အခန်း ၆၇၀
Vol. 14 Ch. 670
အပိုင်း၆၇၀:ကိုယ်ထဲမှာရင့်ကျက်တဲ့စိတ်ဝိဉာဥ်ကိန်းအောင်းနေတယ်
လုလျန့်ဝေကလုံယန့်ရင်ခွင်ကိုမှီထားကာသူ့ရဲ့တည်ငြိမ်တဲ့နှလုံးခုန်သံကိုနားထောင်နေခဲ့သည်။ထူးဆန်းတဲ့ခံစားချက်တစ်ခုကသူမကိုဖုံးလွှမ်းနေပေသည်။
သူမတိတ်ဆိတ်နေတော့လုံယန်ကသူမ၏မေးစေ့ကိုကိုင်ကာမေးလိုက်သည်။
``မင်းဘာလို့ဘာမှမပြောတာလဲ။”
သူကအသံတိုးတိတ်စွာမေးလိုက်သည်။
``ဘာဖြစ်လို့လဲ။”
လုလျန့်ဝေကမျက်တောင်ခတ်လိုက်ပြီးသူမတွေးနေတာကိုမသိစေချင်သောကြောင့်စကားလမ်းကြောင်းလွှဲလိုက်သည်။
``ရှင်ဘယ်လိုအဆိပ်မ်ိသွားတာလဲအရှင်မင်းကြီး။”
သူမမျက်နှာပေါ်လှုပ်ရှားနေတဲ့သူ့လက်ချောင်းတွေကထိုစကားကိုကြားသောအခါရပ်တန့်သွားခဲ့သည်။
``မယ်တော်ကွယ်လွန်ပြီးသုံးနှစ်ကြာတော့သူမရဲ့နှစ်ပတ်လည်မှာဝတ်ပြုဆုတောင်းဖို့အတွက်တော်ဝင်မျိူးနွယ်တွေရဲ့သင်္ချိုင်းဂူကိုသွားခဲ့တယ်။ကိုယ်ကသူမရဲ့ကြွင်းကျန်ခဲ့တာတွေကိုကိုယ်တိုင်သိမ်းယူပြီးသူမကိုသေချာမြှုပ်နှံပေးချင်ခဲ့တာ။အဲ့နောက်နန်းတော်ကိုပြန်ရောက်ချိန်မှာသွေးအန်ပြီးမူးလဲသွားခဲ့တယ်။သမားတော်လင်ကရက်အတော်ကြာကုသပေးပြီးတော့မှနှင်းကိုက်နာဖြစ်တယ်လို့သိရတာ။အဆိပ်ရဲ့အစွမ်းကအရမ်းပြင်းတယ်တဲ့။သူကချက်ချင်းမသေစေပေမယ့်သေလောက်အောင်ခံစားစေတယ်။သမားတော်လင်ကဒါကိုထိန်းချုပ်ဖို့နှစ်အတော်ကြာကြိုးစားခဲ့ရတယ်။”
ဒီလိုပြောပြီးချိန်မှာလုံယန်၏မျက်လုံးများကမှေးမှိန်သွားခဲ့သည်။
လုလျန့်ဝေကဒါကိုကြားတော့အနည်းငယ်ထိတ်လန့်သွားလေသည်။ဒါဆိုသူကတော်ဝင်သင်္ချိုုင်းဂူမှာအဆိပ်မိခဲ့တာပဲ။
သူမကသူ့ကိုမေးခွန်းများထပ်မေးချင်သော်လည်းသူ့၏အမူအရာကိုမြင်သောအခါသူမမေးခွန်းများကိုအဆုံးသတ်လိုက်သည်။
``ရှင်ကကံကောင်းတာပါအရှင်မင်းကြီး။သမားတော်လင်ကအဆုံးထိမကုသပေးခဲ့ဘူလား။”
လုံယန်ကသူမ၏မျက်နှာအမူအရာကိုကြည့်ကာသူမရဲ့ဆံပင်ကိုပွတ်လိုက်ပြီးပြောလိုက်သည်။
``ဝေဝေ တစ်ချို့အချိန်တွေမှာမင်းကဆယ့်ငါးနှစ်မဟုတ်ဘူးလို့ကိုယ့်ကိုအထင်မှားစေတယ်။”
တစ်ခါတစ်လေမှာဝေဝေကအမြော်အမြင်ရှိတဲ့စကားတွေကိုပြောလေ့ရှပြီး၊ထိုအရာက သူမကဆယ့်ငါးနှစ်မဟုတ်ဘူးလို့ သူ့အားခံစားရစေပေသည်။
သူမသူ့ကိုနှစ်သိမ့်တဲ့ပုံစံကလဲသူမကတကယ်ကိုရင့်ကျက်တယ်လို့ဖော်ပြနေခဲ့သည်။
လုလျန်ဝေကဒီစကားကိုကြားတော့ဟာသနှောကာပြန်ဖြေလိုက်သည်။
``ကျွန်တော်မျိုးမရဲ့ကိုယ်ထဲမှာရင့်ကျက်တယ့်စိတ်ဝိဉာဉ်ကိန်းအောင်းနေတာဖြစ်မယ်။”
လုံယန်ကရယ်မောကာသူမနှဖူးကိုလက်ဖြင့်တောက်၍ပြောလိုက်သည်။
``သရဲတစ္ဆေဝတ္ထုတွေမဖတ်နဲ့တော့။မဟုတ်ဘူးဆိုရင်မင်းမဟုတ်တဲ့အတွေးတွေပဲတွေးမိနေမယ်။”
လုလျန့်ဝေကသက်ပြင်းချလိုက်သည်။သူမကအမှန်ကိုပြောပြလျှင်တောင်မည်သူမျှယုံမည်မဟုတ်ပေ။
``ဟုတ်တယ်။မယ်တော့်အကြွင်းအကျန်တွေကကိုယ်သင်္ချိုုင်းဂူကိုရောက်ပြီးထိတဲ့တစ်ခုတည်းသောအရာပဲ။ကျောက်ရှန်နဲ့အခြားသူတွေလဲအတူလိုက်ဝင်ပေမယ့်သူတို့ကဘာမှမဖြစ်ကြဘူး။ဒါကြောင့်မယ်တော့်အကြွင်းအကျန်တွေမှာတစ်စုံတစ်ယောက်ကအဆိပ်ခတ်ထားတာပဲဖြစ်ရမယ်။”
လုလျန့်ဝေကခေါင်းငြိမ့်လိုက်သည်။သူမကဒါကိုခန့်မှန်းပြီးသားဖြစ်ပေမယ့်ကြားလိုက်ချိန်မှာတော့အနည်းငယ်တုန်လှုပ်သွားရသည်။အရှင်မင်းကြီးကဒီလိုနည်းနဲ့အဆိပ်ခတ်ခံရမယ်လို့သူမ မထင်ထားခဲ့ပေ။
ဒါကအဓိပ္ပါယ်ရှိပေသည်။မင်းကြီးကသူ့မယ်တော်ရဲ့အကြွင်းအကျန်ကိုအခြားသူတွေကိုထိခွင့်မပေးဘူးဆိုကတည်းကသေချာနေပြီဖြစ်သည်။
သူ့ကိုအဆိပ်ခတ်တဲ့သူကအတော်ကိုအင်အားစိုက်ထုတ်ထားတာဖြစ်ရမည်။
``ရှင့်မယ်တော်ရဲ့အကြွင်းအကျန်တွေကိုအဆိပ်ခတ်တဲ့ တရားခံကဘယ်သူလဲဆိုတာသိပြီလားအရှင်မင်းကြီး။”
လုံယန်သူမကမင်းသားဟောင်းအားမသိတာကိုသတိရသွားသဖြင့်ရှင်းပြလိုက်သည်။
``မင်းသားဟောင်းကဒုတိယမင်းသားလေ။အိမ်ရှေ့စံနတ်ရွာစံတော့သူကထီးနန်းဆက်ခံရမှာကိုထီးနန်းနဲ့လွဲချော်ခဲ့လို့မကျေနပ်ဖြစ်တာကြောင့်လူလွှတ်ပြီးသင်္ချိုုင်းဂူကမယ်တော့်ရဲ့အကြွင်းအကျန်မှာနှင်းကိုက်နာဖြစ်စေမယ့်အဆိပ်ခတ်ခဲ့တာလို့သိရတယ်။”
လုလျန့်ဝေကအနည်းငယ်အံ့သြလာကာမေးလိုက်သည်။
``သူ့အမှားတွေပေါ်လွင်သွားတော့သူကသတ်သေသွားတယ်။”
လုလျန့်ဝေကခေါင်းငြိမ့်လိုက်သည်။ဒါဆိုမင်းသားဟောင်းကသူ့ကိုမနာလိုဘူးဆိုရင်ဘာလို့သေစေတဲ့အဆိပ်မခတ်ဘဲဝေဒနာခံစားစေရတဲ့အဆိပ်ကိုပဲခတ်ခဲ့တာလဲ။