Chapters

အခန်း ၆၅၃

Vol. 14 Ch. 653

အခန်း ၆၅၃

Vol. 14 Ch. 653

အပိုင်း၆၅၃:ငါမင်းကိုမျက်နှာချင်း မဆိုင်နိုင်လောက်ဘူး

လင်ကျန်းရွှီကဒါကိုကြားတော့စိတ်သက်သာရာရသွားတယ်။သူ့သူငယ်ချင်းကတကယ်ကိုစိတ်သဘောထားကြီးတဲ့သူပဲဒီလိုအခြေအနေမျိုးမှာတောင်အကောင်းမြင်စိတ်ရှိတဲ့သူမျိုးကတကယ်ကိုတွေ့ရခဲပါတယ်။

“အခွင့်အရေးကအမြဲရှိမှာပါ။မင်းစိတ်ငြိမ်သွားရင်ငါ့ကိုစာပို့လိုက်ပါ။ငါတို့အတူတူသောက်ကြတာပေါ့ကွာ”

မြို့စားချန်ကခေါင်းငြိမ့်ကာပြောသည်။

“ကောင်းပါပြီ”

ထို့နောက်သူသည်လင်ချင်းယွမ်ထံအကြည့်ရောက်သွားသောအခါစိတ်ထဲတွင်ခံစားချက်ပေါင်းစုံပေါ်လာသည်။

သူကနောင်တရနေပြီဆိုပေမယ့်သူ့သားရဲ့အမှားလုပ်ရပ်တွေကိုပြန်တွေးမိလိုက်သည်။လင်ချင်းယွမ်ကပညာရှိစွာနဲ့သူမသေဆုံးမှုကိုအတုလုပ်ခဲ့သောကြောင့်သာ အဆင်ပြေခဲ့ခြင်းဖြစ်သည်။ထိုသို့မဟုတ်လျှင်သူသည်သူမ၏တစ်ဘဝလုံးကိုဖျက်ဆီးမိသွားမည်ပင်။

ထို့အပြင်လူမိုက်ချန်ကျူပင်းကလဲလင်ချင်းယွမ်နဲ့လုံးဝမထိုက်တန်ခဲ့။

လင်ကျန်းရွှီသည်လင်ချင်းယွမ်ထံမှအိတ်ကိုယူကာမြို့စားချန်ထံသို့ပေး၍ပြောလိုက်သည်။

“အခင်ဆုံးသူငယ်ချင်းတွေတောင်မှတစ်ခါတစ်လေခွဲခွာကြရတာပဲ၊ဂရုစိုက်ပါ။”

မြို့စားချန်၏လက်ထဲရှိအိတ်သည်အလွန်လေးလံသည့်ပုံပေါ်နေကာမျက်ဝန်းတွင်လဲမျက်ရည်များနှင့်ပြည့်နေသည်။

မြို့စားချန်သည်သေဒဏ်မှလွတ်ခဲ့သော်လည်းပစ္စည်းဥစ္စာအားလုံးသိမ်းဆည်းခံရကာပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။သို့သော်မိသားစုအားကျွေးမွေးရန်လိုအပ်သောကြောင့် ပေးသောလက်ဆောင်အားမငြင်းပယ်ဘဲလက်ခံလိုက်သည်။ထို့နောက်ကျေးဇူးတင်စကားဆိုလိုက်သည်။

“ကျေးဇူးပါအစ်ကိုလင်အကူအညီပေးခဲ့တာကိုမမေ့ပါဘူး။တကယ်လို့ကျွန်တော့်အကူအညီလိုခဲ့ရင်ကျွန်တော့်အသက်တောင်ပေးဖို့ဝန်မလေးပါဘူး”

“ရှက်သင့်တာငါပါ ကျူပင်းကချင်းယွမ်ကိုဒုက္ခပေးချင်နေတာကိုမသိလိုက်ဘူး။တော်ပါသေးတယ်သူမဘာမှမဖြစ်လို့မဟုတ်ရင်ငါမင်းကိုမျက်နှာချင်းဆိုင်နိုင်တော့မှာမဟုတ်ဘူး။”

သူ့သားကချင်းယွမ်နဲ့လက်မထပ်နိုင်ခဲ့လို့စိတ်မကောင်းဖြစ်ရတဲ့အပြင်သူ့သားရဲ့လုပ်ရပ်တွေအတွက်လည်းသူရှက်မိနေသည်။

အံ့သြစရာကောင်းတာကတော့လင်ချင်းယွမ်ကချန်ကျူပင်းကြောင့်သေမလိုဖြစ်ခဲ့ပေမယ့်လင်ကျန်းရွှီကစိတ်မကွက်တဲ့အပြင်ယခုငွေကြေးအထောက်အပံ့ပါပေးနေသေးသည့်အတွက်တကယ်ကိုစိတ်ထားမွန်မြတ်သည့်လူဖြစ်ကြောင်းပေါ်လွင်နေသည်။

“ထားလိုက်ပါတော့အရာအားလုံးကပြီးသွားပြီပဲ”

လင်ကျန်းရွှီကသူ့သမီးအသက်ဘေးကလွတ်မြောက်ခဲ့တဲ့အတွက်ဝမ်းသာနေမိသည်။ မဟုတ်ဘူးဆိုရင်သူမကအစောထဲကလက်ထပ်ပြီးဖြစ်နေမှာ။ ခုလိုပြည်နှင်ဒဏ်ပေးခံရတာမှာလဲပါသွားမှာဖြစ်နိုင်ပေသည်။

သူကချန်ကျူပင်းကိုလူကောင်းတစ်ယောက်လို့ထင်ခဲ့ပြီးသူ့သမီးသာသူ့ကိုရွေးချယ်ခဲ့မယ်ဆိုရင်ပျော်ရွှင်ရမယ်လို့ထင်ခဲ့ခြင်းဖြစ်သည်။ချန်ကျူပင်းကသူ့ရဲ့ပုံစံအမှန်ကိုဖုံးကွယ်ထားခဲ့တာကြောင့်သူပြသောလူကောင်းပုံစံကို မှားယွင်းမြင်ခဲ့မိခြင်းပင်။

ထိုအချိန်တွင်လင်ချင်းယွမ်၏အသံကလူတွေကိူရပ်တန့်သွားစေခဲ့သည်။အားလုံးကချန်ချူးယွီလှည်းထဲကပြေးထွက်လာတာကိုမြင်လိုက်ကြရသည်။

အဒေါ်လျိုကမျက်ရည်လည်လာခဲ့သည်။ သို့ပေမယ့်သူမအဆင်ပြေနေတာမြင်တော့အနည်းငယ်စိတ်ချမ်းသာရရသွားလေသည်။သူမကိုကြည့်လိုက်ကာတစ်ခုခုကိုတွေးမိသွား၍မေးလိုက်သည်။

ချန်ချူးယွီကထိုစကားကိုကြားလိုက်သောအခါ ငြိမ်သက်သွားခဲ့သည်။ဂေဟာထဲမှာတုန်းကဘာတွေဖြစ်ခဲ့တယ်ဆိုတာ သူမ သိပေမယ့် မပြောချင်တော့ပေ။ထို့ကြောင့်သူမက

“သမီးအဆင်ပြေပါတယ်။အရှင်မင်းကြီးကသမီးကိုကယ်ပြီးအရှေ့နန်းဆောင်ကိုပို့ပေးခဲ့တယ်။အမေဘာမှမပူပါနဲ့သမီးကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်ပါတယ်။ဒါပေမယ့်အမေကခရီးဝေးသွားရတော့မှာပြန်တွေ့ဖို့ကလဲမလွယ်တော့ဘူးဆိုတော့အမေကိုယ့်ကိုကိုယ်ဂရုစိုက်ပါနော်။”

ထို့နောက်တန်ဖိုးကြီးပစ္စည်းတစ်ချို့ကိုသူ့လက်ထဲထည့်ပေးကာပြောလိုက်သည်။

“ဒါတွေကိုလုံလုံခြုံခြုံသိမ်းပြီးယူသွားလိုက်ပါ”