အခန်း ၆၅၄
Vol. 14 Ch. 654
အပိုင်း၆၅၄:လုလျန့်ဝေကစိတ်အနှောင့်အယှက်မဖြစ်နိုင်ခဲ့ဘူး
အဒေါ်လျိုကငြင်းပယ်ချင်ပေမယ့်လည်းသူ့သမီးစိတ်ချမ်းသာစေရန်အတွက်ပေးသောအရာကိုလက်ခံလိုက်ကာပြောလိုက်သည်။
“ငါ့မှာဘာမှမရှိတော့ဘူးဘယ်လိုဖြစ်ဖြစ်အသက်အရွယ်လဲကြီးနေပါပြီဒါပေမယ့်သမီးကတော့အရှေ့နန်းဆောင်မှာနေတာဂရုစိုက်ပါ။အဲ့နေရာကအပြင်လောကနဲ့မတူဘူးအဆိပ်ပြင်းတဲ့အရာတွေရှိနေတယ်။ဘာလုပ်လုပ်ဘယ်သွားသွားဂရုစိုက်မှဖြစ်မယ်နော်”
သူ့အမေရဲ့စကားကြောင့် ချန်ချူးယွီဝမ်းနည်း လာခဲ့သည်။သူ့အမေရဲ့လက်ကိုဆွဲထားကာပြန်မလွှတ်ချင်တော့ဘဲအရာအားလုံးကိုရပ်တန့်ကာသူ့အမေနှင့်အတူလိုက်သွားချင်မိသည်။
သို့သော်သူမမသွားနိုင်သေးပါ။သူမ၏လက်တုန့်ပြန်မှုကိုဆက်လုပ်ရဦးမည်ဖြစ်သည်။အနည်းဆုံးတော့သူမထွက်မသွားခင်လုယွင်ရွှမ်းကျဆုံးတာကိုမြင်ချင်သေးသည်။
ထို့နောက်သူမသည်အဒေါ်လျို၏အနားသို့ကပ်ကာတိုးတိတ်စွာဖြင့်
“သမီးမှာမင်းသားနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီအမေ”
အဒေါ်လျိုကပျော်ရွှင်မှုဖြင့်စိတ်လှုပ်ရှားစွာမေးလိုက်သည်။
အဒေါ်လျိုကပျော်ရွှင်နေစဉ်မှာပဲစိတ်ပူသွားရသည်။သူ့သမီးကမင်းသားရဲ့စိတ်ဝင်စားမှုကိုမခံရသေးခင်မှာပဲလုယွင်ရွှမ်းကသူမကိုအကောက်ကြံခဲ့တယ်။ခုသူမကိုယ်ဝန်ရှိနေပြီဆိုတော့ပို၍တောင်အန္တရယ်ရှိနေလေပြီ။
“အမေစိတမပူပါနဲ့၊ဒီကလေးကမင်းသားရဲ့ပထမဆုံးကလေးပဲပြီးတော့မယ်တော်ကြီးကလဲဒီကိစ္စကိုအလေးအနက်ဂရုစိုက်ပေးနေပါတယ်”
ပြောပြီးနောက်သူမသည်မနေ့ကမင်းသားရဲ့တုန့်ပြန်မှုကိုပြန်တွေးကာရင်ထဲတွင်ယုံကြည်ချက်ပို၍ရှိလာခဲ့သည်။
အကယ်၍မင်းသားကပိုမကောင်းလာတော့ဘူးဆိုရင်ဒီကလေးကမင်းသားရဲ့တစ်ဦးတည်းသောကလေးဖြစ်မှာပဲဒါကပဲလုယွင်ရွှမ်းကိုတိုက်ခိုက်ဖို့လုံလောက်နေပြီလေ။
သူမကအရင်ကမသိခဲ့ဘူးဆိုပေမယ့်ဂေဟာထဲမှာခက်ခဲတဲ့အရာတွေကိုကြုံခဲ့ရပြီးတဲ့နောက် လုယွင်ရွှမ်းကဘယ်လောက်အဆိပ်ပြင်းတယ်ဆိုတာသိသွားခဲ့ပြီဖြစ်သည်။
သူမကသူ့ရဲ့လမ်းကြောင်းမှာရှိနေတဲ့ဘယ်အရာကိုမဆိုဖယ်ရှားပစ်မယ့်လူပဲ။
ကူညီနိုင်မယ့်လူကမင်းသားလဲမဟုတ်သလိုမယ်တော်ကြီးလဲမဟုတ်ပေ။လုလျန့်ဝေသာဖြစ်သည်။
လုလျန့်ဝေနဲ့လုယွင်ရွှမ်းကညီအမတွေဆိုပေမယ့်လုလျန့်ဝေကလုယွင်ရွှမ်းသူ့အချစ်ဟောင်းကိုခိုးယူခဲ့တဲ့အတွက်စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုတာမဖြစ်နိုင်ပေ။
ပြီးတော့သူမကျင်းအန်နန်းဆောင်ကိုနောက်ဆုံးရောက်ခဲ့တုန်းကလုလျန့်ဝေကလုယွင်ရွှမ်းနဲ့စကားပြောဆိုနေတာမျိုးမတွေ့ခဲ့ရချေ။
လုလျန့်ဝေကိုအကာအကွယ်အဖြစ်သူမရရှိနေမယ်ဆိုရင်သူမဗိုက်ထဲကကလေးအတွက်စိတ်ချရပြီဖြစ်သည်။
အဒေါ်လျိုကသူ့သမီးနဲ့မခွဲချင်ပေမယ့်သူတို့ကိုပြည်နှင်ဒဏ်ပို့ရန်တာဝန်ရှိသူများကအလျင်လိုစွာပြောနေသောကြောင့်သူ့သမီးကိုလက်လွှတ်ကာပြောလိုက်သည်။
နောက်ပိုင်းတွေ့ဆုံဖို့အခွင့်အရေးရှိမရှိမသေချာတော့ပေ။
မြို့စားချန်ကထွက်သွားတော့မယ့်အချိန်မှာလင်ကျန်းရွှီကိုကြည့်ကာစကားပြောတာရပ်လိုက်ပြီး အဆုံးမှာတော့သူ့လူတွေကိုလက်ပြကာပြောလိုက်သည်။
ချန်ကျူပင်းကတော့သေဒဏ်သတ်မှတ်ပြီးသားဖြစ်သဖြင့် ပြောင်းလဲလို့မရပေ။ မကြာခင်၌ကွပ်မျက်ခံရမှာဖြစ်သည်။
မြို့စားချန်အိမ်ကလူတွေထွက်သွားတာကိုကြည့်ပြီးတော့လင်ကျန်းရွှီကမြို့ထဲပြန်လာခဲ့သည်။
လင်ချင်းယွမ်ကသူ့ဘေးမှာရပ်နေတဲ့ချန်ချူးယွီကိုကြည့်၍သူမရဲ့မိဘတွေကိုပြောလိုက်သည်။
လူတွေထွက်သွားပြီးတော့လင်ချင်းယွမ်ကချန်ချူးယွီကိုကြည့်ပြီး သူမရဲ့မျက်ဝန်းတွေနီရဲနေတာကိုမြင်တော့မေးလိုက်သည်။