Chapters

အခန်း ၆၆၄

Vol. 14 Ch. 664

အခန်း ၆၆၄

Vol. 14 Ch. 664

အပိုင်း၆၆၄:ရှင်ကယောက်ျားတစ်ယောက်ပါအရှင်မင်းကြီး

ကျောက်ချန်ကအမိန့်မပေးခင်မှာပဲရဲမက်တွေကကျီလင်ဟွေ့ကိုဖမ်းခေါ်သွားကြတော့သည်။

မြက်ခင်းပြင်ပေါ်သို့ပြန်ရောက်သောအခါလုံယန်ကလုလျန့်ဝေပေးသောစွန်ကိုလှမ်းယူလိုက်လေသည်။သူစွန်ကိုကြည့်တော့ ဇီးကွက်ကအဝိုင်းနှစ်ခုဝတ်ဆင်ထားတာကိုတွေ့လိုက်ရသည်။ထို့နောက်သူသိချင်စိတ်ဖြင့်မေးလိုက်သည်။

``ဘာလို့ဒါကစက်ဝိုင်းနှစ်ခုကိုဝတ်ထားတာလဲ”

သူမရဲ့ရယ်ချင်စိတ်ကိုထိန်းကာလုလျန့်ဝေကရှင်းပြလိုက်သည်။

``အဲ့ဒါကစက်ဝိုင်းတွေမဟုတ်ပါဘူး။ မျက်မှန်လို့ခေါ်တယ်။”

လုံယန်ကသိချင်စိတ်ဖြင့်

``မျက်မှန်ကဘာလဲ”

``ဒါကကျွန်တော်မျိုးမတို့ရဲ့အမြင်အာရုံကိုကောင်းမွန်လာအောင်ကူညီပေးတဲ့ကိရိယာပါ။”

အတန်ကြာစဉ်းစားပြီးနောက်လုံယန်ကသူမပြောချင်တာကိုသဘောပေါင်သွားကာဆက်မေးလိုက်သည်။

``ဒါပေမယ့်ဇီးကွက်မှာလက်ရှိလို့လား။အဲ့တာကိုသူဘယ်လိုဝတ်တာလဲ”

``အရှင်မင်းကြီးဒီလိုအရေးမပါတဲ့အရာတွေကိုမတွေးလို့မရဘူးလား။စွန်မလွှတ်ချင်တော့ဘူးလား။မြန်မြန်လာပါ”

လုံချင်းကျီကသူတို့နောက်မှဝမ်ရန်ကျစ်အားလက်ဆွဲကာလိုက်လာခဲ့သည်။သူမကလုလျန့်ဝေပြောသောစကားများကိုကြားသောအခါအလွန်အံ့သြနေမိသည်။

မင်းကြီးကသူမကိုအရေးပေးတယ်ဆိုပေမယ့်သူမကရဲတင်းလွန်းတယ်။မင်းကြီးအပြစ်ဒဏ်ပေးမှာကိုမကြောက်ဘူးလားမသိဘူး။

သူမတွေးနေစဉ်မှာပဲသူမရဲ့မောင်ကမေးခွန်းမေးနေတာကိုကြားလိုက်ရတယ်။

ဒါကိုကြားတော့လုလျန့်ဝေကခေါင်းငြိမ့်ကာပြောလိုက်သည်။

``ဒါကမှန်တယ်။ရှင်ကယောက်ျားတစ်ယောက်ပါအရှင်မင်းကြီးပြီးတော့မင်းကြီးလဲဖြစ်တယ်။သေချာပေါက်ရှင့်ရဲ့ပုံရိပ်ကိုထိခိုက်စေမဲ့ ဒီလိုကလေးဆန်တာတွေလုပ်လို့မရဘူး။အခုကျွန်တော်မျိုးမကိုလေစွန်ပြန်ပေးတော့။”

``ဒါပေမယ့်ကိုယ်ကဒီလိုမျိုးတစ်ခါမှေလစွန်မလွှတ်ဖူးဘူး။ကလေးဘဝကဆုံးရှုံးခဲ့မှုတွေအတွက်ခုကိုယ်တော်မင်းနဲ့တူတူလွှတ်မယ်။”

``ကောင်းပြီလေ ရှင်ကတစ်ခါမှစွန်မလွှတ်ဖူးဘူးဆိုတော့ကျွန်တော်မျိုးမကသင်ပေးနိုင်မယ်ထင်ပါတယ်။”

``ဒါကလေစွန်မဟုတ်ဘူးလား။ခုဘာလို့စွန်လို့ပြောလိုက်တာလဲ”

``ကျွန်တော်မျိုးမစာအုပ်ထဲဖတ်ဘူးတာကလေစွန်ကိုစွန်လို့လဲခေါ်လို့ရပါတယ်တဲ့”

(သူမရဲ့အမှားကယနေ့ခေတ်သုံးစကားလုံးကိုပြောလိုက်ခြင်းဖြစ်သည်။)

လုံချင်းကျီကသူတို့အနားကပ်မလာဘဲသူတို့လေစွန်လွှတ်နေတာကိုကြည့်နေခဲ့သည်။

သူမ၏မောင်လိုအပျော်အပါးကိုရှောင်ကာတည်ကြည်စွာနေတတ်သည်ဟုသတင်းထွက်သောသူကအခုမိန်းကလေးတစ်ယောက်နှင့်အတူရပ်၍လေစွန်လွှတ်နေပေသည်။မည်သူမှမရှိသကဲ့သို့သူမ၏လက်ကိုကိုင်ထားလေသည်။

သူမရဲ့မျက်စိနှင့်သာမမြင်ဘူးဆိုရင်သူမရဲ့မောင်နှင့်လုလျန့်ဝေကတစ်ယောက်နှင့်တစ်ယောက်ဒီလောက်ရင်းနှီးတယ်ဆိုတာသိရမှာမဟုတ်ပေ။

မင်းသားလေးနဲ့တူတူရှိနေချိန်မှာတောင်သူတို့ဒီလောက်မရင်းနှီးကြပေ။

ဒါကသူမရဲ့မောင်ကလုလျန့်ဝေကိုအရမ်းဂရုစိုက်တာကြောင့်မောင်းမဆောင်ကဘယ်သူကမှသူမနားကိုမကပ်နိုင်တာသေချာကြောင်းသက်သေပင်ဖြစ်သည်။

လုလျန့်ဝေကအရေးပေးခံရသူဖြစ်တာမို့လို့ကျီလင်ဟွေ့ကသူမအတွက်ဘာမှအရေးမပါပေ။သူမကကျီလင်ဟွေ့ကိုဆွဲချဖို့အတွက်ကြိုးစားစရာလုံးဝမလိုအပ်ပေ။

ကျီလင်ဟွေ့ကိုဆွဲချဖို့အတွက်ကျစ်အာကိုအသုံးချစရာအကြောင်းလဲမရှိပေ။

သူမကမှားယွင်းကာဆုံးဖြတ်ချက်ချမိတော့မလိုဖြစ်လိုက်သည်။ ပြီးတော့သူမကကျီလင်ဟွေ့ရဲ့စကားတွေကိုတောင်နားယောင်မိခဲ့သေးသည်။

ထိုအချိန်တွင်ဝမ်ရန်ကျစ်ကသူမ၏လက်ကိုဆွဲ၍လုလျန့်ဝေကိုလက်ညှိုးထိုးပြကာပြောလိုက်သည်။

စကားသံကိုကြားတော့လုံယန်နဲ့လုလျန့်ဝေကလှည့်ကြည့်သည်။

လုံချင်းကျီကအနည်းငယ်ရှက်သွားကာပြောလိုက်သည်။

သူမစကားမဆုံးခင်မှာပင်ဝမ်ရန်ကျစ်ကသူမလက်ထဲမှရုန်းကာလုလျန့်ဝေထံပြေးသွားတော့သည်။

``မမ”