အခန်း ၆၇၁
Vol. 14 Ch. 671
အခန်း ၆၇၁ မင်းကြီးရော မအိပ်သေးဘူးလား။
လုံယန်သာ အဆိပ်သင့်၍ နတ်ရွာစံခဲ့လျှင် ထီးနန်းဆက်ခံရန် အဖြစ်နိုင်ဆုံးသူမှာ ဒုတိယမင်းသားပင် ဖြစ်သည်။
လုံယန် နတ်ရွာမစံခင်အထိ နန်းမတက်သေးဘဲ အဘယ်ကြောင့် နှစ်အနည်းငယ် စောင့်နေမည်နည်း။ဒီလို စောင့်နေလို့ရော ဘာအခွင့်အလမ်းတွေရနိုင်မှာလဲ။
ထို့ပြင် ဘုရင့်မိသားစုမှ ရှန်ယန်း မင်းသားလည်း ရှိသေးသကဲ့သို့ သွားလေသူအိမ်ရှေ့စံ၏ သားတော် လုံချီလည်း ရှိသေးသည်။
သူမအတွေးတွင် တစ်ခုခုဘောင်မကျဖြစ်နေသည်။
သူမ အတွေးထဲနစ်နေရင်း မျက်မှောင်ကြုတ်နေသည်ကို တွေ့ရသောအခါ သူမသွင်ပြင်မှ အလွန်ချစ်စရာကောင်းသည်ဟု လုံယန်မြင်မိသည်။
“မင်းလည်း ဒီကိစ္စတွေ ရှေ့နောက်မညီဘူး တွေးနေတာမလား။”
လုလျန့်ဝေ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့။မင်းကြီးလည်း ဒီကိစ္စတွေက ထင်သလောက် မရိုးရှင်းမှန်း တွေးနေတာပဲလား။”
“ဟုတ်တယ်။ကိုယ်လည်း မင်းသားဟောင်း လုပ်တာလို့ ဘယ်တုန်းကမှ မထင်ဘူး။ဒါပေမယ့် အဲ့တုန်းက ကိုယ်တော် နန်းတက်စဆိုတော့ တန့်ကြွယ်က မျက်စိကျနေတာ။ပြီးတော့ ကိုယ်ရထားတဲ့ ဒဏ်ရာက အနာကလည်း အမြဲတမ်း နှိပ်စက်နေတာဆိုတော့ ဒီကိစ္စကို ခရေစေ့တွင်းကျ စုံစမ်းလို့မရလိုက်ဘူး။ဖုံးဖိထားရုံပဲ တတ်နိုင်တာ။”
“ကိုယ် မင်းနဲ့ တွေ့တာ ကံကောင်းတာပဲ၊ဉာဏ်ကြီးရှင် သမားတော်မလေး ဝေဝေ။ မဟုတ်ရင် ကိုယ့်ဘဝက စောစော နိဂုံးချုပ်နေလောက်ပြီ။”
လုလျန့်ဝေ ရင်ဘတ်တင်းကျပ်သွားရသည်။သူမ တစ်စုံတစ်ခုကို တွေးမိသဖြင့် ရုတ်တရက်မေးလိုက်သည်။
“အဲ့တုန်းက ကျွန်မမိဘတွေ မကွဲသေးဘူးလေ။ဘာလို့ အမေ့ကို ဆေးကုဖို့ မပင့်တာလဲ။”
“ပင့်ဖို့တွေးပါသေးတယ်။ဒါပေမယ့် အဲ့ကတည်းက မင်းမိဘတွေကြား ကသိကအောက်ဖြစ်နေပြီလေ။မင်းအမေကို နန်းတော်ဆီ မပင့်နိုင်ခင်မှာဘဲ သူ့သတင်းဆိုးကို ကြားလိုက်ရတာပဲ။”
ထိုစကားသည် လုလျန့်ဝေမှတ်ဉာဏ်ကို နှိုးဆွလိုက်ကာ သူမခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသည်။သို့ရာတွင် အလွန်မြန်သွားသဖြင့် သူမသေချာ မတွေးလိုက်မိပါ။သူမ မျက်မှောင်ကြုတ်ကာ မကြားတကြားပြောလိုက်သည်။
“အဲ့အချိန်တုန်းက မင်းအမေဖြစ်ခဲ့တာတွေက ကိုယ် အဆိပ်ခတ်ခံရတာနဲ့ ပတ်သက်နေတယ် ထင်လို့လား”
လုလျန့်ဝေ အတွေးရသဖြင့် ထထိုင်ကာ အစပျိုးလိုက်သည်။သူမမျက်လုံးများမှာ အလွန်တရာ တောက်ပနေလေသည်။
“မင်းကြီး၊ကျွန်မ ထင်တာက မင်းကြီးကို အဆိပ်ခတ်တဲ့သူကပဲ အမျိုးသမီးကျန်းကို သူ့ကလေးနဲ့ မြို့စားအိမ်တော်ကို သွားခိုင်းခဲ့တယ်ဆိုတာပဲ။အဲ့လိုသာဆို ကျွန်မ မိဘတွေကြားမှာ အဆင်မပြေမှုတွေပေါ်လာမှာ။အမေ့ရဲ့ ခေါင်းမာပြီး တဇွတ်ထိုး လုပ်တတ်တာနဲ့ဆို ဒီအခြေအနေကို လက်ခံပြီး မြို့စားအိမ်တော်မှာ ဆက်နေနေမှာ မဟုတ်ဘူး။”
“ပြီးတော့လည်း အဲ့တုန်းကဆို အမေ့က သမားတော်ဉာဏ်ကြီးရှင်လို့ နာမည်ကြီးပြီး မင်းကြီးရဲ့ နှင်းကိုက်ဒဏ်ကို သူပဲ ကုသပေးနိုင်တာ။ဒါကြောင့် ကြိုးကိုင်တဲ့သူက အမေကို နန်းမြို့တော်က ထွက်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာ။အမေပြောပုံအရဆို သူ မြို့ထဲက ထွက်လာတော့လည်း လုပ်ကြံသူတွေ လိုက်တာခံခဲ့ရသေးတယ်တဲ့။အဲ့တာကြောင့် ရွေးစရာမရှိဘဲ ချောက်ထဲ ခုန်ချပြီး သေသွားသယောင် ဆောင်ခဲ့တာ။အဖေ့ကို ကလဲ့စားချေချင်တာလည်းပါပေမယ့် လုပ်ကြံသူတွေ လိုက်ပြီး ဒုက္ခပေးမှာ မလိုချင်လို့တဲ့”
လုံယန်လည်း ထထိုင်လိုက်သည်။သူမ၏ တလက်လက်တောက်နေသော မျက်လုံးများအား ကြည့်ကာ သူပြုံးလိုက်ပြီး
“မင်းတွေးတာ ယုတ္တိရှိပါတယ်။ဒါပေမယ့် အမျိုးသမီးကျန်းသာ ကြိုးကိုင်သူရဲ့ နယ်ရုပ်ဆို ဘယ်လိုလုပ်ပြီး မင်းအဖေရဲ့ တစ်ညတာ ကုန်ဆုံးခဲ့တာလဲ။အဲ့လူက မင်းအမေ စိတ်တိုပြီး ထွက်သွားဖို့နဲ့တင် အဲ့လောက် စေ့စေ့စပ်စပ် လုပ်ထားမယ် ထင်တာလား”
“အဖေက အမျိုးသမီးကျန်းနဲ့ တစ်ညတာ ကုန်ဆုံးခဲ့မှန်း မင်းကြီး ဘယ်လို အတပ်ပြောနိုင်တာလဲ။အဖေ့က အမျိုးသမီးကျန်း ဉာဏ်နီဉာဏ်နက်ကြောင့် လှည့်စားခံလိုက်ရတာ ဆိုရင်ရော”
“ကိုယ်တွေးမိတာ ပြောတာပါ။မင်းအဖေက မင်းအမေကို သစ္စာဖောက်ခဲ့တယ်ဆိုတာ ကိုယ်လည်း သေချာမသိပါဘူး”
သူပြောချင်သည်ကို လုလျန့်ဝေ နားလည်လိုက်သည်။သို့သော်လည်း သူမမိဘများအကြား မတင်မကျ ဆက်ဆံရေးအကြောင်း တွေးမိသောအခါ ခေါင်းကိုက်ချင်လာသည်။
သူမသက်ပြင်းချလိုက်သည်။အမှန်တကယ်မှာ သူမအဖေသည် အမျိုးသမီးကျန်း လှည့်စားခြင်းခံရခြင်းသာ ဖြစ်၍ အမေ့အပေါ် အမှန်တကယ် သစ္စာမဖောက်ခဲ့ခြင်းသာ ဖြစ်ပါစေဟု သူမ ဆုတောင်းနေမိသည်။
သူမ မိဘများ ပြန်အဆင်ပြေနိုင်လိမ့်မည်ဟု သူမ မျှော်လင့်မိသည်။
“ဟုတ်ပါပြီ။မင်းဒီအကြောင်း ဆက်တွေးနေလို့ မဖြစ်ဘူး။အိပ်တော့”
လုံယန်သူမအား စောင်ခြုံပေးကာ အိပ်ရာမှ ထလိုက်သည်။
လုလျန့်ဝေ သူထသွားသည်ကိုမြင်တော့ ထကာ မေးလိုက်သည်။