အခန်း ၆၇၃
Vol. 14 Ch. 673
အခန်း ၆၇၃ အဆက်အဆံမပြုတော့
ကျောက်ဟန် မထွက်ခွာခင်တွင် သူ၏လူများအား ချန်ကျူပင်း၏ သတင်းမှန်သမျှ မပို့ရန် အမိန့်ပေးခဲ့သည်။
ထို့ကြောင့် သူ ခြေဦးတည့်ရာ လျှောက်သွားနေစဉ် ကာလတစ်ခုလုံး ချန်ကျူပင်းအကြောင်း မကြားခဲ့ခြင်းဖြစ်သည်။လတ်တလောသတင်းများဖြစ်သည့် ချန်မြို့စားမိသားစု ဒုက္ခရောက်သည့်အကြောင်းနှင့် ချန်ကျူပင်းသေဒဏ်ချခံရသည့်အကြောင်းများကိုပင် မသိဖြစ်နေသည်။
လုယွင်ရွှမ်းသာ လူလွှတ်၍ သူဆီသို့ စာမပို့ခဲ့လျှင် သူ သတင်းအမှောင်ကျနေဦးမည်ဖြစ်သည်။ထို့သို့သာဆိုလျှင် သူသိသောအချိန်တွင် ချန်ကျူပင၏ အုတ်ဂူမှာ ပေါင်းပင်များပင် ဖုံးနေလောက်မည်ပင်။
သို့ရာတွင် သူ့သူငယ်ချင်း၏ လုယွင်ရွှမ်းအပေါ်ထားသည့်စိတ်ထားမှာ ပြောင်းလဲသွားပုံကို သူသတိထားမိလိုက်သည်။
သူ၏မျက်နှာပေါ်မှာ အထင်သေးဟန်မှာ ပေါ်လွင်လှသဖြင့် အကန်းသာလျှင် မမြင်ဘဲရှိလိမ့်မည်။
ထို့သို့တွေးကာ ကျောက်ဟန် စိတ်ရွှင်လာသည်။
“မင်း လုယွင်ရွှမ်းနဲ့ အမြင်မကြည်ကြတော့တာတော့ မဟုတ်ဘူးမလား။သူပဲ မင့်ကို ကယ်ဖို့ဆိုပြီး ငါ့ကို အကူအညီတောင်းထားတာ”
လုယွင်ရွှမ်း အသက်ရှင်နေသေးသည်ဟု ချန်ကျူပင်းကြားလိုက်သောအခါ လင်ချင်းယွမ်ကို သူလမ်းပြလိုက်သော စာအုပ်မှာ မင်းကြီးထံ မရောက်သွားကြောင်း သိလိုက်သည်။
ကြားထဲတွင် သူမသိသော အကြောင်းအရာတစ်ခုခု ဖြစ်သွားခြင်းဖြစ်မည်။
ချန်ကျူပင်း ရုတ်တရက် လေသံနှိမ့်ကာ မေးလိုက်သည်။
ကျောက်ဟန်အား ချန်ကျူပင်း မျက်လုံးပင့်၍ ကြည့်လိုက်သည်။
“မင်းတောင်မှ ငါ့ထက် ပိုအမြင်ရှင်းခဲ့တာပဲ။လုယွင်ရွှမ်းဆိုတာ အဆိပ်တွေနဲ့ ကင်းမြီးကောက်မမှန်း ငါ့ခေါင်းထဲ ထည့်လို့ မရခဲ့ဘူး။ငါ့ရဲ့ အသိစိတ်ကို မသိချင်ယောင်ဆောင်ပြီး သူလုပ်ခဲ့တာတွေကို မသိချင်ယောင်ဆောင်ခဲ့တာ။သူ့မှာတော့ စိတ်ကောင်းရှိပါရဲ့၊အတင်းအကျပ်ခိုင်းခံရလို့ ဒါတွေလုပ်နေရတာပါဆိုပြပြီး ငါ့ကိုယ်ငါ့ တရားချခဲ့တာ။ငါတော်တော် ရူးခဲ့တာပဲ”
သူ့သူငယ်ချင်းမှာ လုယွင်ရွှမ်းအား အမှန်အတိုင်း မြင်လာသဖြင့် သူ ဝမ်းသားမိသည်။
ချန်ကျူပင်းမှာ ခဏမျှ ငြိမ်သက်သွားပြီးနောက် မျက်လုံးနီကြီးများဖြင့် ပြောလိုက်သည်။
“ငါကတော့ ကြောင်တစ်ကောင်သေလို့ ဝမ်းနည်းပြီး ငိုတဲ့သူဆို စိတ်ကောင်းရှိမယ် ထင်ခဲ့တာ။အဆုံးကျတော့ စိတ်ကောင်းရှိတယ် ငါထင်ခဲ့တဲ့သူက အဲ့လိုမဟုတ်မှန်း ငါနားလည်သွားတယ်။အဲ့မိန်းမ ကြောင်ကို မုန်းလွန်းလို့ အကြောင်းမရှိဘဲနဲ့ကို သေအောင် ကန်ပစ်တာ။ငါ့ကြောင်ကို မြေမြုပ်တော့ လိုက်လာပေးတယ်ဆိုတာ ဟန်ဆောင်တာ။သူ ငါ့နဲ့ နီးစပ်ချင်တာပဲ ရှိတာ”
“ငါ့မှာတော့ လုလျန့်ဝေကို ငါ့ရန်သူဆိုပြီးတော့ နှစ်ပေါင်းများစွာ ဆက်ဆံလာတာ၊တကယ် ငါ့ကြောင်ကို သတ်တာ လုယွင်ရွှမ်း ဖြစ်နေတယ်။ငါ ကန်းချက်က မြွေပွေးလို မိန်းမကို စိတ်ကောင်းရှိတယ်အထင်နဲ့ ဆက်ဆံခဲ့တာ။ဘာနောင်တ ဘာစောဒကမှ မရှိဘဲ သူ့အတွက် မကောင်းမှုတွေ ကျူးလွန်ခဲ့တာ။ငါရဲ့ တုံးအမှုအကြောင့် အခု ငါ့မိသားစု အရှက်ရ ရပြီ”
နောက်ဆုံးစကားအပြီးတွင် ချန်ကျူပင်း သူခေါင်းသူ့ ဖမ်းကိုင်လိုက်သည်။သူ့တွင် နောင်တအကြီးအကျယ်ရနေသည်။
ကျောက်ဟန်မှာ ဤကိစ္စ ဤမျှ နက်နဲမည်ဟု မထင်ခဲ့ပါ။
သူအချစ်ဆုံးသူငယ်ချင်းမှာ နာကျင်မှုများ၊မိမိကိုယ်ကိုမုန်းတီးမှုများ အပြည့်ဖြစ်နေသည်ကို မြင်ရသောအခါ ချန်ကျူပင်းအား မည်သည့်စကား ပြောရမည်ပင်မသိ ဖြစ်နေသည်။
ဤကိစ္စများလူများစွာကို ထိခိုက်စေခဲ့သည်။မြို့စားချန်၏ အိမ်တော်တစ်ခုလုံး ချိတ်ပိတ်ခံလိုက်ရကာ တစ်ခါက ထည်ဝါခဲ့သော မိသားစုမှာ ညတွင်းချင်းပင် ပြိုလဲသွားခဲ့သည်။
ချန်ကျူပင်း ထိုအကြောင်းတွမိသဖြင့် ရုတ်တရက် ခေါင်းထောင်လာကာ ကျောက်ဟန်အား စိုးရိမ်ကြီးစွာဖြင့် မေးလိုက်သည်။
ချန်ကျူပင်းမှာ သေမိန့်ချခံရပြီးသည်နှင့် သေဒဏ်ကျထောင်ထဲသို့ ပစ်ထည့်ထားခံရသဖြင့် သူ့မိသားစု သတင်းကို ဘာမျှ မကြားရခြင်းဖြစ်သည်။
“ချင်းမြို့စားကြီး မိသားစုအကုန်လုံး မင်းရဲ့ပြစ်မှုတွေကို မသိကြဘူး။ပြီးတော့လည်း မင်းကြီး နဲ့ မိဖုရားကြီးတို့ လက်ထပ်တဲ့အနေနဲ့ သူတို့ပြစ်မှုတွေကို မေတ္တာတော်နဲ့ လျှော့ချပေးဖို့ ပြန်တမ်းထုတ်လာတယ်။အဲ့တော့ မြို့စားချန်နဲ့ မင်းမိသားစု သက်သာသွားတယ်။နယ်နှင်ဒဏ်ကနေပြီးတော့ နန်းမြို့တော်က နှင်ထုတ်ခံရပြီး ပြန်လာခွင့်မရှိတော့တာပဲ ရှိတာ။”
နယ်နှင်ဒဏ်ပေးခံရသော အပြစ်သားမှာ အေးခဲခြောက်သွေ့နေသော နေရာသို့ အပို့ခံရသည်ဟု လူတိုင်းသိရသည်။အများစုမှာ အသက်မရှင်ကြ။ကျန်ခဲ့သူများအတွက်လည်း နေ့မနားညမနား အလုပ်ကြမ်းလုပ်ရမည့် ကံထက် သေခြင်းသည် ပို၍ သက်သာသေးသည်