အခန်း ၆၇၄
Vol. 14 Ch. 674
အခန်း ၆၇၄ မည်သူမျှ အမျိူးသမီးတစ်ယောက်နှင့် လိုသည်ထက် မဆက်ဆံသင့်။
ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်သာမရလျှင် အပြစ်သား များမှာ တစ်ဘဝလုံး နယ်နှင်ဒဏ်ခံရမည် ဖြစ်သည်။
နယ်နှင်ဒဏ်နှင့်စာလျှင် မင်းနေပြည်တော်မှ ပြန်လာခွင့်မရှိဘဲ နှင်ထုတ်ခံရခြင်းမှာ သာ၍ကောင်းသေးသည်။
ချန်ကျူပင်း၏ အပြစ်ဝင်စိတ်များ အနည်းငယ် လျော့သွားရသည်။
အနည်းဆုံးတော့ သူ့မိသားစုသည် အလွန် ကံဆိုးမိုးမှောင်မကျသွားခဲ့ပါ။သို့မဟုတ်လျှင် သူ ကြိမ်ခါများစွာ သေခဲ့လျှင်ပင် အပြစ်ကြွေးများ ပြန်ဆပ်နိုင်လိမ့်မည်မဟုတ်ပေ။
ကျောက်ဟန် သူ့အား လက်ဖက်ရည် တစ်ခွက် လောင်းထည့်ပေးလိုက်သည်။
ချန်ကျူပင်း လက်ဖက်ရည်သောက်နေရင်း တစ်စုံတစ်ရာကို သတိရသွားသဖြင့်
“ငါတို့ ဒီမှာရှိနေတာ လုယွင်ရွှမ်းကို မပြောလိုက်ပါဘူးနော်”
ဟု မေးလိုက်သည်။
ထိုစကား ကြားရသောအခါ ကျောက်ဟန် အပြစ်ရှိသလို ခံစားလိုက်ရသည်။
“ငါ မင်းတို့နှစ်ယောက် မတည့်တော့မှန်း မသိခဲ့ဘူး။လုယွင်ရွှမ်း မင်းအတွက် စိတ်ပူနေတာ ငါတွေ့တော့ မင်းကို မင်းနေပြည်တော်ကနေ ခေါ်ထုတ်လာတုန်း သူ့ကို ငါ့လူတွေကတစ်ဆင့် တို့နေရာကို ပြောခိုင်းလိုက်တယ်”
“ဒါဆို တို့ ဒီနေရာမှာ နေလို့ မဖြစ်တော့ဘူး။သွားကြရအောင်”
“သူ့ကို ကြောက်လို့မဟုတ်ဘူး။ဒါပေမယ့် ငါ့ကိုကယ်ဖို့ မင်းကို သူခိုင်းတာ အကြောင်းတော့ရှိမယ်။သူ့အထင် ငါက အသုံးဝင်သေးလို့ သုံးစရာရှိသေးတာနေမှာ။ဒီလောက် ဒုက္ခတသီကြီး ခံပြီးတာတောင် သူ့သရုပ်အမှန်ကို မမြင်ဘဲ ဆက်ကူညီနေသေးရင် ငါဆိုတဲ့ကောင်က တိရစ္ဆာန်နဲ့ မခြားတော့ဘူး။ငါ့မိသားစု ဒီလောက် ဒုက္ခရောက်အောင် သူလုပ်ခဲ့တာ။ငါ သူ့ကို လက်စားချေမှ ရမယ်!”
ချန်ကျူပင်း ဤအခြေအနေတွင် ရောက်နေရခြင်းမှာ လုယွင်ရွှမ်းကြောင့်ဖြစ်သည်။ထို့ပြင် နှစ်များစွာလည်း သူ့အား လှည့်စားထားခဲ့သည်။သူ့ကို ကစား၍ သူမကဲ့သို့ အဆိပ်ပြင်းမြွေအား နတ်မိမယ်ထင်စေရန် လှည့်စားခဲ့သည်။
ယောက်ျားသားမှန်လျှင် လက်စားချေချင်မည်သာဖြစ်သည်။
ချန်ကျူပင်းသည် လုယွင်ရွှမ်းအတွက် အရာရာပေးဆပ်ခဲ့သည်ကို တွေးမိသောအခါ ကျောက်ဟန် စိတ်မကောင်းခြင်းများ ဖြစ်သွားရသည်။
ထိုစဉ်က ချန်ကျူပင်းမှာ သူမအတွက် အသက်စွန့်ရန် ဝန်မလေးခဲ့ပါ။ကျောက်ဟန်မှာ ထိုသည်ကို ရပ်မကြည့်နိုင်ဘဲ ချန်ကျူပင်းအား အကြံပေးမိသော်လည်း လက်မခံဘဲ ဆက်၍ စွဲလမ်းနေခဲ့သည်။
မိန်းမသားများနှင့် အလွန် မပတ်သက်သင့်ဟု ကျောက်ဟန် ယုံကြည်သည်။
သို့မဟုတ်ပါက ဒုက္ခအတိရောက်ပြီး အဆိုးဆုံးဆိုလျှင် နောင်တရချိန်ပင် မရှိ ဖြစ်သွားလိမ့်မည်။
“သူ ငါ့ကို နှစ်အကြာကြီး လိမ်ထားခဲ့တော့ ငါ သူ့ကို စိတ်ထားကောင်းတဲ့သူလို့ထင်ပြီး လုလျန့်ဝေကို ရန်သူလို ဆက်ဆံနေတာ။လုယွင်ရွှမ်းကြောင့် ငါ လင်ချင်းယွမ်ကိုတောင် သတ်မိတော့မလို့ဖြစ်သွားတယ်။”
ချန်ကျူပင်းမှာ မိမိကိုယ်ကို စက်ဆုပ်မှု အပြည့်ဖြင့် ပြောနေသည်။
သူ၏ သွေးပူလွယ်တတ်မှုကြောင့် မိန်းမများ ဆော့ကစားခြင်း ခံခဲ့ရသူဖြစ်သည်။
သူနှင့် စေ့စပ်ထားသူကို ဆုံးရှုံးလိုက်ရပြီး သူ့အိမ်တော်မှာလည်း ချိတ်ပိတ်ခံရလိုက်သည်။
သူမကြောင့်သာမဟုတ်လျှင် သူ ဤအခြေအနေရောက်နေမည် မဟုတ်ပါ။
ချန်ကျူပင်းဘာမျှ မပြောခဲ့ပါ။ကျောက်ဟန်ကို တစ်ချက်မျှသာ ကြည့်ပြီး အိမ်ထဲမှာ ထွက်သွားတော့သည်။
ချန်ကျူပင်း စိတ်ထဲ မည်သို့တွေးနေသည်မသိသဖြင့် ကျောက်ဟန် နောက်မှလိုက်သွားသည်။
ချန်ကျူပင်းအား ကျောက်ဟန်မှ အောင်မြင်စွာ ကယ်ထုတ်လိုက်နိုင်သည်ကို လုယွင်ရွှမ်း ကြားသောအခါ သက်ပြင်းချလိုက်မိသည်။
ချန်ကျူပင်းသာ မသေသေးလျှင် လူသစ်နာမည်သစ် ပြောင်းကာ သူ့မအတွက် ဆက်တာဝန်ထမ်းဆောင်ခိုင်းနိုင်သေးသည်။
ဆောင်ကြာမြိုင်ကိစ္စ လူသိကုန်သည့်အချိန်မှစ၍ လုယွင်ရွှမ်း သူမအကြံအစည်များအကောင်အထည်ဖော်မရ ဖြစ်နေသည်။ချန်ချူးယွီမှာ မိဖုရားခေါင်ကြီး၏ အကာအကွယ်ရှိသဖြင့် လုယွင်ရွှမ်း မလှုပ်ရဲဖြစ်နေရသည်။
သို့ရာတွင် ချန်ချူးယွီ ကလေးမွေးဖွားမည်ကိုတော့ လုယွင်ရွမ်း ကြည့်မနေနိုင်ပေ။
ချန်ချူးယွီအား ရှင်းပစ်ရန် အကောင်းဆုံးသူမှာ ချန်ကျူပင်း ဖြစ်သည်။
ချန်ချူးယွီမှာ ကိုယ်ဝန်ဆောင်နေရသဖြင့် ဆောင်းဦးအမဲလိုက်ခြင်းအတွက် တောင်တန်းအေးများဆီသို့ လိုက်နိုင်မည်မဟုတ်။အရှေ့နန်းဆောင်တွင် နေခဲ့ရမည်ဖြစ်သဖြင့် လုပ်ကြံသူတစ်ယောက်သာ ခိုးဝင်သတ်ဖြတ်သွားခဲ့လျှင် သူမ ကံမကောင်းခြင်းသာဖြစ်မည်။သူမ အသတ်ခံရမှုအား မည်သူမှ လုယွင်ရွှမ်းနှင့် ဆက်စပ်မိမည် မဟုတ်ပါ။
သူမ သေချာကြံစည်ထားသော်လည်း ညရောက်သောအခါ ဟုန်ရှို့ရောက်လာပြီး ချန်ကျူပင်း နှင့် ကျောက်ဟန်ကိုမည်သူမျှ ရှာမတွေ့ကြောင်း သတင်းပို့လာသည်။
ယွဲ့လိုင်တည်းခိုခန်း ပိုင်ရှင်ပင် သူတို့ ဘယ်တွင်ရှိမှန်း မသိဖြစ်နေသည်။
လုယွင်ရွှမ်း ဒေါသထွက်စွာဖြင့် လက်ထဲမှ ခွက်ကို ရိုက်ခွဲလိုက်သည်။
“ချန်ကျူပင်း ဘာအချိုးချိုးတာလဲ။ငါ့မှာတော့ ဒုက္ခခံပြီး သူ့ကို ကယ်ရတာကို ငါ့ကို သူက ဒီလို ပြန်ဆက်ဆံတယ်ပေါ့လေ”