အခန်း ၆၅၉
Vol. 14 Ch. 659
အပိုင်း ၆၅၉:လုလျန့်ဝေကသူမရဲ့နန်းဆောင်ကိုယူသွားတယ်။
ကျီလင်းဟွေ့ကလေစွန်ကိုလက်ခံကာပြုံး၍ကျေးဇူးတင်စကားဆိုလိုက်သည်။
``ဒါဆို ဧကရီကမ်းလှမ်းတာကိုလက်ခံရမှာပေါ့။”
သူမကစွန်ကိုယူပြီးမြက်ခင်းပြင်ပေါ်ပြေး၍လွှတ်လိုက်သည်။
ဒါကိုမြင်တော့အခြားကြင်ရာတစ်ပါးကမကျေနပ်ဖြစ်နေတော့သည်။
သူမကမိန်းမငယ်လေးလဲမဟုတ်ဘဲနဲ့ မြက်ခင်းပေါ်ပြေးပြီး လေစွန်လွှတ်နေရင်ဘယ်လိုပုံစံဖြစ်နေမလဲ။
ဘယ်လိုဖြစ်ဖြစ်ဒါကမိဖုရားရဲ့ကမ်းလှမ်းချက်ဖြစ်ပြီးကြင်ရာတော်ကျီလင်းဟွေ့ကလဲလက်ခံထားခဲ့သည်။အကယ်၍သူမကငြင်းလိုက်လျှင်လူအများကသူမကမိဖုရားအပေါ်လေးစားမှုမရှိဟုထင်ကြလိမ့်မည်။
သူမကအမှန်တကယ်လဲမလေးစားပေမယ့်လူအများအမြင်တွင်လေးစားမှုပြရန်လိုအပ်သေးသည်။
သူမတွန့်ဆုတ်နေချိန်မှာလုလျန့်ဝေကစွန်ကြိုးကိုကိုင်ထားပြီဖြစ်သည်။လုလျန့်ဝေက ကြင်ရာတော်တုန့်ဆိုင်းနေသည်ကိုမြင်သောအခါမေးလိုက်သည်။
``ဘာဖြစ်လို့လဲ။စွန်မလွှတ်ချင်လို့လား”
ကြင်ရာတော်ကသွေးတွေဆူပွက်လာသလိုခံစားနေရသည်။မိန်းမငယ်လေးလိုပြုမူရမှာကိုလုံးဝမကြိုက်ပေမယ့်သူမက ပြောလိုက်သည်။
လုလျန့်ဝေကဒါကိုမြင်တော့ဘာမှဆက်မပြောတော့ပေ။
မကြာခင်မှာပဲကောင်းကင်မှာအရောင်စုံအရွယ်အစားစုံတဲ့စွန်တွေပျံသန်းနေကြလေပြီ။ပြိုင်ပွဲကဲ့သို့ကောင်းကင်ပေါ်တွင်မြင့်သထက်မြင့်ကာပျံနေကြသည်။
လုံယန်ကညီလာခံကနေထွက်လာချိန်မှာလေစွန်လေးခုကိုမြင်လိုက်ရသည်။သူကထမ်းစင်ကိုရပ်တန့်ခိုင်းကာမေးလိုက်သည်။
``ထားလိုက်ပါတော့။မိဖုရားဘယ်မှာလဲဆိုတာသွားကြည့်လိုက်။အစ်မတော်ကဒီနေ့နန်းတော်ကိုလာမယ်လို့ငါကြားထားတယ်။”
ထို့နောက် မကြာခင်မှာသူပြန်ရောက်လာပြီး ပြောလိုက်သည်။
လုံယန်ကဒါကိုကြားတော့လေစွန်တွေကိုစောင်းကြည့်ကာပြုံးလိုက်လေသည်။ဒါဆိုလေစွန်လွှတ်နေတာ ဝေဝေပေါ့။သူကအမိန့်ပေးလိုက်သည်။
လုံချင်းကျီက ဝမ်ယန်ကျစ်နဲ့ အတူလေစွန်လွှတ်နေစဉ်အပေါ့သွားချင်စိတ်ဖြစ်လာသဖြင့်လုလျန့်ဝေကိုပြောလိုက်သည်။
``ဝေဝေ အစ်မသန့်စင်ခန်းသွားမလို့၊ကျစ်အာကိုခဏလောက်ကြည့်ပေးထားလို့ရမလား။”
``သွားပါ အစ်မတော်၊ ကျစ်အာာကိုကြည့်ထားလိုက်ပါ့မယ်။”
``ကျစ်အာ မမကမင်းနဲ့တူတူကစားပေးမယ်နော် အဆင်ပြေလား။”
ဝမ်ယန်ကျစ်က စွန်လွှတ်ရင်းကန်နားရောက်လာခဲ့ခြင်းဖြစ်သည်။လုလျန့်ဝေကဂရုတစိုက်နဲ့သူ့အနောက်မှကပ်လိုက်လာခဲ့သည်။
သူတို့နှစ်ယောက်က အမိန့်နာခံ၍ စွန်အိမ်ကိုယူကာအပင်နားသို့သွားခဲ့ကြသည်။
အပင်ကမြင့်ပြီး ပင်စည်လုံးလဲကြီးလှသည်။ချုကျူကအပင်အောက်မှာရပ်နေကာခေတ္တကြည့်နေပြီးအပင်ပေါ်သို့တက်လိုက်တော့သည်။
လုလျန့်ဝေကရပ်ကြည့်နေပြီး သူမအနောက်မှာရပ်နေတဲ့ ဝမ်ယန်ကျစ်အား သတိထားမမိခဲ့ပေ။
ထိုအချိန်မှာကျီလင်းဟွေ့ကရွှေငါးလေးတွေပါသောငါးကန်တစ်ခုကိုယူ၍ဝမ်ယန်ကျစ်အနားသို့ကပ်လာခဲ့လေသည်။