Chapters

အခန်း ၆၅၂

Vol. 14 Ch. 652

အခန်း ၆၅၂

Vol. 14 Ch. 652

အပိုင်း၆၅၂:ဘုရင်မင်းမြတ်ကလုလျန့်ဝေကြောင့်အားအင်ကုန်ဆုံးလုနီးပါးဖြစ်ခဲ့တယ်။

လုလျန့်ဝေက ခုလေးတင်မတွေးတောပဲ စကားပြောလိုက်တာဆိုပေမယ့် ခုသူကသူမကိုပြန်ပြောရန် စိတ်အားထက်သန်စွာတောင်းဆိုနေသောအခါ အနည်းငယ်ရှက်ရွံ့သွားရသည်။

“ မခေါ်ဘူး”

ထိုသို့ပြောပြီးနောက်သူမ၏မျက်နှာကိုတစ်ဖက်သို့လှည့်လိုက်တော့သည်။သူမရဲ့ခေါင်းကသူ့ပေါင်ပေါ်မှာရှိနေသေးတာကိုမေ့သွားပြီးလှုပ်လိုက်သောအခါသူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကိုထိမိသွားလေသည်။

လုံယန်က တိတ်တဆိတ် ညည်းတွားလိုက်သည်။

လုလျန့်ဝေကသူမဘယ်အရာကိုထိမိသွားတယ်ဆိုတာသိလိုက်ချိန်မှာရှက်ရွံ့မှုကြောင့်မျက်နှာနီရဲသွားကာပြောလိုက်လေသည်။

“ကျွန်တော်မျိုးမတမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး”

လုံယန်ကအံကြိတ်၍အသက်ရှူရင်း

“လုလျန့်ဝေမင်းဘယ်လိုတောင်သတိလက်လွတ်လုပ်နိုင်တာလဲ အကယ်၍ ကျိုးသွားရင်ဘယ်လိုလုပ်မလဲ”

သူမအပြစ်ကိုသိသော်လည်းလုလျန့်ဝေကပြန်ပြောလိုက်သည်။

သူမဒီစကားကိုမပြောခဲ့ရင်ပိုကောင်းမှာဒါပေမယ့်သူမဒါကိုပြောလိုက်တဲ့အချိန်မှာလုံယန်ရဲ့ချောမောတဲ့မျက်နှာဟာသိသိသာသာညှိုးနွမ်းသွားခဲ့ပေသည်။ ထို့နောက် လုံယန်က

လုံယန်ကသူမရဲ့နားအနီးကပ်ကာ သူ့ရဲ့သြရှရှအသံနဲ့ ကြည်နူးမှုအဓိပ္ပါယ်ပါတဲ့ စကားတစ်ခုပြောလိုက်လေသည်။

“မင်းနာကျင်အောင်လုပ်ပြီးပြီဆိုတော့ပြန်ကုသပေးသင့်တယ်မဟုတ်ဘူးလား”

လုလျန့်ဝေရဲ့လက်တွေကတုန်လှုပ်သွားရသည်။ အရှင်မင်းကြီးကသေချာပေါက်ဟန်ဆောင်နေတာပဲ။

သူမရဲ့ခေါင်းနဲ့ထိမိတာကလည်း အဲ့လောက်အားမပြင်းပါဘူး။

“ဒါကတို့ဟူးနဲ့လုပ်ထားတာမဟုတ်ဘဲနဲ့ဘာလို့ဒီလောက်လွယ်လွယ်...လွယ်လွယ်...”

“ကိုယ်လဲဒီလိုလွယ်လွယ်နဲ့ကျိုးမယ်မထင်ပါဘူးဒါပေမယ့်လုံခြုံမှုအတွက်သေချာသိအောင်စမ်းကြည့်သင့်တယ်ထင်တယ်”

လုလျန့်ဝေကရုတ်တရက်မကောင်းတဲ့နိမိတ်ပြအမြင်မျိုးခံစားလာရကာမေးလိုက်သည်။

သေချာတာကတော့ခဏအကြာမှာသူမသည် ရုတ်တရက်ပွေ့ယူခံလိုက်ရကာ သူ၏ပေါင်ပေါ်သို့ရောက်သွားလေတော့သည်။

လုလျန့်ဝေက သူ့ကိုကြောက်လန့်တကြားကြည့်လိုက်မိသည်။ သူမရဲ့ခြေထောက်တွေကသူမကိုသစ္စာဖောက်ကာအလွယ်တကူပင်အရှုံးပေးလိုက်လေပြီ။

လုလျန့်ဝေက သူ၏ ရည်ရွယ်ချက်ကိုခံစားမိသောအခါ ကြောက်စိတ်ကြောင့်မျက်နှာပင်ဖြူဖျော့သွားပြီး

ဒီနေ့မှာတင်သူတို့အကြိမ်အနည်းငယ်လုပ်ပြီးပြီဆိုတော့နောက်တစ်ကြိမ်အတွက်သူမခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး။

လုံယန်သည်သူမကိုကျောဘက်မှဖက်ထားကာအမိန့်ပေးသောလေသံဖြင့်ပြောလိုက်သည်။

လုလျန့်ဝေသည် အံကြိတ်ပြီးသူမ၏အောက်ရှိလှုပ်ရှားနေသော သူကိုဖျစ်ညှစ်လိုက်သည်။ ထိုသူ့ဆီမှညည်းတွားသံထွက်လာသော်လုလျန့်ဝေက

“စမ်းသပ်စရာမလိုပါဘူးအရှင်မင်းကြီးအဆင်ပြေတယ်ဆိုတာသေချာပါတယ်မဟုတ်ဘူးဆိုရင်ဒီလိုမျိုးနေနိုင်မှာမဟုတ်ဘူးလေ”

ထိုသို့ပြော၍ အခြေအနေကိုအခွင့်ကောင်းယူကာ ခုတင်ပေါ်မှအလျင်အမြန်ခုန်ဆင်းလိုက်တော့သည်။

လုံယန်သည်ပြေးထွက်သွားသောမိန်းကလေးကိုကြည့်ကာအသိပြန်ဝင်လာရသည်။

သူကသူ့ရဲ့မျက်လုံးနှစ်လုံးကြားမှနေရာကိုလက်ဖြင့်ပွတ်ကာရယ်မောလိုက်သည်။ ဒီမိန်းကလေးက တစ်ကယ်ကို စိတ်လှုပ်ရှားစေနိုင်တာပဲ သူသာဒီထက်ပိုအားထုတ်ရင် သေချာပေါက်သူ့ကိုအားအင်ကုန်ခမ်းအောင်လုပ်နိုင်မှာပဲ။

မြို့စားချန်တို့မိသားစုက အခုအချိန်မှာအရှက်ကွဲခဲ့ရပေမယ့်လည်း လင်မိသားစုနဲ့ မြို့စားချန်မိသားစုတို့ဟာ ဆွေစဉ်မျိုးဆက်သူငယ်ချင်းဆက်ဆံရေးဖြစ်ခဲ့ကာ ခမည်းခမက်ဖြစ်မည့် အနေအထားထိရောက်ရှိခဲ့ကြသည်ဖြစ်သည်။ ဒါကြောင့် ယခုမြို့စားချန်မိသားစုတော်ဝင်မြို့တော်မှ ထွက်ခွာရမည့်အချိန်တွင် ဝန်ကြီးလင်ကမိသားစုနှင့်အတူလာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံသောအခါတွင်လဲ နှစ်ဦးလုံးတိတ်ဆိတ်နေကြသည်။

လင်ချင်းယွမ်သည်မြို့စားချန်၏ယခုပုံရိပ်ကို ကြည့်ရင်း ယခင်ကကျက်သရေဂုဏ်သိက္ခာနဲ့ ပြည့်စုံခဲ့သောပုံရိပ်ကို ပြန်မြင်ယောင်ကာ စိတ်မကောင်းဖြစ်လာမိသည်။

တိတ်ဆိတ်နေသောစကားဝိုင်းကို စတင်ဖြိုခွင်းသူမှာအခွန်ဝန်ကြီးလင်ကျန်းရွှီဖြစ်ပေသည်။ သူကမြို့စားချန်ရဲ့လက်ကိုဆွဲ၍ ပြောစရာစကားရှာမရဘဲသက်ပြင်းချလိုက်သည်။

မြို့စားချန်သည်သူငယ်ချင်းဟောင်း၏ စိတ်ကိုနားလည်သောကြောင့်လက်ကိုပုတ်၍ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်ရလဒ်က အတော်ကိုလုံလောက်နေပါပြီ၊ အရှင်မင်းကြီးရဲ့ကျေးဇူးတော်ကြောင့် ငါတို့အသက်ရှင်နေတာနဲ့တင်လုံလောက်နေပြီပဲလေ။ ကံမကုန်ဘူးဆိုရင်တော့ နောင်တစ်ချိန်ပြန်တွေ့ကြတာပေါ့ကွာ စိတ်မကောင်းမဖြစ်ပါနဲ့။”