Chapters

အခန်း ၆၆၅

Vol. 14 Ch. 665

အခန်း ၆၆၅

Vol. 14 Ch. 665

အပိုင်း၆၆၅:ကျွန်တော်မျိုးမလဲဗိုက်ဆာတယ်

ဒါကိုမြင်တော့လုလျန့်ဝေကလုံယန်ကိုတွန်းတာဝမ်ယန်ကျစ်အားပွေ့ချီလိုက်သည်။

ဝမ်ယန်ကျစ်ကအသက်ငါးနှစ်ဖြစ်၍မပေါ့ပါးတော့ပေ။လုလျန့်ဝေကသူ့ကိုချီရန်အားအတော်သုံးလိုက်ရသည်။

လုံယန်ကမျက်မှောင်ကြုံ့၍ဝမ်ယန်ကျစ်အားကြည့်ကာပြောလိုက်သည်။

``မင်းအခုသူမကိုမမလို့ခေါ်လိုက်တာလား”

ဝမ်ယန်ကျစ်ကသူ့ကိုလှည့်ကြည့်ပြီးနောက်ကိုယ်ခန္ဓာတုန်လှုပ်သွားကာလုလျန့်ဝေ၏လည်ပင်းကိုတင်းကြပ်စွာဖက်ထားလိုက်သည်။

လျစ်လျူရှုခံလိုက်ရသောကြောင့်လုံယန်ကပို၍ဒေါသထွက်သွားရသည်။

``မင်းကယောက်ျားလေးတစ်ယောက်ဖြစ်ပြီးဘာလို့မိန်းကလေးလိုပြုမူနေတာလဲ”

ထိုကောင်လေးကလုလျန့်ဝေ၏ပုခုံးကိုဖက်ထားကာပုံးကွယ်နေသည်ကိုမြင်သောအခါသူ့ရဲ့ချောမောသောမျက်နှာသည်သိသိသာသာစိတ်တိုနေသည့်အသွင်ပေါ်လာပြီး ထိုကောင်လေးကိုလုလျန့်ဝေထံမှခေါ်ယူရန်ပြင်လိုက်သည်။

ဝမ်ယန်ကျစ်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာငိုတော့မည့်အသွင်ပေါ်လာသည်။ထိုအခါလုလျန့်ဝေ၏ရင်တွင်မခံစားနိုင်ဖြစ်လာရသည်။

သူမကလုံယန်ကိုအလိုမကျစွာကြည့်ကာပြောလိုက်သည်။

``အရှင်မင်းကြီး ကျစ်အာကကလေးပဲရှိပါသေးတယ်။သူ့ကိုမလှန့်ပါနဲ့။သူငိုသွားလိမ့်မယ်။”

ကျောက်ချန်နှင့်အခြားသူများကသူ့မအားအံ့သြစွာကြည့်နေကြသည်။

သူတို့ကိုပိုပြီးအံ့သြစေတာကသူတို့သခင်ကစိတ်တိုတဲ့အရိပ်အယောင်တစ်ခုမှမပြတာဖြစ်သည်။တစ်ချိန်ထဲမှာပဲသူတို့ကလုလျန့်ဝေကိုအထင်ကြီးမိသွားသည်။

သူမကမင်းကြီးရဲ့လက်ကိုဖယ်ချနိုင်လောက်အောင်သတ္တိရှိလွန်းတယ်။ ပိုအဓိကကျတာကမင်းကြီးကသူမကိုဘာမှမပြောတာပဲ။

လုံချင်းကျီကသူမတို့အနားသို့လျှောက်လာကာပြုံး၍ပြောလိုက်သည်။

``ကျစ်အာကဝေဝေကိုအရမ်းသဘောကျတာကြောင့်သူ့အမေကိုတောင်မလိုအပ်တော့ဘူး”

လုံယန်ကသူမကိုစိတ်ရှုပ်သောအကြည့်ဖြင့်ပြောလိုက်သည်။

``အမတော်သူ့ကိုဘယ်လိုသင်ထားတာလဲ။ဘာလို့သူကဝေဝေကိုမမလို့ခေါ်နေတာလဲ။”

လုံချင်းကျီက သက်ပြင်းချလိုက်သည်။သူမမှန်းတာမှန်နေပြီ။

မင်းကြီးကဝေဝေထက်အများကြီးအသက်ကြီးတာကိုစိတ်အနှောင့်အယှက်ဖြစ်နေတာပဲ။မဟုတ်ဘူးဆိုရင်သူ ကျစ်အာကဝေဝေကိုမမလို့ခေါ်တာကိုဒီလိုဒေါသနဲ့တုံ့ပြန်မှာမဟုတ်ဘူး။

``သူ့ကိုရှင်းပြပါတယ်သူကနားမလည်သေးတာပါ။သူအသက်ကြီးလာရင်တော့နားလည်သွားမှာပါ။”

လုံယန်ကဒေါသထွက်နေသေးသဖြင့် ရုတ်တရက်ဝမ်ရန်ကျစ်ကိုလုလျန့်ဝေထံမှယူကာလုံချင်းကျီထံပြန်ပေး၍ပြောလိုက်သည်။

``သူကတစ်နေ့လုံးကစားထားတော့ပင်ပန်းနေပြီထင်တယ်။သူ့ကိုအနားယူဖို့မြန်မြန်ပြန်ခေါ်သွားလိုက်တော့။”

ဒီကောင်လေးကတကယ်ကိုစိတ်ရှုပ်စရာပဲ။ဝေဝေကမမဆိုရင်သူကဘာဖြစ်သွားမလဲ။ဘယ်လိုတောင်တုံးအလို့အဒေါ်လို့ခေါ်ရမှာကိုမသိရတာလဲ။

သူမ၏သားကိုကိုင်ကာမောင်ဖြစ်သူအားသည်းမခံနိုင်စွာကြည့်လိုက်သည်။

ဘာလို့မင်းကြီးကကျစ်အာအပေါ်ခက်ထန်နေတာလဲ။သူကကျစ်အာကိုကြောက်လန့်အောင်ထပ်လုပ်ဦးမို့လား။

လုံးဝရင့်ကျက်မှုမရှိဘူး။ကျစ်အာကသူ့ကိုဦးရီးတော်လို့ခေါ်ရမှာရှက်စရာပဲ။

မောင်နှမနှစ်ယောက်ကြားတင်းမာနေတာကိုမြင်ရတော့လုလျန့်ဝေကအနည်းငယ်စိတ်တိုမိသည်။

မင်းကြီးကမလိုအပ်တဲ့အရာတွေကိုပြသနာရှာနေတာပဲဟုသူမကခံစားမိပေသည်။

ကျစ်အာကလုံချင်းကျီရဲ့အသက်ဆိုတာကိုသူသိပါလျက်နဲ့ကျစ်အာကိုခက်ထန်စွာဆက်ဆံနေတယ်။လုံချင်းဇီကသူ့ကိုအပြစ်မတင်တာကအံ့သြစရာပဲ။

``အခုကနေ့လည်ရောက်နေပြီအစ်မတော်၊ကျစ်အာကိုပြန်မခေါ်သွားခင်ဇာမဏီနန်းဆောင်မှာနေ့လည်စာလိုက်စားသွားပါလား။ကျစ်အာလဲဗိုက်ဆာနေပြီထင်တယ်။”

ထိုသို့ပြောပြီးနောက်သူမကလုံယန်၏လက်ကိုယူကာသူမ၏ဗိုက်ကိုပွတ်ပြပြီးချိုမြိန်သောအသံဖြင့်ပြောလိုက်သည်။

လုံယန်ရဲ့မျက်နှာအမူအရာကနူးညံ့သွားကာသူမ၏ဆံပင်ကိုလက်ဖြင့်ဖွလိုက်ပြီးပြောလိုက်သည်။

ထိုအခါမှလုံချင်းကျီရဲ့မျက်နှာကပြန်လည်ကြည်လင်လာကာခေါင်းငြိမ့်၍ပြောလိုက်သည်။

လုလျန့်ဝေကသူမဘေးရှိလူအားကြည့်လိုက်သည်။သူမ၏ချစ်စရာမျက်လုံးများတွင်ပျော်ရွှင်မှုများပြည့်နေလေသည်။

ကြင်ရာတော်ကျီလင်းဟွေ့ကိစ္စနဲ့ပတ်သက်ပြီးသူကသူမအပေါ်လုံးဝသံသယမဝင်သလိုသူမဘက်ကရပ်တည်ပေးခဲ့သည်။ထိုကိစ္စပြီးနောက်တွင်လဲထိုကိစ္စနှင့်ပတ်သက်သောစကားတစ်လုံးမှမပြောခဲ့ပေ။ထိုကဲ့သို့သူမအပေါ်အပြည့်အဝယုံကြည်မှုကသူမ၏နှလုံးသားကိုနက်ရှိုင်းစွာပျော်ရွှင်မှုပေးနိုင်ခဲ့သည်။

သူမ၏အကြည့်ကိုသတိထားမိကာလုံယန်ကသူမကိုလှည့်ကြည့်၍ပြုံးပြီးမေးလိုက်သည်။

``ဘာလို့စိုက်ကြည့်နေတာလဲ”