အခန်း ၆၆၉
Vol. 14 Ch. 669
အပိုင်း၆၆၉:ဒီမ်ိန်းကလေးကအမြဲတမ်းအံ့သြစရာတွေနဲ့ပြည့်နေတာပဲ
လုံယန်ကသူမရဲ့ကြောက်ရွံ့နေတဲ့အမူအရာကိုမြင်ရတော့သူမ၏ကျောကိုပုတ်ကာပြောလိုက်သည်။
``မပူပါနဲ့။တကယ်လို့ကိုယ်နတ်ရွာစံသွားရင်တောင်မင်းကိုနာကျင်မှုတွေမခံစားစေရပါဘူး။”
လုလျန့်ဝေကတုန်လှုပ်သွားခဲ့သည်။သူမကသူဒီကိစ္စတွေကိုပြောမယ်လို့မထင်ထားသလိုဒီအတွက်ပြင်ဆင်မထားခဲ့ပေ။သူမကသူမ၏လက်ကိုသူ့နှုတ်ခမ်းပေါ်တင်ကာပြောလိုက်သည်။
``ဒီလိုစကားတွေမပြောပါနဲ့အရှင်မင်းကြီး။ရှင်ကကျန်းမာစွာနှစ်ပေါင်းများစွာနေရဦးမှာပါ။”
လုံယန်ကအနည်းငယ်ငြိမ်သက်သွားခဲ့သည်။သူကသူမရဲ့မျက်နှာအနေအထားကိုကြည့်ကာအသံတိုးတိတ်စွာရယ်ပြီး တစ်ဖက်လှည့်၍ သူမ၏အရှေ့တွင်ရပ်လိုက်သည်။
``ဝေဝေမင်းကတကယ်ကိုကောင်းကင်ဘုံကပေးတဲ့ရတနာလေးပဲ။”
လုလျန့်ဝေကသူ့အားအင်္ကျီမှကိုင်၍သူမအားရှိသလောက်ဆွဲခဲ့သည်။
``အရှင်မင်းကြီး ကျွန်တော်မျိုးမစကားပြောလို့မပြီးသေးဘူး။”
လုံယန်ကအနည်းငယ်စိတ်ရှုပ်ပေမယ့်သူမကိုပြန်ဖြေလိုက်သည်။
``ကျွန်တော်မျိုးမသိချင်တာကဘာလို့အရှင့်မယ်တော်ကသူမကိုယ်သူမအနစ်နာခံခဲ့ရတာလဲဆိုတာပါ”
အနာဂတ်မှလာသောသူမအတွက်ဒီလိုဆုံးဖြတ်ချက်ကနားလည်ရခက်ခဲနေပေသည်။
သူမကလူသားတစ်ယောက်ကသေဆုံးသွားတဲ့သူနဲ့တူတူအတင်းမြှုပ်နှံခံရတာကိုနားလည်ပေမယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တာတဲ့လားအခုက။
``ရှင့်မယ်တော်ကယခင်မင်းကြီးကိုဒီလောက်တောင်ချစ်တာလား”
သူမကဒါကလွဲလို့အခြားအကြောင်းပြချက်မစဉ်းစားမိပေ။
လူတစ်ယောက်ကိုအရမ်းချစ်လို့သူနဲ့တူတူအရှင်လတ်လတ်မြေမြှုပ်ခံဖို့ဆန္ဒရှိတာလား။
သူမရဲ့အကြည့်ကလုံယန်ရဲ့ချောမောတဲ့မျက်နှာပေါ်ရောက်သွားကာသူမကိုယ်သူမမေးခွန်းထုတ်မိသည်။
သူမလဲအရှင်မင်းကြီးကိုသဘောကျပါတယ်ဒါပေမယ့်အချစ်စစ်လို့ပြောဖို့အတွက်တော့တစ်ခုခုလိုနေသလိုပါပဲ။
တကယ်လို့သူမကအနာဂတ်မှာအရှင်မင်းကြီးကိုချစ်မိသွားရင်ကောဒါမျိုးလုပ်နိုင်ပါ့မလား။
``ကိုယ့်ခမည်းတော်မှာမောင်းမတွေအများကြီးရှိပြီးမယ်တော်ကသူတို့ထဲကတစ်ယောက်ပဲလေ။ဘယ်လိုလုပ်မယ်တော်ကသူ့ကိုချစ်ပါ့မလဲ”
သူမကသူပြောတာကိုနားထောင်ပြီးနောက်မှာရုတ်တရက်သူမမေးခွန်းရဲ့အဖြေကိုသိသွားခဲ့သည်။
``မယ်တော်ကကိုယ့်အတွက်လုပ်ခဲ့တာ။ယခင်မင်းကြီးကမယ်တော်ကအနစ်နာခံတဲ့သူလုပ်ပေးမယ်ဆိုရင်ကိုယ်တော့်ကိုထီးနန်းပေးမယ်ဆိုပြီးအလဲအလှယ်လုပ်ခဲ့တာလေ။မယ်တော်ကလက်ခံခဲ့တယ်..ဒါပေမယ့်ကိုယ့်ကိုတော့ဖုံးကွယ်ထားခဲ့တယ်။”
လုလျန့်ဝေကဒါကိုကြားတော့ရင်ထဲလေးလံသွားခဲ့သည်။
သူ့မယ်တော်ကသူ့အတွက်အနစ်နာခံသွားတာကိုသိတော့အတော်ခံစားရမှာပဲ။
သူမကသူ့နှဖူးကိုနမ်းလိုက်ကာသူ့ကိုယ်ကိုဖက်ထားလိုက်သည်။
လုံယန်ကငြိမ်သက်သွားခဲ့သည်။ထို့နောက်သူမ၏အပြုအမူကသူ့ရင်ထဲနက်ရှိုင်းစွာခံစားလိုက်ရသည်။
သူမ၏ကြင်နာတဲ့ထွေးပွေ့မှုကသူ့ရင်ကိုပူနွေးစေခဲ့သည်။
ဒီမိန်းကလေးကသူ့ထက်အများကြီးငယ်ပေမယ့်သူ့ကိုဒီလိုမျ်ိုးနှစ်သိမ့်ပေးနိုင်တယ်။သူကဒီလိုအရာမျိုးကိုအံ့သြကာရင်ထဲမထိဘဲဘယ်လိုနေမလဲ။
နှစ်အတော်ကြာသူဒီလိုခံစားချက်မျိုးမရရှိခဲ့တာကြာပြီဖြစ်သည်။ဒါပေမယ့်ဒီနေ့သူမကသူ့ကိုဒီလိုဖက်ထားတော့သူ့နှလုံးသားကနွေးထွေးမှုကိုခံစားလိုက်ရသည်။
သူမကသူ့ကိုဖက်ထားရာမှလွှတ်ကာညင်သာစွာပြောလိုက်သည်။
အမေတစ်ယောက်ကကလေးကိုဒီလောက်တောင်ချစ်တာပဲ။မိခင်ကသူ့သားသမီးအတွက်ဆိုအရာအားလုံးကိုစွန့်လွှတ်အနစ်နာခံနိုင်သည်ပင်။
အရှင်မင်းကြီးကတော်ဝင်မိသားစုမှာအတိုက်အခိုက်တွေနဲ့ကြီးပြင်းလာခဲ့ပေမယ့်သူ့ကိုချစ်တဲ့အမေကိုရထားတော့ကံကောင်းသည်။
သူ့မိခင်ကသူ့အတွက်အကောင်းဆုံးအရာကိုပေးနိုင်ရန်သူမကိုယ်သူမအနစ်နာခံခဲ့သည်။
လုံယန်ကလုလျန့်ဝေ၏ခေါင်းကိုသူ့ရင်ခွင်ထဲထည့်ကာစနောက်လိုက်သည်။
``ဝေဝေလဲကိုယ့်ကိုအရမ်းချစ်တာပဲလေ...”