အခန်း ၆၇၅
Vol. 14 Ch. 675
အခန်း ၆၇၅ သူ့အချစ်ကို ဖြေးဖြေးချင်း ပြန်ယူမယ်။
ဟုန်ရှို့ သူမအကြောက်တရားကို မျိုသိပ်လိုက်ကာ အကြောင်းပြချက်ရှာပေးလိုက်သည်။
“သခင်မပေါ်ထားတဲ့ စိတ်ကြောင့် ယာယီအမွေခံချန်က သခင်မဆီက ပုန်းနေမှာ မဟုတ်ပါဘူး။သခင်မကို ခြေရာကောက်မိမှာကို သူစိုးရိမ်လို့ နေမှာပါ။အခုဆို သူ့ကို နန်းတွင်းခုံရုံးကနေ ရာဇဝတ်ကောင် အဖြစ်နဲ့ အလိုရှိနေတာလေ။မင်းကြီးကိုယ်တိုင် သူလွတ်သွားတာကို ပြန်ဖမ်းမိဖို့ ရှိသမျှအား အကုန်သုံးခိုင်းထားတာ။အခြေအနေက ချွတ်ချော်ဖို့လွယ်လွန်းလို့ သူအနီးမှာ နေနေလို့ မဖြစ်ဘူးလေ။”
ဟုန်ရှို့၏စကားကြောင့် လုယွင်ရွှမ်း၏စိတ်မကြည်မှုများ ပြေပျောက်သွားသည်။သို့ရာတွင် သူမ စဉ်းစားမရသည့် အချက်ရှိသေးသည်။
အရင်ကဆိုလျှင် မည်မျှပင် အန္တရာယ်ရှိရှိ သူမအား ချန်ကျူပင်း လာရောက်တွေ့စမြဲ ဖြစ်သည်။ယခုတွင်မူ...သူမ ဆက်မစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ချန်မြို့စား မိသားစုမှာ ဒုက္ခအကြီးအကျယ်ရောက်နေချိန်ဖြစ်သည်။သူ ဤဖြစ်စဉ်အား သေချာနားလည်နိုင်ဦးမည်မဟုတ်ဘဲ အချိန်ယူစဉ်းစားနေရမည်ဖြစ်သည်။ပြီးမှသာလျှင် သူမထံ သူကိုယ်တိုင် ရောက်လာပေလိမ့်မည်။
ချန်ချူးယွီကိစ္စမှာမူ အချိန်ဆွဲ၍ မဖြစ်တော့ပေ။
ထိုသို့တွေးကာ ဟုန်ရှို့ဆီ ကပ်၍ ညွှန်ကြားချက်အချို့ သူမဆီ တီးတိုးပြောကြားလိုက်သည်။
“သူ့ကိုသာ ချောင်ကပ်လွန်းရင် ကိုယ်လုပ်တော်ချန်က ပြန်တုံ့မပြန်လာနိုင်ဘူးလား။အိမ်ရှေ့စံမင်းသားက ဆောင်ကြာမြိုင်ကိစ္စကို သိနေတာပဲ။ချန်ချူးယွီသာ သခင်မကို ဖော်လိုက်ရင် သခင်မ လုပ်လို့ ကိုယ်လုပ်တော်ချန် ဆောင်ကြာမြိုင် ပို့ခံလိုက်ရတာကို အိမ်ရှေ့မင်းသား သိသွားနိုင်တယ် ယောက်ျားအများကြီးကလေ...။မင်းသားကြီးက သူ့ကို မကြိုက်ရင်တောင် ဒါသူ့အမျိုးသမီးပဲလေ။သူ ဒေါသထွက်ရင် ဘယ်လိုလုပ်ကြမလဲ။ပြီးတော့ မယ်တော်ကြီးကလည်း...”
ထိုစကား ကြားသောအခါ လုယွင်ရွှမ်း မှိုင်ကျသွားသည်။ထိုအကြောင်းများကြောင့်ပင် သူမ ချန်ချူးယွီအား ရှင်းပစ်ရန် တုံ့ဆိုင်းနေခြင်းဖြစ်သည်။
သို့ရာတွင် သူမ အချိန်ဆက်ဆွဲနေလျှင် ချန်ချူးယွီမှ ကလေးမီးဖွားသွားနိုင်သည်။ထိုအချိန်ကျလျှင် မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံ အပျော်လွန်ကာ သူမအား ဂုဏ်ဒြပ်များ တိုးပေးနိုင်သည်။
မောင်းမမိတ်သံများထံတွင် အမျိုးသမီးများသည် ရင်သွေးများအပေါ် အမှီပြု၍ အဆင့်တက်ခြင်းဖြစ်သည်။ချန်ချူးယွီသာ သားယောက်ျားလေး မွေးခဲ့ပါက သဘာဝအလျောက် အားလုံးထက် သာနေလိမ့်မည်။လုယွင်ရွှမ်း ပင် အဆင့်ပိုမြင့်သော်လည်း သားရင်သွေး မမွေးနိုင်ပါက အချည်းနှီးပင် ဖြစ်သည်။
လုယွင်ရွှမ်း ထိုထက်ပို၍ ကြောက်ရွံ့နေရန် မဖြစ်တော့ပါ။
“ အဲ့လိုဖြစ်လာရင်လည်း အဲ့တုန်းက ဆောင်ကြာမြိုင်က မိန်းမတွေ ပိုလိုတာနဲ့ တို့လူအရိုင်းအစိုင်းတွေက ကိုယ်လုပ်တော်ချန်ကို သာမန်ပြည်သူမှတ်ပြီး ဖမ်းခေါ်သွားတာဆိုပြီး ပြောလိုက်မယ်။ပြီးတော့လည်း အိမ်ရှေ့စံရော မိဖုရားခေါင်ကြီးရော နှစ်ယောက်စလုံး ဆောင်ကြာမြိုင်အကြောင်း သိကြတာပဲ။ဒီကိစ္စ ပေါက်ကြားချင်ကြမှာ မဟုတ်ဘူး။ပြီးတော့ ချန်ချူးယွီလို ဖျက်စီးခံထားရတဲ့ မိန်းမကို အရှေ့နန်းဆောင်မှာ နေခိုင်းတော့မှာ မဟုတ်ဘူး။”
“အိမ်ရှေ့စံက သခင်မကို ဘာမှမလုပ်တောင် သူစိတ်ထဲ ထင့်နေမှာပဲ”
“အဲ့တာတွေ သတိထားမနေနိုင်တော့ဘူး။ချန်ချူးယွီ ကိစ္စသာပြီးသွားရင် အိမ်ရှေ့စံ စိတ်ပြန်လည်လာအောင် ဖြေးဖြေးချင်းလုပ်လို့ရတယ်။”
လုယွင်ရွှမ်း စိတ်ပိုင်းဖြတ်ပြီးကြောင်း တွေ့ရသောအခါ ဟုန်ရှို့ ထပ်၍မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။လုယွင်ရွှမ်း ညွှန်ကြားချက်အတိုင်း စီမံရန် ထွက်ခွာသွားတော့သည်။
“ချန်ကျူပင်းကို ကယ်ဖို့ လူလွှတ်လိုက်တာ အိမ်ရှေ့စံမင်းသမီးမှန်း ဘယ်လိုမှ မထင်ခဲ့ဘူး”
“ဒီကိစ္စမှာ အိမ်ရှေ့စံက ဆောင်ကြာမြိုင်နဲ့သူ ပတ်သက်နေမှန်း ငါ့ကို မသိစေချင်တော့ အကြီးအကျယ်လုပ်မှာ မဟုတ်ဘူး။ဒါပေမယ့် ချန်ချူးယွီကို တိတ်တဆိတ် စီရင်ပြီး လုယွင်ရွှမ်းကိုတော့ သတိပေးရုံပဲ ရှိမယ်။ဒါဆို လုယွင်ရွှမ်း ဘာမှ ဆုံးရှုံးစရာ မရှိဘူး။”
“ဒါဆို အိမ်ရှေ့စံ မင်းသမီးကို ဒီအတိုင်းလွှတ်ပေးလိုက်မှာလား”
ဆောင်ကြာမြိုင်ကိစ္စ ပေါ်လာချိန်တွင် မင်းကြီးသည် လုယွင်ရွှမ်းအား အပြစ်ကြီးပေးချင်ခဲ့သည်။သို့ရာတွင် သက်သေအတိအကျ မရှိဖြစ်နေသည်။ထို့အပြင် မင်းကြီးသည် မိဖုရား နန်းမြို့တော်သို့ အမြန်ဆုံး ခေါ်ယူလက်ထပ်ချင်နေချိန် ဖြစ်သည်။သို့ရာတွင် လုယွင်ရွှမ်းသာ အပြစ်ရှိခဲ့လျှင် မြို့စားကြီးအိမ်တော်ပါ ပတ်သက်လာကာ လက်ထပ်ရန် အနှောင့်အယှက် ဖြစ်သွားနိုင်သည်။ထို့ကြောင့် မိဖုရားခေါင်ကြီးအား အလျှော့ပေးကာ ဤကိစ္စအား ဖုံးထားခြင်းဖြစ်သည်။
သို့ရာတွင် ယခုမူ မင်းကြီးသည် မိဖုရားကြီးအား လက်ထပ်ပြီး ဖြစ်သဖြင့် စိုးရိမ်စရာမရှိတော့။
မင်းကြီးသည် မည်သည့်အခါကမှ ဂရုမစိုက်ခဲ့ပါ။