Chapters

အခန်း ၆၅၇

Vol. 14 Ch. 657

အခန်း ၆၅၇

Vol. 14 Ch. 657

အပိုင်း၆၅၇:သူကဆက်ခံသူမရှိနိုင်တော့ဘူးဆိုတဲ့သဘောလား

ထီးနန်းကသူ့သားအတွက်ဖြစ်ခဲ့ပြီး

လုံယန်က ဒါကို နှစ်ပေါင်းများစွာအပိုင်သိမ်းထားခဲ့တာပင်။ အခုတော့ပြန်ပေးရမယ့်အချိန်ရောက်ပြီဖြစ်သည်။

လုံချီကလိုချင်တဲ့အဖြေကိုရပြီမို့လို့ထပြန်ဖို့ပြင်ဆင်ကာပြောလိုက်သည်။

``ရေခဲတောင်တန်းတွေပေါ်သွားဖို့အတွက်ပြင်ရဦးမှာမို့ အရင်သွားလိုက်ပါဦးမယ်။”

သူဟာထီးနန်းကိုရဖို့လက်တစ်ကမ်းအလိုမှာရှိနေပြီဆိုပေမယ့်သူ့မျက်နှာမှာပျော်ရွှင်မှုမတွေ့ရလို့မယ်တော်ကြီးကမေးလိုက်သည်။

``စိတ်ရှုပ်စရာတစ်ခုခုရှိနေတာလား။ အကယ်၍ စိတ်ရှုပ်စရာတစ်ခုခုရှိနေရင်ပြောပြလို့ရတယ်နော်။ငါကမင်းရဲ့အဖွားပါ။ဒီလောကမှာမင်းနဲ့အရင်းနှီးဆုံးလူပဲ။ငါ့ကိုအားလုံးပြောပြလို့ရပါတယ်။”

လုံချီကပြောပြဖို့အတွက်ချီတုံချတုံဖြစ်နေသေးသည်။

သူမကသူ့အဘွားဆိုပေမယ့်သူမွေးကတည်းကသူ့ဘဝကိုစီစဉ်နေခဲ့တာပင်။ဒီကိစ္စကသူ့ရဲ့ယောက်ျားဂုဏ်သိက္ခာနဲ့ပတ်သက်နေတော့ဘယ်လိုပြောပြရမလဲဆိုတာမသိဘဲ ဖြစ်နေခဲ့သည်။

``မင်းအိမ်ရှေ့မင်းသမီးနဲ့ရန်ဖြစ်ပြန်ပြီလား။ဒီလိုအရာတွေကိုခေါင်းထဲမထားဖို့မင်းကိုခဏခဏပြောပါတယ်။မင်းသာဘုရင်ဖြစ်ပြီဆိုရင်ကြိုက်တဲ့မိန်းမကိုယူလို့ရတယ်။သူမနဲ့ဘာမှထပ်ပြီးပြသနာဖြစ်နေစရာမလိုဘူး။”

ရုတ်တရက် လုလျန့်ဝေကသူ့အတွေးထဲပေါ်လာခဲ့လေသည်။

သူသာသူမကိုရမယ်ဆိုရင်အခြားမိန်းမတွေကိုမလိုအပ်တော့ဘူး။

သူကဒါကိုတွေးနေရင်းဒေါသထွက်လာရသည်။ထို့နောက်သူ့အဘွားကိုပြောလိုက်တော့သည်။

``အိမ်ရှေ့မင်းသမီးနဲ့မဆိုင်ပါဘူးဒါကဒီတိုင်းပဲကျွန်တော်....ကျွန်တော့်မှာစိတ်ရှုပ်စရာရှိနေတာပါ။”

မယ်တော်ကြီးက သူ့ကိုအံ့သြစွာ ကြည့်၍ ပြန်ပြောလိုက်သည်။

``အကြောင်းတစ်ချို့ကြောင့်ကျွန်တော်ဒီရက်ပိုင်းမစွမ်းဆောင်နိုင်ဘူးဖြစ်နေတယ်။”

သူ့ရဲ့စကားကြောင့်မယ်တော်ကြီးကထိတ်လန့်စွာမေးလိုက်သည်။

``ကျွန်တော်မသိဘူး။အရင်တုန်းကအဆင်ပြေနေခဲ့တာခုမှရုတ်တရက်...”

မယ်တော်ကြီးကတကယ်ကိုစိတ်ရှုပ်ထွေးသွားရသည်။သူ့ရဲ့မြေးကမစွမ်းဆောင်နိုင်ဘူးတဲ့လား။ဒါကမဖြစ်သင့်ဘူး။

သူ့မှာခုထိသားယောက်ျားလေးမရှိဘူး။ချန်ချူးယွီရဲ့ဗိုက်ထဲကကလေးကလဲယောက်ျားလေးလားမိန်းကလေးလားဆိုတာဘယ်သူသိမှာလဲ။အကယ်လို့သူမကမိန်းကလေးမွေးခဲ့ရင်ဘယ်လိုလုပ်မလဲ။ဒါဆိုသူ့မြေးမှာဆက်ခံသူမရှိနိုင်တော့ဘူးဆိုတဲ့သဘောလား။

မယ်တော်ကြီးကပုတီးစိတ်နေတာရပ်ပြီးငြိမ်သက်သွားခဲ့သည်။ထို့နောက်ဆက်ပြောလိုက်လေသည်။

``စိတ်ရှုပ်ထွေးမသွားနဲ့ဦး။ငါမင်းကိုကူညီလို့ရမှာပါ။ဒါကိုကုသပေးလို့ရတဲ့ကျွမ်းကျင်သမားတော်တွေရှိမှာပါ။”

ထိုအချိန်မှာပင်သူမ၏စိတ်ထဲတွင်လူတစ်ယောက်ကိုတွေးမိသွားသည်။

လုံချီကသူ့အဘွားရဲ့စကားကိုကြားတော့မျှော်လင့်ချက်ရှိလာခဲ့သည်။

သူမမှာဒီပြသနာအတွက်ဖြေရှင်းနိုင်မယ့်နည်းလမ်းရှိပုံပေါ်ပေသည်။

လုံချီထွက်ခွာသွားတဲ့အချိန် မယ်တော်ကြီးက လျိုဖူအား အမိန့်ပေးလိုက်သည်။

လင်းလီဟွားကကျွမ်းကျင်သမားတော်တစ်ယောက်ဆိုတော့သူ့မြေးရဲ့ပြသနာကိုဖြေရှင်းနိုင်မယ့်အဖြေတစ်ခုရှိမှာသေချာပေသည်။

သူမကလင်းလီဟွားကိုအနာဂတ်မှာကိစ္စတွေမရှုပ်ထွေးအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့သတ်မယ်ရည်ရွယ်ထားပေမယ့်ခုချိန်မှာသူမကအသုံးဝင်လာခဲ့ပြန်ပြီ ဖြစ်သည်။သူမဘဝကယာယီလုံခြုံသွားခဲ့ပြန်ပြီပင်။

နောက်နေ့မနက်မှာတော့ နေမင်းကြီးကထွန်းလင်းတောက်ပနေလေသည်။

လုံချင်းကျီက ကျစ်အာကိုခေါ်ပြီးနန်းတော်ထဲကိုလာခဲ့သည်။လုလျန့်ဝေကသူတို့နှစ်ယောက်နဲ့အတူတော်ဝင်ဥယျာဉ်ထဲလှည့်ပတ်နေခဲ့သည်။

ကလေးကုထုံးနဲ့အချိန်တစ်ခုထိကုသပေးပြီးချိန်မှာတော့ဝမ်ယန်ကျစ်ရဲ့အနေနအထားကတိုးတက်လာခဲ့ပေသည်။စကားမပြောနိုင်သေးဘူးဆိုပေမယ့်အရင်လိုအကြောပြသနာတွေမခံစားရတော့ပေ။

ဝမ်ယန်ကျစ်ကနှုတ်ခမ်းကိုစေ့ထားပြီးမျက်ဝန်းနက်နက်များနဲ့လုလျန့်ဝေကိုအဆက်မပြတ်စိုက်ကြည့်နေခဲ့သည်။

လုံချင်းကျီကဒါကိုမြင်တော့လုလျန့်ဝေကိုလက်ညှိုးထိုးပြကာပြုံး၍

ဝမ်ယန်ကျစ်ရဲ့မျက်ဝန်းမှာပဟေဠိဆန်တဲ့အကြည့်တွေပေါ်လာခဲ့သည်။

လုလျန့်ဝေကကောင်လေးရဲ့ဘေးမှာထိုင်ကာခေါင်းကိုပွတ်သပ်၍မေးလိုက်သည်။

ဝမ်ယန်ကျစ်ကသူမပြုံးနေတာကိုကြည့်ပြီးလုံချင်းကျစ်ရဲ့အနောက်မှာပုန်းလိုက်

သည်။ ထို့နောက် ချစ်စဖွယ်အသံလေးနှင့် မေးလိုက်လေသည်။

``မမလား”