖြန့်ဝေရသေးခင်တောင် ဒီအဆင့်ထိ ရောက်နေတာ တကယ်အံ့ဩစရာကောင်းတယ်။ "

ကျောက်ဖုန်းက အင်ပါယာကံကြမ္မာနတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသော နတ်ငှက်ကို ကြည့်ပြီး ပြုံးလိုက်သည်။

" ဒီကံကြမ္မာစွမ်းအား ပြန့်လွင့်မသွားအောင်ပဲ ထိန်းချုပ်ဖို့လိုတယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။ ပြင်းထန်သော ဖိအားများ ထွက်ပေါ်နေသော ရှေယဟောင်းအိုးကြီးတစ်လုံးက သူ၏ ရှေ့တွင် ပေါ်လာသည်။

ရင်ကျန့်က ၎င်းကို တည်ငြိမ်စွာ ကြည့်နေသည်။ သူသား၏ စွမ်းအားက သာမန်လူများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်ကို သူသိထားသည်။

" ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားကို ထိန်းချုပ်ဖို့ ကံကြမ္မာထိန်းချုပ်ခြင်းအိုးကို အသုံးပြုမယ်။ " ကျောက်ဖုန်း၏ ထိန်းချုပ်မှုအောက်တွင် အိုးက ကောင်းကင်သို့ ပျံတက်သွားသည်။

၎င်းက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အင်ပါယာကံကြမ္မာနတ်ငှက်ဆီသို့ တိုးဝင်သွားသည်။ ဧရာမသုံးချောင်းထောက်အိုးကြီးက အင်ပါယာကံကြမ္မာနတ်ငှက်၏ အထက်တွင် ဖိနှိပ်ထားသည်။ ဟောက်ထျန်းအဆင့် စိတ်ဝိညာဉ်ရတနာ ကံကြမ္မာထိန်းချုပ်ခြင်းအိုးက အင်ပါယာကံကြမ္မာစွမ်းအား ပြန့်လွင့်မသွားအောင် ထိန်းချုပ်ရန် လုံလောက်သည်။ ကံကြမ္မာထိန်းချုပ်ခြင်းအိုက ကံကြမ္မာစွမ်းအားများကို ဖိနှိပ်လိုက်သောအခါ ကံကြမ္မာစွမ်းအားအားလုံးက နတ်ငှက်၏ ခန္ဓာကိုယ်ထဲတွင် ဖိနှိပ်ခံလိုက်ရသည်။

ဝုန်း....

ထိုအချိန်တွင် စွမ်းအားများပေါက်ကွဲလာပြီး နတ်ငှက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နတ်ငှက်၏ အော်ဟစ်သံက ဟင်းလင်းပြင်ကို ထိုးဖောက်သွားပြီး ကောင်ကင်၊မြေကြီးနှင့် လူသား သုံးလောကလုံး တုန်လှုပ်သွားသည်။

ကွေ့ကူ။

တောင်ပေါ်တွင် ထိုင်နေသော ကွေ့ကူကျိက ရုတ်တရက် မျက်လုံးများဖွင့်လိုက်ပြီး ရှန်းယန်မြို့ရှိရာသို့ အံ့ဩစွာ ကြည့်လိုက်သည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက စုစည်းသွားတာလား။ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ ကံကြမ္မာလမ်းစဉ်က အရမ်းလျို့ဝှက်ဆန်းကြယ်တယ်။ နတ်ဘုရားတွေ ခန့်အပ်ထားတဲ့ ကောင်းကင်ဧကရာဇ်တွေကလွဲရင် ဘယ်သူက ကံကြမ္မာစွမ်းအားကို စုစည်းနိုင်မှာလဲ။ ကျောက်ဖုန်းက ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ ထူးဆန်းတယ်၊ အရမ်းထူးဆန်းတယ်။ " ကွေ့ကူကျိက မယုံကြည်နိုင်ဖြစ်နေသည်။

ရှန်းကျိုးကို နတ်ဘုရားများ၊ အင်မော်ယေ်များ မကျူးကျောနိုင်သည့် အဓိကအကြောင်းရင်းမှာ ကံကြမ္မာစွမ်းအားကြောင့် ဖြစ်သည်။ အထူးသဖြင့် နတ်ဆိုးမျိုးစေ့ သယ်ဆောင်ထားသော အင်မော်တယ်များက ရှန်းကျိုးထဲကို ဝင်ရန် ပိုခက်ခဲသည်။ သူတို့က ရှန်းကျိုးနယ်မြေထဲသို့ ဝင်လိုက်သည်နှင့် ရှန်းကျိုးကံကြမ္မာစွမ်းအား၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိခြင်း သို့မဟုတ် သေဆုံးခြင်းမျိုး ဖြစ်နိုင်သည်။

ယခု ရှန်းကျိုး၏ ကံကြမ္မာစွမ်းအားက စုစည်းသွားပြီဖြစိသည်။ ၎င်းက ရှန်းကျိုး၏ ကံကြမ္မာစွမ်းအားသက်သက်မဟုတ်ဘဲ လူသားမျိုးနွယ်၏ ကံကြမ္မာစွမ်းအားဖြစ်သည်။

" ကျောက်ဖုန်း သိုင်းတာအိုလမ်းစဉ်ကို ဖန်တီးတယ်။ အခု ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို စုစည်းလိုက်တယ်။ သူက သူတော်စင်တစ်ပါး ပြန်လည်မွေးဖွားလာတာဖြစ်နိုင်မလား။ " ကွေ့ကူကျိက အံ့ဩစွာ တွေးလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။

" သူက ရှန်းကျိုး ကံကြမ္မာစွမ်းအားရဲ့ တန်ပြန်မှုကို ငါ့ မခံစားရအောင် တားဆီးပေးပြီး ရှန်းကျိုးထဲကို ဝင်ရောက်ဖို့ တကယ်ပဲ အခွင့်အရေးရှိနိုင်တယ်။ " ကွေ့ကူကျိက စိတ်ထဲမှ တွေးလိုက်သည်။

ဖန်လိုင်ကျွန်း။

" ဘယ် ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားက ဘယ်လိုလုပ် သန်မာလာရတာလဲ။ မဟုတ်ဘူး သန်မာလာတာမဟုတ်ဘူး။ စုစည်းသွားတာပဲ။ ချင်နိုင်ငံက ရှန်းကျိုးကို ပေါင်းစည်းလိုက်ရင်တောင် သူတို့က ကံကြမ္မာစွမ်းအားကို တစ်ခုတည်း စုစည်းနိုင်မှာမဟုတ်ဘူး။ ချင်နိုင်ငံရဲ့ ကံကြမ္မာစွမ်းအားက ကြာရှည်ခံမှာမဟုတ်ဘူးလေ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" ဒီ ဒီလိုဖြစ်လို့မရဘူး။ ဒါကို သတင်းပို့ရမယ်။ မဟုတ်ရင် ရှန်းကျိုးက အရင်းအမြစ်တွေ၊ အသွေးအသားတွေကို ဆုံးရှုံးရလိမ့်မယ်။ " အင်မော်တယ်တမန်တော်က ရှန်းကျိုးနယ်မြေရှိရာသို့ အံ့ဩတုန်လှုပ်စွာ ကြည့်နေသည်။

ကောင်းကင်ဘုံ။

ကောင်းကင်ကိုးခု၏ အထက်ရှိ တိမ်များပေါ်တွင် နန်းတော်များစွာ တည်ရှိနေသည်။ ကျောက်ဖုန်းသာ ထိုမြင်ကွင်းကို မြင်လျှင် အံ့ဩသွားပေလိမ့်မည်။ အကြောင်းမှာ ၎င်းမှာ ၎င်းမှာ သူအရင်ဘဝက ဖတ်ဖူးခဲ့သော ဒဏ္ဍာရီထဲမှ ကောင်းကင်ဘုံနှင့် ကောင်းကင်နန်းတော်ဖြစ်နေသောကြောင့်ဖြစ်သည်။

တောင်ဘက်ကောင်းကင်ဂိတ်တံခါးတွင် ကောင်းကင်စစ်သည်များက စောင့်ကြပ်နေကြသည်။ သူတို့က အဖြူရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားကြသော်လည်း သူတို့၏ ခန္ဓာကိုယ်မှ မြင့်မြတ်သော အော်ရာများ ထွက်ပေါ်နေခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သွေးချီနှင့် နတ်ဆိုးစွမ်းအားများ ထွက်ပေါ်နေသည်။

ကောင်းကင်ဘုံး၏ လင်းရှောင်နန်းတော်က ကောင်းကင် ၃၃ခုလုံးကို လွှမ်းမိုးနိုင်သော မှော်ရတနာတစ်ခုကဲ့သို့ ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။ သို့သော် ​၎င်း၏ ကြီးကျယ်မြင့်မြတ်မှုအောက်တွင် သွေးရောင်နတ်ဆိုးစွမ်းအားများ ဖုံးကွယ်နေပြီး နန်းတော်တစ်ခုလုံးကို အေးစက်သွားစေသည်။

ခန်းမထဲတွင် ကောင်းကင်ဘုံး၏ အင်မော်တယ်များနှင့် နတ်ဘုရားများက စုဝေးနေကြသည်။ သူတို့၏ အမူအရာများက ကင်းမဲ့နေကြပြီး သူတို့တစ်ယောက်ချင်းစီ၏ အော်ရာများက ထူးဆန်းနေသည်။ ကောင်းကင်ဧကရာဇ်က ရွှေရောင်ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ပြီး ဧကရာဇ်သရဖူကို ဆောင်းထားသည်။ ထိုကောင်းကင်ဧကရာဇ်ပင်လျှင် ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသော ဖိအားများ ထုတ်လွှတ်နေပြီး ထိုဖိအားက အလောင်းတောင်များ၊ သွေးပင်လယ်များနှင့် အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များကို ဖော်ပြနေသည်။

All Chapters