အခန်း ၆၅၅
Vol. 14 Ch. 655
အပိုင်း၆၅၅:သူမ၏ဗိုက်ကိုနောင်တအချို့နှင့်ကြည့်ခဲ့သည်
ချန်ချူးယွီ အံ့သြသွားရသည်။ သူမကစကားလာပြောလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပေ။
သူမကငယ်ငယ်ထဲကချန်ကျူပင်းနှင့်လည်းသိပ်မတွေ့ဆုံဖူးသလိုသူမနဲ့တရင်းတနှီးမရှိခဲ့။သူမတို့နှစ်ဦးကမြို့စားချန်အိမ်တော်တွင်တခဏတွေ့ဆုံခဲ့ကြဖူးသည်သို့သော်လည်းလစ်လျူရှုခဲ့ကြလိုက်ခြင်းပေ။
ခဏကြာတော့သူမကခေါင်းငြိမ့်ပြကာဖြေလိုက်သည်။
“အဆင်ပြေပါတယ်”
ပြီးနောက်ဆက်ပြောလိုက်သည်။
“ကျေးဇူးပါ”
လင်ချင်းယွီက
“ဘာအတွက်ကျေးဇူးတင်တာလဲကျွန်မဘာမှမလုပ်ပေးရသေးပါဘူး”
ချန်ချူးယွီက ပြန်ဖြေလိုက်သည်။
“ကျွန်မကိုစကားလာပြောပေးလို့ကျေးဇူးတင်ပါတယ်”
“ကျွန်မကအမြင်ကျဥ်းပြီးလစ်လျူရှုတတ်သလိုမျိုးဖြစ်နေခဲ့တာပါ”
ချန်ကျူပင်းနဲ့ဆက်ဆံရေးကြောင့်ချန်ချူးယွီကိုသူမ မမြင်ချင်ခဲ့ခြင်းဖြစ်သည်။အခုအချိန်တွင်ပြန်တွေးကြည့်တော့သူမကတကယ်ပဲအတွေးတိမ်နေခဲ့ခြင်းပငါ။သူမကချန်ကျူပင်းကိုသာမြင်၍ချန်ကျူပင်း၏အာရုံစိုက်မှုကိုခံရရန်အတွက်သာကြိုးစားနေခဲ့မိသည်။
သူမကအမှားတွေအများကြီးလုပ်ခဲ့တယ်ဒါပေမယ့်အခုပြန်တွေးမိတော့တကယ့်ကိုစိတ်ရှူပ်စရာတွေလုပ်ခဲ့တာပဲဖြစ်သည်။
သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံး၍မြို့ထဲသို့ပြန်လာခဲ့ကြသည်။အရှေ့နန်းဆောင်မှကိုယ်ရံတော်များကလှည်းယာဉ်ကိုထမ်းကာသူတို့နောက်မှလိုက်လာကြလေသည်။
လင်ချင်းယွမ်ကတစ်ခုခုကိုတွေးမိသွားသောကြောင့်ပြောလိုက်သည်။
“စကားမစပ်နင်အရင်တစ်ခါပြန်ပေးဆွဲခံရတုန်းကကျွန်မမြင်လိုက်တယ်ဒါကြောင့်လုလျန့်ဝေကိုပြောလိုက်လို့။ နင့်ကိုကယ်နိုင်ခဲ့တာသူ့ကိုကျေးဇူးတင်ရမယ်”
“ဟုတ်တယ်၊အရင်တစ်ခါကျွန်မသေမလိုအရိုက်ခံခဲ့ရတုန်းကလဲ ခေါ်သွားတဲ့လူပဲလေ၊သူမကျေးဇူးကြောင့်ပဲကျွန်မအသက်ရှင်ခဲ့ရတာ။အရှင်မင်းကြီးကသူ့ကိုချစ်တယ်၊သူကအဲ့ဂေဟာကိုပြောပြလိုက်လို့အရှင်မင်းကြီးကလာကယ်တာပေါ့။”
ချန်ချူးယွီ အခုမှပဲဒီလုပ်ကြံမှု၌ လူအများကြီးပါတာကိုသိလိုက်ရတော့သည်။အရှင်မင်းကြီးလာကယ်တဲ့အကြောင်းအရင်းကိုလဲယခုမှသာသိရခြင်းပေ။
ပြီးတော့မင်းကြီးကသူမကိုယ်ဝန်ရှိနေတာကိုသိတော့ သူမဂေဟာသို့ရောက်ခဲ့သည်ကိုမသိကျိုးကျွံပြု၍ အရှေ့နန်းဆောင်သို့ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
“ကျွန်မအရင်ကသူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်။သူမကိုလူကောင်းလို့ထင်ခဲ့တာသူမကြောင့်လုလျန့်ဝေကိုအမြဲတမ်းပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ရလဒ်ကတော့ကျွန်မအရူးလုပ်ခံလိုက်ရတာပဲ။လုယွင်ရွှမ်းကတကယ်ကိုအဆိပ်ပြင်းတဲ့မိန်းမ။နင်ကအခုအရှေ့နန်းဆောင်မှာဆိုတော့အရာရာကိုဂရုစိုက်ရမယ်။သူနင့်ကိုလွယ်လွယ်လွှတ်ထားမယ်လို့တော့မထင်ဘူး”
ဟုပြောကာသူမ၏ဝမ်းဗိုက်ကိုနောင်တတချို့နှင့်ကြည့်လိုက်သည်။
ချန်ချူးယွီကကိုယ်ဝန်ရှိနေပြီဟုပြောသည်ကိုသူမကြားလိုက်သည်။လုယွင်ရွှမ်းလိုအဆိပ်ပြင်းတဲ့သူကအခြားကိုယ်လုပ်တော်တွေရဲ့ကလေးကိုသူ့ထက်အရင်မွေးခွင့်ပေးမယ်တဲ့လား။
ချန်ချူးယွီကရယ်မောလိုက်သည်။ဒါကဂေဟာကအချိန်တွေကျော်ဖြတ်ပြီးကတည်းကပထမဆုံးအနေနဲ့သူမရင်ထဲကလှိုက်လှဲစွာရယ်မောမိခြင်းပင်။