Chapters

အခန်း ၆၆၃

Vol. 14 Ch. 663

အခန်း ၆၆၃

Vol. 14 Ch. 663

အပိုင်း၆၆၃:လုလျန့်ဝေကဘယ်လောက်တောင်ပါးနပ်လိုက်သလဲ

သူမဒီစကားကိုပြောလိုက်ချိန်မှာကျီလင်းဟွေ့ကရဲမက်များ၏လက်ထဲတွင်ပို၍ပျာယာခတ်သွားခဲ့သည်။

မယ်တော်ကြီးရှောင်ကျင်းကဒါကိုမကြည့်နိုင်တော့လို့လုံယန်ကိုကြည့်ကာပြောလိုက်သည်။

``အရှင်မင်းကြီး ဘယ်လိုပဲဖြစ်ဖြစ်ကြင်ရာတော်ကျီလင်းဟွေ့ကတော်ဝင်မိသားစုဝင်တစ်ယောက်ပါပဲ။သူမကအပြစ်လုပ်ခဲ့တယ်ဆိုရင်တောင်ဒီလိုမျိုးတော့မဆက်ဆံသင့်ပါဘူး။သူမကမှားခဲ့တယ်ဆိုရင်တောင်သေချာစုံစမ်းပြီးဆုံးဖြတ်သင့်ပါတယ်။မဟုတ်ဘူးဆိုရင်မြို့စားကျီကိုပြန်ရှင်းပြဖို့ခက်ခဲမယ်ထင်ပါတယ်။”

လုံယန်ကပြုံးလိုက်ပြီးတော့ပြုံးလိုက်သည်။

``မယ်တော်ကြီးပြောတာမှန်ပါတယ်။အကယ်၍မင်းသားကဥပဒေကိုချိုးဖောက်ခဲ့တယ်ဆိုရင်တောင်သူ့ကိုသာမန်အပြစ်သားအဖြစ်ပဲသတ်မှတ်လို့ရပါတယ်။ကြင်ရာတော်ကျီလင်းဟွေ့ကလဲတော်ဝင်ကြင်ရာတော်တစ်ပါးဆိုပေမယ့်ကောက်ကျစ်တဲ့စိတ်ရှိနေတယ်။သူမကမင်းသားလေးကိုဒုက္ခပေးဖို့ကြံရွယ်ခဲ့ပေမယ့်သူမကအပြစ်ကိုဝန်မခံခဲ့ဘူး။ဒီလိုမိန်းမမျိုးကိုကျွန်တော်ကဘယ်လိုကိုင်တွယ်ဖြေရှင်းရမှာလဲ။ဒီကိစ္စအတွက်ခေါင်းရှုပ်မခံပါနဲ့မယ်တော်ကြီး ကျွန်တော်ကိုယ့်ဘာသာဆုံးဖြတ်နိုင်ပါတယ်။”

ဘုရင်မင်းမြတ်ကသူမကိုဝင်မပါဖို့ရှင်းရှင်းလင်းလင်းပြောလိုက်တာဖြစ်သည်။

ဘုရင်မင်းမြတ်ကသူမကိုလူအများရှေ့မှာယခုကဲ့သို့အပြုအမူနှင့်ပြောလိုက်ခြင်းပင်။

``ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်ုပ်ဝင်မပါတော့ပါဘူး။ဘာပဲဖြစ်ဖြစ်အရှင်ကနိုင်ငံကိုအုပ်ချုပ်ရတဲ့ကိစ္စနဲ့တင်မအားလပ်ဘူးလေ။မောင်းမဆောင်ရဲ့ကိစ္စဖြစ်တဲ့အတွက်ဒီကိစ္စကမိဖုရားကြီးနဲ့ပဲဆိုင်ပါတယ်။နိုင်ငံ့တာဝန်ကသင့်လက်ထဲရှိနေတဲ့အတွက်ဒီလိုကိစ္စနဲ့ပတ်သက်ပြီးသင်ဖြေရှင်းစရာမလိုပါဘူး။”

ကြားလိုက်သောသူတိုင်းကဒီစကားရဲ့နောက်ကွယ်ကအဓိပ္ပါယ်ကိုသဘောပေါက်ကြသည်။

သူမကဘုရင်မင်းမြတ်ကိုမောင်းမဆောင်ရဲ့ကိစ္စမှာဝင်မပါသင့်ဘူးဟုပြောလိုက်ခြင်းဖြစ်သည်။

လုလျန့်ဝေကထိုအချက်ကိုယူသုံးလိုက်သည်။မယ်တော်ကြီးနှင့်အကြည့်ချင်းဆုံချိန်တွင်သူမကအလျင်အမြန်ပြောလိုက်သည်။

``မယ်တော်ကြီးကနားမလည်လိုက်ဘူးထင်ပါတယ်။ကြင်ရာတော်ကျီလင်းဟွေ့ရဲ့ကိစ္စကမောင်းမဆောင်နှင့်ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး။သူမကမင်းသမီးကြီးရဲ့သားကိုသတ်ရန်ကြံစည်ခဲ့တာပါ။”

သူမရဲ့နောက်ကလုံချီကလုလျန့်ဝေကိုအံ့သြစွာကြည့်လိုက်မိသည်။

သူကသူမကိုဒီလောက်ထိလျင်မြန်စွာချေပပြောဆိုတတ်လိမ့်မယ်လို့မထင်ထားဘူး။

သူမကကြင်ရာတော်ကျီလင်းဟွေ့ရဲ့အမှုကိုနိုင်ငံတော်သစ္စာဖောက်မှုအဖြစ်ပြောဆိုကာမယ်တော်ကြီးအားမောင်းမဆောင်ကနိုင်ငံတော်ကိစ္စတွင်ဝင်မပါသင့်ဘူးဟူ၍ပြောလိုက်ခြင်းဖြစ်သည်။

သူမမှာဒီလိုထက်မြက်တဲ့ဉာဏ်ရည်မျိုးရှိတာသူဘာလို့မသိခဲ့တာလဲ။

သူကသူမကိုတိတ်တခိုးချောင်းကြည့်လိုက်ပြီးနောက်အကြည့်လွှဲလိုက်သည်။

သူ့ရဲ့ဘေးမှာခေါင်းငုံ့ပြီးရပ်နေတဲ့မိန်းကလေးကိုကြည့်ပြီးလုံယန်ကပြုံးလိုက်သည်။ဒီမိန်းကလေးကဘယ်လောက်တောင်ပါးနပ်လိုက်သလဲ။

ဘယ်လိုပဲဖြစ်ဖြစ်ဝမ်ရန်ကျစ်ကတန့်ကြွယ်မင်းသားဟောင်းရဲ့ဆက်ခံသူဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်ကျီလင်းဟွေ့ကသူ့ကိုလုပ်ကြံတာကနိုင်ငံတော်သစ္စာဖောက်မှုမြောက်ပေသည်။

မယ်တော်ကြီးကအားယူ၍စကားဆက်ပြောလိုက်သည်။

``ဒီကိစ္စကနိုင်ငံတော်ကိစ္စဆိုတော့မောင်းမဆောင်ကဝင်ရောက်မစွက်ဖက်တော့ပါဘူး။မင်းကြီးအဆင်ပြေသလိုသာဖြေရှင်းလိုက်ပါ။”

``တကယ်ကိုအမျှော်အမြင်ရှိသောစကားပါ မယ်တော်ကြီး”

မယ်တော်ကြီးကမျက်နှာအမူအရာမပျက်သွားစေရန်အတော်ထိန်းထားရသည်။

သူမအားအမျှော်အမြင်ရှိသည်ဟူသောစကားကိုသုံးကာတုံးအသည်ဟူ၍မင်းကြီးကသွယ်ဝိုက်ပြောလိုက်ခြင်းဖြစ်သည်။

သူမကစိပ်ပုတီးကိုအားပြင်းစွာဆုပ်ကိုင်လိုက်သောကြောင့်သူမရဲ့လက်ဆစ်များကဖြူဖျော့လာသည်။

`` အရှင်မင်းကြီးကကျွန်ုပ်ကိုဘယ်လိုမြှောက်ပင့်ရမယ်ဆိုတာကိုသိတာပဲ “

သူမနှင့်နောက်တစ်ကြိမ်အကြည့်ချင်းမဆုံတော့ဘဲလုံယန်ကလုံချီကိုအမိန့်ပေးလိုက်သည်။

``ဒီနေ့ရာသီဥတုကတကယ်ကိုကောင်းတယ်။မင်းကဘွားတော်နဲ့တူတူအချိန်ကုန်ဆုံးပေးလိုက်ပါ။”

လုံယန်ကလုလျန့်ဝေရဲ့လက်ကိုဆွဲကာကန်မှထွက်ခွာသွားတော့သည်။

လုံချင်းကျီနှင့်အတူအခြားသူများကနောက်ကလိုက်သွားကြလေသည်။

မယ်တော်ကြီးကလှည့်ပြန်သွားသည်ကိုမြင်သောအခါကျီလင်းဟွေ့အတွက်မျှော်လင့်ချက်ရောင်ခြည်ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။