Chapters

အခန်း ၆၆၆

Vol. 14 Ch. 666

အခန်း ၆၆၆

Vol. 14 Ch. 666

အပိုင်း၆၆၆:ပါးစပ်ကိုစားစရာလို့အထင်မှားသွားတယ်

လုလျန့်ဝေကခေါင်းခါ၍ပြောလိုက်သည်။

``ဘာမှမဟုတ်ပါဘူး”

ထို့နောက်သူမကကသူ့လက်ကိုချိတ်ကာသူ့ရဲ့နှုတ်ခမ်းထောင့်က ဒဏ်ရာကိုလက်ညှိုးထိုးပြလိုက်ပြီး

``နာနေသေးလား။ “

လုံယန်ကရုတ်တရက်မှတ်မိသွားကာသူ့နှုတ်ခမ်းကိုထိလိုက်သည်။ဒါကမနာတော့ပေမယ့်မနက်ကညီလာခံမှအဖြစ်အပျက်ကိုပြန်တွေးမိသွားတော့အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။

သူ့ရဲ့နှုတ်ခမ်းထောင့်မှဒဏ်ရာကသိသာထင်ရှားလွန်းနေပေသည်။ဝေဝေကဆေးလိမ်းပေးထားတယ်ဆိုပေမယ့်အမာရွတ်ကျန်နေခဲ့သေးသည်။ညီလာခံရောက်တော့ဒါကပြောစရာဖြစ်လာပြီး

အစည်းအဝေးမှာပုံမှန်ထက်ပိုပြီးတိတ်ဆိတ်နေတော့သည်။

သူ့ရဲ့နှုတ်ခမ်းကဒဏ်ရာက အိပ်ခန်းဆောင်ကကိစ္စနဲ့စပ်ဆက်နေတယ်ဆိုပြီးမတွေးနိုင်ဖို့ကခက်ခဲလွန်းတယ်။

ထိုအချိန်မှာနန်းတွင်းအရာရှိတစ်ဦးကမင်းကြီးရဲ့ကြင်ယာတော်တွေအားမင်းကြီးကိုဒဏ်ရာရစေမှူနဲ့စွပ်စွဲချင်ပေမယ့်လုံယန်ရဲ့အကြည့်တစ်ချက်ကြောင့်ငြိမ်သက်သွားခဲ့ရသည်။

ထိုမိန်းကလေးရဲ့အကြည့်နှင့်ဆုံတော့လုံယန်ကစနောက်ချင်စိတ်ဖြင့်ပြောလိုက်သည်။

``ဒါကမနာတော့ပါဘူး။ဒါပေမယ့်နန်းတွင်းအရာရှိတွေကဒါကိုမေးတော့ကိုယ်တော်ကသူတို့ကို မိဖုရားကြီး ညသန်းခေါင်ဗိုက်ဆာလာတော့ကိုယ်တော့်ပါးစပ်ကိုစားစရာလို့အထင်မှားသွားတာလို့ပြောလိုက်တယ်။”

လုလျန့်ဝေကသူမရဲ့ခြေလှမ်းတွေကိုရပ်ကာသူ့ကိုမယုံကြည်နိုင်စွာကြည့်၍ပြောလိုက်သည်။

``ဒီလိုမဟုတ်ရင်ဘယ်လိုပြောရမလဲ။မင်းကရည်ရွယ်ချက်ရှိရှိကိုက်တာပါလို့ပြောရမှာလား။”

လုလျန့်ဝေကဒေါသထွက်ကာမစဉ်းစားပဲစကားပြောလိုက်တော့သည်။

``ဘာလို့ကျွန်တော်မျိုးမကိုက်တယ်လို့ပြောလိုက်ရတာလဲ။အခြားအကြောင်းအရာကိုပြောလိုက်လို့ရတာပဲလေဥပမာကြောင်ရိုင်းတစ်ကောင်ကိုသွားတယ်ဒါမှမဟုတ်အခြားတစ်ခုပေါ့။”

``ကြောင်ရိုင်းတစ်ကောင်ကိုက်တာခံလိုက်ရတယ်တဲ့လား။”

``ဒါကရှင်းပြဖို့ကောင်းတဲ့ဆင်ခြေတစ်ခုပဲ။နောက်တစ်ခါဆိုရင်သူတို့ကိုအဲ့လိုရှင်းပြလိုက်မယ်လေ။”

သူ့ရှေ့မှာရပ်နေတဲ့သူမကလဲကြောင်ရိုင်းတစ်ကောင်မဟုတ်ဘူးလား။

သူမကသူ့ကိုစိတ်ပျက်စွာကြည့်လိုက်ကာ နောက်တစ်ခါမဖြစ်စေရဘူးဟု သူမကိုယ်သူမကတိပေးလိုက်သည်။

``ဟုတ်ပါပြီကိုယ်တော်ကနောက်နေတာပါ။တကယ်ယုံနေတာလား။”

``သူတို့ကဒီလောက်သတ္တိရှိမယ်လို့မင်းထင်လား။သူတို့သိချင်တယ်ဆိုရင်တောင်မေးရဲမှာမဟုတ်ဘူး။အလွန်ဆုံးလုပ်ရဲရင်ကွယ်ရာမှာအတင်းပြောတာပေါ့။”

သူပြောတာမှန်တယ်။သူကမင်းကြီးပဲဘယ်သူကသူ့ကိုပုဂ္ဂိုလ်ရေးမေးခွန်းတွေမေးရဲမှာလဲ။

သူမကစိတ်သက်သာရာရသွားကာသက်ပြင်းချလိုက်ပြီးဇာမဏီနန်းဆောင်သို့လျင်မြန်စွာလျှောက်သွားရင်းပြောလိုက်သည်။

လုံယန်ရဲ့မျက်ဝန်းနက်တွေကသူမကသူ့ကိုဆွဲခေါ်နေသောအခါပြုံးရိပ်သမ်းလာခဲ့သည်။

ကျောက်ချန်ကသူတို့နှစ်ယောက်နောက်မှလိုက်လာရင်းတီးတိုးရေရွတ်နေသည်။

တကယ်ပဲညီလာခံမှာဘယ်သူကမှမမေးရဲဘူးလေ။မင်းကြီးရဲ့ခြိမ်းခြောက်တဲ့အကြည့်နှင့်ဆုံခဲ့ရတဲ့နန်းတွင်းအမှူထမ်းအစားသူရင်လေးမိသေးသည်။

ဘယ်သူမှမမေးရဲပေမယ့်လဲမင်းကြီးကညီလာခံအပြီးမှာသူကိုယ်တိုင်ကြေငြာခဲ့သည်။

ညီလာခံပြီးသွားတော့အိမ်ရှေ့စံနှင့်အတူအခြားအမတ်များကလဲမင်းကြီးနောက်ကလိုက်လာခဲ့ကြသည်။ဒါပေမယ့်မင်းကြီးကရုတ်တရက်ရပ်တန့်ကာသူ့နှုတ်ခမ်းထောင့်ကိုကိုင်ကာပြုံး၍

``မိဖုရားကြီးကတကယ်ကိုဆိုးတာပဲ။ဒီဒဏ်ရာကပျောက်မလားမပျောက်ဘူးလားဆိုတာသိချင်မိတယ်”

မင်းကြီးကသူ့နှုတ်ခမ်းမှဒဏ်ရာသည်မိဖုရားကြီးနဲ့သူ့ရဲ့အချစ်သင်္ကေတဆိုတာကိုအားလုံးသိစေရန်ပြောနေခြင်းပင်ဖြစ်သည်။

ထိုအချိန်တွင်သူကအိမ်ရှေ့စံနှင့်အခြားသူများ၏မျက်နှာအမူအရာများကိုမြင်တွေ့ခဲ့ရသည်။အထူးသဖြင့်အိမ်ရှေ့စံ၏မျက်နှာတွင်မနာလိုမှုသည်ဖုံးကွယ်မရအောင်ပေါ်လွင်နေခဲ့သည်။

ယခုသူတွေးမိသည်မှာမင်းကြီးကဒါကိုအိမ်ရှေ့စံကိုပြောချင်၍တမင်လုပ်သည်မဟုတ်ပေလားဟုဖြစ်သည်။

ကလေးဆန်လိုက်တာ။

မိဖုရားကြီးလဲမင်းကြီးအရူးလုပ်တာခံနေရတယ်။

သူတို့ထွက်သွားပြီးနောက်လုလျန့်ဝေကနေ့လည်ခင်းတစ်ရေးအိပ်ချင်လာလေသည်။လုံယန်ကဒီရက်ပိုင်းအားလပ်ချိန်များနေသည်ကိုတွေ့သောကြောင့်သူမကမေးလိုက်သည်။

``တစ်ရေးအိပ်ချင်လားအရှင်မင်းကြီး။”