အခန်း ၆၆၁
Vol. 14 Ch. 661
အပိုင်း၆၆၁:နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်
လုလျန့်ဝေကသူမရဲ့စကားတွေကိုစိတ်မဆိုးတာကြောင့်ကျီလင်းဟွေ့အနည်းငယ်စိတ်ရှုပ်ထွေးသွားတော့သည်။
ကျီလင်းဟွေ့ကသူမရဲ့စိတ်လှုပ်ရှားမှုကိုထိန်း၍ ဆက်ပြောလိုက်သည်။
``သင်ဘာလုပ်ခဲ့တယ်ဆိုတာသင်အသိဆုံးနေမှာပါ မိဖုရားကြီး။ဒါ့အပြင်ဒီမှာရှိတဲ့သူအားလုံးကသင့်လူတွေဆိုတော့သင်ပြောချင်ရာပြောလို့ရတာပေါ့။”
သူမကလုလျန့်ဝေအမှားကိုဝန်မခံခြင်းကိုဖော်ပြကာပြောနေခြင်းဖြစ်သည်။
လုံချင်းကျီကချူကျူရဲ့လက်ထဲမှဝမ်ယန်ကျစ်အားယူလိုက်သည်။သူ့သားကထိခိုက်ဒဏ်ရာရထားတာမရှိသဖြင့် သူမကစိတ်သက်သာရာရသွားရသည်။သူမကလုလျန့်ဝေကိုမေးလိုက်သည်။
``ဘာတွေဖြစ်သွားတာလဲ မိဖုရားကြီး။ဘာလို့ကြင်ရာတော်ကျီလင်းဟွေ့ကဒီလိုစကားတွေပြောနေတာလဲ။”
လုလျန့်ဝေကလုံချင်းကျီကိုကြည့်လိုက်သည်။ကျီလင်းဟွေ့ရဲ့စကားများကြောင့်လုံချင်းကျီကသူမအားသံသယဝင်နေသည်ကိုသူမကရိပ်မိသည်။
လုလျန့်ဝေကသက်ပြင်းချကာပြောလိုက်သည်။
သူမကဘာတွေဖြစ်သွားခဲ့တယ်ဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့သည်။ကျီလင်းဟွေ့ပြောပုံအရဆိုရင်လုလျန့်ဝေကကျီလင်းဟွေ့ကိုတိုက်ခိုက်ရန်ကျစ်အာကိုအသုံးချခဲ့သည့်သဘောဖြစ်နေသည်။
လုလျန့်ဝေကလုံချင်းကျီရဲ့အမူအရာကိုကြည့်ကာသူမမည်သို့တွေးနေသည်ကိုသတိထားမိသည်။ဒီကိစ္စနှင့်ပတ်သက်၍ထပ်ပြောလျှင်လည်းအပိုသာဖြစ်မည်။လုံချင်းကျီကယခုဖြစ်နေသည့်အခြေအနေကိုမယုံကြည်နိုင်ဖြစ်သွားနိုင်သည်။
လုလျန့်ဝေကခေတ္တငြိမ်သက်ကာပတ်ဝန်းကျင်ရှိလူအားလုံးကိုကြည့်လိုက်သည်။နောက်ဆုံးအဖြစ်ကျီလင်းဟွေ့ကိုကြည့်ကာအေးစက်စွာစကားဆိုလိုက်သည်။
``ဒီနေရာကိုစောင့်နေတဲ့ရဲမက်တွေကကြင်ရာတော်ကျီလင်းဟွေ့ကမင်းသားလေးကိုအန္တရာယ်ပြုရန်ကြံစည်နေတာကိုမြင်လိုက်ကြတယ်။ငါကမိဖုရားကြီးဖြစ်ပေမယ့်ဒီကိစ္စကတော်ဝင်မိသားစုကိစ္စနဲ့ပတ်သက်နေတာမို့လို့လွယ်လွယ်မဆုံးဖြတ်သင့်ဘူး။ဒါကြောင့်ဒီကိစ္စကိုအရှင်မင်းကြီးကိုတင်ပြကာသူ့ရဲ့ဆုံးဖြတ်ချက်အရပြစ်ဒဏ်စီရင်ချက်ကိုလက်ခံမှာဖြစ်တယ်။”
လုလျန့်ဝေစကားဆုံးသည်နှင့်ဘုရင်မင်းမြတ်ရဲ့အသံထွက်လာခဲ့သည်။
လုလျန့်ဝေကလှည့်ကြည့်လိုက်တော့လုံယန်အား ကျောက်ချန်နှင့်အတူအခြားလူတစ်ချို့နှင့်တွဲ၍မြင်လိုက်ရသည်။
``အရှင်မင်းကြီး ကြင်ရာတော်ကျီလင်းဟွေ့ကမင်းသားလေးကိုဒဏ်ရာရစေရန်ကြံစည်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။မိဖုရားကအချိန်မီမြင်တွေ့ကာကယ်တင်နိုင်ခဲ့သောကြောင့်သာအန္တရာယ်ကင်းသွားရခြင်းပါ။”
``ဒါကလုံးဝကိုအဓိပ္ပါယ်မရှိတာပါ။ကျွန်တော်မျိုးမကဘာလို့မင်းသားလေးကိုထိခိုက်အောင်လုပ်ရမှာလဲ။ဒီလိုလုပ်လို့ကျွန်တော်မျ်ိုးမအတွက်အကျိူးမရှိပါဘူး။သင်ကမိဖုရားရဲ့အမှုထမ်းကြောင့်မလို့ကျွန်ုပ်ကိုအပြစ်တင်ပြောဆိုနေတာပဲ။ဒီကိစ္စကိုသေချာစုံစမ်းစစ်ဆေးပေးတော်မူပါ အရှင်မင်းကြီး”
ပြောဆိုပြီးနောက်ဘုရင်မင်းမြတ်ရှေ့တွင်ဒူးထောက်ကာတောင်းဆိုနေသည်။
ထိုအချိန်တွင်ကျန်သောကြင်ရာတော်တစ်ပါးကမည်သူမှပြန်ရောက်မလာသောကြောင့်လိုက်လံကြည့်ရှုနေရင်း ဤနေရာသို့ရောက်ရှိလာသည်။သူမကဒီလိုမြင်ကွင်းမျိုးမြင်ရလိမ့်မည်ဟူ၍ထင်မှတ်မထားခဲ့ပေ။သူမကအလွန်အံ့သြသွားကာထူးဆန်းတာတစ်ခုခုဖြစ်နေပြီဟူ၍ခံစားမိသည်။
လုံယန်ကလုလျန့်ဝေကိုကြည့်လိုက်ကာသူမဘာမှမပြောရသေးခင်မှာပင်လက်ကိုကိုင်လိုက်၍ကျီလင်းဟွေ့အားလှည့်ကြည့်ကာပြောလိုက်သည်။
``မိဖုရားကဘယ်သူ့ကိုမှအပြစ်တင်နာမည်ဖျက်လိုစိတ်မရှိဘူး ဘာကြောင့်သူကမင်းကိုဒီလိုလုပ်မှာလဲ။မင်းသားလေးကိုထိခိုက်အောင်မလုပ်ခဲ့ဘူးဆိုတာမင်းမှာသက်သေရှ်ိရဲ့လား”
ကျီလင်းဟွေ့ကထိုစကားကိုကြားတော့မျှော်လင့်ချက်မဲ့သွားရသည်။
ဘုရင်မင်းမြတ်ကလုလျန့်ဝေဖက်ကအပြည့်အဝရပ်တည်နေတာပဲ။သူမလည်ချောင်းကွဲထွက်သွားလောက်အောင်ပြောရင်တောင်သူ့ရဲ့အတွေးကိုပြောင်းလဲနိုင်မှာမဟုတ်ဘူး။
သူမကတစ်စုံတစ်ခုကိုတွေးမိကာပြုံးလိုက်ရင်းပြောလိုက်သည်။
``အရှင်မင်းကြီးကမိဖုရားပေါ့ထားတဲ့အချစ်စိတ်ကြောင့်အမှန်တရားကိုမမြင်နိုင်တော့ဘူးပဲ။ကျွန်တော်မျိုးမဘာမှပြောစရာမရှိပါဘူး”
ကျီလင်းဟွေ့ကဘာကိုဆိုလိုတာလဲ။သူမကအရှင်မင်းကြီးကတစ်ကိုယ်ကောင်းဆန်တဲ့အုပ်ချုပ်သူဖြစ်ပြီးမိဖုရားအပေါ်ထားတဲ့အချစ်ကြောင့်သူမစကားကိုသာနားထောင်ကာအမှန်ကိုမစစ်ဆေးဘူးဆိုပြီးပြောဆိုနေတာပဲ။
လုလျန့်ဝေကကျီလင်းဟွေ့ကသူမရဲ့လုပ်ရပ်တွေကိုလူသိရှင်ကြားမိထားပါလျက်မျက်နှာပြောင်တိုက်ငြင်းကာသူမအပေါ်ပါအပြစ်ပုံချဦးမည်ဟူ၍မထင်ခဲ့မိပေ။
မည်သို့ပင်ဖြစ်စေ သူမကလုံယန်ကိုတစ်ကိုယ်ကောင်းဆန်သောအုပ်ချုပ်သူအဖြစ်အထင်မခံရစေလိုပေ။
အခြေအနေကဆူဆူညံညံဖြစ်သွားသောကြောင့်လူအများကစိတ်ဝင်စားလာကာထိုနေရာတွင်လူအများစုဝေးလာကြသည်။အကယ်၍လုံယန်က ကျီလင်းဟွေ့ကိုအပြစ်ပေးလိုက်လျှင်လူအများက လုံယန်ကိုတရားမမျှတသူအဖြစ်ပြောဆိုကြလိမ့်မည်။
လုလျန့်ဝေကတစ်ခုခုပြောရန်ပြင်နေစဉ်လုံယန်ကသူမလက်ကိုကိုင်ကာကျီလင်းဟွေ့ကိုကြည့်၍ပြောလိုက်သည်။
``ငါကိုယ်တော်က မင်းကိုဒီနန်းတော်မှာနေလာခဲ့တဲ့အချိန်တွေကိုငဲ့ညာပြီးအပြစ်ဒဏ်ကိုလျော့ပေါ့ပေးဖို့တွေးခဲ့တာဒါပေမယ့်မင်းကအမှားလုပ်ခဲ့တယ်ဆိုတာကိုငြင်းဆန်ခဲ့တယ်။ငါမင်းကိုနောက်ဆုံးအခွင့်အရေးပေးမယ်။”