အခန်း ၆၅၆
Vol. 14 Ch. 656
အပိုင်း၆၅၆:မတော်တဆမှုတစ်ခုထက်မပိုဘူး
လင်ချင်းယွမ်က ချန်ချူးယွီကိုကြည့်ပြီး
မှင်သက်သွားခဲ့သည်။သူမက အခုအလှပြင်ဆင်ခြင်း မရှိတော့တာတောင် သဘာဝအတိုင်း တကယ်ကိုလှပနေတုန်းပဲဆိုတာ သဘောပေါက်သွားရသည်။
ချန်ချူးယွီကမေးလိုက်သည်။
``စကားမစပ် မနက်ဖြန်ချန်ကျူပင်းကိုသေဒဏ်စီရင်မဲ့နေ့ပဲ။ နင် သွားတွေ့မှာလား။”
လင်ချင်းယွမ်ကဒါကိုကြားတော့အံကိုကြိတ်၍ပြောလိုက်သည်။
``ကျွန်မ အဲ့နေရာမှာသေချာပေါက်ရှိနေမှာပါ သူ့ကိုနှုတ်ဆက်ဖို့တော့မဟုတ်ဘူး။ သူသေဒဏ်စီရင်ခံရတာကို ကျွန်မ မျက်စိနဲ့မြင်ချင်လို့ပဲ။အဲ့မကောင်းတဲ့ကောင်က လူအတော်များများကို ဒုက္ခပေးထားတာ။ သူသေတာကိုကျွန်မ မြင်ချင်တယ်။”
ချန်ချူးယွီကသက်ပြင်းချကာပြောလိုက်သည်။
``တကယ်တော့ ငါ့အကိုက သနားစရာအသုံးချခံလေးတစ်ယောက်ပါပဲ။”
``နင်ပြောတာမှန်တယ်။ လုလျန့်ဝေကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မလဲအခုထိ လုယွင်ရွှမ်းရဲ့အသုံးချခံနယ်ရုပ်တစ်ခုဖြစ်နေမှာပဲ။”
သူတို့နှစ်ယောက်ကအချိန်အတော်ကြာလမ်းလျှောက်ခဲ့ကြပြီးတော့နှုတ်ဆက်လိုက်ကြသည်။
``ကျွန်မတို့နှစ်ယောက်က အရင်ထဲကမတူညီတဲ့လူတွေဖြစ်ခဲ့ကြတယ် ဒါကြောင့်ပဲ ကျွန်မအခုနင့်ကိုဒီစကားတွေပြောနေတာပေါ့။ မိဖုရား လုလျန့်ဝေ က နင့်ကိုကူညီနိုင်မယ့်လူပဲ။ပြသနာတစ်ခုခုကြုံရင် သူမကိုအကူအညီတောင်းလိုက်ပါ။ သူမက အပေါ်ယံ မာကျောပြီးသွေးအေးပြီးပုံပေါ်ပေမဲ့ အတွင်းစိတ်ကကြင်နာတတ်ပါတယ်။”
အဝေးရောက်နေတဲ့ လုလျန့်ဝေက ရုတ်တရက်နှာချေခဲ့လေသည်။လင်ချင်းယွမ်ကသူမအလုပ်တွေကို ကူညီလုပ်ကိုင်ပေးနေတာမို့ သူမကဒီရက်ပိုင်းအလုပ်ရှုပ်သက်သာနေခဲ့တာပင်။
ချန်ချူးယွီကခေါင်းငြိမ့်ကာအသံတိုးတိတ်စွာပြန်ပြောလိုက်သည်။
``ကျွန်မလည်း မိဖုရားကိုအကူအညီတောင်းမလို့ တွေးနေတာပါ။”
လင်ချင်းယွမ်ကလက်ပြနှုတ်ဆက်ရင်းနဲ့စကားဆိုလိုက်သည်။
``ဒါကကောင်းပါတယ်။ကျွန်မ အရင်သွားတော့မယ် လမ်းခရီးမှာဂရုစိုက်သွားနော်”
ချန်ချူးယွီက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။သူမကလင်ချင်းယွမ်သူမမြင်ကွင်းကနေပျောက်သွားတဲ့အထိကြည့်နေခဲ့ပြီးသူမရဲ့လှည်းယာဉ်ပေါ်ကိုတက်သွားခဲ့သည်။
မယ်တော်ကြီးရှောင်ကျင်းက ဘုရားရှိခိုးနေလေသည်။လက်ထဲတွင်လဲစိပ်ပုတီးကိုကိုင်ထားပြီး ကြည့်ရသည်မှာ သူမကနေ့တစ်ဝက်လောက်တရားထိုင်ထားတဲ့ပုံစံပေါ်နေခဲ့သည်။သူမက သူမရဲ့မြေးအား ထူးဆန်းစွာကြည့်၍ မေးလိုက်သည်။
``ဖွားတော် ကျွန်တော်ထင်တာတော့ လုလျန့်ဝေကို ဦးရီးတော်ရဲ့ကလေးကိုမရအောင်တားဆီးတာက အလုပ်ဖြစ်မှာမဟုတ်ဘူး သူ့မှာအခြား ကိုယ်လုပ်တော်တွေလဲ ရှိနေသေးတယ်။ကျွန်တော်တို့တစ်ခုချင်းကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ကျွန်တော့်အထင်ကတော့ ကျွန်တော်တို့ဦးရီးတော်ကိုပဲ အဓိက တိုက်ခိုက်သင့်တယ် ထင်တယ်။”
မယ်တော်ကြီးရှောင်ကျင်းက ခေါင်းငြိမ့်လိုက်သည်။ သူမ၏မျက်ဝန်းတွင်အဆိပ်ပြင်းသောအကြည့်များရှိနေပေသည်။သူမက
``မင်းပြောတာမှန်တယ်။ငါဒါကိုတွေးနေတာကြာပြီ။နောက်နှစ်ရက်ကြာရင်ဆောင်းဦးအမဲလိုက်ပွဲရှိတယ်။မင်းကြီးကဝန်ကြီးတွေနဲ့အတူသွားမှာ။ဒါကငါတို့အတွက်အခွင့်အရေးကောင်းပဲ။”
``အမဲလိုက်ကွင်းကိုသွားတဲ့နေရာနားမှာပေတရာလောက်ရှိတဲ့ချောက်ကမ်းပါးတစ်ခုရှိတယ်။အဲ့နေရာကနေထောင်ချောက်ဆင်လို့ရတယ်။ပုန်းနေပြီးဦးရီးတော်လာရင်မြှားနဲ့လှမ်းပစ်မယ်။ဒါဆိုမြင်းကလန့်ပြီးချောက်ကမ်းပါးဆီပြေးမှာပဲ။”
မယ်တော်ကြီးရှောင်ကျင်းကသူမတို့ရဲ့အကြံအစည်အတွက်မျှော်လင့်ချက်ပြည့်သောမျက်လုံးများဖြင့်ပြောလိုက်သည်။
``အကြံကောင်းပဲ။ငါတို့ကထီးနန်းရဖို့ဦးတည်တာမို့သက်သေကျန်ခဲ့လို့မဖြစ်ဘူး။မင်းကြီးကချောက်ကမ်းပါးအောက်ပြုတ်ကျသွားတယ်ဆိုရင်မြင်းကလန့်ပြီးပြေးတာဖြစ်လို့မတော်တဆမှုထက်မပိုဘူး။ဒါကြောင့်မင်းနန်းတက်မှာကို ဘယ်သူမှမတားနိုင်ဘူး။
လုံချီကလဲမျှော်လင့်ချက်ပြည့်နေခဲ့သည်။ သို့သော် သူတစ်ခုခုကိုတွေးမိသွားပြီး မျက်နှာပျက်သွားခဲ့ရသည်။
မယ်တော်ကြီးကဒါကိုသတိမထားမိခဲ့ပေ။သူကနောက်ဆက်ပြီးလုပ်မယ့်အစီအစဉ်ကိုပြောပြနေလေသည်။
``ဒီအစီအစဉ်ကိုအပြန်ခရီးမှအကောင်အထည်ဖော်သင့်တယ်။ ဘာကြောင့်လဲဆိုတော့အပြန်ကျမှလုံခြုံရေးအင်အားလျော့မှာ။”
လုံချီကပြန်ပြောလိုက်သည်။
မယ်တော်ကြီးကပုတီးစိပ်နေသည်အား ရပ်လိုက်တော့သည်။သူမကချောက်ကမ်းပါးအောက်မှာသေနေမယ့်လုံယန်ရဲ့အလောင့်းကိုမြင်ရဖို့မစောင့်နိုင်တော့ပေ။နောက်ဆုံးတော့မင်းကြီးနတ်ရွာစံတာနဲ့သူမရဲ့မြေးကနန်းတက်ပြီးဘုရင်ဖြစ်တော့မှာဖြစ်သည်။