Chapters

အခန်း ၆၆၂

Vol. 14 Ch. 662

အခန်း ၆၆၂

Vol. 14 Ch. 662

အပိုင်း၆၆၂:ဘယ်သူကမင်းကိုအနားကိုလာဖို့ခွင့်ပြုလို့လဲ

ကျီလင်းဟွေ့ကဒါကိုကြားတော့အနည်းငယ်ပျော်ရွှင်သွားရသည်။သို့သော်ဘုရင်မင်းမြတ်ပြောလိုက်သောစကားကြောင့်သူမရဲ့ပျော်ရွှင်မှုကကြာရှည်မခံလိုက်ပေ။

``ကျောက်ချန် သူမကိုခေါ်သွားပြီးစုံစမ်းစစ်ဆေးလိုက်”

ကျီလင်းဟွေ့၏မျက်နှာသည်သိသာစွာပျက်သွားကာအံကြိတ်လိုက်သည်။

ဘုရင်မင်းမြတ်တွင်သီးသန့်အကျဥ်းထောင်ရှိသည်ကိုနန်းတွင်းရှိလူအားလုံးကသိကြပေသည်။

ထိုနေရာကနန်းတွင်းမှာပဲရှိကာသိပ်တော့မကျယ်ဝန်းလှပေ။ထိုနေရာတွင်တာဝန်ထမ်းဆောင်နေသူကချူချီဖြစ်သည်။အသက်အရွယ်ငယ်ရွယ်သော်လည်းစစ်ဆေးမေးမြန်းသောလက်နက်များကိုကျွမ်းကျင်စွာအသုံးပြုနိုင်မှုကြောင့်လူအများစုကသူ့ရဲ့နည်းလမ်းအောက်တွင်အရှုံးပေးကာအပြစ်ဝန်ခံခဲ့ရသည်ကများသည်။

သူတို့ကထောင်အထဲကိုအသက်ရှင်လျက်ဝင်သွားပေမယ့်ပြန်ထွက်လာချိန်မှာတော့ အရိုးသာကျန်တော့သည်။သင့်မှာအရိုးစုသာကျန်တော့တယ်ဆိုရင်တောင်မှ သေလို့မရနိုင်သေးပေ။

သူမကဒီအကြောင်းအရာတွေကိုနားနေချိန်တွေမှာသူမရဲ့အမှုထမ်းများကပြောဆိုကြသောကြောင့်ကြားမိထားခြင်းဖြစ်သည်။

သတင်းအရဆိုလျှင် တစ်ခါကအမှုထမ်းတစ်ယောက်ကထိုထောင်ကိုမတော်တဆဝင်မိသွားပြီး ချူချီကအပြစ်သားအားစစ်ဆေးနေတာကိုမြင်ခဲ့ရသည်။ဒါကတကယ်ကိုသွေးပျက်စရာမြင်ကွင်းမို့လို့ထိုအမှူထမ်းကရက်ပေါင်းမနည်းမအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ရပေသည်။အဆုံးမှာတော့ထိုအမှုထမ်းကစိတ်ဖောက်ပြန်သွားသည်လို့ကြားခဲ့သည်။

သူမကခုလေးတင်ဝမ်းသာနေခဲ့ပေမယ့်ဘာလို့လုံယန်ရဲ့စကားကြောင့်ရုတ်တရက်ထိတ်လန့်သွားရတာလဲ။

ကျောက်ချန်ကရဲမက်များနှင့်အတူကျီလင်းဟွေ့၏ရှေ့တွင်ရပ်ကာပြောလိုက်သည်။

``သခင်မ ကိုယ့်ဘာသာသွားမှာလား အခြားတစ်ယောက်ကခေါ်သွားရမှာလား။”

သူပြောတဲ့စကားတွေကယဉ်ကျေးပေသည်။ဒါပေမယ့်နန်းတော်မှာနေလာခဲ့တဲ့သက်တမ်းအရဒီလူကသဘောကောင်းတဲ့သူမဟုတ်ဘူးဆိုတာသူမသိပါသည်။

သူမကဒူးထောက်နေရင်းကဘုရင်မင်းမြတ်ရဲ့မျက်နှာကိုမော့ကြည့်ကာခြေလှမ်းအနည်းငယ်ရွှေ့ပြီးလုံယန်ရဲ့ဝတ်ရုံကိုဖမ်းဆွဲရန်ကြံရွယ်လိုက်သည်။သို့သော်သူမထိုအခွင့်အရေးကိုမရလိုက်ပေ။

လုံယန်ကအေးစက်ကာကြောက်စရာကောင်းသောအသံဖြင့်ပြောလိုက်သည်။

ကျောက်ချန်ကရဲမက်တွေကိုအကြည့်နှင့်ညွှန်ကြားလိုက်သည်။ထိုအခါရဲမက်များကကျီလင်းဟွေ့ရှေ့သို့သွားကာသူမကိုဆွဲခေါ်သွားကြသည်။

ကျီလင်းဟွေ့ကထိတ်လန့်တုန်လှုပ်သွားသည်။သူမမျက်နှာတွင်ကြောက်ရွံ့မှုတို့နှင့်ပြည့်နေကာရုန်းကန်အော်ဟစ်၍ပြောလိုက်သည်။

ကျီလင်းဟွေ့ကိုရဲမက်များကဆွဲခေါ်သွားကြသည်။သူမ၏ရုန်းကန်လှုပ်ရှားမှုကြောင့်ဆံထုံးလဲပြေသွားကာကြောက်ရွံ့မှုကြောင့်ငိုကြွေးသောမျက်ရည်များကပခုံးအထိစီးဆင်းနေသည်။

ဘုရင်မင်းမြတ်ကလုလျန့်ဝေ၏ပုခုံးကိုကိုင်ကာမေးလိုက်သည်။

လုလျန့်ဝေကဒီလိုမြင်ကွင်းမျိုးကိုစိတ်အနှောင့်အယှက်ဖြစ်စရာလို့မမြင်ပေမယ့်သူကသူမကိုကြည့်ခွင့်မပေးတော့သူမလဲမတောင်းဆိုတော့ဘဲပြောလိုက်သည်။

ပြောပြီးနောက်သူမပခုံးကိုဖက်ကာကန်နားမှထွက်လာခဲ့သည်။ခြေလှမ်းအနည်းငယ်လျှောက်ပြီးချိန်တွင်မယ်တော်ကြီးရှောင်ကျင်းနှင့်အိမ်ရှေ့စံတို့အတူတကွလမ်းလျှောက်လာပြီးကျီလင်းဟွေ့ကိုဆွဲခေါ်သွားသောနေရာတွင်ရပ်လိုက်သည်ကိုတွေ့လိုက်သည်။

လုံယန်ကသူ့ရဲ့ခြေလှမ်းများကိုထိုနေရာသို့ဦးတည်လိုက်ကာမယ်တော်ကြီးကိုကြည့်၍ပြောလိုက်သည်။

``ဒီနေ့ဘယ်လိုစိတ်ကူးပေါ်လာလို့ဒီနေရာကိုလမ်းလျှောက်ဖို့ရောက်လာတာလဲမယ်တော်ကြီး။”

မယ်တော်ကြီးကသူ့ကိုပြုံး၍ကြည့်ကာပြန်ဖြေလိုက်သည်။

``ဒီနေ့ရာသီဥတုကသာယာတယ်လေ။ပြီးတော့အိမ်ရှေ့စံကလဲဒီအဘွားအိုကြီးအတွက်စဉ်းစားပေးပြီးအဖော်လုပ်ပေးလို့ပါ။လမ်းလျှောက်ရင်းဆူညံသံတွေကြားရလို့လျှောက်လာခဲ့ရာကနေဒီကိုရောက်လာတာပါ။”

သူမကဆွဲခေါ်ခံနေရသောကျီလင်းဟွေ့ကိုကြည့်ကာထူးဆန်းသောကြောင့်မေးလိုက်သည်။

``ကြင်ရာတော်ကျီလင်းဟွေ့ကဘာလို့ဒီလိုအခြေအနေဖြစ်သွားတာလဲ။”