အခန်း ၆၆၈
Vol. 14 Ch. 668
အပိုင်း၆၆၈:သူမကိုယ်သူမအနစ်နာခံခဲ့တယ်
ချန်ကျူပင်းကိုကယ်တာကလုယွင်ရွှမ်းဖြစ်နိုင်လား။
ချန်ကျူပင်းကလုယွင်ရွှမ်းကိုခိုးဖို့ကြိုးစားခဲ့တာဆိုတော့သူမကအဲ့လောက်သဘောကောင်းပါ့မလား။
ဒါပေမယ့်ချန်ကျူပင်းကသူမကိုခိုးဖို့လုပ်ခဲ့တာကိုလုယွင်ရွှမ်းကမသိဘူးဆိုရင်ဇာတ်လမ်းကနောက်တစ်မျိုးဖြစ်သွားမှာပဲ။
ဒါပေမယ့်လည်းချန်ကျူပင်းကသူမကိုအများကြီးကူညီခဲ့တာပဲပြီးတော့သူမကသူ့ကိုသူမအချစ်ရေးအတွက်အသုံးချခဲ့တာလေ။သူမကချန်ကျူပင်းလိုနယ်ရုပ်လေးတစ်ခုအတွက်နဲ့သူ့ရဲ့အကြံအစည်တွေလွယ်လွယ်နဲ့အဆုံးရှုံးခံစေပါ့မလား။
သူမအတွေးအတိုင်းသာဆိုရင်မြို့စားချန်ရဲ့အိမ်တော်မှာစာရင်းစာအုပ်လာလုဖို့ပေါ်လာတဲ့လူကိုလုယွင်ရွှမ်းလွှတ်လိုက်တာမဟုတ်ဘူးထင်တယ်။
လုယွင်ရွှမ်းမဟုတ်ဘူးဆိုရင်တကယ်ပဲဘယ်သူများလဲ။
ချန်ကျူပင်းရဲ့သစ္စာဖောက်မှုကိုလုယွင်ရွှမ်းကိုမသ်ိစေဘဲဘယ်သူကများကူညီချင်ရတာလဲ။
လုယွင်ရွှမ်း မဟုတ်ဘဲနောက်ထပ်ပုန်းကွယ်နေတဲ့လူတစ်ယောက်ရှိအုံးမည်ဟုသူမကခံစားလိုက်ရသည်။
ဘယ်သူဖြစ်မလဲ။
လုံချီလား ဒါမှမဟုတ်မယ်တော်ကြီးလား။
လုယွင်ရွှမ်းမဟုတ်ဘဲဒီစာရင်းစာအုပ်ကိုစိတ်ဝင်စားတဲ့သူကဘယ်သူဖြစ်မလဲ။
ဒီစာအုပ်သာမင်းကြီးထံရောက်သွားမယ်ဆိုရင်လုယွင်ရွှမ်းကသေဒဏ်စီရင်ခံရမှာပဲတစ်ပြိုင်ထဲမှာပဲလုံချီလဲဒုက္ခရောက်မှာပဲ။
လုယွင်ရွှမ်းနဲ့လုံချီကတစ်လှေထဲစီးနေကြတဲ့သူတွေ။တစ်ယောက်ဒုက္ခရောက်ရင်နောက်တစ်ယောက်လဲဒုက္ခရောက်မှာ။
လုံချီကလူလွှတ်ပြီးဒီစာအုပ်ကိုယူမယ်ဆိုရင်တောင်ချန်ကျူပင်းကလုယွင်ရွှမ်းကိုခိုးဖို့ကြံခဲ့တာကိုတော့မဖုံးကွယ်ထားလောက်ဘူး။
ဤကိစ္စတွင်လုယွင်ရွှမ်းရောလုံချီရောမဟုတ်ဘူးဆိုပါကသူမစဉ်းစားမိသည့်တစ်ဦးတည်းသောသူမှာမယ်တော်ကြီးပင်ဖြစ်သည်။
သူမ၏အတွေးများအပေါ်ခြုံငုံကာလုလျန့်ဝေကဒီကိစ္စနောက်ကွယ်မှသူသည်မယ်တော်ကြီးဖြစ်မည်ဟုထင်မိသည်။
သူမ၏ရှုပ်ထွေးနေသောအတွေးများသည်ရုတ်တရက်ရှင်းလင်းသွားခဲ့သည်။
``အရှင်မင်းကြီး မယ်တော်ကြီးမှာကျွမ်းကျင်တဲ့လက်နက်ကိုင်ရဲမက်တွေရှိပါသလား။”
လုလျန့်ဝေကသူမ၏ထင်မြင်ချက်ကိုသူ့အားပြောပြလိုက်သည်။
``ချူကျွီရဲ့စာရင်းစာအုပ်ကိုခိုးသွားတဲ့သူကမယ်တော်ကြီးအတွက်အလုပ်လုပ်ပေးနေတာလို့မင်းကထင်တာလား။”
``ချန်ကျူပင်းလွတ်သွားတဲ့ကိစ္စမှာလုယွင်ရွှမ်းပါဝင်နေမယ်လို့လဲကျွန်မထင်တယ်။”
``မင်းထင်တာကဖြစ်နိုင်တယ်၊မယ်တော်ကြီးမှာလက်နက်ကိုင်ကျွမ်းကျင်တဲ့လူယုံရှိတယ်။”
``မယ်တော်ကြီးမှာဒီလိုလူယုံတွေအများကြီးရှိခဲ့တယ် ဒါပေမယ့်လျိုဖူကလွဲလို့အားလုံးသေသွားကြပြီ။လျိုဖူကမယ်တော်ကြီးအယုံကြည်ရဆုံးလူယုံလဲဟုတ်တယ်။ပြီးတော့သူကမယ်တော်ကြီးရဲ့နောက်ကွယ်ကနေလှုပ်ရှားနေခဲ့တာအတော်ကြာပြီ။ယခင်မင်းကြီးနတ်ရွာမစံခင်ကပဲမောင်းမဆောင်မှာသူမကအာဏာပြနေကာလျိုဖူကသူမအတွက်မောင်းမတွေအများကြီးကိုဖြုတ်ချပေးခဲ့တယ်။”
ဒီစကားကြောင့်လုလျန့်ဝေရဲ့ရင်ထဲတင်းကျပ်သွားခဲ့သည်။
အရင်မင်းကြီးအသက်ရှင်နေစဉ်ကပဲမောင်းမဆောင်ကရှုပ်ထွေးနေခဲ့တာလား။
သူမကသူမရဲ့လက်နဲ့သူ့ခါးကိုဖက်ကာပြောလိုက်သည်။
လုံယန်ကသူမရဲ့မျက်နှာအနေအထားကိုမြင်ကာခဏငြိမ်သက်သွားပြီးသူမရဲ့လက်ကိုကိုင်ကာပြောလ်ိုက်သည်။
``ဒါတွေကအတိတ်ကကိစ္စတွေပဲ။သေချာမမှတ်မိတော့ပါဘူး။မယ်တော်ကကောင်းကောင်းကာကွယ်ပေးခဲ့ပြီးအပြင်လောကကိုသိပ်မထွက်ခိုင်းခဲ့ဘူးလေ။”
လုလျန့်ဝေကသူ့ရဲ့မယ်တော်ဘယ်လိုသေဆုံးသွားတယ်ဆိုတာကိုသိချင်သောကြောင့်မေးသင့်မမေးသင့်စဉ်းစားကာမေးလိုက်သည်။
``ထားလိုက်ပါတော့။ဒါတွေကိုပြန်မပြောချင်တော့ဘူး။ဒါကအတိတ်မှာကျန်ခဲ့ပြီလေ။မယ်တော်က...သူမကိုယ်သူမအနစ်နာခံလိုက်တာပါ။”
လုလျန့်ဝေကငြိမ်သက်သွားခဲ့သည်။
``သူမကိုယ်သူမအနစ်နာခံခဲ့တယ်။”