အခန်း ၆၆၀
Vol. 14 Ch. 660
အပိုင်း၆၆၀:အခြေအနေတွေကထင်ရှားပေါ်လွင်နေပြီမင်းကငါ့ကိုမင်းနဲ့တူတူဆွဲချဖို့ကြိုးစားနေတုန်းပဲ
ဝမ်ယန်ကျစ်ကတန့်ကြွယ်မှာကြီးပြင်းလာတာဖြစ်တဲ့အတွက်ရွှေငါးကိုမမြင်ဖူးခဲ့ပေ။သူကရွှေငါးလေး ကန်ထဲမှာကူးခတ်နေတာကိုမြင်တော့အဲ့အပေါ်အာရုံစိုက်မိသွားပြီး လေစွန်ကိုမေ့လျော့သွားတော့သည်။
ကျီလင်းဟွေ့ကဒါကိုမြင်တော့သူမကရွှေငါးကသူ့ရဲ့အာရုံစိုက်မှုကိုရရှိသွားတာကိုသိလိုက်ရသဖြင့် ပြုံးလိုက်ပြီးသူ့ကိုပြောလိုက်သည်။
``ဒီကိုလာပါဦး”
ဝမ်ယန်ကျစ်ကထိုအချိန်တွင်ကန်အနားတွင်ရပ်နေမိသည်။သူကငယ်သေးတဲ့အတွက်အန္တရာယ်ကိုသတိမမူမိပေ။ပြီးတော့သူ့ရဲ့အာရုံကလည်း ရွှေငါးအပေါ်မှာရောက်နေခဲ့သည်။သူမကသူ့ကိုခေါ်သောအခါသူမဆီသို့လျင်မြန်စွာသွားလိုက်တော့သည်။
ကျီလင်းဟွေ့ရဲ့မျက်ဝန်းထဲမှာအဆိပ်ပြင်းတဲ့အကြည့်တွေပေါ်လွင်လာခဲ့တယ်။
လုံချင်းကျီကသူ့သားကိုလုလျန့်ဝေထံယုံကြည်စွာအပ်နှံခဲ့ခြင်းပေ။အကယ်၍တစ်ခုခုဖြစ်ခဲ့လျှင်လုံချင်းကျီကလုလျန့်ဝေကိုအလွတ်ပေးမှာမဟုတ်။အရှင်မင်းကြီးကလုလျန့်ဝေကိုဘယ်လောက်ပဲမျက်နှာသာပေးပေးဒီလိုကိစ္စမျိုးကိုတော့ ခွင့်လွှတ်မည်မဟုတ်ပေ။အနည်းဆုံးတော့သူမကိုနန်းချမည်ဖြစ်သည်။
ဝမ်ယန်ကျစ်ကကန်ဘေးရပ်နေချိန်မှာကျီလင်းဟွေ့ရဲ့မျက်နှာအမူအရာကအေးစက်သွားပြီးသူမရဲ့လက်ကသူ့ဆီရွေ့သွားတော့သည်။
သူကဒါကိုသေချာစီစဉ်ထားခြင်းဖြစ်သည်။လုလျန့်ဝေကစွန်အပေါ်အာရုံစိုက်နေသေးပြီး သူမအနောက်တွင်ဖြစ်နေသည်ကိုသတိမထားမိပေ။
ကျီလင်းဟွေ့လုပ်ရမှာက တွန်းချခဲ့ပြီးတော့ တောအုပ်ထဲသို့ ဝင်ပြေးလိုက်ရုံပင်။
တောကနက်တဲ့အတွက်ဘယ်သူမှအလွယ်တကူရှာတွေ့တော့မှာမဟုတ်။
ဝမ်ယန်ကျစ်ကအန္တရာယ်ကိုသတိမပြုမိသေးပေ။သူကရေထဲကျသွားတဲ့ငါးကန်ထဲကရွှေငါးကန်ထဲကူးသွားတာကိုကြည့်ကာစိတ်လှုပ်ရှားစွာဖြင့်ဖမ်းရန်ကြိုးစားလိုက်သည်။
ကျီလင်းဟွေ့ကဘာမှမလုပ်လိုက်ရခင်မှာပဲသူ့ခြေထောက်တစ်ဖက်ကမြေမှလွတ်သွားကာပြုတ်ကျလုဆဲဆဲအနေအထားဖြစ်နေတော့သည်။
ကျေနပ်မှုတွေကကျီလင်းဟွေ့ရဲ့မျက်နှာမှာပေါ်လွင်နေလေသည်။သူမကအောင်မြင်တော့မယ်အထင်နဲ့ထွက်ပြေးရန်ကြံရွယ်စဉ်မှာပဲတစ်စုံတစ်ယောက်ကဝမ်ယန်ကျစ်ကိုဆွဲကာရင်ခွင်ထဲသွင်းလိုက်သည်။
``မိဖုရားဘာပြောတာလဲ ကျွန်မဘာမှနားမလည်ပါဘူး။”
လုလျန့်ဝေကအေးစက်စွာပြောရင်းလက်ခုပ်တီးလိုက်သောအခါကန်နားတွင်အသင့်ရှိနေသောရဲမက်များရောက်လာခဲ့သည်။လုလျန့်ဝေကဆက်ပြောလိုက်သည်။
``ဘယ်သူမှမသိနိုင်ဘူးလို့မင်းထင်နေတာလား။ငါကမျက်မြင်ကိုယ်တွေ့မြင်လိုက်ရင်တောင်မင်းကငါကစွပ်စွဲနေတယ်ဆိုပြီးပြောဦးမှာပဲ။အခုသက်သေတွေအများကြီးရှိနေပြီ မင်းကငြင်းဖို့ကြိုးစားနေတုန်းပဲလား”
ဤရဲမက်တွေက ကန်နားမှာကင်းလှည့်နေကြခြင်းဖြစ်သည်။
လုလျန့်ဝေက ကျီလင်းဟွေ့ကန်နားသွားတာမြင်လိုက်၍ချူကျူအား သူမ တစ်ခုခုလုပ်မှာကိုကာကွယ်နိုင်ရန်အတွက် ထိုနေရာတွင်စောင့်နေရန်ညွှန်ကြားထားခြင်းပင်။နောက်တစ်ခုကတော့မျက်မြင်သက်သေရရှိနိုင်ရန် ရည်ရွယ်ချက်ဖြစ်သည်။
ကျီလင်းဟွေ့ကဘာတွေဖြစ်နေတယ်ဆိုတာနားလည်သွားခဲ့ပြီပင်။
သူမကလုလျန့်ဝေကိုတိုက်ခိုက်ရန်ပြင်ဆင်နေချိန်မှာလုလျန့်ဝေကလဲသူမကိုတိုက်ခိုက်ရန်ပြင်ဆင်နေခဲ့သည်။သူမကသတိလွတ်သွားသဖြင့် လုလျန့်ဝေ၏ထောင်ချောက်ထဲကျဆင်းသွားခြင်းပင်။
ကျီလင်းဟွေ့ရဲ့မျက်ဝန်းများက လုံချင်းကျီမှ သူမတို့ထံလာနေသည်ကိုမြင်သောအခါပြောလိုက်သည်။
``ဧကရီ ကျွန်မကိုဆွဲချဖို့အတွက် ကလေးတစ်ယောက်ကိုအသုံးချစရာမလိုပါဘူး မိဖုရား”
ကောက်ကျစ်သောအပြုံးသည်ကျီလင်းဟွေ့၏နှုတ်ခမ်းတွင်ပေါ်လာကာဆက်ပြောလိုက်သည်။
``ဧကရီမတွေးခဲ့မိဘူးလား ဧကရီသာအချိန်မှီမင်းသားလေးကိုမကယ်နိုင်ခဲ့ဘူးဆိုရင်ရေထဲပြုတ်ကျပြီးသူ့ရဲ့စိတ်ကဘယ်လိုဖြစ်သွားမယ်ဆိုတာကိုလေ”
လုံချင်းကျီကဒီစကားကိုကြားသွားခဲ့ပြီး လုလျန့်ဝေအားပဟေဠိဆန်စွာကြည့်နေတော့သည်။
လုလျန့်ဝေကငြိမ်သက်သွားရသည်။သူမ လင်းဟွေ့ကသူမကိုပြန်ပြီးအပုပ်ချစကားဆိုလိမ့်မယ်ဟု မထင်ထားခဲ့မိပေ။
သူမကဝမ်ယန်ကျစ်ကိုကျီလင်းဟွေနဲ့အတူထားဖို့လဲစိတ်မကူးမိခဲ့။သူမရဲ့ထောင်ချောက်ထဲဝင်လာအောင်လုပ်ခဲ့ခြင်းသာဖြစ်သည်။အခုကျီလင်းဟွေ့ကအခြေအနေအား ပြောင်းပြန်လုပ်ကာ စကားကိုပြောနေလေသည်။
အေးစက်တဲ့အကြည့်ကလုလျန့်ဝေရဲ့မျက်နှာတွင်ပေါ်လာကာပြုံး၍ပြောလိုက်သည်။
``ကြင်ရာတော်ကျီလင်းဟွေ့ကတစ်ခုခုတော့တစ်ခုခုပဲ။အခြေအနေတွေကထင်ရှားပေါ်လွင်နေပြီ ဒါတောင် မင်းကငါ့ကိုမင်းနဲ့တူတူဆွဲချဖို့ကြိုးစားနေတုန်းပဲ။”